အဓမ္မကို ဓမ္မကအနိုင်ယူခဲ့သည့် ဘဝင်ချမ်းမြ တန်ဆောင်မုန်းလ
59
ကျွန်းသားငမန်း (NP News) - နိုဝင်ဘာ ၁၉
ဆောင်းဦးအစ ဟေမန္တလရာသီရောက်လာခဲ့ပြီ။ငွေနှင်းမှုန်တို့သည် မြောက်လေအေးနှင့်အတူ လွှမ်း ခြုံဖြန့်ကြက်လာသည်။ ကောင်းကင်အာဇဋာဝယ် မိုး သားတိမ်ရိပ်တို့ကင်းစင်ကာ ငွေလမင်းက ထိန်ထိန် သာလျက်ရှိနေသည်။ ငွေကြယ်စင်များကလည်း အပြာရောင်ကောင်းကင်ထက်တွင် တလက်လက်ဖြင့် တောက်ပလျက်ရှိနေပြန်သည်။ ညအခင်းသည် အေး မြခြင်းနှင့်အတူ အလှကိုဖန်တီးထားသည်။ ကြည့် မောလေရာပတ်ဝန်းကျင်တို့ရှိ လယ်ကွင်းပြင်စိမ်းစိမ်း တို့ အရောင်ပြောင်းပြီး ရွှေရောင်ဝါဝင်း ရွှေအဆင်း ဖြင့်လှတင့်နေကြသည်။ မြောက်လေအဝှေ့တွင် စပါး ပင်တို့ယိမ်းနွဲ့ကာ လယ်ကွင်းပြင်တို့ဝယ် ရွှေရောင်လှိုင်းတို့ လှုပ်ခတ်နေသည်။ ရာသီနှင့်လိုက်၍ ပြောင်း လဲဖြစ်ပေါ်နေသည့် သဘာဝတရားကဖန်တီးပြုပြင် ထားသော မြင်ကွင်းအသစ်အဆန်းများက လောကကို မရိုးနိုင်အောင်အလှဆင်နေလေသည်။
တန်ဆောင်မုန်းလကား ဗုဒ္ဓဘာသာမြန်မာတို့၏ရှစ်လမြောက်သောလဖြစ်သလို ဥတုသုံးလီ ရာသီကူး ပြောင်း ဆောင်းဦးအစရာသီလည်းဖြစ်သည်။ မိုးတိမ် ကင်းပကာ ကောင်းကင်ပြာအာကာထက်တွင်လည်း ကြယ်စင်တွေလင်းလက်လျက် နက္ခတ်တာရာတို့စုံ သောလဖြစ်သည်။ တန်ဆောင်မုန်းလကို ရှေးယခင် က တန်ဆောင်မှုန်၊ တန်ဆောင်မှုန်း ဟု ရေးမှတ်ခဲ့ ကြကြောင်းသိရသည်။ တန်ဆောင်မုန်းလ၏အဓိပ္ပာယ် မှာ တန်ဆောင်သည် ထွန်းလင်းတောက်ပခြင်းဂုဏ်ကိုဆောင်သည်။ မှုန်း(မုန်း)သည် ခြယ်မှုန်းခြင်းဟု အဓိပ္ပာယ်ကိုဆောင်သည်။ ထို့ကြောင့် တန်ဆောင်မုန်း သည် အလင်းရောင်တို့ဖြင့်ခြယ်မှုန်းအပ်သောလဟုအဓိပ္ပာယ်ရသည်။ ဒါနအလင်းရောင်၊ ဆီမီးအလင်း ရောင် စသည်များဖြင့်ခြယ်မှုန်းအပ်သော လလည်း ဖြစ်သည်။
တန်ဆောင်မုန်းလ၏ သာယာအေးမြခြင်းသည် မြင်ကွင်းများက လူတို့၏စိတ်နှလုံးကို ကြည်မွေ့အေး ငြိမ်းစေသည်။ ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိခဲ့ စဉ်ကာလကလည်း သူမိုက်ကိုဆရာတင်မိမှားခဲ့သဖြင့် လူဆိုးလူမိုက်အဖြစ်ရောက်ခဲ့ကာ မိဘ၏ကျေးဇူး တရားကို မသိ၊ အာဏာဇောတပ်မက်မိသဖြင့် အဘ ရင်းကိုသတ်မိခဲ့သော အဇာတသတ်သားမိုက်သည် ထိုအပြစ်ဆိုးကြောင့် သောကအပူတို့ ကပ်ငြိခံခဲ့ရသည်။ ထိုအပူကိုငြှိမ်းသတ်နိုင်ဖို့ရာ အဇာတသတ် သည် ဤတန်ဆောင်မုန်းလ၏လပြည့်နေ့တွင်ပင် ဘုရားရှင်၏ခြေတော်ရင်းသို့ ဝပ်စင်းရောက်ရှိခဲ့သည်။မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအပါအဝင် ပရိသတ်တို့အား သာမညဖလ သုတ္တန်တရားတော် မြတ်ကို ဟောကြားချီးမြှင့်တော်မူခဲ့သည်။ အဓမ္မဝါဒီ ဖြစ်သော အဇာတသတ်မင်းသည် ဘုရားရှင်၏သာ သနာတော်အတွင်းမှ ရဟန်းတို့အား ကြည်ညိုလေး စားသက်ဝင်ကာ ဗုဒ္ဓဘုရား၏အဆုံးမ၌တည်ခဲ့သည်။ ခံစားခဲ့ရသော သောကအပူတို့မှ အေးငြိမ်းသက်သာ ခွင့်ရသွားခဲ့သည်။ အဓမ္မနှင့်ဓမ္မတို့အားပြိုင်ရာ ဓမ္မက အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဤဖြစ်ရပ်မှာ တန်ဆောင်မုန်း လ၏ ထူးကဲသောပုံရိပ်တစ်ခုလည်းဖြစ်သည်။
တန်ဆောင်မုန်းလ လှူဒါန
ဤရာသီအချိန်တွင် တစ်မိုးလုံး စိုက်ပျိုးပြုစုခဲ့ရ ပြီး အောင်မြင်ဖြစ်ထွန်းနေသောစပါးခင်းတို့၏မြင် ကွင်းကိုကြည့်ကာ တောင်သူဦးကြီးများမှာလည်း ပျော်တပြုံးပြုံးဖြစ်နေကြသည်။ ရွှေရောင်ဝါဝင်းရွှေ အဆင်းဖြင့် အောင်မြင်ဖြစ်ထွန်းနေသောစပါးခင်း တို့မှာလည်း မှည့်ဝင်းရိတ်သိမ်းနိုင်သည့်အချိန်ရာသီ ပေပဲ။ မိမိတို့ခွန်အားစိုက်ထုတ်၍ ရလာသောအသီး အပွင့်များဖြင့် အလှူဒါနများကိုပြုလုပ်နိုင်ကြသည်။ဗုဒ္ဓပူဇနိယပွဲတော်များကိုကျင်းပ၍ ကုသိုလ်ယူတတ် ကြသည်။ ဤရာသီ၊ ဤကာလတွင် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ၊ ကောက်ဦးဆွမ်းတင်ပွဲ၊ ဆီးမီး တစ်ထောင်၊ ပန်းတစ်ထောင် လှူဒါန်းပူဇော်ပွဲ၊ မီးမြင်း မိုရ်ထွန်းပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၊ ပံ့သကူ ပစ်ပွဲ၊ အကောက်တစ်ထောင် ဝင်္ကပါလှည့်ပွဲ စသည် များဖြင့်ပူဇော်လေ့ရှိကြသည်။
အထူးသဖြင့် မြန်မာဗုဒ္ဓဘာသာဝင်များအနေဖြင့် ထူးကဲမွန်မြတ်သည့် ကာလဒါနတစ်ခုဖြစ်သော က ထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းဖြင့် ကုသိုလ်ပွား များနိုင်ကြသည်။ မြတ်စွာဘုရားရှင်၏ ပညတ်တော်နှင့် အညီ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းရသောလ ဖြစ်သဖြင့် အမြတ်ဆုံးလဟုလည်းဆိုကြသည်။ က ထိန်အလှူသည် တစ်နှစ်တွင် တစ်လ(သီတင်းကျွတ် လပြည့်ကျော်တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့် နေ့အထိ)၊ တစ်လတွင် တစ်ရက်၊ တစ်ရက်တွင် တစ်ကြိမ်၊ တစ်ကြိမ်တွင် တစ်ကျောင်း၊ တစ်ကျောင်း တွင် တစ်ပါးကိုသာ အချိန်အခါနှင့်အတူပြုလုပ်ရ သော ကာလဒါနကုသိုလ်အလှူတစ်ခု ဖြစ်သည်။ ကထိန်အလှူမှာ အလှူရှင်၏အလိုကျ ကြည်ညိုသဒ္ဓါ ပေါက်၍ လှူဒါန်းမှသာ ကထိန်သင်္ကန်းမြောက်သည် ဟုလည်း ဘုရားရှင်က ပညတ်တော်မူသည်။ ကထိန် သင်္ကန်းဆက်ကပ်အလှူခံရသောရဟန်းတော်၌ က ထိန်အကျိုးငါးပါးကိုရရှိသဖြင့် ရဟန်းတော်များအလေးထားသော၊ အလှူခံရထိုက်သောအလှူလည်းဖြစ် သည်။ အလှူရှင်မှာလည်း ရဟန်းတော်တို့ရရှိသကဲ့ သို့ပင် ကုသိုလ်အကျိုးငါးပါးဖြစ်သော အနှောင်အဖွဲ့ ကင်းလွတ်ခြင်း၊ အဝတ်အစားပေါများခြင်း၊ အဆိပ်အ ပင်းထည့်ထားသောအစားအစာများမှ ကင်းဝေးစေ ခြင်း၊ တာဝန်ကိစ္စမလေးမပင်ပေါ့ပါးခြင်း၊ ကိုယ့်ပစ္စည်းများကို သူတစ်ပါးတို့မယူသွားနိုင်ခြင်း စသည့် အကျိုး ထူးကိုရရှိနိုင်ကြသည်။ အလှူအတန်းနှင့်ပတ်သက်၍ လည်း ရတနာမှာ စိန်၊ ကျောင်းမှာသိမ်၊သင်္ကန်းမှာကထိန်ဟုဆိုစမှတ်ရှိသည်။ ထို့ကြောင့်ပင် အချို့ဆရာ တော်ကြီးများမှာ အလှူဒါယကာများ၏ ကထိန်အလှူ အတွက် (၉)နှစ် (၁၀)နှစ်ခန့်ကပင် ကြိုတင်ပင့် လျှောက်မှုကို လက်ခံရရှိထားတော်မူကြသည်ကို တွေ့ရသည်။
တန်ဆောင်မုန်းလတွင် မသိုးသင်္ကန်းရက်လုပ်ဆက်ကပ်လှူဒါန်းခြင်းများလည်းရှိသည်။ သင်္ကန်း ရက်လုပ်မှု၊ ချုပ်လုပ်မှုစသည်များအားလုံးကို ညတွင်း ချင်းပြီးစီးအောင်ဆောင်ရွက်၍ အရုဏ်မတက်မီ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ထံ ဆက်ကပ်လှူဒါန်းကြရသည်။နေ့မကူး၊ ရက်မကူး တစ်ရက်အတွင်းအပြီးရက်လုပ်ဆက်ကပ်ရခြင်းကြောင့် မသိုးသင်္ကန်းဟုခေါ်ခြင်း လည်းဖြစ်သည်။ ပံ့သကူပစ်ပွဲကိုလည်း တန်ဆောင်မုန်း လပြည့်နေ့တွင် ပြုလုပ်လှူဒါန်းလေ့ရှိကြသေးသည်။အလှူခံပုဂ္ဂိုလ်အစွဲအလမ်းမထား မိမိလှူဒါန်းလိုသော ပစ္စည်းကို တိတ်တဆိတ်စွန့်ပစ်လှူဒါန်းသည့် အလှူ ဒါနတစ်မျိုးဖြစ်သည်။ ရဟန်းတော်များ၊ သီလရှင်များ အတွက် အသုံးအဆောင်ပစ္စည်းများကို ပံ့သကူစာ တန်းရေးကာ ကျောင်းကန်၊ ဘုရား၊ စေတီ၊ သင်္ခန်းများ အနီး ချထားလေ့ရှိကြသည်။ ယင်းပစ္စည်းများကို မည် သူမဆိုတွေ့ရှိအသုံးပြုနိုင်သော ကြည်နူးဖွယ်ကောင်းသည့် အလှူတစ်မျိုးလည်းဖြစ်သည်။
တန်ဆောင်မုန်းလကား အာဇဋာကောင်းကင် တစ်ခွင်တွင် တိမ်တိုက်တို့ကင်းစင်၍ နက္ခတ်ကြယ် တာရာများကို ကောင်းစွာမြင်တွေ့ရသဖြင့် နက္ခတ် သဘင်ပွဲကိုလည်း ဆင်နွှဲလေ့ရှိကြသည်။ အထူးသ ဖြင့် နက္ခတ်တာရာများစုံသောအချိန်ဖြစ်သဖြင့် ဆေး ပေါင်းခသည်ဟုယုံမှတ်ကာ တန်ဆောင်မုန်းလပြည့် နေ့သန်းခေါင်ချိန်တွင် မယ်ဇလီဖူးများကိုဆွတ်ခူး၍အပျော်သုပ်စားကြသည်လည်းရှိသည်။ ထို့အတူ ဆီ မီးထွန်းညှိပူဇော်ခြင်း၊ တာဝတိံသာ မီးမြင်းမိုရ်ပွဲကျင်း ပခြင်း၊ မီးပုံးပျံများလွှင့်တင်၍ တာဝတိံသာနတ်ပြည်၌ရှိ သော စူဠာမုနိရှင်ကိုရည်စူးပူဇော်တတ်ကြသေး သည်။ မီးမြင်းမိုရ်ထွန်းပွဲတွင် အတောင်ခြောက်ဆယ် အမြင့်ရှိသော တန်ဆောင်မုန်းတိုင်မီး ပြာသာဒ်ကိုတည် ဆောက်စိုက်ထူ၍ တိုင်ထိပ်ပေါ်သို့ မီးလုံးတင်ပူဇော် ခြင်းဖြစ်သည်။ အတောင်ခြောက်ဆယ်မှာ နတ်တို့စံရာ တာဝတိံသာနတ်ပြည်ခြောက်ထပ်ကို ရည်မှတ်ပူ ဇော်ခြင်းလည်းဖြစ်သည်။ ထို့အတူ တန်ဆောင်မုန်းလတွင် ကောက်ဦးဆွမ်းတင်ပွဲများကိုလည်း ပြုလုပ်လှူ ဒါန်းလေ့ရှိကြသေးသည်။ ကောက်ဦးဆွမ်းတင်ပွဲမှာ မြတ်နိုးစရာကောင်းသော အလေ့တစ်ခုလည်းဖြစ် သည်။ တန်ဆောင်မုန်းလသည် ဖုံးတုံးလုံးတုံး တန် ဆောင်မုန်းဟုဆိုကြသည့်အတိုင်း ကောက်စောစပါး တို့ ရိတ်သိမ်းထွက်ရှိရာ အချိန်ကာလလည်းဖြစ်သည်။ ပြည်သူတို့သည်မိမိတို့ လုပ်အားဖြင့်ထွက်ရှိရရှိသော ကောက်ပဲသီးနှံ၊ သလဲစပါး၊ ကောက်ညင်း စသည်များ ကိုဆွတ်ေြွခနယ်လှေ့ပြီး ရရှိသောဆန်များကိုချက် ပြုတ်၍ သက်ရှိထင်ရှား မြတ်စွာဘုရားရှင်အား ရည်စူးပူဇော်ကြခြင်းဖြစ်သည်။ မြို့များ၊ ရွာများတွင် ရွာသူရွာ သား ကာလသားသမီး အပျို၊ လူပျိုများစုပေါင်း၍ ဆွမ်း ကတော့ထိုးပွဲများဖြင့်လည်းကောင်း၊ ကြာရိုးကြာစွယ်၊ ကြာပန်းများဖြင့်လည်းကောင်း ဘုရားကျောင်းကန် များသို့ သွားရောက်ပူဇော်ကန်တော့ ကုသိုလ်ယူကြ သည်။ ရခိုင်တိုင်းရင်းသားများက ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်၊ ကောက်ဦးဆွမ်းတင်အလှူဟု မှတ်တမ်းပြုကြသည်။
မှတ်တမ်းရေးပြု စာရတု
တန်ဆောင်မုန်းလနှင့်ပတ်သက်၍ ရှေးစာဆိုများ က စာဖွဲ့မှတ်တမ်းတင်ခဲ့ကြသည်များရှိသည်။ စာဆို ဖိုးသူတော်ဦးမင်းက "အလှူကထိန်သင်္ကန်းနှင့် မဂ်လမ်းကိုတဲ့ ဆုပန်ရွယ်၊ သည်ချိန်ကိုဝတ်မှုံကြဲလို့ ခဝဲ ရွှေညှာရင်းမှာ သင်းရနံ့ကြွယ်။ ကောင်းကင်လယ် ထက်ဝယ်ဘုံဦး၊ ရွှေလစန္ဒာနှင့် ကြတ္တိကာ ကြယ်ရောင် စွန်းတယ် ထွန်းထိန်လို့မြူး}}ဟု စာဖွဲ့ခဲ့သည်။ စာဆို ရှင်ဦးပုညကလည်း "မိုးဝသန်ကုန်ဆုံးလို့ တန်ဆောင်မုန်း ဗြိ စ္ဆာ၊ ငါးနှစ်စွန်းခါဝယ် ကြတ္တိကာ ကြယ်မင်း၊ ခဝဲပွင့်သည် မာလာငယ်သည် ချိန်ခါမွှေးပျံ့ထုံသင်း"ဟုဖွဲ့ဆိုခဲ့ပြန်သည်။ မြောက်ဦးခေတ်ရခိုင်စာဆို ဥက္ကာ ပျံကလည်း "တန်ဆောင်မုန်းလ၊ ဟေမန္တသည် ချမ်းစပေါ်၊ လူ့ရွာပွဲသဘင်၊ သိကြားပျော်ရာ၊ ဝတိံသာဝယ် စူဠာမုဏိရှင်ကို၊ ဖူးမြော်ချင် ဆုယူမြှောက်၊ အတောင် ခြောက်ဆယ် မြင့်ဖူးသွယ်သည် တန်ဆောင်မုန်းတိုင် ဆောက်၍၊ အောက်ကကြိုးငင်၊ ပြောင်ပြောင်ညီးသည်၊ မီးထွန်းပွဲသဘင်ကို တူစုံပင်ညှိရကြောင်း၊ ရှစ်စရွတ် သည် မွေဓာတ်ရှင်တော်ပေါင်းကို"ဟု မီးမြင်းမိုရ်ပွဲကျင်းပခြင်းအကြောင်းနှင့်ပတ်သက်ကာ ရေးဖွဲ့စပ်ဆို မှတ်တမ်းတင်ထားခဲ့သည်။
ဓမ္မ နှင့် အဓမ္မအားပြိုင်
တန်ဆောင်မုန်းလပြည့်နေ့ကား ဗုဒ္ဓဘာသာဝင်များအဖို့ ထူးခြားသောလတစ်လလည်း ဖြစ်ပြန်သေးသည်။ တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရားရှင်က သာမည ဖလသုတ္တန်ကိုဟောကြားတော်မူခဲ့သဖြင့် သာမညဖလ အခါတော်နေ့ဖြစ်သည်။ သာမညသည် သာမဏေ၊ ရသေ့၊ ရဟန်းပြုလုပ်ခြင်းဟု အနက် အဓိပ္ပာယ်ရှိသည်။ ဖလသည် အကျိုးကျေးဇူးဖြစ်သည်။ သာမညဖလဆိုသည် ရသေ့ရဟန်းပြုလုပ်ရခြင်း၏အကျိုးကျေးဇူးဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုသည်။ အဖ သတ်မင်းကြီး အဇာတသတ်ကို ရဟန်းပြုခြင်းအကျိုး ကိုဟောကြားသည့်နေ့ဖြစ်၍ တန်ဆောင်မုန်းလပြည့် နေ့ကို သံဃာတော်များနေ့ဟုလည်းခေါ်ကြသေး သည်။ သာမညဖလသုတ္တန်ဟော ကြားခဲ့ခြင်းနှင့်ဆက် စပ်၍ လူအများ သတိထားဆင်ခြင်အပ်သော ဇာတ် လမ်းတစ်ပိုဒ်လည်း ရှိသေးသည်။ ထိုသည်ကား ဓမ္မ နှင့်အဓမ္မအားပြိုင်ရာ အဓမ္မကို ဓမ္မကအနိုင်ယူခဲ့သော ဇာတ်လမ်းလည်းဖြစ်သည်။
ဘုရားရှင်၏ဝမ်းကွဲညီ တော်စပ်သူ ရှင်ဒေဝဒတ်မှာ မြတ်စွာဘုရားရှင်အား မင်းနှင့်ပြည်သူများတို့ ယုံကြည်ကိုးကွယ်မှုပေါများ သည်ကို မနာလိုဖြစ်သကဲ့သို့ မိမိကိုယ်တိုင်လည်း ဘုရားရှင်ကဲ့သို့ပင် အလှူရှင်ဒါယကာများနှင့် လှူ ဖွယ်ဝတ္ထု တပည့်တကာပေါများလို၏။ သူသာလျှင် ဘုရားတစ်ဆူလုပ်လို၏။ ထို့ကြောင့် မြတ်ဗုဒ္ဓအား ဘုရားရှင်မှာ အိုမင်းနေပြီဖြစ်သဖြင့် မိမိအားရဟန်း သံဃာတော်များကို စီမံအုပ်ချုပ်ခွင့်ပေးရန်တောင်း ဆိုခဲ့သည်။ ဒေဝဒတ်သည် မြတ်စွာဘုရားရှင်ထံမှ ရဟန်းသံဃာတော်များကိုစီမံအုပ်ချုပ်ခွင့်ရရန် သုံး ကြိမ်တိုင်တိုင်ဆောင်းဆိုခဲ့သည်။ သို့ရာတွင် ဘုရား ရှင်သည် ဒေဝဒတ်ကြောင့် ဗုဒ္ဓသာသနာတော်ကြီး ပျက်စီးမည်ကိုသိမြင်တော်မူထားသဖြင့် ဒေဝဒတ်ကို ရဟန်းသံဃာတော်များတို့ကို ဦးဆောင်စီမံအုပ်ချုပ် ခွင့် လုံးဝပေးအပ်တော်မူခြင်းမရှိခဲ့။
ဒေဝဒတ်သည် ဘုရားရှင်အားလုပ်ကြံသတ်ဖြတ်ရန် အကြမ်းဖက်နည်းမျိုးစုံဖြင့် ကြိုးစားစီစဉ်မှုများ ဆောင်ရွက်ခဲ့သည်။ ဤသို့ဆောင်ရွက်ရာတွင် သာသ နာ့ဒါယကာ ဗိမ္ဗိသာရမင်းကြီး၏သားတော် အဇာတ သတ်မင်းသားကို စည်းရုံးအသုံးချခဲ့သည်။ အဇာတ သတ်မင်းသားမှာ ဒေဝဒတ်အား ဆရာတစ်ဆူအဖြစ် ယုံကြည်ကိုးကွယ်ဆည်းကပ်သူဖြစ်သည်။ တပည့်ဖြစ် သူအဇာတသတ် ဘုရင်ဖြစ်လာမှ ဘုရင်၏အရှိန်အဝါ အင်အားဖြင့် ဘုရားရှင်အားလုပ်ကြံသတ်ဖြတ်ရန် လွယ်ကူမည်ဟု ဒေဝဒတ်ကယုံကြည်ခဲ့သည်။ အဇာ တသတ်မင်းသားမှာလည်း အာဏာဆာလောင်မွတ် သိပ်နေသူဖြစ်လေရာ၊ ဖခင်ဘုရင်ကြီးအားလုပ်ကြံ သတ်ဖြတ်နိုင်ပါမှ ဘုရင်အမြန်ဖြစ်မည်ဟု သွေးဆောင် စည်းရုံးပြီး ဖခမည်းတော် အရိယာသူတော်စင် ဘုရင်ကြီးအား လုပ်ကြံသတ်ဖြတ်စေခဲ့သည်။
အဇာတသတ်မင်းကား ဒေဝဒတ်ကဲ့သို့ အယူမှား သောသူကို ဆရာတင်မှားမိခဲ့သဖြင့် ဖခင်ဖြစ်သူ ဗိမ္ဗိ သာရမင်းကြီးကို ရက်စက်စွာနှိပ်စက်သတ်ဖြတ်ခဲ့ သည်။ ထို့အတူပင် ဒေဝဒတ်၏ခိုင်းစေချက်ဖြင့်ပင် မြတ်စွာဘုရားရှင်အား လေးသည်တော်များဖြင့် ပစ် ခတ်လုပ်ကြံနိုင်ရန်အကူအညီပေးမိခဲ့သေးသည်။ သို့ ရာတွင် အောင်မြင်ခြင်းမရှိခဲ့။ ဒေဝဒတ်သည် မြတ်စွာ ဘုရားရှင်အား ရာဇဂြိုဟ်မြို့တွင်း ဆွမ်းခံကြွနေစဉ် ဂိဇ္ဈကုဋ်တောင်ပေါ်မှ ကျောက်တုံးကြီးများကိုလှိမ့်ချ ပြီး သတ်ဖြတ်ရန်ကြိုးစားခဲ့သည်။ မအောင်မြင်ခဲ့။ ဒေဝဒတ်သည် မကျေနပ်သေး၍ နာဠာဂီရိဆင်ပြောင် ကြီးကို အရက်သေစာတိုက်ကျွေးပြီး ဘုရားရှင်ဆွမ်းခံ ကြွတော်မူနေစဉ်အနင်းခိုင်း၍ သတ်ဖြတ်ရန်ကြိုးစားခဲ့ သော်လည်း မအောင်မြင်ခဲ့။ ဒေဝဒတ်သည် မြတ်ဗုဒ္ဓ ၏ရဟန်းသံဃာတော်များကို သွေးဆောင်ဖြားယောင်း ပြီး သွေးကွဲအောင်ဂိုဏ်းခွဲခဲ့ပြန်သေးသည်။ ဒေဝဒတ် ၏သွေးဆောင်ဖြားယောင်းရာနောက် နားယောင်လိုက် ပါခဲ့သူများရှိခဲ့သော်လည်း ရှင်သာရိပုတ္တရာနှင့် ရှင်မ ဟာမောဂ္ဂလာန်တို့က လိုက်လံပြီးတရားဟောရှင်း လင်းတော်မူသဖြင့် အမြင်မှန်ရခဲ့ကြသည်။ ဒေဝဒတ် ၏ဆိုးရွားသောလုပ်ရပ်များကိုသိမြင်လာသော သူ၏တပည့်ရင်း အဇာတ သတ်မင်းသားသည်ပင် ဒေဝဒတ်ကို နောက်ဆုံး၌ အဆက်အသွယ်ဖြတ်ခဲ့သည်။
အဇာတသတ်မင်းကား ဒေဝဒတ်ကဲ့သို့အယူမှား သောသူကိုဆရာတင်မှားမိခဲ့သဖြင့် ဖခင်ဖြစ်သူ ဗိမ္ဗိ သာရမင်းကြီးကို ရက်စက်စွာနှိပ်စက်သတ်ဖြတ်မိ ခဲ့သူဖြစ်သည်။ ထိုသို့သတ်ဖြတ်မိခဲ့၍ ကံကြီးထိုက်ခြင်း ကိုခံရသဖြင့် ညအခါများတွင်အေးချမ်းစွာအိပ်ပျော် ခြင်းမရှိခဲ့။ အိပ်စက်မရခြင်းဝေဒနာမှ သက်သာပျောက် ကင်းစေရန် အမျိုးမျိုးသောဆရာကြီးများထံ ဆည်းကပ်၍ နည်းနာခံယူခဲ့သည်။ သို့ရာတွင် ပျောက်ကင်း သက်သာခြင်းမရှိခဲ့။ သို့ဖြင့် ဘုရားရှင်၏တပည့်သာဝ ကတစ်ဦးဖြစ်သော ဆရာဇီဝက၏ တိုက်တွန်းညွှန်ပြ ချက်အရ ဗုဒ္ဓဘုရားရှင်အား သွားရောက်ဖူးမြော်ရာမှ ဘုရားရှင်က သာမညဖလသုတ္တန်ကို ဟောကြားခဲ့ခြင်း ဖြစ်သည်။ သာမညဖလသုတ္တန်ကို နာကြားရပြီးနောက် အဇာတသတ်သည် သာသနာတော်၌ သက်ဝင်ယုံ ကြည်သူဖြစ်သွားကာ စိတ်၏အေးချမ်းခြင်းကိုလည်း ရသွားခဲ့သည်။
အဇာတသတ်ဆရာတင်မှားမိခဲ့သောဒေဝဒတ်မှာ ဘဝ၏နောက်ဆုံးအချိန်၌ မဟာပထဝီမြေသားပြင် သည် ဟက်တက်ခွဲ၍မြေမျိုခြင်းခံရကာ မဟာအဝီစိငရဲသို့ကျရောက်သွားခဲ့ရသည်။ အဇာတသတ် ဘုရင် မှာလည်း ဖခင်ကိုသတ်ဖြတ်မိခဲ့သော ကံကြီးထိုက်ခဲ့ သဖြင့် ဘုရားရှင်နှင့်တွေ့ဆုံကာ တရားစစ်၊ တရားမှန် ရခဲ့သော်ငြား ငရဲမှလွတ်ကင်းခြင်းမရှိနိုင်ခဲ့။ ငရဲသို့ ကျရောက်ခဲ့ရရှာသည်။ လူမိုက်ကိုဆရာတင်မှားခဲ့သော အဇာတသတ်၏အဖြစ်မှာ သံဝေဂယူစရာဖြစ်သည်။
ယူတတ်လျှင်ရနိုင်
တန်ဆောင်မုန်းလသည် ဟေမန္တအဝင် ဆောင်း ဦးအခါ ကာလသမယဖြစ်သည်။ တောတောင်တို့သည် စိမ်းလန်းစိုပြည်လျက်ရှိသည်။ လယ်ယာမြေတို့မှာ လည်း အစိမ်းတစ်ဝက်၊ တစ်ဝက်မှာရွှေရည်လုကာ ကောက်နှံသီးပွင့်တို့ ရင့်မှည့်လာသည့်အချိန်ကာလလည်းဖြစ်သည်။ မြစ်ရေပြင်သည်ပင် လှိုင်းလေမရှိ ပကတိငြိမ်သက်နေသည်သို့ ထင်ရသည်။ သဘာဝ တရားသည် ဒေါသမာန်မာနတို့ ကင်းစင်နေဘိသို့ အလားပမာရှိနေသည်။ ပတ်ဝန်းကျင်သဘာဝမြင် ကွင်းများသည် ရာသီလိုက်၍ပြောင်းလဲဖြစ်ပေါ်နေ သည်။ မြင်ကွင်းအသစ်အဆန်းများဖြင့် လောကကို မရိုးနိုင်အောင်အလှဆင်နေလေသည်။ သို့ရာတွင် မပြောင်းလဲသည်ကတော့ ကိုးကွယ်မှုဘာသာတရား ယုံကြည်မှုသဒ္ဓါတရားများဖြစ်ကြသည်။ တန်ဆောင် မုန်းလအခါသမယကား ကြည်နူးဆွတ်ပျံ့ဖွယ်အချိန် ကာလဖြစ်သည်။ ဘာသာတရားယုံကြည်မှုများဖြင့် လွှမ်းခြုံနေသောကာလလည်းဖြစ်သည်။ ဘာသာတ ရား၏အဆုံးအမအောက်တွင် ဗုဒ္ဓဘာသာဝင်တို့စိတ် မှာ အေးငြိမ်းမှုရသကို ခံစားနေကြရသည်။
ဗုဒ္ဓဘုရားရှင်၏လုပ်ပိုင်ခွင့်တွေကို တပ်မက်၊ အာဏာကိုဖြတ်လမ်းနည်းဖြင့်ရယူလိုသော ရှင် ဒေဝ ဒတ်သူမိုက်ကိုဆရာတင်မိ၍ အယူမှားခဲ့ကာ ကျေးဇူး ရှင်ကိုသတ်ဖြတ်မိခဲ့သဖြင့် နောင်တအပူ၊ သောကအ ပူတို့လောင်ကျွမ်းခဲ့ရသော အဇာတသတ်ဘုရင်။ အဆိုပါ အဇာတသတ်ဘုရင်၏ သောကအပူတို့အေး ငြိမ်းရာ တရားဓမ္မအစစ်အမှန်ကို ဤတန်ဆောင်မုန်း လအခါသမယတွင် ဗုဒ္ဓဘုရားရှင်ထံမှ နာကြားခွင့်ရခဲ့ သည်။ အာဏာဇောပြင်းထန်၍ အဖကိုပင်လုပ်ကြံ သတ်ဖြတ်ရန်ဝန်မလေးခဲ့သော အဖသတ်မင်း အဇာ တသတ်ဘုရင်သည် ဗုဒ္ဓဘုရားရှင်၏အဆုံးအမဖြင့် တရာစစ်တရားမှန်ကိုတွေ့ရှိခဲ့ပြီး သောကအပူတို့ အေးငြိမ်းခဲ့ရသည်။
လူအပေါင်းတို့မှာ ပုထုဇဉ်များဖြစ်သည်နှင့် အညီ လောဘ၊ ဒေါသ၊ မောဟ မာန်မာနတို့မကင်း နိုင်ကြ။ လောဘ၏နောက်သို့လိုက်ပြီး အမှားများကျူး လွန်မိတတ်ကြသည်။ အမှားနှင့်အမှန်၊ ဓမ္မနှင့်အဓမ္မခွဲခြားဆင်နိုင်စွမ်းနည်းပါးမိတတ်ကြသည်။ သို့ရာတွင် ဘာသာတရား၏အဆုံးအမကို ယုံကြည်ကိုးကွယ်ဆည်းကပ်သူများကား တရားသဘောနှင့်ဆင်ခြင် နိုင်ကြသည်။ အမှားကိုပြင်ဆင်နိုင်ကြသည်။ တန်ဆောင်မုန်းလအခါသမယတွင် ဘာသာတရားနှင့် ယှဉ်သော ဗုဒ္ဓ၏အဆုံးအမကြောင့် ဓမ္မနှင့်အဓမ္မတို့၏အားပြိုင်မှုတွင် ဓမ္မကအနိုင်ရခဲ့သည့်ဖြစ်စဉ်မှာ စဉ်းစားတွေးခေါ်တတ်သူများအဖို့ ယူတတ်လျှင်ရယူနိုင်သော သင်ခန်းစာများပင်ဖြစ်သည်။
zawgyi version
အဓမၼကို ဓမၼကအႏိုင္ယူခဲ့သည့္ ဘဝင္ခ်မ္းျမ တန္ေဆာင္မုန္းလ
ကြၽန္းသားငမန္း (NP News) - ႏိုဝင္ဘာ ၁၉
ေဆာင္းဦးအစ ေဟမႏၲလရာသီေရာက္လာခဲ့ၿပီ။ေငြႏွင္းမႈန္တို႔သည္ ေျမာက္ေလေအးႏွင့္အတူ လႊမ္း ၿခဳံျဖန႔္ၾကက္လာသည္။ ေကာင္းကင္အာဇဋာဝယ္ မိုး သားတိမ္ရိပ္တို႔ကင္းစင္ကာ ေငြလမင္းက ထိန္ထိန္ သာလ်က္ရွိေနသည္။ ေငြၾကယ္စင္မ်ားကလည္း အျပာေရာင္ေကာင္းကင္ထက္တြင္ တလက္လက္ျဖင့္ ေတာက္ပလ်က္ရွိေနျပန္သည္။ ညအခင္းသည္ ေအး ျမျခင္းႏွင့္အတူ အလွကိုဖန္တီးထားသည္။ ၾကည့္ ေမာေလရာပတ္ဝန္းက်င္တို႔ရွိ လယ္ကြင္းျပင္စိမ္းစိမ္း တို႔ အေရာင္ေျပာင္းၿပီး ေ႐ႊေရာင္ဝါဝင္း ေ႐ႊအဆင္း ျဖင့္လွတင့္ေနၾကသည္။ ေျမာက္ေလအေဝွ႔တြင္ စပါး ပင္တို႔ယိမ္းႏြဲ႕ကာ လယ္ကြင္းျပင္တို႔ဝယ္ ေ႐ႊေရာင္လႈိင္းတို႔ လႈပ္ခတ္ေနသည္။ ရာသီႏွင့္လိုက္၍ ေျပာင္း လဲျဖစ္ေပၚေနသည့္ သဘာဝတရားကဖန္တီးျပဳျပင္ ထားေသာ ျမင္ကြင္းအသစ္အဆန္းမ်ားက ေလာကကို မ႐ိုးႏိုင္ေအာင္အလွဆင္ေနေလသည္။
တန္ေဆာင္မုန္းလကား ဗုဒၶဘာသာျမန္မာတို႔၏ရွစ္လေျမာက္ေသာလျဖစ္သလို ဥတုသုံးလီ ရာသီကူး ေျပာင္း ေဆာင္းဦးအစရာသီလည္းျဖစ္သည္။ မိုးတိမ္ ကင္းပကာ ေကာင္းကင္ျပာအာကာထက္တြင္လည္း ၾကယ္စင္ေတြလင္းလက္လ်က္ နကၡတ္တာရာတို႔စုံ ေသာလျဖစ္သည္။ တန္ေဆာင္မုန္းလကို ေရွးယခင္ က တန္ေဆာင္မႈန္၊ တန္ေဆာင္မႈန္း ဟု ေရးမွတ္ခဲ့ ၾကေၾကာင္းသိရသည္။ တန္ေဆာင္မုန္းလ၏အဓိပၸာယ္ မွာ တန္ေဆာင္သည္ ထြန္းလင္းေတာက္ပျခင္းဂုဏ္ကိုေဆာင္သည္။ မႈန္း(မုန္း)သည္ ျခယ္မႈန္းျခင္းဟု အဓိပၸာယ္ကိုေဆာင္သည္။ ထို႔ေၾကာင့္ တန္ေဆာင္မုန္း သည္ အလင္းေရာင္တို႔ျဖင့္ျခယ္မႈန္းအပ္ေသာလဟုအဓိပၸာယ္ရသည္။ ဒါနအလင္းေရာင္၊ ဆီမီးအလင္း ေရာင္ စသည္မ်ားျဖင့္ျခယ္မႈန္းအပ္ေသာ လလည္း ျဖစ္သည္။
တန္ေဆာင္မုန္းလ၏ သာယာေအးျမျခင္းသည္ ျမင္ကြင္းမ်ားက လူတို႔၏စိတ္ႏွလုံးကို ၾကည္ေမြ႕ေအး ၿငိမ္းေစသည္။ ဗုဒၶဘုရားရွင္ သက္ေတာ္ထင္ရွားရွိခဲ့ စဥ္ကာလကလည္း သူမိုက္ကိုဆရာတင္မိမွားခဲ့သျဖင့္ လူဆိုးလူမိုက္အျဖစ္ေရာက္ခဲ့ကာ မိဘ၏ေက်းဇူး တရားကို မသိ၊ အာဏာေဇာတပ္မက္မိသျဖင့္ အဘ ရင္းကိုသတ္မိခဲ့ေသာ အဇာတသတ္သားမိုက္သည္ ထိုအျပစ္ဆိုးေၾကာင့္ ေသာကအပူတို႔ ကပ္ၿငိခံခဲ့ရသည္။ ထိုအပူကိုျငႇိမ္းသတ္ႏိုင္ဖို႔ရာ အဇာတသတ္ သည္ ဤတန္ေဆာင္မုန္းလ၏လျပည့္ေန႔တြင္ပင္ ဘုရားရွင္၏ေျခေတာ္ရင္းသို႔ ဝပ္စင္းေရာက္ရွိခဲ့သည္။ျမတ္စြာဘုရားရွင္က အဇာတသတ္မင္းအပါအဝင္ ပရိသတ္တို႔အား သာမညဖလ သုတၱန္တရားေတာ္ ျမတ္ကို ေဟာၾကားခ်ီးျမႇင့္ေတာ္မူခဲ့သည္။ အဓမၼဝါဒီ ျဖစ္ေသာ အဇာတသတ္မင္းသည္ ဘုရားရွင္၏သာ သနာေတာ္အတြင္းမွ ရဟန္းတို႔အား ၾကည္ညိဳေလး စားသက္ဝင္ကာ ဗုဒၶဘုရား၏အဆုံးမ၌တည္ခဲ့သည္။ ခံစားခဲ့ရေသာ ေသာကအပူတို႔မွ ေအးၿငိမ္းသက္သာ ခြင့္ရသြားခဲ့သည္။ အဓမၼႏွင့္ဓမၼတို႔အားၿပိဳင္ရာ ဓမၼက အႏိုင္ရခဲ့ျခင္းျဖစ္သည္။ ဤျဖစ္ရပ္မွာ တန္ေဆာင္မုန္း လ၏ ထူးကဲေသာပုံရိပ္တစ္ခုလည္းျဖစ္သည္။
တန္ေဆာင္မုန္းလ လႉဒါန
ဤရာသီအခ်ိန္တြင္ တစ္မိုးလုံး စိုက္ပ်ိဳးျပဳစုခဲ့ရ ၿပီး ေအာင္ျမင္ျဖစ္ထြန္းေနေသာစပါးခင္းတို႔၏ျမင္ ကြင္းကိုၾကည့္ကာ ေတာင္သူဦးႀကီးမ်ားမွာလည္း ေပ်ာ္တၿပဳံးၿပဳံးျဖစ္ေနၾကသည္။ ေ႐ႊေရာင္ဝါဝင္းေ႐ႊ အဆင္းျဖင့္ ေအာင္ျမင္ျဖစ္ထြန္းေနေသာစပါးခင္း တို႔မွာလည္း မွည့္ဝင္းရိတ္သိမ္းႏိုင္သည့္အခ်ိန္ရာသီ ေပပဲ။ မိမိတို႔ခြန္အားစိုက္ထုတ္၍ ရလာေသာအသီး အပြင့္မ်ားျဖင့္ အလႉဒါနမ်ားကိုျပဳလုပ္ႏိုင္ၾကသည္။ဗုဒၶပူဇနိယပြဲေတာ္မ်ားကိုက်င္းပ၍ ကုသိုလ္ယူတတ္ ၾကသည္။ ဤရာသီ၊ ဤကာလတြင္ ကထိန္သကၤန္း ဆက္ကပ္လႉဒါန္းပြဲ၊ ေကာက္ဦးဆြမ္းတင္ပြဲ၊ ဆီးမီး တစ္ေထာင္၊ ပန္းတစ္ေထာင္ လႉဒါန္းပူေဇာ္ပြဲ၊ မီးျမင္း မိုရ္ထြန္းပြဲ၊ မသိုးသကၤန္းရက္လုပ္ပူေဇာ္ပြဲ၊ ပံ့သကူ ပစ္ပြဲ၊ အေကာက္တစ္ေထာင္ ဝကၤပါလွည့္ပြဲ စသည္ မ်ားျဖင့္ပူေဇာ္ေလ့ရွိၾကသည္။
အထူးသျဖင့္ ျမန္မာဗုဒၶဘာသာဝင္မ်ားအေနျဖင့္ ထူးကဲမြန္ျမတ္သည့္ ကာလဒါနတစ္ခုျဖစ္ေသာ က ထိန္သကၤန္းဆက္ကပ္လႉဒါန္းျခင္းျဖင့္ ကုသိုလ္ပြား မ်ားႏိုင္ၾကသည္။ ျမတ္စြာဘုရားရွင္၏ ပညတ္ေတာ္ႏွင့္ အညီ ကထိန္သကၤန္းဆက္ကပ္လႉဒါန္းရေသာလ ျဖစ္သျဖင့္ အျမတ္ဆုံးလဟုလည္းဆိုၾကသည္။ က ထိန္အလႉသည္ တစ္ႏွစ္တြင္ တစ္လ(သီတင္းကြၽတ္ လျပည့္ေက်ာ္တစ္ရက္ေန႔မွ တန္ေဆာင္မုန္းလျပည့္ ေန႔အထိ)၊ တစ္လတြင္ တစ္ရက္၊ တစ္ရက္တြင္ တစ္ႀကိမ္၊ တစ္ႀကိမ္တြင္ တစ္ေက်ာင္း၊ တစ္ေက်ာင္း တြင္ တစ္ပါးကိုသာ အခ်ိန္အခါႏွင့္အတူျပဳလုပ္ရ ေသာ ကာလဒါနကုသိုလ္အလႉတစ္ခု ျဖစ္သည္။ ကထိန္အလႉမွာ အလႉရွင္၏အလိုက် ၾကည္ညိဳသဒၶါ ေပါက္၍ လႉဒါန္းမွသာ ကထိန္သကၤန္းေျမာက္သည္ ဟုလည္း ဘုရားရွင္က ပညတ္ေတာ္မူသည္။ ကထိန္ သကၤန္းဆက္ကပ္အလႉခံရေသာရဟန္းေတာ္၌ က ထိန္အက်ိဳးငါးပါးကိုရရွိသျဖင့္ ရဟန္းေတာ္မ်ားအေလးထားေသာ၊ အလႉခံရထိုက္ေသာအလႉလည္းျဖစ္ သည္။ အလႉရွင္မွာလည္း ရဟန္းေတာ္တို႔ရရွိသကဲ့ သို႔ပင္ ကုသိုလ္အက်ိဳးငါးပါးျဖစ္ေသာ အေႏွာင္အဖြဲ႕ ကင္းလြတ္ျခင္း၊ အဝတ္အစားေပါမ်ားျခင္း၊ အဆိပ္အ ပင္းထည့္ထားေသာအစားအစာမ်ားမွ ကင္းေဝးေစ ျခင္း၊ တာဝန္ကိစၥမေလးမပင္ေပါ့ပါးျခင္း၊ ကိုယ့္ပစၥည္းမ်ားကို သူတစ္ပါးတို႔မယူသြားႏိုင္ျခင္း စသည့္ အက်ိဳး ထူးကိုရရွိႏိုင္ၾကသည္။ အလႉအတန္းႏွင့္ပတ္သက္၍ လည္း ရတနာမွာ စိန္၊ ေက်ာင္းမွာသိမ္၊သကၤန္းမွာကထိန္ဟုဆိုစမွတ္ရွိသည္။ ထို႔ေၾကာင့္ပင္ အခ်ိဳ႕ဆရာ ေတာ္ႀကီးမ်ားမွာ အလႉဒါယကာမ်ား၏ ကထိန္အလႉ အတြက္ (၉)ႏွစ္ (၁၀)ႏွစ္ခန႔္ကပင္ ႀကိဳတင္ပင့္ ေလွ်ာက္မႈကို လက္ခံရရွိထားေတာ္မူၾကသည္ကို ေတြ႕ရသည္။
တန္ေဆာင္မုန္းလတြင္ မသိုးသကၤန္းရက္လုပ္ဆက္ကပ္လႉဒါန္းျခင္းမ်ားလည္းရွိသည္။ သကၤန္း ရက္လုပ္မႈ၊ ခ်ဳပ္လုပ္မႈစသည္မ်ားအားလုံးကို ညတြင္း ခ်င္းၿပီးစီးေအာင္ေဆာင္႐ြက္၍ အ႐ုဏ္မတက္မီ ဗုဒၶ ႐ုပ္ပြားေတာ္ျမတ္ထံ ဆက္ကပ္လႉဒါန္းၾကရသည္။ေန႔မကူး၊ ရက္မကူး တစ္ရက္အတြင္းအၿပီးရက္လုပ္ဆက္ကပ္ရျခင္းေၾကာင့္ မသိုးသကၤန္းဟုေခၚျခင္း လည္းျဖစ္သည္။ ပံ့သကူပစ္ပြဲကိုလည္း တန္ေဆာင္မုန္း လျပည့္ေန႔တြင္ ျပဳလုပ္လႉဒါန္းေလ့ရွိၾကေသးသည္။အလႉခံပုဂၢိဳလ္အစြဲအလမ္းမထား မိမိလႉဒါန္းလိုေသာ ပစၥည္းကို တိတ္တဆိတ္စြန႔္ပစ္လႉဒါန္းသည့္ အလႉ ဒါနတစ္မ်ိဳးျဖစ္သည္။ ရဟန္းေတာ္မ်ား၊ သီလရွင္မ်ား အတြက္ အသုံးအေဆာင္ပစၥည္းမ်ားကို ပံ့သကူစာ တန္းေရးကာ ေက်ာင္းကန္၊ ဘုရား၊ ေစတီ၊ သခၤန္းမ်ား အနီး ခ်ထားေလ့ရွိၾကသည္။ ယင္းပစၥည္းမ်ားကို မည္ သူမဆိုေတြ႕ရွိအသုံးျပဳႏိုင္ေသာ ၾကည္ႏူးဖြယ္ေကာင္းသည့္ အလႉတစ္မ်ိဳးလည္းျဖစ္သည္။
တန္ေဆာင္မုန္းလကား အာဇဋာေကာင္းကင္ တစ္ခြင္တြင္ တိမ္တိုက္တို႔ကင္းစင္၍ နကၡတ္ၾကယ္ တာရာမ်ားကို ေကာင္းစြာျမင္ေတြ႕ရသျဖင့္ နကၡတ္ သဘင္ပြဲကိုလည္း ဆင္ႏႊဲေလ့ရွိၾကသည္။ အထူးသ ျဖင့္ နကၡတ္တာရာမ်ားစုံေသာအခ်ိန္ျဖစ္သျဖင့္ ေဆး ေပါင္းခသည္ဟုယုံမွတ္ကာ တန္ေဆာင္မုန္းလျပည့္ ေန႔သန္းေခါင္ခ်ိန္တြင္ မယ္ဇလီဖူးမ်ားကိုဆြတ္ခူး၍အေပ်ာ္သုပ္စားၾကသည္လည္းရွိသည္။ ထို႔အတူ ဆီ မီးထြန္းညႇိပူေဇာ္ျခင္း၊ တာဝတႎသာ မီးျမင္းမိုရ္ပြဲက်င္း ပျခင္း၊ မီးပုံးပ်ံမ်ားလႊင့္တင္၍ တာဝတႎသာနတ္ျပည္၌ရွိ ေသာ စူဠာမုနိရွင္ကိုရည္စူးပူေဇာ္တတ္ၾကေသး သည္။ မီးျမင္းမိုရ္ထြန္းပြဲတြင္ အေတာင္ေျခာက္ဆယ္ အျမင့္ရွိေသာ တန္ေဆာင္မုန္းတိုင္မီး ျပာသာဒ္ကိုတည္ ေဆာက္စိုက္ထူ၍ တိုင္ထိပ္ေပၚသို႔ မီးလုံးတင္ပူေဇာ္ ျခင္းျဖစ္သည္။ အေတာင္ေျခာက္ဆယ္မွာ နတ္တို႔စံရာ တာဝတႎသာနတ္ျပည္ေျခာက္ထပ္ကို ရည္မွတ္ပူ ေဇာ္ျခင္းလည္းျဖစ္သည္။ ထို႔အတူ တန္ေဆာင္မုန္းလတြင္ ေကာက္ဦးဆြမ္းတင္ပြဲမ်ားကိုလည္း ျပဳလုပ္လႉ ဒါန္းေလ့ရွိၾကေသးသည္။ ေကာက္ဦးဆြမ္းတင္ပြဲမွာ ျမတ္ႏိုးစရာေကာင္းေသာ အေလ့တစ္ခုလည္းျဖစ္ သည္။ တန္ေဆာင္မုန္းလသည္ ဖုံးတုံးလုံးတုံး တန္ ေဆာင္မုန္းဟုဆိုၾကသည့္အတိုင္း ေကာက္ေစာစပါး တို႔ ရိတ္သိမ္းထြက္ရွိရာ အခ်ိန္ကာလလည္းျဖစ္သည္။ ျပည္သူတို႔သည္မိမိတို႔ လုပ္အားျဖင့္ထြက္ရွိရရွိေသာ ေကာက္ပဲသီးႏွံ၊ သလဲစပါး၊ ေကာက္ညင္း စသည္မ်ား ကိုဆြတ္ေျြခနယ္ေလွ႔ၿပီး ရရွိေသာဆန္မ်ားကိုခ်က္ ျပဳတ္၍ သက္ရွိထင္ရွား ျမတ္စြာဘုရားရွင္အား ရည္စူးပူေဇာ္ၾကျခင္းျဖစ္သည္။ ၿမိဳ႕မ်ား၊ ႐ြာမ်ားတြင္ ႐ြာသူ႐ြာ သား ကာလသားသမီး အပ်ိဳ၊ လူပ်ိဳမ်ားစုေပါင္း၍ ဆြမ္း ကေတာ့ထိုးပြဲမ်ားျဖင့္လည္းေကာင္း၊ ၾကာ႐ိုးၾကာစြယ္၊ ၾကာပန္းမ်ားျဖင့္လည္းေကာင္း ဘုရားေက်ာင္းကန္ မ်ားသို႔ သြားေရာက္ပူေဇာ္ကန္ေတာ့ ကုသိုလ္ယူၾက သည္။ ရခိုင္တိုင္းရင္းသားမ်ားက ဆီမီးတစ္ေထာင္၊ ပန္းတစ္ေထာင္၊ ေကာက္ဦးဆြမ္းတင္အလႉဟု မွတ္တမ္းျပဳၾကသည္။
မွတ္တမ္းေရးျပဳ စာရတု
တန္ေဆာင္မုန္းလႏွင့္ပတ္သက္၍ ေရွးစာဆိုမ်ား က စာဖြဲ႕မွတ္တမ္းတင္ခဲ့ၾကသည္မ်ားရွိသည္။ စာဆို ဖိုးသူေတာ္ဦးမင္းက "အလႉကထိန္သကၤန္းႏွင့္ မဂ္လမ္းကိုတဲ့ ဆုပန္႐ြယ္၊ သည္ခ်ိန္ကိုဝတ္မႈံႀကဲလို႔ ခဝဲ ေ႐ႊညႇာရင္းမွာ သင္းရနံ႔ႂကြယ္။ ေကာင္းကင္လယ္ ထက္ဝယ္ဘုံဦး၊ ေ႐ႊလစႏၵာႏွင့္ ၾကတၱိကာ ၾကယ္ေရာင္ စြန္းတယ္ ထြန္းထိန္လို႔ျမဴး}}ဟု စာဖြဲ႕ခဲ့သည္။ စာဆို ရွင္ဦးပုညကလည္း "မိုးဝသန္ကုန္ဆုံးလို႔ တန္ေဆာင္မုန္း ၿဗိ စာၦ၊ ငါးႏွစ္စြန္းခါဝယ္ ၾကတၱိကာ ၾကယ္မင္း၊ ခဝဲပြင့္သည္ မာလာငယ္သည္ ခ်ိန္ခါေမႊးပ်ံ႕ထုံသင္း"ဟုဖြဲ႕ဆိုခဲ့ျပန္သည္။ ေျမာက္ဦးေခတ္ရခိုင္စာဆို ဥကၠာ ပ်ံကလည္း "တန္ေဆာင္မုန္းလ၊ ေဟမႏၲသည္ ခ်မ္းစေပၚ၊ လူ႔႐ြာပြဲသဘင္၊ သိၾကားေပ်ာ္ရာ၊ ဝတႎသာဝယ္ စူဠာမုဏိရွင္ကို၊ ဖူးေျမာ္ခ်င္ ဆုယူေျမႇာက္၊ အေတာင္ ေျခာက္ဆယ္ ျမင့္ဖူးသြယ္သည္ တန္ေဆာင္မုန္းတိုင္ ေဆာက္၍၊ ေအာက္ကႀကိဳးငင္၊ ေျပာင္ေျပာင္ညီးသည္၊ မီးထြန္းပြဲသဘင္ကို တူစုံပင္ညႇိရေၾကာင္း၊ ရွစ္စ႐ြတ္ သည္ ေမြဓာတ္ရွင္ေတာ္ေပါင္းကို"ဟု မီးျမင္းမိုရ္ပြဲက်င္းပျခင္းအေၾကာင္းႏွင့္ပတ္သက္ကာ ေရးဖြဲ႕စပ္ဆို မွတ္တမ္းတင္ထားခဲ့သည္။
ဓမၼ ႏွင့္ အဓမၼအားၿပိဳင္
တန္ေဆာင္မုန္းလျပည့္ေန႔ကား ဗုဒၶဘာသာဝင္မ်ားအဖို႔ ထူးျခားေသာလတစ္လလည္း ျဖစ္ျပန္ေသးသည္။ တန္ေဆာင္မုန္းလျပည့္ေန႔တြင္ ဘုရားရွင္က သာမည ဖလသုတၱန္ကိုေဟာၾကားေတာ္မူခဲ့သျဖင့္ သာမညဖလ အခါေတာ္ေန႔ျဖစ္သည္။ သာမညသည္ သာမေဏ၊ ရေသ့၊ ရဟန္းျပဳလုပ္ျခင္းဟု အနက္ အဓိပၸာယ္ရွိသည္။ ဖလသည္ အက်ိဳးေက်းဇူးျဖစ္သည္။ သာမညဖလဆိုသည္ ရေသ့ရဟန္းျပဳလုပ္ရျခင္း၏အက်ိဳးေက်းဇူးဟူ၍ အဓိပၸာယ္ဖြင့္ဆိုသည္။ အဖ သတ္မင္းႀကီး အဇာတသတ္ကို ရဟန္းျပဳျခင္းအက်ိဳး ကိုေဟာၾကားသည့္ေန႔ျဖစ္၍ တန္ေဆာင္မုန္းလျပည့္ ေန႔ကို သံဃာေတာ္မ်ားေန႔ဟုလည္းေခၚၾကေသး သည္။ သာမညဖလသုတၱန္ေဟာ ၾကားခဲ့ျခင္းႏွင့္ဆက္ စပ္၍ လူအမ်ား သတိထားဆင္ျခင္အပ္ေသာ ဇာတ္ လမ္းတစ္ပိုဒ္လည္း ရွိေသးသည္။ ထိုသည္ကား ဓမၼ ႏွင့္အဓမၼအားၿပိဳင္ရာ အဓမၼကို ဓမၼကအႏိုင္ယူခဲ့ေသာ ဇာတ္လမ္းလည္းျဖစ္သည္။
ဘုရားရွင္၏ဝမ္းကြဲညီ ေတာ္စပ္သူ ရွင္ေဒဝဒတ္မွာ ျမတ္စြာဘုရားရွင္အား မင္းႏွင့္ျပည္သူမ်ားတို႔ ယုံၾကည္ကိုးကြယ္မႈေပါမ်ား သည္ကို မနာလိုျဖစ္သကဲ့သို႔ မိမိကိုယ္တိုင္လည္း ဘုရားရွင္ကဲ့သို႔ပင္ အလႉရွင္ဒါယကာမ်ားႏွင့္ လႉ ဖြယ္ဝတၳဳ တပည့္တကာေပါမ်ားလို၏။ သူသာလွ်င္ ဘုရားတစ္ဆူလုပ္လို၏။ ထို႔ေၾကာင့္ ျမတ္ဗုဒၶအား ဘုရားရွင္မွာ အိုမင္းေနၿပီျဖစ္သျဖင့္ မိမိအားရဟန္း သံဃာေတာ္မ်ားကို စီမံအုပ္ခ်ဳပ္ခြင့္ေပးရန္ေတာင္း ဆိုခဲ့သည္။ ေဒဝဒတ္သည္ ျမတ္စြာဘုရားရွင္ထံမွ ရဟန္းသံဃာေတာ္မ်ားကိုစီမံအုပ္ခ်ဳပ္ခြင့္ရရန္ သုံး ႀကိမ္တိုင္တိုင္ေဆာင္းဆိုခဲ့သည္။ သို႔ရာတြင္ ဘုရား ရွင္သည္ ေဒဝဒတ္ေၾကာင့္ ဗုဒၶသာသနာေတာ္ႀကီး ပ်က္စီးမည္ကိုသိျမင္ေတာ္မူထားသျဖင့္ ေဒဝဒတ္ကို ရဟန္းသံဃာေတာ္မ်ားတို႔ကို ဦးေဆာင္စီမံအုပ္ခ်ဳပ္ ခြင့္ လုံးဝေပးအပ္ေတာ္မူျခင္းမရွိခဲ့။
ေဒဝဒတ္သည္ ဘုရားရွင္အားလုပ္ႀကံသတ္ျဖတ္ရန္ အၾကမ္းဖက္နည္းမ်ိဳးစုံျဖင့္ ႀကိဳးစားစီစဥ္မႈမ်ား ေဆာင္႐ြက္ခဲ့သည္။ ဤသို႔ေဆာင္႐ြက္ရာတြင္ သာသ နာ့ဒါယကာ ဗိမၺိသာရမင္းႀကီး၏သားေတာ္ အဇာတ သတ္မင္းသားကို စည္း႐ုံးအသုံးခ်ခဲ့သည္။ အဇာတ သတ္မင္းသားမွာ ေဒဝဒတ္အား ဆရာတစ္ဆူအျဖစ္ ယုံၾကည္ကိုးကြယ္ဆည္းကပ္သူျဖစ္သည္။ တပည့္ျဖစ္ သူအဇာတသတ္ ဘုရင္ျဖစ္လာမွ ဘုရင္၏အရွိန္အဝါ အင္အားျဖင့္ ဘုရားရွင္အားလုပ္ႀကံသတ္ျဖတ္ရန္ လြယ္ကူမည္ဟု ေဒဝဒတ္ကယုံၾကည္ခဲ့သည္။ အဇာ တသတ္မင္းသားမွာလည္း အာဏာဆာေလာင္မြတ္ သိပ္ေနသူျဖစ္ေလရာ၊ ဖခင္ဘုရင္ႀကီးအားလုပ္ႀကံ သတ္ျဖတ္ႏိုင္ပါမွ ဘုရင္အျမန္ျဖစ္မည္ဟု ေသြးေဆာင္ စည္း႐ုံးၿပီး ဖခမည္းေတာ္ အရိယာသူေတာ္စင္ ဘုရင္ႀကီးအား လုပ္ႀကံသတ္ျဖတ္ေစခဲ့သည္။
အဇာတသတ္မင္းကား ေဒဝဒတ္ကဲ့သို႔ အယူမွား ေသာသူကို ဆရာတင္မွားမိခဲ့သျဖင့္ ဖခင္ျဖစ္သူ ဗိမၺိ သာရမင္းႀကီးကို ရက္စက္စြာႏွိပ္စက္သတ္ျဖတ္ခဲ့ သည္။ ထို႔အတူပင္ ေဒဝဒတ္၏ခိုင္းေစခ်က္ျဖင့္ပင္ ျမတ္စြာဘုရားရွင္အား ေလးသည္ေတာ္မ်ားျဖင့္ ပစ္ ခတ္လုပ္ႀကံႏိုင္ရန္အကူအညီေပးမိခဲ့ေသးသည္။ သို႔ ရာတြင္ ေအာင္ျမင္ျခင္းမရွိခဲ့။ ေဒဝဒတ္သည္ ျမတ္စြာ ဘုရားရွင္အား ရာဇၿဂိဳဟ္ၿမိဳ႕တြင္း ဆြမ္းခံႂကြေနစဥ္ ဂိဇၩကုဋ္ေတာင္ေပၚမွ ေက်ာက္တုံးႀကီးမ်ားကိုလွိမ့္ခ် ၿပီး သတ္ျဖတ္ရန္ႀကိဳးစားခဲ့သည္။ မေအာင္ျမင္ခဲ့။ ေဒဝဒတ္သည္ မေက်နပ္ေသး၍ နာဠာဂီရိဆင္ေျပာင္ ႀကီးကို အရက္ေသစာတိုက္ေကြၽးၿပီး ဘုရားရွင္ဆြမ္းခံ ႂကြေတာ္မူေနစဥ္အနင္းခိုင္း၍ သတ္ျဖတ္ရန္ႀကိဳးစားခဲ့ ေသာ္လည္း မေအာင္ျမင္ခဲ့။ ေဒဝဒတ္သည္ ျမတ္ဗုဒၶ ၏ရဟန္းသံဃာေတာ္မ်ားကို ေသြးေဆာင္ျဖားေယာင္း ၿပီး ေသြးကြဲေအာင္ဂိုဏ္းခြဲခဲ့ျပန္ေသးသည္။ ေဒဝဒတ္ ၏ေသြးေဆာင္ျဖားေယာင္းရာေနာက္ နားေယာင္လိုက္ ပါခဲ့သူမ်ားရွိခဲ့ေသာ္လည္း ရွင္သာရိပုတၱရာႏွင့္ ရွင္မ ဟာေမာဂၢလာန္တို႔က လိုက္လံၿပီးတရားေဟာရွင္း လင္းေတာ္မူသျဖင့္ အျမင္မွန္ရခဲ့ၾကသည္။ ေဒဝဒတ္ ၏ဆိုး႐ြားေသာလုပ္ရပ္မ်ားကိုသိျမင္လာေသာ သူ၏တပည့္ရင္း အဇာတ သတ္မင္းသားသည္ပင္ ေဒဝဒတ္ကို ေနာက္ဆုံး၌ အဆက္အသြယ္ျဖတ္ခဲ့သည္။
အဇာတသတ္မင္းကား ေဒဝဒတ္ကဲ့သို႔အယူမွား ေသာသူကိုဆရာတင္မွားမိခဲ့သျဖင့္ ဖခင္ျဖစ္သူ ဗိမၺိ သာရမင္းႀကီးကို ရက္စက္စြာႏွိပ္စက္သတ္ျဖတ္မိ ခဲ့သူျဖစ္သည္။ ထိုသို႔သတ္ျဖတ္မိခဲ့၍ ကံႀကီးထိုက္ျခင္း ကိုခံရသျဖင့္ ညအခါမ်ားတြင္ေအးခ်မ္းစြာအိပ္ေပ်ာ္ ျခင္းမရွိခဲ့။ အိပ္စက္မရျခင္းေဝဒနာမွ သက္သာေပ်ာက္ ကင္းေစရန္ အမ်ိဳးမ်ိဳးေသာဆရာႀကီးမ်ားထံ ဆည္းကပ္၍ နည္းနာခံယူခဲ့သည္။ သို႔ရာတြင္ ေပ်ာက္ကင္း သက္သာျခင္းမရွိခဲ့။ သို႔ျဖင့္ ဘုရားရွင္၏တပည့္သာဝ ကတစ္ဦးျဖစ္ေသာ ဆရာဇီဝက၏ တိုက္တြန္းၫႊန္ျပ ခ်က္အရ ဗုဒၶဘုရားရွင္အား သြားေရာက္ဖူးေျမာ္ရာမွ ဘုရားရွင္က သာမညဖလသုတၱန္ကို ေဟာၾကားခဲ့ျခင္း ျဖစ္သည္။ သာမညဖလသုတၱန္ကို နာၾကားရၿပီးေနာက္ အဇာတသတ္သည္ သာသနာေတာ္၌ သက္ဝင္ယုံ ၾကည္သူျဖစ္သြားကာ စိတ္၏ေအးခ်မ္းျခင္းကိုလည္း ရသြားခဲ့သည္။
အဇာတသတ္ဆရာတင္မွားမိခဲ့ေသာေဒဝဒတ္မွာ ဘဝ၏ေနာက္ဆုံးအခ်ိန္၌ မဟာပထဝီေျမသားျပင္ သည္ ဟက္တက္ခြဲ၍ေျမမ်ိဳျခင္းခံရကာ မဟာအဝီစိငရဲသို႔က်ေရာက္သြားခဲ့ရသည္။ အဇာတသတ္ ဘုရင္ မွာလည္း ဖခင္ကိုသတ္ျဖတ္မိခဲ့ေသာ ကံႀကီးထိုက္ခဲ့ သျဖင့္ ဘုရားရွင္ႏွင့္ေတြ႕ဆုံကာ တရားစစ္၊ တရားမွန္ ရခဲ့ေသာ္ျငား ငရဲမွလြတ္ကင္းျခင္းမရွိႏိုင္ခဲ့။ ငရဲသို႔ က်ေရာက္ခဲ့ရရွာသည္။ လူမိုက္ကိုဆရာတင္မွားခဲ့ေသာ အဇာတသတ္၏အျဖစ္မွာ သံေဝဂယူစရာျဖစ္သည္။
ယူတတ္လွ်င္ရႏိုင္
တန္ေဆာင္မုန္းလသည္ ေဟမႏၲအဝင္ ေဆာင္း ဦးအခါ ကာလသမယျဖစ္သည္။ ေတာေတာင္တို႔သည္ စိမ္းလန္းစိုျပည္လ်က္ရွိသည္။ လယ္ယာေျမတို႔မွာ လည္း အစိမ္းတစ္ဝက္၊ တစ္ဝက္မွာေ႐ႊရည္လုကာ ေကာက္ႏွံသီးပြင့္တို႔ ရင့္မွည့္လာသည့္အခ်ိန္ကာလလည္းျဖစ္သည္။ ျမစ္ေရျပင္သည္ပင္ လႈိင္းေလမရွိ ပကတိၿငိမ္သက္ေနသည္သို႔ ထင္ရသည္။ သဘာဝ တရားသည္ ေဒါသမာန္မာနတို႔ ကင္းစင္ေနဘိသို႔ အလားပမာရွိေနသည္။ ပတ္ဝန္းက်င္သဘာဝျမင္ ကြင္းမ်ားသည္ ရာသီလိုက္၍ေျပာင္းလဲျဖစ္ေပၚေန သည္။ ျမင္ကြင္းအသစ္အဆန္းမ်ားျဖင့္ ေလာကကို မ႐ိုးႏိုင္ေအာင္အလွဆင္ေနေလသည္။ သို႔ရာတြင္ မေျပာင္းလဲသည္ကေတာ့ ကိုးကြယ္မႈဘာသာတရား ယုံၾကည္မႈသဒၶါတရားမ်ားျဖစ္ၾကသည္။ တန္ေဆာင္ မုန္းလအခါသမယကား ၾကည္ႏူးဆြတ္ပ်ံ႕ဖြယ္အခ်ိန္ ကာလျဖစ္သည္။ ဘာသာတရားယုံၾကည္မႈမ်ားျဖင့္ လႊမ္းၿခဳံေနေသာကာလလည္းျဖစ္သည္။ ဘာသာတ ရား၏အဆုံးအမေအာက္တြင္ ဗုဒၶဘာသာဝင္တို႔စိတ္ မွာ ေအးၿငိမ္းမႈရသကို ခံစားေနၾကရသည္။
ဗုဒၶဘုရားရွင္၏လုပ္ပိုင္ခြင့္ေတြကို တပ္မက္၊ အာဏာကိုျဖတ္လမ္းနည္းျဖင့္ရယူလိုေသာ ရွင္ ေဒဝ ဒတ္သူမိုက္ကိုဆရာတင္မိ၍ အယူမွားခဲ့ကာ ေက်းဇူး ရွင္ကိုသတ္ျဖတ္မိခဲ့သျဖင့္ ေနာင္တအပူ၊ ေသာကအ ပူတို႔ေလာင္ကြၽမ္းခဲ့ရေသာ အဇာတသတ္ဘုရင္။ အဆိုပါ အဇာတသတ္ဘုရင္၏ ေသာကအပူတို႔ေအး ၿငိမ္းရာ တရားဓမၼအစစ္အမွန္ကို ဤတန္ေဆာင္မုန္း လအခါသမယတြင္ ဗုဒၶဘုရားရွင္ထံမွ နာၾကားခြင့္ရခဲ့ သည္။ အာဏာေဇာျပင္းထန္၍ အဖကိုပင္လုပ္ႀကံ သတ္ျဖတ္ရန္ဝန္မေလးခဲ့ေသာ အဖသတ္မင္း အဇာ တသတ္ဘုရင္သည္ ဗုဒၶဘုရားရွင္၏အဆုံးအမျဖင့္ တရာစစ္တရားမွန္ကိုေတြ႕ရွိခဲ့ၿပီး ေသာကအပူတို႔ ေအးၿငိမ္းခဲ့ရသည္။
လူအေပါင္းတို႔မွာ ပုထုဇဥ္မ်ားျဖစ္သည္ႏွင့္ အညီ ေလာဘ၊ ေဒါသ၊ ေမာဟ မာန္မာနတို႔မကင္း ႏိုင္ၾက။ ေလာဘ၏ေနာက္သို႔လိုက္ၿပီး အမွားမ်ားက်ဴး လြန္မိတတ္ၾကသည္။ အမွားႏွင့္အမွန္၊ ဓမၼႏွင့္အဓမၼခြဲျခားဆင္ႏိုင္စြမ္းနည္းပါးမိတတ္ၾကသည္။ သို႔ရာတြင္ ဘာသာတရား၏အဆုံးအမကို ယုံၾကည္ကိုးကြယ္ဆည္းကပ္သူမ်ားကား တရားသေဘာႏွင့္ဆင္ျခင္ ႏိုင္ၾကသည္။ အမွားကိုျပင္ဆင္ႏိုင္ၾကသည္။ တန္ေဆာင္မုန္းလအခါသမယတြင္ ဘာသာတရားႏွင့္ ယွဥ္ေသာ ဗုဒၶ၏အဆုံးအမေၾကာင့္ ဓမၼႏွင့္အဓမၼတို႔၏အားၿပိဳင္မႈတြင္ ဓမၼကအႏိုင္ရခဲ့သည့္ျဖစ္စဥ္မွာ စဥ္းစားေတြးေခၚတတ္သူမ်ားအဖို႔ ယူတတ္လွ်င္ရယူႏိုင္ေသာ သင္ခန္းစာမ်ားပင္ျဖစ္သည္။