မဏိပူရပြည်နယ်မှာ လွှတ်တော်အမတ်တွေနဲ့ ပြည်နယ်ဝန်ကြီးတွေရဲ့ အိမ်ကို မီးတင်ရှို့ခဲ့ကြပြီး လူ (၂၃)ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး
223
Htay Oung (NP News) - နိုဝင်ဘာ ၁၈
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်မြို့တော် အင်ဖာရှိ လွှတ် တော်အမတ်များနဲ့ ပြည်နယ်အစိုးရ ဝန်ကြီးများရဲ့နေအိမ်တွေကို မီးရှို့ဖျက် ဆီးမှုဖြင့် လူ(၂၃)ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ “အယ်လ်ဂျာ ဇီးယား” (17 November 2024) က ရေးသားပါတယ်။
မေထေး (ကသည်း) အသိုက်အဝန်းမှ ပြန်ပေးဆွဲခံရသူ ၆-ဦးတို့ရဲ့ ရုပ်အလောင်းများကို သောကြာနေ့မှာ ပြန်လည်တွေ့ရှိပြီးနောက် ဒေသတွင်း တိုက်ခိုက်မှုများအတွက် တာဝန်ခံရန် တောင်းဆိုဆန္ဒပြပွဲများဖြစ် ပေါ်လာပါတယ်။ ၂၀၂၃ ခုနှစ် မေလကတည်းက ဟိန္ဒူဘာသာဝင် မေထေးကသည်းနဲ့ ခရစ်ယာန်ကူကီးအသိုက်အဝန်းများ အကြား အပြန်အလှန် ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၂၅၀)ဦးသေဆုံးပြီး ၆၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
ပျောက်ဆုံးနေတဲ့ မေထေးမိသားစုဝင်များလို့ ယူဆရတဲ့ အမျိုးသမီးတစ်ဦးနဲ့ အသက် (၂)နှစ်အရွယ် ကလေး ငယ်တစ်ဦးရဲ့ ရုပ်အလောင်းများကို တနင်္ဂနွေနေ့က မြစ်တစ်စင်းမှာ မျောပါလျှက် တွေ့ရှိခဲ့ရပါတယ်။ အဲ့ဒီနေ့မှာ ပဲ ကူကီးအမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပေမယ့် သေဆုံးရတဲ့အကြောင်းရင်းကို အာဏာပိုင်များ က အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် အကြမ်းဖက်မှုနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မဏိပူရပြည်နယ်နေ ကူကီးလူမျိုးစုမှ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဟာ အရှင်လတ်လတ် မီးရှို့ခံသတ်ဖြတ်ခဲ့ရပြီးနောက် တင်းမာမှုများ ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွက် မေထေးလက်နက်ကိုင် သူပုန်များလက်ချက်လို့ ကူကီးအဖွဲ့တွေက ပြောပါတယ်။ ပြည်နယ်ရဲတပ်ဖွဲ့ အကြီးတန်းအရာရှိတစ်ဦးက တနင်္ဂနွေနေ့ ရိုက်တာသတင်းဌာနကို ပြောကြားရာမှာ အဆိုပါ ဒေသရဲ့ ယနေ့ အခြေအနေဟာ အတော်လေး ငြိမ်သက်နေပေမယ့် မှန်းဆမရဘူးလို့ ဆိုပါတယ်။။ ရဲတပ်ဖွဲ့က ရက်အကန့်အသတ်မရှိ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ကို စနေနေ့မှာ ထုတ်ပြန်လိုက်ပြီး အင်တာနက်နဲ့ မိုဘိုင်းဖုန်း ဝန်ဆောင်မှုများကိုလည်း ဆိုင်းငံ့ထားပါတယ်။
(၂)ရက် ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုမှာ လူ(၈)ဦးဒဏ်ရာရရှိခဲ့ပြီး လူအုပ်ကြီးကို လူစုခွဲရန်မျက်ရည်ယိုဗုံးများနဲ့ ပစ်ခတ်ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ အရှေ့မြောက်ဖျားပြည်နယ်မှာ လုံခြုံရေးတပ် အင် အားကို ပိုမိုချထားကြောင်း သိရှိရပါတယ်။ တစ်နှစ်ခွဲကျော် လူမျိုးရေးအကြမ်းဖက်မှုများဖြစ်ပွားနေတဲ့ မဏိပူရပြည်နယ်ကို ဝန်ကြီးချုပ်နာရင်ဒြာမိုဒီအနေနဲ့ သွားရောက်လည်ပတ်ရန် အိန္ဒိယ အတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဓီက စနေနေ့မှာ တိုက်တွန်းခဲ့ပါတယ်။
ယမန်နှစ် လူများစု မေထေး(ကသည်း) မျိုးနွယ်စုတို့ကို အလုပ်အကိုင်ပိုမိုချထားပေးတဲ့ အစိုးရ ခွဲတမ်းအစီအ စဉ်ကို ကူကီးတို့ ဆန့်ကျင်ကန့်ကွက်ရာမှ လူမျိုးရေးအကြမ်းဖက်မှုများ ဖြစ်ပေါ်လာပြီးကတည်းက မိုဒီအနေနဲ့ မဏိပူရပြည်နယ်ကို သွားရောက်ခြင်း မရှိသေးပါဘူး။ မကြာသေးမီက မဏိပူရမှာ ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့ သွေးထွက်သံယိုမှုတွေ ဆက်လက် ဖြစ် ပွားနေခြင်းဟာ အလွန်စိတ်ပျက်စရာကောင်းကြောင်း နှစ်အတော်ကြာ စိတ်ဝမ်းကွဲမှုနဲ့ ပူဆွေးသောက ခံစား ရပြီးနောက် ဗဟိုနဲ့ ပြည်နယ်အစိုးရတို့အနေနဲ့ ရင်ကြားစေ့ရေး အစွမ်းကုန်ကြိုးစားပြီး အဖြေတစ်ခုခု ရှာဖွေနိုင် လိမ့်မယ်လို့ အိန္ဒိယနိုင်ငံသားတိုင်းက မျှော်လင့်လျှက်ရှိကြောင်း၊ မဏိပူရကို သွားရောက်လည်ပတ်ပြီး ဒေသ တွင်း ငြိမ်းချမ်းရေးနဲ့ ဖေးမကုစားရေးတွေကို ပြန်လည်ထူထောင်ဖို့ ဝန်ကြီးချုပ်ကို ထပ်မံတိုက်တွန်းကြောင်း အတိုက်အခံခေါင်းဆောင် ဂန္ဒီက သူ့ရဲ့ X လူမှုကွန်ရက်ပလက်ဖောင်းမှာ ရေးသားထားပါတယ်။
မဏိပူရ ပြည်နယ် ဝန်ကြီးချုပ် အင် ဘီရန်ဆင်းရဲ့ တာဝန်ပျက်ကွက်မှုကို ကိုးကားပြီး နာရင်ဒြာ မိုဒီရဲ့ အာ ဏာရ ဘာရတ်တီယာ ဂျနာတာပါတီ (BJP) ရဲ့ မဟာမိတ် အမျိုးသား ပြည်သူ့ပါတီ (NPP) က အစိုးရအပေါ် ထောက်ခံမှု ပြန်လည်ရုပ်သိမ်းကြောင်း တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ် အကြမ်းဖက်မှုဖြစ်ပွားစဉ်အတွင်း မဏိပူရမြို့မှာ အင်တာနက်ဝန်ဆောင်မှုတွေကို လနဲ့ချီပိတ်ထားခဲ့ ရပါတယ်။ တနင်္လာ ယနေ့နံနက်ပိုင်း ဂျီဘရမ်ခရိုင် ကန့်ကွက်ဆန္ဒပြပွဲမှာ အကြမ်းဖက်မှုများ ဆက်လက်ပြင်း ထန်လာပြီး ရဲတပ်ဖွဲ့ဝင်များနဲ့ ရုန့်ရင်းဆန်ခတ်ဖြစ်ပွားရာမှ အသက် ၂၀ ကျော်အရွယ် ဆန္ဒပြသူတစ်ဦး သေဆုံးကြောင်း သိရှိရပါတယ်။
ယခုဆက်လက်ဖြစ်ပွားတဲ့ ပဋိပက္ခဆိုတာ မဏိပူရပြည်နယ်ကို လူမျိုးစုနယ်မြေနှစ်ခုအဖြစ် ပိုင်းခြားထားတဲ့ မေထေး(ကသည်း) နေထိုင်ရာ ချိုင့်ဝှမ်းဒေသနဲ့ ကူကီး-ဇို မျိုးနွယ်စုတို့ ကြီးစိုးရာ တောင်ကုန်းဒေသများအကြား မကြေလည်မှုများမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ နိုဝင်ဘာ ၁၁ ရက် ကူကီးစစ်သွေးကြွ ၁၀-ဦး သေဆုံးခဲ့ရတဲ ဂျီရီဘမ် ခရိုင်ပစ်ခတ်မှုအပြီး ဓါးစာခံအဖြစ် ဖမ်း ဆီးခေါ်ဆောင်ခြင်းခံရသူ မေထေး ၆-ဦးကို ရုပ်အလောင်းအဖြစ် ပြန်လည်တွေ့ရှိရခြင်းဖြစ်ပါတယ်။ အမျိုးသမီး ၃-ဦး ကလေး (၁)ဦးပါ ရုပ်အလောင်း (၅)လောင်းအဖြစ် တွေ့ရှိရပြီး အာသံ ပြည်နယ်ဆေးရုံမှာ ရင်ခွဲစစ်ဆေးပြီး နောက် သေဆုံးရခြင်းအကြောင်းရင်းကို သိရှိရမယ်လို့ ဆိုပါတယ်။ ကျန်ရှိ နေတဲ့ မေထေးတစ်ဦးကို ရဲတပ်ဖွဲ့ ဝင်များက ဘာရက်မြစ်အတွင်း ရှာဖွေနေကြပါတယ်။
လပေါင်းအတော်ကြာအောင် အကြမ်းဖက်မှုများ ဖြစ်ပွားနေတဲ့အတွက် ဒေါသထွက်နေသူလူအုပ်ကြီးက ပြည် နယ်ဝန်ကြီးများ၊ လွှတ်တော်အမတ်များနဲ့ အစိုးရအဆောက်အအုံများကို မီးတင်ရှို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ သောင်းကျန်းနေတဲ့ လူမျိုးရေးနောက်ခံသေနတ်သမားတွေကို ပြတ်ပြတ်သားသား နှိမ်နင်းဖို့ အရပ်ဘက်အဖွဲ့ အစည်းများက တောင်းဆိုထားပြီး အခြေအနေမှာ တင်းမာနေတယ်လို့ NDTV က ယနေ့ရေးသားပါတယ်။
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းနဲ့ ထိစပ်နေတဲ့ မဏိပူရပြည်နယ် နောက်ထပ်နယ်မြေ (၆)ခုကို အိန္ဒိယအစိုးရက “မငြိမ်မသက်ဖြစ်ပွား နေသော ဒေသများ” အဖြစ် ကြေညာလိုက်ပြီး ၁၉၅၈ ခုနှစ် တပ်မတော် (အထူးအာ ဏာများ) အက်ဥပဒေ (AFSPA) အောက်မှာ ထည့်သွင်းထားပါတယ်။ ကူကီး-ဇိုမျိုးနွယ်စုတို့ကလည်း သူတို့အများစုနေထိုင်ရာ တောင်ကြားခရိုင်များအားလုံးကို AFSPA ဥပဒေ အောက် ထည့်သွင်းပေးရန် တောင်းဆိုနေကြပြီး မေထေးတို့ကလည်း မဏိပူရချိုင့်ဝှမ်းခရိုင် ရဲစခန်း ၁၃-ခုတို့ကို AFSPA ဥပဒေ အပ်နှင်းပေးဖို့ တောင်းဆိုနေကြပါတယ်။
(Al Jazeera., 18 November 2024,” India police arrest 23 after violence erupts in northeast state of Manipur” ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
zawgyi version
မဏိပူရျပည္နယ္မွာ လႊတ္ေတာ္အမတ္ေတြနဲ႔ ျပည္နယ္ဝန္ႀကီးေတြရဲ႕ အိမ္ကို မီးတင္ရႈိ႕ခဲ့ၾကၿပီး လူ (၂၃)ဦးကို ရဲတပ္ဖြဲ႕က ဖမ္းဆီး
Htay Oung (NP News) - ႏိုဝင္ဘာ ၁၈
အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ပိုင္း မဏိပူရျပည္နယ္ၿမိဳ႕ေတာ္ အင္ဖာရွိ လႊတ္ ေတာ္အမတ္မ်ားနဲ႔ ျပည္နယ္အစိုးရ ဝန္ႀကီးမ်ားရဲ႕ေနအိမ္ေတြကို မီးရႈိ႕ဖ်က္ ဆီးမႈျဖင့္ လူ(၂၃)ဦးကို ရဲတပ္ဖြဲ႕က ဖမ္းဆီးလိုက္တယ္လို႔ “အယ္လ္ဂ်ာ ဇီးယား” (17 November 2024) က ေရးသားပါတယ္။
ေမေထး (ကသည္း) အသိုက္အဝန္းမွ ျပန္ေပးဆြဲခံရသူ ၆-ဦးတို႔ရဲ႕ ႐ုပ္အေလာင္းမ်ားကို ေသာၾကာေန႔မွာ ျပန္လည္ေတြ႕ရွိၿပီးေနာက္ ေဒသတြင္း တိုက္ခိုက္မႈမ်ားအတြက္ တာဝန္ခံရန္ ေတာင္းဆိုဆႏၵျပပြဲမ်ားျဖစ္ ေပၚလာပါတယ္။ ၂၀၂၃ ခုႏွစ္ ေမလကတည္းက ဟိႏၵဴဘာသာဝင္ ေမေထးကသည္းနဲ႔ ခရစ္ယာန္ကူကီးအသိုက္အဝန္းမ်ား အၾကား အျပန္အလွန္ ပဋိပကၡမ်ား ျဖစ္ပြားခဲ့ရာ အနည္းဆုံး လူ (၂၅၀)ဦးေသဆုံးၿပီး ၆၀,၀၀၀ ေက်ာ္ အိုးမဲ့အိမ္မဲ့ ျဖစ္ခဲ့ရပါတယ္။
ေပ်ာက္ဆုံးေနတဲ့ ေမေထးမိသားစုဝင္မ်ားလို႔ ယူဆရတဲ့ အမ်ိဳးသမီးတစ္ဦးနဲ႔ အသက္ (၂)ႏွစ္အ႐ြယ္ ကေလး ငယ္တစ္ဦးရဲ႕ ႐ုပ္အေလာင္းမ်ားကို တနဂၤေႏြေန႔က ျမစ္တစ္စင္းမွာ ေမ်ာပါလွ်က္ ေတြ႕ရွိခဲ့ရပါတယ္။ အဲ့ဒီေန႔မွာ ပဲ ကူကီးအမ်ိဳးသားတစ္ဦးရဲ႕ ႐ုပ္အေလာင္းကို ေတြ႕ရွိခဲ့ေပမယ့္ ေသဆုံးရတဲ့အေၾကာင္းရင္းကို အာဏာပိုင္မ်ား က အတည္ျပဳႏိုင္ျခင္း မရွိေသးပါဘူး။ ဒါေပမယ့္ အၾကမ္းဖက္မႈနဲ႔ ဆက္စပ္မႈရွိႏိုင္တယ္လို႔ မွတ္ခ်က္ေပးပါတယ္။
ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းက မဏိပူရျပည္နယ္ေန ကူကီးလူမ်ိဳးစုမွ အသက္ ၃၁ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ဟာ အရွင္လတ္လတ္ မီးရႈိ႕ခံသတ္ျဖတ္ခဲ့ရၿပီးေနာက္ တင္းမာမႈမ်ား ျဖစ္ပြားခဲ့ပါတယ္။ ဒီတိုက္ခိုက္မႈအတြက္ ေမေထးလက္နက္ကိုင္ သူပုန္မ်ားလက္ခ်က္လို႔ ကူကီးအဖြဲ႕ေတြက ေျပာပါတယ္။ ျပည္နယ္ရဲတပ္ဖြဲ႕ အႀကီးတန္းအရာရွိတစ္ဦးက တနဂၤေႏြေန႔ ႐ိုက္တာသတင္းဌာနကို ေျပာၾကားရာမွာ အဆိုပါ ေဒသရဲ႕ ယေန႔ အေျခအေနဟာ အေတာ္ေလး ၿငိမ္သက္ေနေပမယ့္ မွန္းဆမရဘူးလို႔ ဆိုပါတယ္။။ ရဲတပ္ဖြဲ႕က ရက္အကန႔္အသတ္မရွိ သတ္မွတ္ခ်ိန္အတြင္း အျပင္မထြက္ရ အမိန႔္ကို စေနေန႔မွာ ထုတ္ျပန္လိုက္ၿပီး အင္တာနက္နဲ႔ မိုဘိုင္းဖုန္း ဝန္ေဆာင္မႈမ်ားကိုလည္း ဆိုင္းငံ့ထားပါတယ္။
(၂)ရက္ ဆက္တိုက္ျဖစ္ပြားခဲ့တဲ့ အၾကမ္းဖက္မႈမွာ လူ(၈)ဦးဒဏ္ရာရရွိခဲ့ၿပီး လူအုပ္ႀကီးကို လူစုခြဲရန္မ်က္ရည္ယိုဗုံးမ်ားနဲ႔ ပစ္ခတ္ခဲ့ရတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ အေရွ႕ေျမာက္ဖ်ားျပည္နယ္မွာ လုံၿခဳံေရးတပ္ အင္ အားကို ပိုမိုခ်ထားေၾကာင္း သိရွိရပါတယ္။ တစ္ႏွစ္ခြဲေက်ာ္ လူမ်ိဳးေရးအၾကမ္းဖက္မႈမ်ားျဖစ္ပြားေနတဲ့ မဏိပူရျပည္နယ္ကို ဝန္ႀကီးခ်ဳပ္နာရင္ျဒာမိုဒီအေနနဲ႔ သြားေရာက္လည္ပတ္ရန္ အိႏၵိယ အတိုက္အခံေခါင္းေဆာင္ ရာဟူးလ္ဂႏၶီက စေနေန႔မွာ တိုက္တြန္းခဲ့ပါတယ္။
ယမန္ႏွစ္ လူမ်ားစု ေမေထး(ကသည္း) မ်ိဳးႏြယ္စုတို႔ကို အလုပ္အကိုင္ပိုမိုခ်ထားေပးတဲ့ အစိုးရ ခြဲတမ္းအစီအ စဥ္ကို ကူကီးတို႔ ဆန႔္က်င္ကန႔္ကြက္ရာမွ လူမ်ိဳးေရးအၾကမ္းဖက္မႈမ်ား ျဖစ္ေပၚလာၿပီးကတည္းက မိုဒီအေနနဲ႔ မဏိပူရျပည္နယ္ကို သြားေရာက္ျခင္း မရွိေသးပါဘူး။ မၾကာေသးမီက မဏိပူရမွာ ျဖစ္ပြားခဲ့တဲ့ ျပင္းထန္တဲ့ တိုက္ပြဲေတြနဲ႔ ေသြးထြက္သံယိုမႈေတြ ဆက္လက္ ျဖစ္ ပြားေနျခင္းဟာ အလြန္စိတ္ပ်က္စရာေကာင္းေၾကာင္း ႏွစ္အေတာ္ၾကာ စိတ္ဝမ္းကြဲမႈနဲ႔ ပူေဆြးေသာက ခံစား ရၿပီးေနာက္ ဗဟိုနဲ႔ ျပည္နယ္အစိုးရတို႔အေနနဲ႔ ရင္ၾကားေစ့ေရး အစြမ္းကုန္ႀကိဳးစားၿပီး အေျဖတစ္ခုခု ရွာေဖြႏိုင္ လိမ့္မယ္လို႔ အိႏၵိယႏိုင္ငံသားတိုင္းက ေမွ်ာ္လင့္လွ်က္ရွိေၾကာင္း၊ မဏိပူရကို သြားေရာက္လည္ပတ္ၿပီး ေဒသ တြင္း ၿငိမ္းခ်မ္းေရးနဲ႔ ေဖးမကုစားေရးေတြကို ျပန္လည္ထူေထာင္ဖို႔ ဝန္ႀကီးခ်ဳပ္ကို ထပ္မံတိုက္တြန္းေၾကာင္း အတိုက္အခံေခါင္းေဆာင္ ဂႏၵီက သူ႔ရဲ႕ X လူမႈကြန္ရက္ပလက္ေဖာင္းမွာ ေရးသားထားပါတယ္။
မဏိပူရ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ အင္ ဘီရန္ဆင္းရဲ႕ တာဝန္ပ်က္ကြက္မႈကို ကိုးကားၿပီး နာရင္ျဒာ မိုဒီရဲ႕ အာ ဏာရ ဘာရတ္တီယာ ဂ်နာတာပါတီ (BJP) ရဲ႕ မဟာမိတ္ အမ်ိဳးသား ျပည္သူ႔ပါတီ (NPP) က အစိုးရအေပၚ ေထာက္ခံမႈ ျပန္လည္႐ုပ္သိမ္းေၾကာင္း တနဂၤေႏြေန႔မွာ ေၾကညာခဲ့ပါတယ္။ၿပီးခဲ့တဲ့ႏွစ္ အၾကမ္းဖက္မႈျဖစ္ပြားစဥ္အတြင္း မဏိပူရၿမိဳ႕မွာ အင္တာနက္ဝန္ေဆာင္မႈေတြကို လနဲ႔ခ်ီပိတ္ထားခဲ့ ရပါတယ္။ တနလၤာ ယေန႔နံနက္ပိုင္း ဂ်ီဘရမ္ခ႐ိုင္ ကန႔္ကြက္ဆႏၵျပပြဲမွာ အၾကမ္းဖက္မႈမ်ား ဆက္လက္ျပင္း ထန္လာၿပီး ရဲတပ္ဖြဲ႕ဝင္မ်ားနဲ႔ ႐ုန႔္ရင္းဆန္ခတ္ျဖစ္ပြားရာမွ အသက္ ၂၀ ေက်ာ္အ႐ြယ္ ဆႏၵျပသူတစ္ဦး ေသဆုံးေၾကာင္း သိရွိရပါတယ္။
ယခုဆက္လက္ျဖစ္ပြားတဲ့ ပဋိပကၡဆိုတာ မဏိပူရျပည္နယ္ကို လူမ်ိဳးစုနယ္ေျမႏွစ္ခုအျဖစ္ ပိုင္းျခားထားတဲ့ ေမေထး(ကသည္း) ေနထိုင္ရာ ခ်ိဳင့္ဝွမ္းေဒသနဲ႔ ကူကီး-ဇို မ်ိဳးႏြယ္စုတို႔ ႀကီးစိုးရာ ေတာင္ကုန္းေဒသမ်ားအၾကား မေၾကလည္မႈမ်ားမွ စတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ပါတယ္။ ႏိုဝင္ဘာ ၁၁ ရက္ ကူကီးစစ္ေသြးႂကြ ၁၀-ဦး ေသဆုံးခဲ့ရတဲ ဂ်ီရီဘမ္ ခ႐ိုင္ပစ္ခတ္မႈအၿပီး ဓါးစာခံအျဖစ္ ဖမ္း ဆီးေခၚေဆာင္ျခင္းခံရသူ ေမေထး ၆-ဦးကို ႐ုပ္အေလာင္းအျဖစ္ ျပန္လည္ေတြ႕ရွိရျခင္းျဖစ္ပါတယ္။ အမ်ိဳးသမီး ၃-ဦး ကေလး (၁)ဦးပါ ႐ုပ္အေလာင္း (၅)ေလာင္းအျဖစ္ ေတြ႕ရွိရၿပီး အာသံ ျပည္နယ္ေဆး႐ုံမွာ ရင္ခြဲစစ္ေဆးၿပီး ေနာက္ ေသဆုံးရျခင္းအေၾကာင္းရင္းကို သိရွိရမယ္လို႔ ဆိုပါတယ္။ က်န္ရွိ ေနတဲ့ ေမေထးတစ္ဦးကို ရဲတပ္ဖြဲ႕ ဝင္မ်ားက ဘာရက္ျမစ္အတြင္း ရွာေဖြေနၾကပါတယ္။
လေပါင္းအေတာ္ၾကာေအာင္ အၾကမ္းဖက္မႈမ်ား ျဖစ္ပြားေနတဲ့အတြက္ ေဒါသထြက္ေနသူလူအုပ္ႀကီးက ျပည္ နယ္ဝန္ႀကီးမ်ား၊ လႊတ္ေတာ္အမတ္မ်ားနဲ႔ အစိုးရအေဆာက္အအုံမ်ားကို မီးတင္ရႈိ႕ တိုက္ခိုက္ခဲ့ျခင္းျဖစ္ပါတယ္။ ေသာင္းက်န္းေနတဲ့ လူမ်ိဳးေရးေနာက္ခံေသနတ္သမားေတြကို ျပတ္ျပတ္သားသား ႏွိမ္နင္းဖို႔ အရပ္ဘက္အဖြဲ႕ အစည္းမ်ားက ေတာင္းဆိုထားၿပီး အေျခအေနမွာ တင္းမာေနတယ္လို႔ NDTV က ယေန႔ေရးသားပါတယ္။
ျမန္မာႏိုင္ငံ စစ္ကိုင္းတိုင္းနဲ႔ ထိစပ္ေနတဲ့ မဏိပူရျပည္နယ္ ေနာက္ထပ္နယ္ေျမ (၆)ခုကို အိႏၵိယအစိုးရက “မၿငိမ္မသက္ျဖစ္ပြား ေနေသာ ေဒသမ်ား” အျဖစ္ ေၾကညာလိုက္ၿပီး ၁၉၅၈ ခုႏွစ္ တပ္မေတာ္ (အထူးအာ ဏာမ်ား) အက္ဥပေဒ (AFSPA) ေအာက္မွာ ထည့္သြင္းထားပါတယ္။ ကူကီး-ဇိုမ်ိဳးႏြယ္စုတို႔ကလည္း သူတို႔အမ်ားစုေနထိုင္ရာ ေတာင္ၾကားခ႐ိုင္မ်ားအားလုံးကို AFSPA ဥပေဒ ေအာက္ ထည့္သြင္းေပးရန္ ေတာင္းဆိုေနၾကၿပီး ေမေထးတို႔ကလည္း မဏိပူရခ်ိဳင့္ဝွမ္းခ႐ိုင္ ရဲစခန္း ၁၃-ခုတို႔ကို AFSPA ဥပေဒ အပ္ႏွင္းေပးဖို႔ ေတာင္းဆိုေနၾကပါတယ္။
(Al Jazeera., 18 November 2024,” India police arrest 23 after violence erupts in northeast state of Manipur” ကို ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုသည္။)