တရုတ်ကြွေးလည်ပင်းရစ်နေတဲ့ အရှေ့တောင်အာရှ ဘက်ထရီအိုးကြီး လာအို(လော)
2760
Htay Oung (NP News) - နိုဝင်ဘာ ၂၇
တရုတ်နိုင်ငံကိုပေးဆပ်ဖို့ တောင်လိုပုံနေတဲ့ အကြွေးများအောက် မွန်းကျပ်နေတဲ့ ကွန်မြူနစ်လာအိုနိုင်ငံဟာ ဖောင်းပွနေတဲ့ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရပါတယ်။ အစားအစာဈေးနှုန်းတွေ တစ်ဟုန်ထိုး မြင့်တက်လာတာကြောင့် အိမ်ထောင်စုအများအပြားအနေနဲ့ အလေ့ကျပေါက်တဲ့ အသီးအရွက်တွေကို ရှာဖွေစားသောက်နေကြရ တယ်လို့ “အေအက်ဖ်ပီသတင်းအေဂျင်စီ” ကရေး သားပါတယ်။
ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ ကျရောက်စဉ် ငွေကြေးတန်ဖိုးကျဆင်းလာတာကို မြင်တွေ့ခဲ့ဖူးတဲ့ မိသားစုတို့အနေနဲ့ သူတို့ရဲ့စီးပွားရေးက ဒီလောက်အထိ နှေးကွေးသွားလိမ့်မယ်လို့ တစ်ခါမျှ မစဉ်းစားမိခဲ့ဖူးကြောင်း ဗီယန်ကျင်းမြို့ဈေးတစ်ခုမှ ကုန်သည်တွေက ပြောပြကြပါတယ်။
ကပ်ရောဂါအပြင် ရုရှားရဲ့ ယူကရိန်းကျူးကျော် မှုကြောင့် ကမ္ဘာတစ်ဝန်း ကုန်ပစ္စည်းဈေးနှုန်းများ တစ်ဟုန်ထိုး မြင့်တက်လာမှ သူတို့ရဲ့ ငွေကြေးဖောင်းပွ မှုကို ဘရိတ်မအုပ်နိုင်တော့ကြောင်း လာအိုနိုင်ငံသား တို့ခမျာ နဖူးတွေ့ ဒူးတွေ့ သိရှိလာခဲ့ကြပါတယ်။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့အဆိုအရ လာအိုရဲ့ကုန်ဈေးနှုန်းတွေဟာ (၂၀၂၂) ခုနှစ်မှာ (၂၃) ရာခိုင်နှုန်း၊ ပြီးခဲ့တဲ့နှစ်မှာ (၃၁) ရာခိုင်နှုန်းနဲ့ ယခုနှစ်မှာ (၂၅) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရှိရပါတယ်။ အထူးသဖြင့် ဆန်၊ သကြား၊ စားသုံးဆီ နဲ့ ကြက်သားစတဲ့ အခြေခံစားသောက်ကုန်တွေအတွက် ကုန်ကျစရိတ်မှာ ယမန်နှစ်ကထက် နှစ်ဆတိုး လာတာကြောင့် မိသားစုအတော်များများ ဒုက္ခရောက် နေရပါတယ်။ ယခုနှစ် စောစောပိုင်း အိမ်ထောင်စု အများအပြားတို့ဟာ အစားအသောက် အလွန်အမင်း ဆင်းရဲနေကြပြီး အလေ့ကျပေါက်တဲ့ အသီးအရွက်တွေနဲ့ ဖြည့်စွက်စားသောက်နေရတယ်လို့ ကမ္ဘာ့ဘဏ် က ဆိုပါတယ်။
သူ့ရဲ့လုပ်ငန်းဟာ သိသိသာသာ ပြောင်းလဲသွား တယ်လို့ ဗီယန်ကျင်းမြို့ရှိ နံနက်ခင်းဈေးတစ်ခုမှာ ရွှေကုန်သည်တစ်ဦးက ပြောပါတယ်။ ယခင်က ဖောက်သည်တွေဟာ ပရိုမိုးရှင်းပေးတယ်ဆိုရင်ပဲ ဆွဲ ကြိုးတွေ၊ လက်စွပ်တွေနဲ့ နားကပ်တွေကို လာဝယ် လေ့ရှိကြပါတယ်။ ယခုအခါမှာတော့ လူအများစုတို့က ရွှေဝယ်မယ့်အစား ငွေဖော်ဖို့သူတို့မှာရှိတဲ့ ရွှေတွေကို ရောင်းချင်နေကြပါတယ်။ တစ်ခါတလေ ရွှေတစ်ရွေးသားမှ မရောင်းရဘဲ တစ်နေကုန် ငုတ် တုတ်မေ့နေကြောင်း၊ ငွေလိုလို့ ရွှေလာရောင်း သူလောက်ပဲ ရှိတော့ကြောင်း၊ (၁၅)နှစ်ကြာ လည် ပတ်လုပ်ကိုင်ခဲ့တဲ့ သူ့လုပ်ငန်းရဲ့အနာဂတ်အတွက် စိုးရိမ်မိတယ်လို့ လာအိုနိုင်ငံရဲ့တင်းကြပ်တဲ့ နိုင်ငံရေး ဝန်းကျင်မှာ ပွင့်ပွင့်လင်းလင်းပြောဆိုရင် အန္တရာယ် ရှိတာကြောင့် အမည်မဖော်လိုသူ အသက် (၄၅) နှစ် အရွယ် ကုန်သည်တစ်ယောက်က မှတ်ချက်ပေးပါ တယ်။
လောနိုင်ငံဟာ မြစ်ကြီးအတော်များများကို ပိုင် ဆိုင်ထားပြီး ရေကာတာတွေ တည်ဆောက်ခြင်းဖြင့် ရေအားလျှပ်စစ်ကို ထုတ်ယူနိုင်ပါတယ်။ လျှပ်စစ် ဓာတ်အားကို တရုတ်-မြန်မာ-ထိုင်း-ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဆီ ရောင်းချခြင်းဖြင့် “အရှေ့ တောင်အာရှရဲ့ ဘက်ထရီအိုးကြီး” အဖြစ် တင်စား ကြပါတယ်။ ဆယ်စုနှစ် (၃)ခု ဆက်တိုက် စီးပွားရေး တိုးတက်မှုအမြန်ဆုံးတိုင်းပြည်ဖြစ်ခဲ့ပေမယ့် လာအို ဟာ အာရှတိုက်မှာ အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံ အဖြစ် ဆက်လက်တည်ရှိနေပါတယ်။ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ၊ အကန့်အသတ်နဲ့ စိုက် ပျိုးရေးမှာ ကျွမ်းကျင်မှုနည်းပါးလှတဲ့ လုပ်သား အင် အား အများစုကြီးနဲ့ လည်ပတ်လုပ်ကိုင်နေရပါတယ်။
လူတစ်ဦးချင်း ပျမ်းမျှသက်တမ်း (၆၉)နှစ်သာ ရှိတဲ့ တိုင်းပြည်ရဲ့ (၅) နှစ်အောက် ကလေးငယ် (၃)ဦးမှာ (၁)ဦးနီးပါးဟာ အာဟာရဓာတ်မပြည့်ဝမှုကြောင့် ပုညှက်နေကြကြောင်း၊ လော ကလေးငယ်တွေရဲ့ အာဟာရချို့တဲ့မှုဟာ တစ်ကမ္ဘာလုံး အမြင့်ဆုံး နှုန်းထားတွေအနက် တစ်ခုဖြစ်တယ်လို့ အာရှဖွံ့ဖြိုး ရေးဘဏ်က ဆိုပါတယ်။အရှေ့တောင်အာရှရဲ့ “ဘက်ထရီအိုးကြီး” ဖြစ် လာစေဖို့ ရည်ရွယ်တဲ့ လောအစိုးရဟာ မကြာသေးမီ နှစ်များအတွင်း အမေရိကန်ဒေါ်လာ(၆)ဘီလျံတန် ရေအားလျှပ်စစ်ဆည်တွေကို အဓိကတည်ဆောက် ဖို့်နဲ့ မြန်နှုန်းမြင့် မီးရထားလမ်းအတွက် အိမ်နီးချင်း တရုတ်နိုင်ငံထံမှ ကန်ဒေါ်လာ ဘီလျံပေါင်းများစွာကို ချေးယူခဲ့ပါတယ်။
ပြည်သူ့အခွန်ငွေတွေနဲ့ ပြန်လည်ပေးဆပ်ရမယ့် ကြွေးမြီပမာဏဟာ အမေရိကန်ဒေါ်လာ (၁၃) ဘီလျံ ကျော် သို့မဟုတ် လောနိုင်ငံ GDP ရဲ့ (၁၀၈) ရာခိုင် နှုန်းအထိ ရှိနေတာကြောင့် ရေရှည်မှာ ခံနိုင်ရည် မရှိ နိုင်ကြောင်း နောက်သီတင်းပတ်မှာ ကမ္ဘာ့ဘဏ်က သတိပေးခဲ့ပါတယ်။
တရုတ်အကြွေးကို ပြန်လည်ပေးဆပ်ရမယ့် ငွေ ဟာ “အမေရိကန်ဒေါ်လာ” သို့မဟုတ် “တရုတ် ယွမ်ငွေ” နဲ့ ဖြစ်ပါတယ်။ ဒါကြောင့် ဈေးကွက်အတွင်း မှာ ကန်ဒေါ်လာ ဒါမှမဟုတ် ယွမ်ငွေ လို နိုင်ငံခြားငွေ လိုအပ်ချက် မြင့်တက်လာပါတယ်။ ပြည်တွင်း အသား တင် ကုန်ထုတ်လုပ်မှုထက် အချိုးအစားအရ များပြား နေတဲ့ အဲ့ဒီငွေပမာဏဟာ ပြည်တွင်းသုံးငွေကြေး တန်ဖိုးကို ဘယ်လိုမှ ထိန်းမထားနိုင်ပါဘူး၊ တိုင်းပြည် ဟာ အကြွေးဆပ်နေရတာနဲ့ပဲ (၂၀၂၂) ခုနှစ် လော နိုင်ငံသုံး ငွေကြေး “ကစ်ငွေ” တန်ဖိုးဟာ အမေရိကန် ဒေါ်လာနဲ့နှိုင်းယှဉ်လျှင် ထက်ဝက် ကျဆင်းသွားပါ တယ်။ (၂၀၂၄) ခုနှစ် ပထမ ကိုးလမှာ ငါးပုံတစ်ပုံနီးပါးသာရှိတော့တဲ့အထိ ထိုးစိုက်ကျဆင်းသွားခြင်း အားဖြင့် ငွေကြေးဖောင်းပွမှု တစ်ရှိန်ထိုးမြင့်တက်သွား ပါတယ်။ ကုန်းတွင်းပိတ် လောနိုင်ငံဟာ သွင်းကုန် တွေအပေါ် ကြီးကြီးမားမား မှီခိုနေရတာကြောင့် ကစ်ငွေ တန်ဖိုးကျဆင်းမှုက ပြည်တွင်းအခြေခံ ကုန် ဈေးနှုန်းတွေနဲ့ ငွေကြေးဖောင်းပွမှုကို ဆွဲတင်လိုက် သလို တွန်းအားပေးတယ်လို့ “အာဆီယံ အပေါင်း (၃)” “မက်ခရို စီးပွားရေးသုတေသနရုံး” (AMRO) မှ ပညာရှင်တစ်ဦးက ပြောပါတယ်။
စုစုပေါင်း အတိုးပေးချေမှုမှာ အမေရိကန်ဒေါ် လာ(၁.၇)ဘီလျံ ရှိပြီး လာမယ့်(၃)နှစ်အတွင်း ပျမ်းမျှ အမေရိကန်ဒေါ်လာ (၁.၃) ဘီလျံပေးရမှာဖြစ်တဲ့အ တွက် လာအိုနိုင်ငံရဲ့ အနာဂတ် နိုင်ငံခြားငွေ အရန် ငွေတွေကို ပိုမိုကျဆင်းစေပါလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ မေတ္တာ ရပ်ခံချက်ကို လာအိုဘဏ္ဍာရေးဝန်ကြီးဌာနက တုံ့ပြန် မှု မရှိခဲ့ပါဘူး။ လာအို ဗဟိုဘဏ်ဟာ အတိုးနှုန်းကို မြှင့်တင်ခဲ့ပြီး ဒီဇင်ဘာလအရောက် ငွေကြေးဖောင်းပွ မှု (၂၀) ရာခိုင်နှုန်းအောက် ရောက်စေမယ့် အစီအစဉ် ကို ဩဂုတ်လမှာ အစိုးရက စတင်ခဲ့ပါတယ်။
သို့သော် ပေါ်ပေါက်လာတဲ့ ပြဿနာတွေအပေါ် အစိုးရရဲ့ကိုင်တွယ်ပုံဟာ နှေးကွေးလွန်းကြောင်း၊ အဲ့ ဒီစီးပွားရေးပြဿနာကိုအဆုံးသတ်ပစ်ဖို့ အရောင်း အဝယ် ကိစ္စတစ်ခုတည်းကို အသုံးချမနေအပ်ဘဲ အရာအားလုံးကို ဖြေရှင်းမှ ဖြစ်နိုင်ကြောင်း၊ အတော် လုပ်ယူရလိမ့်မယ်လို့ လာအို ဗဟိုဘဏ်နဲ့ ပူးတွဲဖွံ့ဖြိုး တိုးတက်ရေးလုပ်ကိုင်နေတဲ့ “ဗီဗက် ကစ်တီပေါင် ကိုဆို” ဘဏ်က ပြောပါတယ်။
လာအိုအစိုးရဟာ အဓိကအားဖြင့် ကြွေးမြီများ ရွှေ့ဆိုင်းခြင်း၊ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဖူလုံ ရေးဆိုင်ရာ အသုံးစရိတ်တွေကို ကန့်သတ်ခြင်းအား ဖြင့် ဘဏ္ဍာရေးဆိုင်ရာ တည်ငြိမ်မှုအချို့ကို ရရှိခဲ့ တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။ ဒါပေမဲ့ ခြိုးခြံ ချွေတာရေး ဆောင်ရွက်မှုတွေဆိုတာ ခဏတဖြုတ် လောက်သာ သင့်တော်ပြီး ရေရှည်မှာ နောက်ဆက် တွဲ ထိခိုက်စေနိုင်တယ်လို့ လာအိုနိုင်ငံဆိုင်ရာ ကမ္ဘာ့ ဘဏ်မန်နေဂျာက သတိပေးပါတယ်။
ပြည်သူအများရဲ့ ပညာရေး၊ ကျွမ်းကျင်မှုနဲ့ ကျန်းမာရေးကဏ္ဍတို့မှာ အလုံအလောက် ရင်းနှီးမြှုပ် နှံမှုမရှိဘဲ ဆက်သွားနေရင်လည်း အနာဂတ်ကာလ နိုင်ငံရဲ့ ကုန်စည်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတွေကို ထိထိရောက်ရောက် လုပ်ကိုင်နိုင်စွမ်းမရှိတော့ဘဲ ဒေသတွင်းဈေးကွက်တွေမှာ ယှဉ်ပြိုင်ဖို့ ပိုမိုခက်ခဲ စေလိမ့်မယ်လို့ ရှင်းပြပါတယ်။
အဲဒီလို လုပ်နေမယ့် အစိုးရအနေနဲ့ အခွန်စည်း ကြပ်မှုကို တင်းကြပ်ခြင်းဖြင့် ဝင်ငွေမြှင့်တင်ဖို့နဲ့ ရှိရင်းစွဲ နိုင်ငံ့ကြွေးမြီများကို ပြန်လည်ပေးဆပ် ကြိုးစားရန် ကမ္ဘာ့ဘဏ်က တိုက်တွန်းပါတယ်။
လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံဟာ ဧရိယာအားဖြင့် မြန်မာထက် (၃) ပုံ (၁) ပုံမျှသာ ကျယ်ဝန်းပြီး လူဦးရေ (၇) သန်းကျော်သာ ရှိပါတယ်။ အာဆီယံတိုင်းပြည်များမှာ တစ်ခုတည်းသော ကုန်း တွင်းပိတ်နိုင်ငံငယ် ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ အ တိတ်ကာလ ကုန်းလမ်းကုန်သွယ်ရေး ခေတ်စားခဲ့စဉ် အချက်အချာဒေသဖြစ်ခဲ့ဖူးပြီး (၁၈၉၃) ခုနှစ်မှာ ပြင် သစ်တို့လက်အောက် ကျရောက်ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တို့ သိမ်းပိုက်ခံရပြီး စစ်ပြီးဆုံး တဲ့အခါ ပြင်သစ်တို့က ပြန်လည်အုပ်ချုပ်ပါတယ်။ (၁၉၅၃)ခုနှစ် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း စည်း မျဉ်းခံ ဘုရင်စနစ်အောက်မှာ မက်စ်-လီနင်ဝါဒကို ကျင့်သုံးတဲ့ တစ်ပါတီ ဆိုရှယ်လစ်နိုင်ငံဖြစ်ပါတယ်။
အရွယ်အစားအားဖြင့် သေးငယ်တာမှန်ပေမယ့် လာအိုဟာ ပေကျင်းအတွက် အလွန်အရေးပါတဲ့ အ တွက် အကြွေးမဆပ်နိုင်သေးတာ အရေးမကြီးလှပါ ဘူး။Belt and Road Initiative “ရပ်ဝန်းနဲ့လမ်း” BRI လမ်းကြောင်းကို တရုတ်ပြည် အနောက်တောင် ပိုင်းမှ စင်ကာပူအထိ ဖြာထွက်မယ့် လမ်းမကြီးနဲ့ ဆက်သွယ်ဖို့ အာသီသပြင်းထန်နေတဲ့ ပေကျင်း အ တွက် ကုန်းတွင်းပိတ်နိုင်ငံငယ်လေးဟာ နိုင်ငံရေးအရ ရော အင်မတန် အရေးပါလွန်းနေပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူကတော့ လာအိုနိုင်ငံရဲ့ ကြွေးမြီဝန်ထုပ်ဝန်ပိုးကို ဖြေလျှောဖို့ တတ်နိုင်သမျှ ကူညီပေးနေကြောင်း ပေကျင်းမြို့မှာ AFP ကို ပြောပြပါတယ်။ ဒါပေမဲ့ လည်း လာအိုလူမျိုးတွေအနေနဲ့ ရေတိုကာလအတွင်း နာကျင်မှုကို ပိုမိုမျှော်လင့်နိုင်ပြီး ငွေကြေးဖောင်းပွမှု ဟာ လာမည့်နှစ်ကုန်အထိ အနည်းဆုံး (၂၀) ရာခိုင် နှုန်းအထက်တွင် ရှိနေလိမ့်မယ်လို့ အာရှဖွံ့ဖြိုးရေး ဘဏ်က ခန့်မှန်းထားပါတယ်။
(၂၀၂၄) ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ပျမ်းမျှ ငွေကြေး ဖောင်းပွမှုအဆင့်မှာ (၂၁.၂) ရာခိုင်နှုန်းအထိ ရှိလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ (၂၀၂၃-၂၀၂၄ )ဘဏ္ဍာရေးနှစ်ရဲ့ ပထမသုံးလမှာ ငွေကြေးဖောင်းပွမှု အဆင့် (၂၈.၅၉) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။ (၂၀၂၃)ခုနှစ် တစ်နှစ်လုံးအတွက် စိုက်ပျိုးရေး ထုတ် ကုန်တွေနဲ့ အခြေခံစားသောက်ကုန်တွေရဲ့ဈေးနှုန်း ကြီးမြင့်မှုအပါအဝင် အခြားအကြောင်းများကြောင့် ငွေကြေးဖောင်းပွမှုမြင့်တက်ကြောင်း တွေ့မြင်ရ တယ်လို့ Eleven Media Group နဲ့ Focus Economics တို့က ဖော်ပြကြပါတယ်။
AFP., 17 November 2024,” Too important to China to fail, SE Asia’s ‘battery’ Laos struggles to tame rampant inflation and pay back US$13b debt” ကို ဆီလျော်သလို ဘာသာ ပြန်ဆိုပါသည်။
zawgyi version
တ႐ုတ္ေႂကြးလည္ပင္းရစ္ေနတဲ့ အေရွ႕ေတာင္အာရွ ဘက္ထရီအိုးႀကီး လာအို(ေလာ)
Htay Oung (NP News) - ႏိုဝင္ဘာ ၂၇
တ႐ုတ္ႏိုင္ငံကိုေပးဆပ္ဖို႔ ေတာင္လိုပုံေနတဲ့ အေႂကြးမ်ားေအာက္ မြန္းက်ပ္ေနတဲ့ ကြန္ျမဴနစ္လာအိုႏိုင္ငံဟာ ေဖာင္းပြေနတဲ့ ေငြေၾကးေဖာင္းပြမႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ႐ုန္းကန္ေနရပါတယ္။ အစားအစာေဈးႏႈန္းေတြ တစ္ဟုန္ထိုး ျမင့္တက္လာတာေၾကာင့္ အိမ္ေထာင္စုအမ်ားအျပားအေနနဲ႔ အေလ့က်ေပါက္တဲ့ အသီးအ႐ြက္ေတြကို ရွာေဖြစားေသာက္ေနၾကရ တယ္လို႔ “ေအအက္ဖ္ပီသတင္းေအဂ်င္စီ” ကေရး သားပါတယ္။
ကိုဗစ္-၁၉ ကူးစက္ကပ္ေရာဂါ က်ေရာက္စဥ္ ေငြေၾကးတန္ဖိုးက်ဆင္းလာတာကို ျမင္ေတြ႕ခဲ့ဖူးတဲ့ မိသားစုတို႔အေနနဲ႔ သူတို႔ရဲ႕စီးပြားေရးက ဒီေလာက္အထိ ေႏွးေကြးသြားလိမ့္မယ္လို႔ တစ္ခါမွ် မစဥ္းစားမိခဲ့ဖူးေၾကာင္း ဗီယန္က်င္းၿမိဳ႕ေဈးတစ္ခုမွ ကုန္သည္ေတြက ေျပာျပၾကပါတယ္။
ကပ္ေရာဂါအျပင္ ႐ုရွားရဲ႕ ယူကရိန္းက်ဴးေက်ာ္ မႈေၾကာင့္ ကမာၻတစ္ဝန္း ကုန္ပစၥည္းေဈးႏႈန္းမ်ား တစ္ဟုန္ထိုး ျမင့္တက္လာမွ သူတို႔ရဲ႕ ေငြေၾကးေဖာင္းပြ မႈကို ဘရိတ္မအုပ္ႏိုင္ေတာ့ေၾကာင္း လာအိုႏိုင္ငံသား တို႔ခမ်ာ နဖူးေတြ႕ ဒူးေတြ႕ သိရွိလာခဲ့ၾကပါတယ္။
အာရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB) ရဲ႕အဆိုအရ လာအိုရဲ႕ကုန္ေဈးႏႈန္းေတြဟာ (၂၀၂၂) ခုႏွစ္မွာ (၂၃) ရာခိုင္ႏႈန္း၊ ၿပီးခဲ့တဲ့ႏွစ္မွာ (၃၁) ရာခိုင္ႏႈန္းနဲ႔ ယခုႏွစ္မွာ (၂၅) ရာခိုင္ႏႈန္းအထိ ျမင့္တက္ခဲ့ေၾကာင္း သိရွိရပါတယ္။ အထူးသျဖင့္ ဆန္၊ သၾကား၊ စားသုံးဆီ နဲ႔ ၾကက္သားစတဲ့ အေျခခံစားေသာက္ကုန္ေတြအတြက္ ကုန္က်စရိတ္မွာ ယမန္ႏွစ္ကထက္ ႏွစ္ဆတိုး လာတာေၾကာင့္ မိသားစုအေတာ္မ်ားမ်ား ဒုကၡေရာက္ ေနရပါတယ္။ ယခုႏွစ္ ေစာေစာပိုင္း အိမ္ေထာင္စု အမ်ားအျပားတို႔ဟာ အစားအေသာက္ အလြန္အမင္း ဆင္းရဲေနၾကၿပီး အေလ့က်ေပါက္တဲ့ အသီးအ႐ြက္ေတြနဲ႔ ျဖည့္စြက္စားေသာက္ေနရတယ္လို႔ ကမာၻ႔ဘဏ္ က ဆိုပါတယ္။
သူ႔ရဲ႕လုပ္ငန္းဟာ သိသိသာသာ ေျပာင္းလဲသြား တယ္လို႔ ဗီယန္က်င္းၿမိဳ႕ရွိ နံနက္ခင္းေဈးတစ္ခုမွာ ေ႐ႊကုန္သည္တစ္ဦးက ေျပာပါတယ္။ ယခင္က ေဖာက္သည္ေတြဟာ ပ႐ိုမိုးရွင္းေပးတယ္ဆိုရင္ပဲ ဆြဲ ႀကိဳးေတြ၊ လက္စြပ္ေတြနဲ႔ နားကပ္ေတြကို လာဝယ္ ေလ့ရွိၾကပါတယ္။ ယခုအခါမွာေတာ့ လူအမ်ားစုတို႔က ေ႐ႊဝယ္မယ့္အစား ေငြေဖာ္ဖို႔သူတို႔မွာရွိတဲ့ ေ႐ႊေတြကို ေရာင္းခ်င္ေနၾကပါတယ္။ တစ္ခါတေလ ေ႐ႊတစ္ေ႐ြးသားမွ မေရာင္းရဘဲ တစ္ေနကုန္ ငုတ္ တုတ္ေမ့ေနေၾကာင္း၊ ေငြလိုလို႔ ေ႐ႊလာေရာင္း သူေလာက္ပဲ ရွိေတာ့ေၾကာင္း၊ (၁၅)ႏွစ္ၾကာ လည္ ပတ္လုပ္ကိုင္ခဲ့တဲ့ သူ႔လုပ္ငန္းရဲ႕အနာဂတ္အတြက္ စိုးရိမ္မိတယ္လို႔ လာအိုႏိုင္ငံရဲ႕တင္းၾကပ္တဲ့ ႏိုင္ငံေရး ဝန္းက်င္မွာ ပြင့္ပြင့္လင္းလင္းေျပာဆိုရင္ အႏၲရာယ္ ရွိတာေၾကာင့္ အမည္မေဖာ္လိုသူ အသက္ (၄၅) ႏွစ္ အ႐ြယ္ ကုန္သည္တစ္ေယာက္က မွတ္ခ်က္ေပးပါ တယ္။
ေလာႏိုင္ငံဟာ ျမစ္ႀကီးအေတာ္မ်ားမ်ားကို ပိုင္ ဆိုင္ထားၿပီး ေရကာတာေတြ တည္ေဆာက္ျခင္းျဖင့္ ေရအားလွ်ပ္စစ္ကို ထုတ္ယူႏိုင္ပါတယ္။ လွ်ပ္စစ္ ဓာတ္အားကို တ႐ုတ္-ျမန္မာ-ထိုင္း-ဗီယက္နမ္နဲ႔ ကေမာၻဒီးယားႏိုင္ငံတို႔ဆီ ေရာင္းခ်ျခင္းျဖင့္ “အေရွ႕ ေတာင္အာရွရဲ႕ ဘက္ထရီအိုးႀကီး” အျဖစ္ တင္စား ၾကပါတယ္။ ဆယ္စုႏွစ္ (၃)ခု ဆက္တိုက္ စီးပြားေရး တိုးတက္မႈအျမန္ဆုံးတိုင္းျပည္ျဖစ္ခဲ့ေပမယ့္ လာအို ဟာ အာရွတိုက္မွာ အဆင္းရဲဆုံး ႏိုင္ငံတစ္ႏိုင္ငံ အျဖစ္ ဆက္လက္တည္ရွိေနပါတယ္။ သယ္ယူပို႔ေဆာင္ေရး အေျခခံအေဆာက္အအုံ၊ အကန႔္အသတ္နဲ႔ စိုက္ ပ်ိဳးေရးမွာ ကြၽမ္းက်င္မႈနည္းပါးလွတဲ့ လုပ္သား အင္ အား အမ်ားစုႀကီးနဲ႔ လည္ပတ္လုပ္ကိုင္ေနရပါတယ္။
လူတစ္ဦးခ်င္း ပ်မ္းမွ်သက္တမ္း (၆၉)ႏွစ္သာ ရွိတဲ့ တိုင္းျပည္ရဲ႕ (၅) ႏွစ္ေအာက္ ကေလးငယ္ (၃)ဦးမွာ (၁)ဦးနီးပါးဟာ အာဟာရဓာတ္မျပည့္ဝမႈေၾကာင့္ ပုညႇက္ေနၾကေၾကာင္း၊ ေလာ ကေလးငယ္ေတြရဲ႕ အာဟာရခ်ိဳ႕တဲ့မႈဟာ တစ္ကမာၻလုံး အျမင့္ဆုံး ႏႈန္းထားေတြအနက္ တစ္ခုျဖစ္တယ္လို႔ အာရွဖြံ႕ၿဖိဳး ေရးဘဏ္က ဆိုပါတယ္။အေရွ႕ေတာင္အာရွရဲ႕ “ဘက္ထရီအိုးႀကီး” ျဖစ္ လာေစဖို႔ ရည္႐ြယ္တဲ့ ေလာအစိုးရဟာ မၾကာေသးမီ ႏွစ္မ်ားအတြင္း အေမရိကန္ေဒၚလာ(၆)ဘီလ်ံတန္ ေရအားလွ်ပ္စစ္ဆည္ေတြကို အဓိကတည္ေဆာက္ ဖို႔္နဲ႔ ျမန္ႏႈန္းျမင့္ မီးရထားလမ္းအတြက္ အိမ္နီးခ်င္း တ႐ုတ္ႏိုင္ငံထံမွ ကန္ေဒၚလာ ဘီလ်ံေပါင္းမ်ားစြာကို ေခ်းယူခဲ့ပါတယ္။
ျပည္သူ႔အခြန္ေငြေတြနဲ႔ ျပန္လည္ေပးဆပ္ရမယ့္ ေႂကြးၿမီပမာဏဟာ အေမရိကန္ေဒၚလာ (၁၃) ဘီလ်ံ ေက်ာ္ သို႔မဟုတ္ ေလာႏိုင္ငံ GDP ရဲ႕ (၁၀၈) ရာခိုင္ ႏႈန္းအထိ ရွိေနတာေၾကာင့္ ေရရွည္မွာ ခံႏိုင္ရည္ မရွိ ႏိုင္ေၾကာင္း ေနာက္သီတင္းပတ္မွာ ကမာၻ႔ဘဏ္က သတိေပးခဲ့ပါတယ္။
တ႐ုတ္အေႂကြးကို ျပန္လည္ေပးဆပ္ရမယ့္ ေငြ ဟာ “အေမရိကန္ေဒၚလာ” သို႔မဟုတ္ “တ႐ုတ္ ယြမ္ေငြ” နဲ႔ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေဈးကြက္အတြင္း မွာ ကန္ေဒၚလာ ဒါမွမဟုတ္ ယြမ္ေငြ လို ႏိုင္ငံျခားေငြ လိုအပ္ခ်က္ ျမင့္တက္လာပါတယ္။ ျပည္တြင္း အသား တင္ ကုန္ထုတ္လုပ္မႈထက္ အခ်ိဳးအစားအရ မ်ားျပား ေနတဲ့ အဲ့ဒီေငြပမာဏဟာ ျပည္တြင္းသုံးေငြေၾကး တန္ဖိုးကို ဘယ္လိုမွ ထိန္းမထားႏိုင္ပါဘူး၊ တိုင္းျပည္ ဟာ အေႂကြးဆပ္ေနရတာနဲ႔ပဲ (၂၀၂၂) ခုႏွစ္ ေလာ ႏိုင္ငံသုံး ေငြေၾကး “ကစ္ေငြ” တန္ဖိုးဟာ အေမရိကန္ ေဒၚလာနဲ႔ႏႈိင္းယွဥ္လွ်င္ ထက္ဝက္ က်ဆင္းသြားပါ တယ္။ (၂၀၂၄) ခုႏွစ္ ပထမ ကိုးလမွာ ငါးပုံတစ္ပုံနီးပါးသာရွိေတာ့တဲ့အထိ ထိုးစိုက္က်ဆင္းသြားျခင္း အားျဖင့္ ေငြေၾကးေဖာင္းပြမႈ တစ္ရွိန္ထိုးျမင့္တက္သြား ပါတယ္။ ကုန္းတြင္းပိတ္ ေလာႏိုင္ငံဟာ သြင္းကုန္ ေတြအေပၚ ႀကီးႀကီးမားမား မွီခိုေနရတာေၾကာင့္ ကစ္ေငြ တန္ဖိုးက်ဆင္းမႈက ျပည္တြင္းအေျခခံ ကုန္ ေဈးႏႈန္းေတြနဲ႔ ေငြေၾကးေဖာင္းပြမႈကို ဆြဲတင္လိုက္ သလို တြန္းအားေပးတယ္လို႔ “အာဆီယံ အေပါင္း (၃)” “မက္ခ႐ို စီးပြားေရးသုေတသန႐ုံး” (AMRO) မွ ပညာရွင္တစ္ဦးက ေျပာပါတယ္။
စုစုေပါင္း အတိုးေပးေခ်မႈမွာ အေမရိကန္ေဒၚ လာ(၁.၇)ဘီလ်ံ ရွိၿပီး လာမယ့္(၃)ႏွစ္အတြင္း ပ်မ္းမွ် အေမရိကန္ေဒၚလာ (၁.၃) ဘီလ်ံေပးရမွာျဖစ္တဲ့အ တြက္ လာအိုႏိုင္ငံရဲ႕ အနာဂတ္ ႏိုင္ငံျခားေငြ အရန္ ေငြေတြကို ပိုမိုက်ဆင္းေစပါလိမ့္မယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ေမတၱာ ရပ္ခံခ်က္ကို လာအိုဘ႑ာေရးဝန္ႀကီးဌာနက တုံ႔ျပန္ မႈ မရွိခဲ့ပါဘူး။ လာအို ဗဟိုဘဏ္ဟာ အတိုးႏႈန္းကို ျမႇင့္တင္ခဲ့ၿပီး ဒီဇင္ဘာလအေရာက္ ေငြေၾကးေဖာင္းပြ မႈ (၂၀) ရာခိုင္ႏႈန္းေအာက္ ေရာက္ေစမယ့္ အစီအစဥ္ ကို ဩဂုတ္လမွာ အစိုးရက စတင္ခဲ့ပါတယ္။
သို႔ေသာ္ ေပၚေပါက္လာတဲ့ ျပႆနာေတြအေပၚ အစိုးရရဲ႕ကိုင္တြယ္ပုံဟာ ေႏွးေကြးလြန္းေၾကာင္း၊ အဲ့ ဒီစီးပြားေရးျပႆနာကိုအဆုံးသတ္ပစ္ဖို႔ အေရာင္း အဝယ္ ကိစၥတစ္ခုတည္းကို အသုံးခ်မေနအပ္ဘဲ အရာအားလုံးကို ေျဖရွင္းမွ ျဖစ္ႏိုင္ေၾကာင္း၊ အေတာ္ လုပ္ယူရလိမ့္မယ္လို႔ လာအို ဗဟိုဘဏ္နဲ႔ ပူးတြဲဖြံ႕ၿဖိဳး တိုးတက္ေရးလုပ္ကိုင္ေနတဲ့ “ဗီဗက္ ကစ္တီေပါင္ ကိုဆို” ဘဏ္က ေျပာပါတယ္။
လာအိုအစိုးရဟာ အဓိကအားျဖင့္ ေႂကြးၿမီမ်ား ေ႐ႊ႕ဆိုင္းျခင္း၊ က်န္းမာေရး၊ ပညာေရးနဲ႔ လူမႈဖူလုံ ေရးဆိုင္ရာ အသုံးစရိတ္ေတြကို ကန႔္သတ္ျခင္းအား ျဖင့္ ဘ႑ာေရးဆိုင္ရာ တည္ၿငိမ္မႈအခ်ိဳ႕ကို ရရွိခဲ့ တယ္လို႔ ကမာၻ႔ဘဏ္က ေျပာပါတယ္။ ဒါေပမဲ့ ၿခိဳးၿခံ ေခြၽတာေရး ေဆာင္႐ြက္မႈေတြဆိုတာ ခဏတျဖဳတ္ ေလာက္သာ သင့္ေတာ္ၿပီး ေရရွည္မွာ ေနာက္ဆက္ တြဲ ထိခိုက္ေစႏိုင္တယ္လို႔ လာအိုႏိုင္ငံဆိုင္ရာ ကမာၻ႔ ဘဏ္မန္ေနဂ်ာက သတိေပးပါတယ္။
ျပည္သူအမ်ားရဲ႕ ပညာေရး၊ ကြၽမ္းက်င္မႈနဲ႔ က်န္းမာေရးက႑တို႔မွာ အလုံအေလာက္ ရင္းႏွီးျမႇဳပ္ ႏွံမႈမရွိဘဲ ဆက္သြားေနရင္လည္း အနာဂတ္ကာလ ႏိုင္ငံရဲ႕ ကုန္စည္ထုတ္လုပ္မႈနဲ႔ ဝန္ေဆာင္မႈေတြကို ထိထိေရာက္ေရာက္ လုပ္ကိုင္ႏိုင္စြမ္းမရွိေတာ့ဘဲ ေဒသတြင္းေဈးကြက္ေတြမွာ ယွဥ္ၿပိဳင္ဖို႔ ပိုမိုခက္ခဲ ေစလိမ့္မယ္လို႔ ရွင္းျပပါတယ္။
အဲဒီလို လုပ္ေနမယ့္ အစိုးရအေနနဲ႔ အခြန္စည္း ၾကပ္မႈကို တင္းၾကပ္ျခင္းျဖင့္ ဝင္ေငြျမႇင့္တင္ဖို႔နဲ႔ ရွိရင္းစြဲ ႏိုင္ငံ့ေႂကြးၿမီမ်ားကို ျပန္လည္ေပးဆပ္ ႀကိဳးစားရန္ ကမာၻ႔ဘဏ္က တိုက္တြန္းပါတယ္။
လာအိုျပည္သူ႔ဒီမိုကရက္တစ္ သမၼတႏိုင္ငံဟာ ဧရိယာအားျဖင့္ ျမန္မာထက္ (၃) ပုံ (၁) ပုံမွ်သာ က်ယ္ဝန္းၿပီး လူဦးေရ (၇) သန္းေက်ာ္သာ ရွိပါတယ္။ အာဆီယံတိုင္းျပည္မ်ားမွာ တစ္ခုတည္းေသာ ကုန္း တြင္းပိတ္ႏိုင္ငံငယ္ ျဖစ္တယ္လို႔ဆိုႏိုင္ပါတယ္။ အ တိတ္ကာလ ကုန္းလမ္းကုန္သြယ္ေရး ေခတ္စားခဲ့စဥ္ အခ်က္အခ်ာေဒသျဖစ္ခဲ့ဖူးၿပီး (၁၈၉၃) ခုႏွစ္မွာ ျပင္ သစ္တို႔လက္ေအာက္ က်ေရာက္ခဲ့ပါတယ္။ ဒုတိယ ကမာၻစစ္အတြင္း ဂ်ပန္တို႔ သိမ္းပိုက္ခံရၿပီး စစ္ၿပီးဆုံး တဲ့အခါ ျပင္သစ္တို႔က ျပန္လည္အုပ္ခ်ဳပ္ပါတယ္။ (၁၉၅၃)ခုႏွစ္ လြတ္လပ္ေရးရရွိၿပီးေနာက္ပိုင္း စည္း မ်ဥ္းခံ ဘုရင္စနစ္ေအာက္မွာ မက္စ္-လီနင္ဝါဒကို က်င့္သုံးတဲ့ တစ္ပါတီ ဆိုရွယ္လစ္ႏိုင္ငံျဖစ္ပါတယ္။
အ႐ြယ္အစားအားျဖင့္ ေသးငယ္တာမွန္ေပမယ့္ လာအိုဟာ ေပက်င္းအတြက္ အလြန္အေရးပါတဲ့ အ တြက္ အေႂကြးမဆပ္ႏိုင္ေသးတာ အေရးမႀကီးလွပါ ဘူး။Belt and Road Initiative “ရပ္ဝန္းနဲ႔လမ္း” BRI လမ္းေၾကာင္းကို တ႐ုတ္ျပည္ အေနာက္ေတာင္ ပိုင္းမွ စင္ကာပူအထိ ျဖာထြက္မယ့္ လမ္းမႀကီးနဲ႔ ဆက္သြယ္ဖို႔ အာသီသျပင္းထန္ေနတဲ့ ေပက်င္း အ တြက္ ကုန္းတြင္းပိတ္ႏိုင္ငံငယ္ေလးဟာ ႏိုင္ငံေရးအရ ေရာ အင္မတန္ အေရးပါလြန္းေနပါတယ္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ ရွိသူကေတာ့ လာအိုႏိုင္ငံရဲ႕ ေႂကြးၿမီဝန္ထုပ္ဝန္ပိုးကို ေျဖေလွ်ာဖို႔ တတ္ႏိုင္သမွ် ကူညီေပးေနေၾကာင္း ေပက်င္းၿမိဳ႕မွာ AFP ကို ေျပာျပပါတယ္။ ဒါေပမဲ့ လည္း လာအိုလူမ်ိဳးေတြအေနနဲ႔ ေရတိုကာလအတြင္း နာက်င္မႈကို ပိုမိုေမွ်ာ္လင့္ႏိုင္ၿပီး ေငြေၾကးေဖာင္းပြမႈ ဟာ လာမည့္ႏွစ္ကုန္အထိ အနည္းဆုံး (၂၀) ရာခိုင္ ႏႈန္းအထက္တြင္ ရွိေနလိမ့္မယ္လို႔ အာရွဖြံ႕ၿဖိဳးေရး ဘဏ္က ခန႔္မွန္းထားပါတယ္။
(၂၀၂၄) ခုႏွစ္အတြင္း ျမန္မာႏိုင္ငံရဲ႕ ပ်မ္းမွ် ေငြေၾကး ေဖာင္းပြမႈအဆင့္မွာ (၂၁.၂) ရာခိုင္ႏႈန္းအထိ ရွိလိမ့္မယ္လို႔ ခန႔္မွန္းၾကပါတယ္။ (၂၀၂၃-၂၀၂၄ )ဘ႑ာေရးႏွစ္ရဲ႕ ပထမသုံးလမွာ ေငြေၾကးေဖာင္းပြမႈ အဆင့္ (၂၈.၅၉) ရာခိုင္ႏႈန္းအထိ ျမင့္တက္ခဲ့ပါတယ္။ (၂၀၂၃)ခုႏွစ္ တစ္ႏွစ္လုံးအတြက္ စိုက္ပ်ိဳးေရး ထုတ္ ကုန္ေတြနဲ႔ အေျခခံစားေသာက္ကုန္ေတြရဲ႕ေဈးႏႈန္း ႀကီးျမင့္မႈအပါအဝင္ အျခားအေၾကာင္းမ်ားေၾကာင့္ ေငြေၾကးေဖာင္းပြမႈျမင့္တက္ေၾကာင္း ေတြ႕ျမင္ရ တယ္လို႔ Eleven Media Group နဲ႔ Focus Economics တို႔က ေဖာ္ျပၾကပါတယ္။
AFP., 17 November 2024,” Too important to China to fail, SE Asia’s ‘battery’ Laos struggles to tame rampant inflation and pay back US$13b debt” ကို ဆီေလ်ာ္သလို ဘာသာ ျပန္ဆိုပါသည္။