ရခိုင်က မြို့နယ်အများအပြားတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေ

438
သက်ပိုင် (NP News) - ဇူလိုင် ၁၂
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မောင်တော နှင့် ဘူးသီးတောင်မြို့နယ်များအတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
“ဒီမှာ မိုးတွေကတော့ တနေ့လုံး၊ တစ်ညလုံး မိုးရွာနေတာ။ ကျွန်တော်တို့ကတော့ မြို့ပေါ်မှာဆိုတော့ သိပ်မသိသာပေမယ့် လေးမြို့မြစ်ကမ်းပါးတစ်လျောက်က ရွာတွေအကုန် ရေကြီးကုန်တာ။ အချို့ဆိုရင် တော်တော်ဒုက္ခရောက်ကြတယ်။ စစ်ဘေးကြောင့် အလုပ်အကိုင်မရှိတဲ့ကြားက ရှိတာနဲ့ လုပ်ထားတဲ့လယ်တွေလည်း တော်တော်များများ ရေမြုပ်ကုန်တယ်လို့ သိရပါတယ်” ဟု ရခိုင်ဒေသခံတစ်ဦးက ဆိုသည်။
လက်ရှိရေဘေးကြုံတွေ့နေသော နေရာအများစုမှာ AA အဖွဲ့မှ ထိန်းချုပ်ထားသော ဒေသများဖြစ်ပြီး ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ AA ဘက်မှ တစ်စုံတစ်ရာကူညီဆောင်ရွက်ပေးမှု မရှိသေးကြောင်း နှင့် လက်ရှိတွင် လူထောင်နှင့်ချီကာ ရေဘေးကြုံတွေ့နေရကြောင်း သိရသည်။

Zawgyi Version:
ရခိုင္က ၿမိဳ႕နယ္အမ်ားအျပားတြင္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚေန
သက္ပိုင္ (NP News) - ဇူလိုင္ ၁၂
မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းရွိ ၿမိဳ႕နယ္အမ်ားအျပားတြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚလ်က္ရွိေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ရခိုင္ျပည္နယ္အတြင္းရွိ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ ဘူးသီးေတာင္၊ ေမာင္ေတာ၊ မင္းျပား၊ ေမာင္ေတာ ႏွင့္ ဘူးသီးေတာင္ၿမိဳ႕နယ္မ်ားအတြင္းရွိ ေက်း႐ြာအခ်ိဳ႕တြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားလ်က္ရွိေၾကာင္း သိရသည္။
“ဒီမွာ မိုးေတြကေတာ့ တေန႔လုံး၊ တစ္ညလုံး မိုး႐ြာေနတာ။ ကြၽန္ေတာ္တို႔ကေတာ့ ၿမိဳ႕ေပၚမွာဆိုေတာ့ သိပ္မသိသာေပမယ့္ ေလးၿမိဳ႕ျမစ္ကမ္းပါးတစ္ေလ်ာက္က ႐ြာေတြအကုန္ ေရႀကီးကုန္တာ။ အခ်ိဳ႕ဆိုရင္ ေတာ္ေတာ္ဒုကၡေရာက္ၾကတယ္။ စစ္ေဘးေၾကာင့္ အလုပ္အကိုင္မရွိတဲ့ၾကားက ရွိတာနဲ႔ လုပ္ထားတဲ့လယ္ေတြလည္း ေတာ္ေတာ္မ်ားမ်ား ေရျမဳပ္ကုန္တယ္လို႔ သိရပါတယ္” ဟု ရခိုင္ေဒသခံတစ္ဦးက ဆိုသည္။
လက္ရွိေရေဘးႀကဳံေတြ႕ေနေသာ ေနရာအမ်ားစုမွာ AA အဖြဲ႕မွ ထိန္းခ်ဳပ္ထားေသာ ေဒသမ်ားျဖစ္ၿပီး ေရႀကီးေရလွ်ံမႈမ်ားႏွင့္ပတ္သက္၍ AA ဘက္မွ တစ္စုံတစ္ရာကူညီေဆာင္႐ြက္ေပးမႈ မရွိေသးေၾကာင္း ႏွင့္ လက္ရွိတြင္ လူေထာင္ႏွင့္ခ်ီကာ ေရေဘးႀကဳံေတြ႕ေနရေၾကာင္း သိရသည္။