YMBA မှ ပေးအပ်သော ဂုဏ်ရည်ဘွဲ့များကို အနုပညာရှင်(၄)ဦး ရရှိ
17436
ချယ်ရီ (NP News)- နိုဝင်ဘာ၂၅
(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား နှင့် ဘွဲ့တံဆိပ်တော် ဆက်ကပ်၊ ပေးအပ်ချီးမြှင့်ရေးပွဲတွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)က ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) တွင် ပြုလုပ်ခဲ့ရာ အနုပညာရှင်(၄)ဦးမှ ဂုဏ်ရည်ဘွဲ့များ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ရွှေတိဂုံဘုရားတောင်ဘက်မုခ်ရှိ တပ်မတော်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ YMBA မှ ဆက်ကပ်သော ဘွဲ့တံဆိပ်တော်ရရှိတော်မူသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့်တကွ ဆရာတော်ကြီးများ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ YMBA မှ တာဝန်ရှိသူများ၊ ဘွဲ့တံဆိပ်ရရှိသော လူပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
“YMBA အသင်းကြီးအနေနဲ့ မင်္ဂလာများလုပ်သလိုပဲ ဂုဏ်ရည်ဘွဲ့၊ တိုင်းပြည်အတွက် ဆောင်ရွက်တဲ့ပုဂ္ဂိုလ်များ၊ ဂုဏ်ရည်ဘွဲ့ထူးများ ဆောင်ရွက်တဲ့ပုဂ္ဂိုလ်များအတွက် ဘွဲ့တံဆိပ်တော်များချီးမြှင့်မယ်ဆိုပြီးတော့ အစည်းအဝေးမှာ ဆုံးဖြတ်ပြီးတဲ့အခါမှာ အနုပညာရှင်တော်တော်များများဟာလည်း YMBA အသင်းကြီးနဲ့ တတက်တအား ပါဝင်ပူးပေါင်းဆောင်ရွက်ပေးတဲ့ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။ သူတို့ပုဂ္ဂိုလ်များကိုလည်း ပြီးခဲ့တဲ့နှစ်ကတည်းကိုက သက်ဆိုင်ရာလူကြီးများကလည်း အသိအမှတ်ပြုပြီးတော့
ဒီအနုပညာရှင်လောကထဲမှာလည်း YMBA ကို တကယ်ချစ်မြတ်နိုးပြီးတော့ ပါဝင်ဆောင်ရွက်ပေးတဲ့ ပုဂ္ဂိုလ်များကိုလည်း ဆုပေးတဲ့နေရာမှာ ဒီနှစ်မှာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ပူးတွဲပြီးတော့ အခုလိုဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်များနဲ့ YMBA အသင်းသူ၊ အသင်းသားများနဲ့ပူးပေါင်းပြီးတော့ အခုနှစ်ဟာ ထူးထူးခြားခြား အနုပညာရှင်များကိုပါ YMBAရဲ့ ဂုဏ်ရည်ဘွဲ့များ ပေးတာပဲဖြစ်ပါတယ်” ဟု YMBA အသင်းနာယက က ဆိုသည်။
ထိုအခမ်းအနားတွင် YMBAမှ ချီးမြှင့်သော မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များကို ဒါရိုက်တာ စင်ရော်မောင်မောင်၊ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ခန့်စည်သူနှင့် ထူးခန့်ကျော်တို့မှ အသီးသီး ရရှိခဲ့ခြင်းဖြစ်သည်။
“ဒီလိုဆုတွေက ခွန်အားဖြစ်စေမယ်လို့ အများကြီးယုံကြည်ပါတယ်။ ဒီလိုဆုတွေ၊ အနေအထားတွေ ရဖို့ဆိုတာလည်း မလွယ်ပါဘူး။ ကျွန်တော်တို့ဆိုရင်လည်း တကယ့်အခက်အခဲ၊ အကျပ်တည်းပေါင်း များစွာပေါ့နော်။ ကျွန်တော်က အဓိက ကတော့ ကိုယ်တွင်း၊ ကိုယ်ပရောဂါကို ကုတာဖြစ်တယ်။ အဲဒီတော့ ကျွန်တော့်ဆီမှာက လှူနိုင်တဲ့အမျိုးတွေက လှူနိုင်တယ်။ မလှူနိုင်တဲ့အမျိုးတွေကို ပြန်လှူပေးတယ်။ ကျွန်တော်က အဲဒီလိုအနေအထားတွေ တစ်ခုကြောင့်ပဲ ပြောမယ်ဆိုလို့ရှိရင် ဒီဘွဲ့ထူးဆုကို တခမ်းတနားနဲ့ချီးမြှင့်ပေးတဲ့ ဒီကလူကြီးတွေကို ကျေးဇူးတင်သလို အထူးသဖြင့် ကျွန်တော့်အမျိုးတွေအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ထူးခန့်ကျော်က NP News ကို ပြောသည်။
ထို့ပြင် YMBA အသင်းကြီးမှ ယခုကဲ့သို့ အနုပညာရှင်များအား ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ခြင်းသည် (၁၀၄)ကြိမ်မြောက် ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့်ရေးပွဲတွင် စတင်ပေးအပ်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။
Zawgyi Version;
YMBA မွ ေပးအပ္ေသာ ဂုဏ္ရည္ဘြဲ႕မ်ားကို အႏုပညာရွင္(၄)ဦး ရရွိ
ခ်ယ္ရီ (NP News)- ႏိုဝင္ဘာ၂၅
(၁၀၄)ႏွစ္ေျမာက္ အမ်ိဳးသားေအာင္ပြဲေန႔အခမ္းအနား ႏွင့္ ဘြဲ႕တံဆိပ္ေတာ္ ဆက္ကပ္၊ ေပးအပ္ခ်ီးျမႇင့္ေရးပြဲတြင္ ဗုဒၶဘာသာကလ်ာဏယုဝအသင္း (YMBA)က ယေန႔ (ႏိုဝင္ဘာလ ၂၅ ရက္) တြင္ ျပဳလုပ္ခဲ့ရာ အႏုပညာရွင္(၄)ဦးမွ ဂုဏ္ရည္ဘြဲ႕မ်ား ရရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါအခမ္းအနားကို ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊတိဂုံဘုရားေတာင္ဘက္မုခ္ရွိ တပ္မေတာ္ဓမၼာ႐ုံ၌ က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါအခမ္းအနားသို႔ YMBA မွ ဆက္ကပ္ေသာ ဘြဲ႕တံဆိပ္ေတာ္ရရွိေတာ္မူေသာ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ဥကၠ႒ ဆရာေတာ္ ေဒါက္တာဘဒၵႏၲစႏၵိမာဘိဝံသႏွင့္တကြ ဆရာေတာ္ႀကီးမ်ား၊ ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္း ၊ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးစိုးသိန္း၊ YMBA မွ တာဝန္ရွိသူမ်ား၊ ဘြဲ႕တံဆိပ္ရရွိေသာ လူပုဂၢိဳလ္မ်ား၊ ဖိတ္ၾကားထားေသာဧည့္သည္ေတာ္မ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
“YMBA အသင္းႀကီးအေနနဲ႔ မဂၤလာမ်ားလုပ္သလိုပဲ ဂုဏ္ရည္ဘြဲ႕၊ တိုင္းျပည္အတြက္ ေဆာင္႐ြက္တဲ့ပုဂၢိဳလ္မ်ား၊ ဂုဏ္ရည္ဘြဲ႕ထူးမ်ား ေဆာင္႐ြက္တဲ့ပုဂၢိဳလ္မ်ားအတြက္ ဘြဲ႕တံဆိပ္ေတာ္မ်ားခ်ီးျမႇင့္မယ္ဆိုၿပီးေတာ့ အစည္းအေဝးမွာ ဆုံးျဖတ္ၿပီးတဲ့အခါမွာ အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားဟာလည္း YMBA အသင္းႀကီးနဲ႔ တတက္တအား ပါဝင္ပူးေပါင္းေဆာင္႐ြက္ေပးတဲ့ပုဂၢိဳလ္မ်ား ျဖစ္ပါတယ္။ သူတို႔ပုဂၢိဳလ္မ်ားကိုလည္း ၿပီးခဲ့တဲ့ႏွစ္ကတည္းကိုက သက္ဆိုင္ရာလူႀကီးမ်ားကလည္း အသိအမွတ္ျပဳၿပီးေတာ့
ဒီအႏုပညာရွင္ေလာကထဲမွာလည္း YMBA ကို တကယ္ခ်စ္ျမတ္ႏိုးၿပီးေတာ့ ပါဝင္ေဆာင္႐ြက္ေပးတဲ့ ပုဂၢိဳလ္မ်ားကိုလည္း ဆုေပးတဲ့ေနရာမွာ ဒီႏွစ္မွာ ျပန္ၾကားေရးဝန္ႀကီးဌာနနဲ႔ပူးတြဲၿပီးေတာ့ အခုလိုေဆာင္႐ြက္ေပးတာျဖစ္ပါတယ္။ ျပန္ၾကားေရးဝန္ႀကီးဌာနရဲ႕ေဆာင္႐ြက္ေနတဲ့ ပုဂၢိဳလ္မ်ားနဲ႔ YMBA အသင္းသူ၊ အသင္းသားမ်ားနဲ႔ပူးေပါင္းၿပီးေတာ့ အခုႏွစ္ဟာ ထူးထူးျခားျခား အႏုပညာရွင္မ်ားကိုပါ YMBAရဲ႕ ဂုဏ္ရည္ဘြဲ႕မ်ား ေပးတာပဲျဖစ္ပါတယ္” ဟု YMBA အသင္းနာယက က ဆိုသည္။
ထိုအခမ္းအနားတြင္ YMBAမွ ခ်ီးျမႇင့္ေသာ မဂၤလဓမၼေဇာတိကဓဇ ဘြဲ႕တံဆိပ္ေတာ္မ်ားကို ဒါ႐ိုက္တာ စင္ေရာ္ေမာင္ေမာင္၊ အကယ္ဒမီ ရန္ေအာင္၊ အကယ္ဒမီ ခန႔္စည္သူႏွင့္ ထူးခန႔္ေက်ာ္တို႔မွ အသီးသီး ရရွိခဲ့ျခင္းျဖစ္သည္။
“ဒီလိုဆုေတြက ခြန္အားျဖစ္ေစမယ္လို႔ အမ်ားႀကီးယုံၾကည္ပါတယ္။ ဒီလိုဆုေတြ၊ အေနအထားေတြ ရဖို႔ဆိုတာလည္း မလြယ္ပါဘူး။ ကြၽန္ေတာ္တို႔ဆိုရင္လည္း တကယ့္အခက္အခဲ၊ အက်ပ္တည္းေပါင္း မ်ားစြာေပါ့ေနာ္။ ကြၽန္ေတာ္က အဓိက ကေတာ့ ကိုယ္တြင္း၊ ကိုယ္ပေရာဂါကို ကုတာျဖစ္တယ္။ အဲဒီေတာ့ ကြၽန္ေတာ့္ဆီမွာက လႉႏိုင္တဲ့အမ်ိဳးေတြက လႉႏိုင္တယ္။ မလႉႏိုင္တဲ့အမ်ိဳးေတြကို ျပန္လႉေပးတယ္။ ကြၽန္ေတာ္က အဲဒီလိုအေနအထားေတြ တစ္ခုေၾကာင့္ပဲ ေျပာမယ္ဆိုလို႔ရွိရင္ ဒီဘြဲ႕ထူးဆုကို တခမ္းတနားနဲ႔ခ်ီးျမႇင့္ေပးတဲ့ ဒီကလူႀကီးေတြကို ေက်းဇူးတင္သလို အထူးသျဖင့္ ကြၽန္ေတာ့္အမ်ိဳးေတြအားလုံးကို ေက်းဇူးတင္ပါတယ္” ဟု ထူးခန႔္ေက်ာ္က NP News ကို ေျပာသည္။
ထို႔ျပင္ YMBA အသင္းႀကီးမွ ယခုကဲ့သို႔ အႏုပညာရွင္မ်ားအား ဘြဲ႕တံဆိပ္ေတာ္မ်ား ခ်ီးျမႇင့္ျခင္းသည္ (၁၀၄)ႀကိမ္ေျမာက္ ဘြဲ႕တံဆိပ္ေတာ္ ဆက္ကပ္ခ်ီးျမႇင့္ေရးပြဲတြင္ စတင္ေပးအပ္ျခင္းလည္း ျဖစ္ေၾကာင္း သိရသည္။