လုပ်ကြံခံရမှုကနေ (၂)ကြိမ်လွတ်မြောက်ခဲ့ပြီးနောက် အမေရိကန်သမ္မတအဖြစ် တစ်ကျော့ပြန်တာဝန်ယူမယ့် ဒေါ်နယ်ထရမ့်အကြောင်း တစေ့တစောင်း
345
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၉
နိုဝင်ဘာလ (၅)ရက်ကကျင်းပခဲ့တဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်းဖြစ်သူ ဒေါ်နယ်ထရမ့်ဟာ အဓိကပြိုင် ဘက်ဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ကမ်မလာဟားရစ်ကိုအနိုင်ရကာ သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။ အသက် (၇၈)နှစ်အရွယ်ရှိ ဒေါ်နယ်ထရမ့်ဟာ (၂၀၁၆)ခုနှစ်ကနေ (၂၀၂၀) ပြည့်နှစ်အထိ အမေရိကန်သမ္မတအဖြစ် တာဝန်ယူခဲ့ဖူးပြီး (၂၀၂၄) ခုနှစ် ရွေးကောက်ပွဲမှာ တစ်ကျော့ပြန် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် အနိုင်ရခဲ့တာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ သမ္မတရွေးချယ်ရေး ပြည်နယ် အထူးကိုယ်စား လှယ်မဲ စုစုပေါင်း (၅၃၈)မဲမှာ အနိုင်ရဖို့ အနည်းဆုံး (၂၇၀) ရဖို့လိုအပ်တဲ့ မဲအရေ အတွက်ထက် ပိုမိုရရှိခဲ့ပြီး မဲအရေအတွက် (၃၁၂)မဲ ရရှိခဲ့ကာ ပြိုင်ဘက်ဖြစ်သူ ကမ်မလာဟားရစ်ကတော့ (၂၂၆)မဲသာရရှိခဲ့ပါတယ်။ ပြည်သူအားလုံးရဲ့ ဆန္ဒမဲ အရေတွက် (၇၃)သန်းနီးပါးရရှိခဲ့ပြီး ပြိုင်ဘက်ဖြစ်သူ ကမ်မလာဟားရစ်ကတော့ (၆၇) သန်းကျော် ရရှိခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ (၂၀၂၄)ခုနှစ်မှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ကြိုးပမ်းရာမှာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတဲ့အပြင် ရွေးကောက်ပွဲမဝင်နိုင် အောင် ပိတ်ပင်တားဆီးမှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရပေ မယ့် ရွေးကောက်ပွဲမှာအနိုင်ရအောင် စွမ်းဆောင်ပြနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ အသက် (၇၈)နှစ်အရွယ်ရှိ ဒေါ်နယ်ထရမ့်ဟာ သမ္မတရွေးကောက်ပွဲကိုပါဝင်ယှဉ် ပြိုင်မယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းတည်း က အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေဟာ ၎င်းရဲ့အိမ်ကို စီးနင်းရှာဖွေတာတွေလုပ်ဆောင်ခဲ့တဲ့အပြင် ရွေးကောက်ပွဲမဝင်နိုင်အောင် ရာဇဝတ်မှုတွေ တသီတတန်းကြီးနဲ့ စွဲချက်တွေကို ဆက်တိုက်ရင်ဆိုင် ခဲ့ရပါတယ်။ ဒါ့ပြင် ဒေါ်နယ်ထရမ့်ဟာ မဲဆွယ်စည်းရုံး ရေးကာလအတွင်းမှာလည်း လုပ်ကြံခံရမှု နှစ်ကြိမ်ရင် ဆိုင်ခဲ့ရပြီး အသက်ရှင်လွတ်မြောက်ခဲ့ရပါတယ်။ တကယ်တော့ ဒေါ်နယ်ထရမ့်ဟာ သမ္မတရွေးကောက် ပွဲမယှဉ်ပြိုင်ခင်အချိန်တုန်းကဆိုရင် ခပ်ြွကားြွကား နေတတ်တဲ့ ဘီလျံနာတစ်ဦးဖြစ်ခဲ့ပြီး (၂၀၁၆)ခုနှစ် မတိုင်မီ ဆယ်စုနှစ်ပေါင်းများစွာမှာ ဒေါ်နယ်ထရမ့်ဟာ အမေရိကန် နယူးရော့ခ် အိမ်ခြံမြေလုပ်ငန်းရှင်ကြီးအဖြစ် ရှင်သန်နေထိုင်ခဲ့သူဖြစ်ပါတယ်။
(၁၉၄၆)ခုနှစ်မှာမွေးဖွားခဲ့တဲ့ ဒေါ်နယ်ထရမ့်ဟာ နယူးရော့ခ် အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးကြီး ဖရက် ထရမ့်ရဲ့ သားတစ်ယောက်ဖြစ်ပြီး ထရမ့်ဟာ သူ့မိသား စုရဲ့စီးပွားရေးကို (၁၉၇၁) မှာ အမွေ ဆက်ခံခဲ့သူဖြစ်ပါ တယ်။ ဒေါ်နယ်ထရမ့်ဟာ မိဘကချမ်းသာပေမယ့် သူ့အဖေကုမ္ပဏီမှာ အောက်ခြေဝန်ထမ်းအဆင့်ကနေ သူစပြီးလုပ်ရမယ်လို့ ရည်မှန်းချက်ရှိခဲ့သူဖြစ်သူ ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ကျောင်းတက်ချိန်မှာ ကျောင်းမှာ စည်းကမ်းဖောက်တာတွေကြောင့် အ သက်(၁၃)နှစ်အရွယ်မှာ စစ်အကယ်ဒမီကျောင်းကို အပို့ခံရသူလည်းဖြစ်ပါတယ်။ ပင်ဆယ်ဗေးနီးယား တက္ကသိုလ် ဝါတန်စကူးလ်ကနေ ဘွဲ့တစ်ခုရပြီးတဲ့ နောက်ပိုင်း သူ့အစ်ကိုဖရက်ကလည်း လေယာဉ်မှူး ဘဝကိုရွေးချယ်ခဲ့တာကြောင့် ဒေါ်နယ်ထရမ့်ဟာ သူ့ ဖခင်အရိုက်အရာကိုဆက်ခံပြီး မိသားစုလုပ်ငန်းကို ဦးစီးလုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က "ကျွန်တော်ဟာ ကုမ္ပဏီအလုပ်ကိုမဝင်ခင် ဖခင်ဆီကနေ "ငွေနည်းနည်း လောက်"(ဒေါ်လာတစ်သန်းလောက်)ချေးပြီး အိမ်ခြံမြေလုပ်ငန်းကို လုပ်ခဲ့ဖူးတယ်"လို့ ပြောပါတယ်။ ဒေါ်နယ်ထရမ့်ဟာ သူ့အဖေလုပ်နေတဲ့ နယူး ရော့ခ်စီးတီးရပ်ကွက်တွေက လူနေအိမ်ရာ စီမံကိန်း အများအပြားကို သူ ပါဝင်ကူညီစီမံပေးခဲ့ပြီး (၁၉၇၁) မှာ ဖခင်ဖြစ်သူရဲ့ကုမ္ပဏီကို လွှဲပြောင်းယူခဲ့ကာ ကုမ္ပဏီနာမည်ကိုလည်း ထရမ့်အဖွဲ့အစည်း (Trump Organization)လို့ အမည်သစ်မှည့်ခေါ်ခဲ့ ပါတယ်။ ဒေါ်နယ်ထရမ့် လွှဲပြောင်းတာဝန်ယူခဲ့ပြီး နောက်ပိုင်းမှာ ဖခင်ဖြစ်သူရဲ့စီးပွားရေးလုပ်ငန်းတွေ အောင်မြင်လာခဲ့ပြီး ဘရွတ်ကလင်းနဲ့ကွင်းစ်က လူနေ အိမ်ရာလုပ်ငန်းကနေ မန်ဟက်တန်က တန်ဖိုးကြီး အိမ်ရာစီမံကိန်းတွေအဖြစ် ပြောင်းလဲလုပ်ကိုင်ခဲ့ပါ တယ်။ ကျော်ကြားတဲ့ (၅)ခုမြောက် ရိပ်သာအ ဆောက်အအုံဟာ ထရမ့်မိုးမျှော်တိုက်(Trump Tower) ဖြစ်လာပြီး အဲဒီမိုးမျှော်တိုက်ဟာ ထရမ့်ရဲ့ နာမည်အကျော်ဆုံး အဆောက်အအုံဖြစ်ခဲ့သလို သူ့ အိမ်အဖြစ်လည်း နှစ်ပေါင်းအတော်ကြာရှိနေခဲ့ပါ တယ်။ ဒေါ်နယ်ထရမ့်ဟာ စီးပွားကျနေတဲ့ ကွန်မင်ဒါ ဟိုတယ်ကို ပြန်မွမ်းမံပြီး ဂရန်းဟားရက် (Grand Hyatt) ဟိုတယ်အဖြစ်လုပ်လိုက်တာဖြစ်ပါတယ်။ ထရမ့်အမှတ်တံဆိပ်နာမည်နဲ့ ကာစီနိုတွေ၊ ကွန်ဒို တိုက်တွေ၊ ဂေါက်ကွင်းတွေ၊ ဟိုတယ်တွေကို အတ္တ လန္တိတ်စီးတီး၊ ချီကာဂို၊ လပ်စ်ဗေးဂတ်စ်တို့မှာသာ မက အိန္ဒိယ၊ တူရကီ၊ ဖိလစ်ပိုင်နိုင်ငံတွေအထိ လုပ်ငန်းချဲ့ထွင်နိုင်ခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ဖျော်ဖြေ ရေးလုပ်ငန်းမှာလည်း ကြယ်တစ်ပွင့်ဖြစ်လာခဲ့ပြီး မယ်စကြဝဠာ၊ မစ္စအမေရိကန်၊ မစ္စ ဆယ်ကျော်သက် အမေရိကန် အလှမယ်ပွဲတွေကို ဦးစီးကျင်းပပေးသူအ ဖြစ်နဲ့စတင်ခဲ့ရာကနေ အန်ဘီစီရုပ်သံလိုင်းကလွှင့်တဲ့ ဘဝဇာတ်စုံ အပိုင်းလိုက်တင်ဆက်မှု အလုပ်သင်အစီ အစဉ်မှာ အဓိကတင်ဆက်သူ လုပ်ခဲ့ဖူးသူဖြစ်ပါတယ်။ အန်ဘီစီ ရုပ်သံအစီအစဉ်တွေမှာ ရာသီပေါင်း (၁၄) ရာသီအထိ တင်ဆက်ခဲ့သလို တချို့အစီအစဉ်တွေမှာ သူ့ကလေးတွေကိုလည်း ပါဝင်သရုပ်ဆောင်စေခဲ့ဖူးသူ ဖြစ်ပါတယ်။ ထရမ့်ဟာ စာအုပ်များစွာကိုရေးခဲ့ဖူးသ လို ရုပ်ရှင်တွေနဲ့နပန်းပွဲ မြှင့်တင်ရေးအစီအစဉ်တွေ မှာလည်း ပါဖူးပါတယ်။ စီးပွားရေးမှာလည်း အဖျော်ယ မကာကအစ နက်ခ်တိုင်လည်စည်းအထိ ရောင်းပါ တယ်။ ဒါပေမဲ့ သူ့ပိုင်ဆိုင်မှု ဓနပမာဏက ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာလျော့ကျခဲ့ပြီး အခုလောလောဆယ် ဒေါ်လာ (၄) ဘီလျံဝန်းကျင်လောက် ပိုင်ဆိုင်တယ် လို့ Forbes မဂ္ဂဇင်းက ခန့်မှန်းထားပါတယ်။ ဒေါ် နယ်ထရမ့်ဟာ တရားဝင်ဇနီး သုံးဦးရှိခဲ့ဖူးပြီး ချက်အားကစားမယ်လည်းဖြစ်၊ မော်ဒယ်တစ်ယောက် လည်းဖြစ်တဲ့ အိုင်ဗင်နာဇယ်နစ်ခ်ကိုဗာဟာ ဒေါ်နယ် ထရမ့်ရဲ့ပထမဇနီးဖြစ်ပြီး သူ့ဇနီးတွေထဲ နာမည်အ ကြီးဆုံးလို့လည်း ဆိုနိုင်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အိုင်ဗင်နာနဲ့ ပေါင်းသင်းချိန်အတွင်း ကလေး (၃) ယောက်ရခဲ့ပြီး (၁၉၉၀) မှာ သူတို့နှစ်ယောက် ကွာ ရှင်းခဲ့ကြပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ရုပ်ရှင်မင်းသမီး မာလာမေပယ်လ်နဲ့ (၁၉၉၃)မှာလက်ထပ်ပါတယ်။ လက်ထပ်ပြီးနောက် နှစ်လလောက်ကြာတော့ သူတို့ ရဲ့ကလေး တက်ဖနီကိုမွေးပါတယ်။ သူတို့ (၂) ယောက် (၁၉၉၉)မှာ ပြတ်စဲကြပါတယ်။ ဒေါ်နယ်ထ ရမ့်ဟာ ဆလိုဗေးနီးယား အလှမော်ဒယ် မယ်လန်နီ ယာကနုစ်နဲ့ (၂၀ဝ၅)ခုနှစ်မှာလက်ထပ်ခဲ့ကြပြီး ဘာ ရွန်ဝီလျံထရမ့်လို့အမည်ရတဲ့ သားတစ်ယောက် ရှိနေကာ လက်ရှိအချိန်အထိ ပေါင်းသင်းနေဆဲဖြစ်ပါ တယ်။ နိုင်ငံရေးလောကထဲကိုဝင်ရောက်လာပြီး နောက်ပိုင်းမှာတော့ သူဟာ လိင်ပိုင်းဆိုင်ရာမတော် တလျော်တွေလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ အိမ် ထောင်ရေးဖောက်ပြန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ရင် ဆိုင်ခဲ့ရဖူးပြီး တရားစွဲခံရတာတွေလည်း ရင်ဆိုင်ခဲ့ ရပါတယ်။ အသက် (၃၄)နှစ်အရွယ် (၁၉၈၀) တုန်း က အင်တာဗျူးတစ်ခုမှာ ဒေါ်နယ်ထရမ့်က နိုင်ငံရေးနဲ့ ပတ်သက်ပြီး "နိုင်ငံရေးလုပ်တဲ့သူတွေက အလယ်အလတ်တန်းလောက်သာရှိတဲ့လူတွေ"လို့ ပြောခဲ့သလို "စွမ်းဆောင်ရည်အရှိဆုံးလူတွေ"ဟာ နိုင်ငံရေးလုပ်မယ့်အစား စီးပွားရေးကမ္ဘာကိုရွေးခဲ့ကြတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ (၁၉၈၇) လောက်မှာတော့ သမ္မတ ဝင်ပြိုင်ရင်ကောင်းမလားလို့ ရယ်ရွှန်းပတ်ရွှန်းနဲ့ သူစပြောခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးပါတီ (Reform Party)ဝင်အနေနဲ့ (၂၀ဝဝ)ပြည့်နှစ်မှာ သမ္မတလောင်းရွေးပွဲထဲ ခဏတာပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး (၂၀၁၂)မှာတော့ ရီပတ်ဘလီကန်ပါတီကနေ ဝင်ပြိုင်ခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ (၂၀၁၅) ဇွန်လကျမှ သူ အိမ်ဖြူတော်ခရီးအတွက်ဝင်ပြိုင်တော့မယ်လို့ တရား ဝင်ကြေညာခဲ့ပြီး အမေရိကန်အိပ်မက်ဟာ သေဆုံး နေပြီလို့ဆိုကာ ]]ပိုကြီးကျယ်ပြီး ပိုကောင်းတဲ့ အမေရိ ကန်အိပ်မက်ကို ပြန်ယူကြစို့}}လို့ ကတိပြုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ သူရဲ့ ချမ်းသာကြွယ်ဝမှုတွေ၊ သူ့ စီးပွားရေးတွေကို ထုတ်ကြွားတတ်ပြီး သူပြောတဲ့ သူ့ မိန့်ခွန်းတွေအထဲမှာ မက္ကဆီကိုဟာ အမေရိကန်ကို မူးယစ်ဆေးဝါးတွေ၊ ရာဇဝတ်ကောင်တွေ၊ မုဒိမ်းသမားတွေကိုပို့နေတာလို့စွပ်စွဲကာ နယ်စပ်မှာ တံတိုင်း ဆောက်မယ်ဆိုတဲ့အချက်တွေ၊ အဲဒီတံတိုင်းဆောက် ခကို မက္ကဆီကိုကပေးအောင် သူလုပ်မယ်ဆိုတဲ့အ ချက်တွေကို ကတိပေးပြောဆိုခဲ့ဖူးသူဖြစ်ပါတယ်။ အငြင်းအခုံဖြစ်စရာစကားတွေကို စင်မြင့်ကပြောရင်း၊ အငြင်းပွားစရာပေါ်လစီတွေကိုချပြရင်း သူ့ကို ချစ်ခင်နှစ်သက်တဲ့ပရိသတ်တွေရဲ့ အာရုံစူးစိုက်မှု၊ စိတ်ဝင် စားမှု အပြည့်အဝရအောင် ကြိုးပမ်းနိုင်ခဲ့သူလို့လည်း ဆိုကြပါ တယ်။ ဒေါ်နယ်ထရမ့်ဟာ "အမေရိကန်ကို ပြန်ကြီး ကျယ်အောင်လုပ်ကြစို့ ကြွေးကြော်သံနဲ့အတူ ရီပတ်ဘလီကန်အတွင်းက သူ့ပြိုင်ဘက်တွေကို အနိုင်ရခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်ဘဝကနေ (၂၀၁၆)ခုနှစ် အမေရိကန်ရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင်ခဲ့ရာ ဝါရင့်နိုင်ငံရေးသမားဖြစ်တဲ့ ဟီလာရီကလင်တန်ကို အနိုင်ရအောင်စွမ်းဆောင်ပြခဲ့ဖူး ပါတယ်။ (၂၀၁၇) ခုနှစ် ဇန်နဝါရီ(၂၀)ရက်မှာ အမေရိကန်နိုင်ငံရဲ့ (၄၅)ယောက်မြောက်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး သမ္မတအဖြစ်တာဝန်ယူတဲ့ ပထမသက်တမ်းအတွင်းမှာ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာလုပ်ငန်းတွေ၊ ကုန်သွယ်မှုဆိုင်ရာ အရေးကြီး စာချုပ်တွေထဲကနေ နုတ်ထွက်မှု၊ မွတ်စလင်နိုင်ငံ ကြီး(၇)နိုင်ငံကခရီးသွားတွေကို အမေရိကန်ကိုမလာ ဖို့ ပိတ်ပင်မှု၊ ပြည်ဝင်ခွင့်နဲ့ပတ်သက်ပြီး နောက်ထပ်တင်းကြပ်တဲ့ဥပဒေတွေကို ထုတ်ပြန်မှု၊ တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲမှု၊ အခွန်တွေကို စံချိန် တင်ဖြတ်တောက်မှု အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကို ပုံစံပြောင်းပစ်မှု စတာတွေကို သူလုပ် ဆောင်ခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ ပြောဟန်ဆိုဟန်၊ နဲ့ လုပ်နည်းလုပ်ဟန်တွေဟာ ကမ္ဘာမှာ လူစိတ်ဝင် စားမှုအများဆုံးရရှိခဲ့ဖူးပြီး လူအများထင်မထားတာတွေ လုပ်တတ်သူတစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ ဒေါ်နယ်ထရမ့်ဟာ သမ္မတအဖြစ် ဒုတိယ အကြိမ်တာဝန်ယူချိန်မှာ အမေရိကန်နိုင်ငံနဲ့ ကမ္ဘာ့ နိုင်ငံတွေအတွက် ဘာတွေလုပ်ဆောင်ပြမလဲဆိုတာစိတ်ဝင်စားနေပြီး အထူးသဖြင့် ကမ္ဘာတစ်ဝန်းမှာဖြစ် ပွားနေတဲ့စစ်ပွဲတွေကို အဆုံးသတ်အောင် လက်တွေ့ စွမ်းဆောင်ပြနိုင်မလားဆိုတာ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
zawgyi version
လုပ္ႀကံခံရမႈကေန (၂)ႀကိမ္လြတ္ေျမာက္ခဲ့ၿပီးေနာက္ အေမရိကန္သမၼတအျဖစ္ တစ္ေက်ာ့ျပန္တာဝန္ယူမယ့္ ေဒၚနယ္ထရမ့္အေၾကာင္း တေစ့တ ေစာင္း
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁၉
ႏိုဝင္ဘာလ (၅)ရက္ကက်င္းပခဲ့တဲ့ အေမရိကန္ သမၼတေ႐ြးေကာက္ပြဲမွာ ရီပတ္ဘလီကန္ပါတီ သမၼတေလာင္းျဖစ္သူ ေဒၚနယ္ထရမ့္ဟာ အဓိကၿပိဳင္ ဘက္ျဖစ္တဲ့ ဒီမိုကရက္တစ္ပါတီ သမၼတေလာင္း ကမ္မလာဟားရစ္ကိုအႏိုင္ရကာ သမၼတအျဖစ္ ေ႐ြးေကာက္ခံခဲ့ရပါတယ္။ အသက္ (၇၈)ႏွစ္အ႐ြယ္ရွိ ေဒၚနယ္ထရမ့္ဟာ (၂၀၁၆)ခုႏွစ္ကေန (၂၀၂၀) ျပည့္ႏွစ္အထိ အေမရိကန္သမၼတအျဖစ္ တာဝန္ယူခဲ့ဖူးၿပီး (၂၀၂၄) ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ တစ္ေက်ာ့ျပန္ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီးေနာက္ အႏိုင္ရခဲ့တာျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္ဟာ သမၼတေ႐ြးခ်ယ္ေရး ျပည္နယ္ အထူးကိုယ္စား လွယ္မဲ စုစုေပါင္း (၅၃၈)မဲမွာ အႏိုင္ရဖို႔ အနည္းဆုံး (၂၇၀) ရဖို႔လိုအပ္တဲ့ မဲအေရ အတြက္ထက္ ပိုမိုရရွိခဲ့ၿပီး မဲအေရအတြက္ (၃၁၂)မဲ ရရွိခဲ့ကာ ၿပိဳင္ဘက္ျဖစ္သူ ကမ္မလာဟားရစ္ကေတာ့ (၂၂၆)မဲသာရရွိခဲ့ပါတယ္။ ျပည္သူအားလုံးရဲ႕ ဆႏၵမဲ အေရတြက္ (၇၃)သန္းနီးပါးရရွိခဲ့ၿပီး ၿပိဳင္ဘက္ျဖစ္သူ ကမ္မလာဟားရစ္ကေတာ့ (၆၇) သန္းေက်ာ္ ရရွိခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ဟာ (၂၀၂၄)ခုႏွစ္မွာ က်င္းပမယ့္ အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ဖို႔ႀကိဳးပမ္းရာမွာ အသက္အႏၲရာယ္ ၿခိမ္းေျခာက္ခံရတဲ့အျပင္ ေ႐ြးေကာက္ပြဲမဝင္ႏိုင္ ေအာင္ ပိတ္ပင္တားဆီးမႈအမ်ိဳးမ်ိဳးကို ရင္ဆိုင္ခဲ့ရေပ မယ့္ ေ႐ြးေကာက္ပြဲမွာအႏိုင္ရေအာင္ စြမ္းေဆာင္ျပႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။ အသက္ (၇၈)ႏွစ္အ႐ြယ္ရွိ ေဒၚနယ္ထရမ့္ဟာ သမၼတေ႐ြးေကာက္ပြဲကိုပါဝင္ယွဥ္ ၿပိဳင္မယ္လို႔ သတင္းထုတ္ျပန္ခဲ့ၿပီးေနာက္ပိုင္းတည္း က အေမရိကန္ေထာက္လွမ္းေရးအဖြဲ႕ေတြဟာ ၎ရဲ႕အိမ္ကို စီးနင္းရွာေဖြတာေတြလုပ္ေဆာင္ခဲ့တဲ့အျပင္ ေ႐ြးေကာက္ပြဲမဝင္ႏိုင္ေအာင္ ရာဇဝတ္မႈေတြ တသီတတန္းႀကီးနဲ႔ စြဲခ်က္ေတြကို ဆက္တိုက္ရင္ဆိုင္ ခဲ့ရပါတယ္။ ဒါ့ျပင္ ေဒၚနယ္ထရမ့္ဟာ မဲဆြယ္စည္း႐ုံး ေရးကာလအတြင္းမွာလည္း လုပ္ႀကံခံရမႈ ႏွစ္ႀကိမ္ရင္ ဆိုင္ခဲ့ရၿပီး အသက္ရွင္လြတ္ေျမာက္ခဲ့ရပါတယ္။ တကယ္ေတာ့ ေဒၚနယ္ထရမ့္ဟာ သမၼတေ႐ြးေကာက္ ပြဲမယွဥ္ၿပိဳင္ခင္အခ်ိန္တုန္းကဆိုရင္ ခပ္ျြကားျြကား ေနတတ္တဲ့ ဘီလ်ံနာတစ္ဦးျဖစ္ခဲ့ၿပီး (၂၀၁၆)ခုႏွစ္ မတိုင္မီ ဆယ္စုႏွစ္ေပါင္းမ်ားစြာမွာ ေဒၚနယ္ထရမ့္ဟာ အေမရိကန္ နယူးေရာ့ခ္ အိမ္ၿခံေျမလုပ္ငန္းရွင္ႀကီးအျဖစ္ ရွင္သန္ေနထိုင္ခဲ့သူျဖစ္ပါတယ္။
(၁၉၄၆)ခုႏွစ္မွာေမြးဖြားခဲ့တဲ့ ေဒၚနယ္ထရမ့္ဟာ နယူးေရာ့ခ္ အိမ္ၿခံေျမလုပ္ငန္းရွင္ သူေဌးႀကီး ဖရက္ ထရမ့္ရဲ႕ သားတစ္ေယာက္ျဖစ္ၿပီး ထရမ့္ဟာ သူ႔မိသား စုရဲ႕စီးပြားေရးကို (၁၉၇၁) မွာ အေမြ ဆက္ခံခဲ့သူျဖစ္ပါ တယ္။ ေဒၚနယ္ထရမ့္ဟာ မိဘကခ်မ္းသာေပမယ့္ သူ႔အေဖကုမၸဏီမွာ ေအာက္ေျခဝန္ထမ္းအဆင့္ကေန သူစၿပီးလုပ္ရမယ္လို႔ ရည္မွန္းခ်က္ရွိခဲ့သူျဖစ္သူ ျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္ဟာ ေက်ာင္းတက္ခ်ိန္မွာ ေက်ာင္းမွာ စည္းကမ္းေဖာက္တာေတြေၾကာင့္ အ သက္(၁၃)ႏွစ္အ႐ြယ္မွာ စစ္အကယ္ဒမီေက်ာင္းကို အပို႔ခံရသူလည္းျဖစ္ပါတယ္။ ပင္ဆယ္ေဗးနီးယား တကၠသိုလ္ ဝါတန္စကူးလ္ကေန ဘြဲ႕တစ္ခုရၿပီးတဲ့ ေနာက္ပိုင္း သူ႔အစ္ကိုဖရက္ကလည္း ေလယာဥ္မႉး ဘဝကိုေ႐ြးခ်ယ္ခဲ့တာေၾကာင့္ ေဒၚနယ္ထရမ့္ဟာ သူ႔ ဖခင္အ႐ိုက္အရာကိုဆက္ခံၿပီး မိသားစုလုပ္ငန္းကို ဦးစီးလုပ္ကိုင္ခဲ့သူျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က "ကြၽန္ေတာ္ဟာ ကုမၸဏီအလုပ္ကိုမဝင္ခင္ ဖခင္ဆီကေန "ေငြနည္းနည္း ေလာက္"(ေဒၚလာတစ္သန္းေလာက္)ေခ်းၿပီး အိမ္ၿခံေျမလုပ္ငန္းကို လုပ္ခဲ့ဖူးတယ္"လို႔ ေျပာပါတယ္။ ေဒၚနယ္ထရမ့္ဟာ သူ႔အေဖလုပ္ေနတဲ့ နယူး ေရာ့ခ္စီးတီးရပ္ကြက္ေတြက လူေနအိမ္ရာ စီမံကိန္း အမ်ားအျပားကို သူ ပါဝင္ကူညီစီမံေပးခဲ့ၿပီး (၁၉၇၁) မွာ ဖခင္ျဖစ္သူရဲ႕ကုမၸဏီကို လႊဲေျပာင္းယူခဲ့ကာ ကုမၸဏီနာမည္ကိုလည္း ထရမ့္အဖြဲ႕အစည္း (Trump Organization)လို႔ အမည္သစ္မွည့္ေခၚခဲ့ ပါတယ္။ ေဒၚနယ္ထရမ့္ လႊဲေျပာင္းတာဝန္ယူခဲ့ၿပီး ေနာက္ပိုင္းမွာ ဖခင္ျဖစ္သူရဲ႕စီးပြားေရးလုပ္ငန္းေတြ ေအာင္ျမင္လာခဲ့ၿပီး ဘ႐ြတ္ကလင္းနဲ႔ကြင္းစ္က လူေန အိမ္ရာလုပ္ငန္းကေန မန္ဟက္တန္က တန္ဖိုးႀကီး အိမ္ရာစီမံကိန္းေတြအျဖစ္ ေျပာင္းလဲလုပ္ကိုင္ခဲ့ပါ တယ္။ ေက်ာ္ၾကားတဲ့ (၅)ခုေျမာက္ ရိပ္သာအ ေဆာက္အအုံဟာ ထရမ့္မိုးေမွ်ာ္တိုက္(Trump Tower) ျဖစ္လာၿပီး အဲဒီမိုးေမွ်ာ္တိုက္ဟာ ထရမ့္ရဲ႕ နာမည္အေက်ာ္ဆုံး အေဆာက္အအုံျဖစ္ခဲ့သလို သူ႔ အိမ္အျဖစ္လည္း ႏွစ္ေပါင္းအေတာ္ၾကာရွိေနခဲ့ပါ တယ္။ ေဒၚနယ္ထရမ့္ဟာ စီးပြားက်ေနတဲ့ ကြန္မင္ဒါ ဟိုတယ္ကို ျပန္မြမ္းမံၿပီး ဂရန္းဟားရက္ (Grand Hyatt) ဟိုတယ္အျဖစ္လုပ္လိုက္တာျဖစ္ပါတယ္။ ထရမ့္အမွတ္တံဆိပ္နာမည္နဲ႔ ကာစီႏိုေတြ၊ ကြန္ဒို တိုက္ေတြ၊ ေဂါက္ကြင္းေတြ၊ ဟိုတယ္ေတြကို အတၱ လႏၲိတ္စီးတီး၊ ခ်ီကာဂို၊ လပ္စ္ေဗးဂတ္စ္တို႔မွာသာ မက အိႏၵိယ၊ တူရကီ၊ ဖိလစ္ပိုင္ႏိုင္ငံေတြအထိ လုပ္ငန္းခ်ဲ႕ထြင္ႏိုင္ခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ဟာ ေဖ်ာ္ေျဖ ေရးလုပ္ငန္းမွာလည္း ၾကယ္တစ္ပြင့္ျဖစ္လာခဲ့ၿပီး မယ္စၾကဝဠာ၊ မစၥအေမရိကန္၊ မစၥ ဆယ္ေက်ာ္သက္ အေမရိကန္ အလွမယ္ပြဲေတြကို ဦးစီးက်င္းပေပးသူအ ျဖစ္နဲ႔စတင္ခဲ့ရာကေန အန္ဘီစီ႐ုပ္သံလိုင္းကလႊင့္တဲ့ ဘဝဇာတ္စုံ အပိုင္းလိုက္တင္ဆက္မႈ အလုပ္သင္အစီ အစဥ္မွာ အဓိကတင္ဆက္သူ လုပ္ခဲ့ဖူးသူျဖစ္ပါတယ္။ အန္ဘီစီ ႐ုပ္သံအစီအစဥ္ေတြမွာ ရာသီေပါင္း (၁၄) ရာသီအထိ တင္ဆက္ခဲ့သလို တခ်ိဳ႕အစီအစဥ္ေတြမွာ သူ႔ကေလးေတြကိုလည္း ပါဝင္သ႐ုပ္ေဆာင္ေစခဲ့ဖူးသူ ျဖစ္ပါတယ္။ ထရမ့္ဟာ စာအုပ္မ်ားစြာကိုေရးခဲ့ဖူးသ လို ႐ုပ္ရွင္ေတြနဲ႔နပန္းပြဲ ျမႇင့္တင္ေရးအစီအစဥ္ေတြ မွာလည္း ပါဖူးပါတယ္။ စီးပြားေရးမွာလည္း အေဖ်ာ္ယ မကာကအစ နက္ခ္တိုင္လည္စည္းအထိ ေရာင္းပါ တယ္။ ဒါေပမဲ့ သူ႔ပိုင္ဆိုင္မႈ ဓနပမာဏက ၿပီးခဲ့တဲ့ ႏွစ္ပိုင္းေတြမွာေလ်ာ့က်ခဲ့ၿပီး အခုေလာေလာဆယ္ ေဒၚလာ (၄) ဘီလ်ံဝန္းက်င္ေလာက္ ပိုင္ဆိုင္တယ္ လို႔ Forbes မဂၢဇင္းက ခန႔္မွန္းထားပါတယ္။ ေဒၚ နယ္ထရမ့္ဟာ တရားဝင္ဇနီး သုံးဦးရွိခဲ့ဖူးၿပီး ခ်က္အားကစားမယ္လည္းျဖစ္၊ ေမာ္ဒယ္တစ္ေယာက္ လည္းျဖစ္တဲ့ အိုင္ဗင္နာဇယ္နစ္ခ္ကိုဗာဟာ ေဒၚနယ္ ထရမ့္ရဲ႕ပထမဇနီးျဖစ္ၿပီး သူ႔ဇနီးေတြထဲ နာမည္အ ႀကီးဆုံးလို႔လည္း ဆိုႏိုင္ပါတယ္။ ေဒၚနယ္ထရမ့္ဟာ အိုင္ဗင္နာနဲ႔ ေပါင္းသင္းခ်ိန္အတြင္း ကေလး (၃) ေယာက္ရခဲ့ၿပီး (၁၉၉၀) မွာ သူတို႔ႏွစ္ေယာက္ ကြာ ရွင္းခဲ့ၾကပါတယ္။ ေဒၚနယ္ထရမ့္ဟာ ႐ုပ္ရွင္မင္းသမီး မာလာေမပယ္လ္နဲ႔ (၁၉၉၃)မွာလက္ထပ္ပါတယ္။ လက္ထပ္ၿပီးေနာက္ ႏွစ္လေလာက္ၾကာေတာ့ သူတို႔ ရဲ႕ကေလး တက္ဖနီကိုေမြးပါတယ္။ သူတို႔ (၂) ေယာက္ (၁၉၉၉)မွာ ျပတ္စဲၾကပါတယ္။ ေဒၚနယ္ထ ရမ့္ဟာ ဆလိုေဗးနီးယား အလွေမာ္ဒယ္ မယ္လန္နီ ယာကႏုစ္နဲ႔ (၂၀ဝ၅)ခုႏွစ္မွာလက္ထပ္ခဲ့ၾကၿပီး ဘာ ႐ြန္ဝီလ်ံထရမ့္လို႔အမည္ရတဲ့ သားတစ္ေယာက္ ရွိေနကာ လက္ရွိအခ်ိန္အထိ ေပါင္းသင္းေနဆဲျဖစ္ပါ တယ္။ ႏိုင္ငံေရးေလာကထဲကိုဝင္ေရာက္လာၿပီး ေနာက္ပိုင္းမွာေတာ့ သူဟာ လိင္ပိုင္းဆိုင္ရာမေတာ္ တေလ်ာ္ေတြလုပ္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြ၊ အိမ္ ေထာင္ေရးေဖာက္ျပန္ခဲ့တယ္ဆိုတဲ့ စြပ္စြဲမႈေတြနဲ႔ ရင္ ဆိုင္ခဲ့ရဖူးၿပီး တရားစြဲခံရတာေတြလည္း ရင္ဆိုင္ခဲ့ ရပါတယ္။ အသက္ (၃၄)ႏွစ္အ႐ြယ္ (၁၉၈၀) တုန္း က အင္တာဗ်ဴးတစ္ခုမွာ ေဒၚနယ္ထရမ့္က ႏိုင္ငံေရးနဲ႔ ပတ္သက္ၿပီး "ႏိုင္ငံေရးလုပ္တဲ့သူေတြက အလယ္အလတ္တန္းေလာက္သာရွိတဲ့လူေတြ"လို႔ ေျပာခဲ့သလို "စြမ္းေဆာင္ရည္အရွိဆုံးလူေတြ"ဟာ ႏိုင္ငံေရးလုပ္မယ့္အစား စီးပြားေရးကမာၻကိုေ႐ြးခဲ့ၾကတယ္လို႔ ေျပာခဲ့ပါတယ္။ ဒါေပမဲ့ (၁၉၈၇) ေလာက္မွာေတာ့ သမၼတ ဝင္ၿပိဳင္ရင္ေကာင္းမလားလို႔ ရယ္႐ႊန္းပတ္႐ႊန္းနဲ႔ သူစေျပာခဲ့ပါတယ္။ ျပဳျပင္ေျပာင္းလဲေရးပါတီ (Reform Party)ဝင္အေနနဲ႔ (၂၀ဝဝ)ျပည့္ႏွစ္မွာ သမၼတေလာင္းေ႐ြးပြဲထဲ ခဏတာပါဝင္ယွဥ္ၿပိဳင္ခဲ့ဖူးၿပီး (၂၀၁၂)မွာေတာ့ ရီပတ္ဘလီကန္ပါတီကေန ဝင္ၿပိဳင္ခဲ့ပါတယ္။
ေဒၚနယ္ထရမ့္ဟာ (၂၀၁၅) ဇြန္လက်မွ သူ အိမ္ျဖဴေတာ္ခရီးအတြက္ဝင္ၿပိဳင္ေတာ့မယ္လို႔ တရား ဝင္ေၾကညာခဲ့ၿပီး အေမရိကန္အိပ္မက္ဟာ ေသဆုံး ေနၿပီလို႔ဆိုကာ ]]ပိုႀကီးက်ယ္ၿပီး ပိုေကာင္းတဲ့ အေမရိ ကန္အိပ္မက္ကို ျပန္ယူၾကစို႔}}လို႔ ကတိျပဳခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ဟာ သူရဲ႕ ခ်မ္းသာႂကြယ္ဝမႈေတြ၊ သူ႔ စီးပြားေရးေတြကို ထုတ္ႂကြားတတ္ၿပီး သူေျပာတဲ့ သူ႔ မိန႔္ခြန္းေတြအထဲမွာ မကၠဆီကိုဟာ အေမရိကန္ကို မူးယစ္ေဆးဝါးေတြ၊ ရာဇဝတ္ေကာင္ေတြ၊ မုဒိမ္းသမားေတြကိုပို႔ေနတာလို႔စြပ္စြဲကာ နယ္စပ္မွာ တံတိုင္း ေဆာက္မယ္ဆိုတဲ့အခ်က္ေတြ၊ အဲဒီတံတိုင္းေဆာက္ ခကို မကၠဆီကိုကေပးေအာင္ သူလုပ္မယ္ဆိုတဲ့အ ခ်က္ေတြကို ကတိေပးေျပာဆိုခဲ့ဖူးသူျဖစ္ပါတယ္။ အျငင္းအခုံျဖစ္စရာစကားေတြကို စင္ျမင့္ကေျပာရင္း၊ အျငင္းပြားစရာေပၚလစီေတြကိုခ်ျပရင္း သူ႔ကို ခ်စ္ခင္ႏွစ္သက္တဲ့ပရိသတ္ေတြရဲ႕ အာ႐ုံစူးစိုက္မႈ၊ စိတ္ဝင္ စားမႈ အျပည့္အဝရေအာင္ ႀကိဳးပမ္းႏိုင္ခဲ့သူလို႔လည္း ဆိုၾကပါ တယ္။ ေဒၚနယ္ထရမ့္ဟာ "အေမရိကန္ကို ျပန္ႀကီး က်ယ္ေအာင္လုပ္ၾကစို႔ ေႂကြးေၾကာ္သံနဲ႔အတူ ရီပတ္ဘလီကန္အတြင္းက သူ႔ၿပိဳင္ဘက္ေတြကို အႏိုင္ရခဲ့ၿပီး စီးပြားေရးလုပ္ငန္းရွင္ဘဝကေန (၂၀၁၆)ခုႏွစ္ အေမရိကန္ေ႐ြးေကာက္ပြဲကို ပါဝင္ ယွဥ္ၿပိဳင္ခဲ့ရာ ဝါရင့္ႏိုင္ငံေရးသမားျဖစ္တဲ့ ဟီလာရီကလင္တန္ကို အႏိုင္ရေအာင္စြမ္းေဆာင္ျပခဲ့ဖူး ပါတယ္။ (၂၀၁၇) ခုႏွစ္ ဇန္နဝါရီ(၂၀)ရက္မွာ အေမရိကန္ႏိုင္ငံရဲ႕ (၄၅)ေယာက္ေျမာက္သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုခဲ့ၿပီး သမၼတအျဖစ္တာဝန္ယူတဲ့ ပထမသက္တမ္းအတြင္းမွာ ရာသီဥတုေျပာင္းလဲမႈ ဆိုင္ရာလုပ္ငန္းေတြ၊ ကုန္သြယ္မႈဆိုင္ရာ အေရးႀကီး စာခ်ဳပ္ေတြထဲကေန ႏုတ္ထြက္မႈ၊ မြတ္စလင္ႏိုင္ငံ ႀကီး(၇)ႏိုင္ငံကခရီးသြားေတြကို အေမရိကန္ကိုမလာ ဖို႔ ပိတ္ပင္မႈ၊ ျပည္ဝင္ခြင့္နဲ႔ပတ္သက္ၿပီး ေနာက္ထပ္တင္းၾကပ္တဲ့ဥပေဒေတြကို ထုတ္ျပန္မႈ၊ တ႐ုတ္နဲ႔ ကုန္သြယ္ေရးစစ္ပြဲ ဆင္ႏႊဲမႈ၊ အခြန္ေတြကို စံခ်ိန္ တင္ျဖတ္ေတာက္မႈ အေရွ႕အလယ္ပိုင္းႏိုင္ငံေတြနဲ႔ ဆက္ဆံေရးကို ပုံစံေျပာင္းပစ္မႈ စတာေတြကို သူလုပ္ ေဆာင္ခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ရဲ႕ ေျပာဟန္ဆိုဟန္၊ နဲ႔ လုပ္နည္းလုပ္ဟန္ေတြဟာ ကမာၻမွာ လူစိတ္ဝင္ စားမႈအမ်ားဆုံးရရွိခဲ့ဖူးၿပီး လူအမ်ားထင္မထားတာေတြ လုပ္တတ္သူတစ္ဦးလည္းျဖစ္ပါတယ္။ လက္ရွိ အခ်ိန္မွာ ေဒၚနယ္ထရမ့္ဟာ သမၼတအျဖစ္ ဒုတိယ အႀကိမ္တာဝန္ယူခ်ိန္မွာ အေမရိကန္ႏိုင္ငံနဲ႔ ကမာၻ႔ ႏိုင္ငံေတြအတြက္ ဘာေတြလုပ္ေဆာင္ျပမလဲဆိုတာစိတ္ဝင္စားေနၿပီး အထူးသျဖင့္ ကမာၻတစ္ဝန္းမွာျဖစ္ ပြားေနတဲ့စစ္ပြဲေတြကို အဆုံးသတ္ေအာင္ လက္ေတြ႕ စြမ္းေဆာင္ျပႏိုင္မလားဆိုတာ စိတ္ဝင္စားေနတာ ျဖစ္ပါတယ္။