တစ္ဆေ သရဲနဲ့တူတဲ့ ICC

 303

Htay Oung (NP News) - နိုဝင်ဘာ ၂၈

၂ဝဝ၂ ခုနှစ် ICC လို့ ခေါ်တဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံးကို ထူထောင်ခဲ့ပြီးနောက်ပိုင်း ယခုအချိန်ထိ Arrest Warrants ဖမ်းဝရမ်း ထုတ်ခဲ့သူ (၄၂) ဦး ရှိခဲ့ပါတယ်။ အဲဒီအထဲက (၁၉)ဦးကို ဆက်လက်ဆောင်ရွက်ဆဲနေဖြစ်ပြီး အမှန်တကယ် ဖမ်းဆီးရမိခဲ့သူ (၄)ဦးသာရှိတဲ့အတွက် ထိရောက်မှု အလွန်နည်းပါးတယ်လို့ ဆိုနိုင်ပါတယ်။

အခုလို ဖြစ်ရတာ တရားစီရင်ရေး အခွင့်အာဏာကို သုံးစွဲနေတဲ့ တရားရုံးတစ်ခုလို့ ဆိုသော်လည်း ICC က အမိန့်ပေး ခိုင်းစေညွှန်ကြားတိုင်း လိုက်နာအကောင်အထည်ဖော်မယ့် ရဲတပ်ဖွဲ့မရှိခြင်းကြောင့် အဓိက ဖြစ်ပါတယ်။အင်တာပိုလ် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ရှိသော်လည်း ဖမ်းဝရမ်းထုတ်ခံရတဲ့ တိုင်းပြည်ရဲ့အစိုးရ တစ်နည်းအားဖြင့် ရဲတပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်မှု မရှိရင် ဘာမှလုပ်လို့မရပါဘူး။ တစ်ချို့ဆို သူ့ဖာသာ အသက်ကြီးပြီး အေး ချမ်းလွတ်လပ်စွာ ကွယ်လွန်သွားကြပါပြီ။

အဲဒီ ဖမ်းဆီးရမိတယ်ဆိုသူတွေမှာ အာဖရိက တိုင်းပြည်တွေက အများဆုံးဖြစ်ပြီး အရှေ့အလယ်ပိုင်း နဲ့ အိန္ဒိယ-ပစိဖိတ်ဒေသများမှ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုစွပ်စွဲခြင်း ခံရသူများ ဖြစ်ပါ တယ်။ သူတို့အားလုံးမှာ သက်ဆိုင်ရာပုဂ္ဂိုလ် ပြည်ပနိုင်ငံတစ်ခုခုကို ရောက်ရှိနေခိုက် အဲဒီတိုင်းပြည်က ဖမ်းဆီးပေးပို့ခြင်းဖြစ်ပါတယ်။ ဖမ်းဆီးပြီး ICC ရဲ့ စီရင်ချက်ကြောင့် ချုပ်နှောင်ထားမယ့် အကျဉ်းထောင်တော့ ရှိပါတယ်။ နယ်သာလန်နိုင်ငံအစိုးရ အသုံးမပြုတော့တဲ့ အကျဉ်းထောင်ဟောင်း တစ်ခုဖြစ်ပြီး ကုန်ကျစရိတ်ကို ICC အဖွဲ့ဝင်နိုင်ငံများက ကျခံရပါတယ်။

ဖမ်းဝရမ်း ထုတ်ခံရသူအားလုံးနီးပါးဟာ နိုင်ငံတခုခုရဲ့ အစိုးရခေါင်းဆောင် သို့မဟုတ် အစိုးရအဖွဲ့ဝင်တစ်ဦးဦး၊ ဒေသန္တရ စစ်ဘုရင်တစ်ဦး ဖြစ်နေတတ်ခြင်းကြောင့် ICC အနေနဲ့ ထင်တိုင်းမပေါက်ခြင်းလည်း ဖြစ်ပါတယ်။ လူသိများ ထင်ရှားသူ တွေကတော့

- ၂၀၀၉ ခုနှစ် အိုမာ အယ်လ်ဘာရှား (အသက် ၈၀-နှစ်၊ ဆူဒန်နိုင်ငံ ဗိုလ်ချုပ်ဟောင်း၊ သမ္မတဟောင်း)
- ၂၀၁၁ ခုနှစ် မွန်မာ ကဒါဖီ (၆၉-နှစ်၊ လစ်ဗျားခေါင်းဆောင်ဟောင်း၊ သူပုန်များ သတ်ဖြတ် )
- ၂၀၀၅ ခုနှစ် ဂျိုးဇက် ကွန်နေး (၆၃-နှစ်ခန့်၊ ယူဂန်ဒါ စစ်သွေးကြွ သူပုန်ခေါင်းဆောင်ဟောင်း၊ )
- ၂၀၂၃ ခုနှစ် ဗလာဒီမာ ပူတင် (၇၂-နှစ်၊ ရုရှားနိုင်ငံ လက်ရှိ သမ္မတ၊ ယူကရိန်း ကျူးကျော်မှု)
- ၂၀၂၄ ခုနှစ် နေတန်ယာဟု ( ၇၅-နှစ်၊ အစ္စရေး လက်ရှိဝန်ကြီးချုပ်၊ ပါလက်စတိုင်းစစ်ပွဲ)
- ၂၀၂၄ ခုနှစ် ယိုအတ် ဂဲလင့် ( ၆၆-နှစ်၊ ၂၀၂၄ နိုဝင်ဘာ ၅-ရက်နေ့အထိ အစ္စရေးကာကွယ်ရေးဝန်ကြီး) တို့ ဖြစ်ကြပါတယ်။

တချို့ကျတော့လည်း ICC က ဖမ်းဝရမ်းထုတ် သို့မဟုတ် အရေးယူ အပြစ် ပေးရန် သက်ဆိုင်သူများက အားထုတ်သော်လည်း အကြောင်းကြောင်းကြောင့် မအောင်မြင်ခဲ့ကြပါ။ ဒီကိစ္စမှာ
- အမေရိကန် သမ္မတဟောင်း ဘားရက် အိုဘားမား ( ၂၀၁၁ ခုနှစ် လစ်ဗျားနိုင်ငံ၌ လူသားမျိုးနွယ်အပေါ် ကာကွယ်စောင့်ရှောက်ခြင်း R2P သည်ဟုဆိုကာ နေတိုးတပ်ဖွဲ့ကို ဦးဆောင်၍ လေကြောင်းမှ ကျူး ကျော်ရာ၌ တာဝန်ရှိသူ)
- ဂျော့ဆိုးရော့စ် ( ဒီမိုကရက်တစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သည်ဟု လူသားမျိုးနွယ်အပေါ် ရာဇ ဝတ်မှု ကျူးလွန်ခြင်း) တို့ဖြစ်ပါတယ်။

နိုင်ငံတကာ မိသားစုလို့ ခေါ်နိုင်တဲ့ ကမ္ဘာ့ကုလသဂ္ဂမှာ အဖွဲ့ဝင် နိုင်ငံပေါင်း (၁၉၃)နိုင်ငံရှိပါတယ်။ ICC ကို ဖြစ်ပေါ်စေတဲ့ “ရောမ သဘောတူညီချက်” Rome Statute ကို လက်မှတ်ရေးထိုးတဲ့ နိုင်ငံပေါင်း (၁၂၄)နိုင်ငံ ရှိပါတယ်။ မူလလက်မှတ်ရေးထိုးစဉ် ပါဝင်ခဲ့ပေမယ့် သမ္မတ ဒူတာတေးလက်ထက် ဖိလစ်ပိုင်နဲ့ ဘူရွန်ဒီနိုင်ငံတို့က နုတ်ထွက်ကြောင်း ကြေညာထားပါတယ်။ နုတ်ထွက်ဖို့ ဆောင်ရွက်နေတဲ့ နိုင်ငံများလည်း ရှိပါတယ်။

နိုင်ငံအချို့ကတော့ ICC အဖွဲ့ဝင်ဖြစ်ပေမယ့် လက်ရှိအစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒအရ ICC ကို ဘေးချိတ်ထားပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးမှာ နိုင်ငံပေါင်းစုံပါဝင်တဲ့ အထွေထွေညီလာခံနဲ့ ဒုက္ခသည်အရေး- လူ့အခွင့်အရေးတို့လို ပင်မအေဂျင်စီအဖွဲ့ကြီးတွေက ဘာပြောပြော၊ ဘယ်လိုပဲ ဆုံးဖြတ်ပါစေ ကုလသမဂ္ဂလုံခြုံရေးကောင်စီက UNSC က အတည်ပြုမှသာ အသက်ဝင်ဆောင်ရွက်နိုင်ပါတယ်။ လုံခြုံရေးကောင်စီမှာ ဗီတို အာဏာကျင့်သုံးနိုင်တဲ့ အမြဲတန်းအဖွဲ့ (၅)နိုင်ငံရှိပြီး အမေရိကန်၊ ရုရှား၊ တရုတ်တို့လို နိုင်ငံတကာဦးဆောင်တိုင်းပြည်ကြီးတွေက ICC ကို အသိအမှတ် မပြုပါ။

လိုရင်း ပြောရလျှင် ICC ဟာ တစ္ဆေသရဲနဲ့ အလွန်တူပါတယ်။ အလွန် အငြင်းပွားဖွယ်ဖြစ်ပြီး အယုံအကြည်ရှိသူ လက်ခံသူများအတွက်တော့ အဲဒီ တစ္ဆေသရဲကို မြင်ရခြောက်လှန့်ခံရတတ်ပါတယ်။ အယုံအကြည် မရှိသူများအတွက်ကတော့ ခြောက်လို့ ခြောက်မှန်းတောင် မသိကြပါဘူး။

မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ လွတ်လပ်စွာပြောဆိုရလျှင် လက်ရှိ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဖမ်းဝရမ်းထုတ်မယ့် ICC ရဲ့ အစီအ စဉ်ဟာ နှစ်(၇၀)ကျော်ကြာ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ တိုင်းပြည်မှာ ပိုမိုရှုပ်ထွေးစေပါတယ်။ တရုတ်-ရုရှားနဲ့ နီးစပ်သူအပေါ် နှိပ်ကွပ်ခြင်း၊ အရှေ့အနောက် “စစ်နွေးတိုက်ပွဲကြီး” မှာ ပြည်ပဘက်လိုက်မှု စွက်ဖက်မှု အရိပ်လက္ခဏာများအဖြစ် ပြင်းထန်စွာ ရှုတ်ချပါတယ်။

zawgyi version
တေစၦ သရဲနဲ႔တူတဲ့ ICC
Htay Oung (NP News) - ႏိုဝင္ဘာ ၂၈

၂ဝဝ၂ ခုႏွစ္ ICC လို႔ ေခၚတဲ့ ႏိုင္ငံတကာ ရာဇဝတ္တရား႐ုံးကို ထူေထာင္ခဲ့ၿပီးေနာက္ပိုင္း ယခုအခ်ိန္ထိ Arrest Warrants ဖမ္းဝရမ္း ထုတ္ခဲ့သူ (၄၂) ဦး ရွိခဲ့ပါတယ္။ အဲဒီအထဲက (၁၉)ဦးကို ဆက္လက္ေဆာင္႐ြက္ဆဲေနျဖစ္ၿပီး အမွန္တကယ္ ဖမ္းဆီးရမိခဲ့သူ (၄)ဦးသာရွိတဲ့အတြက္ ထိေရာက္မႈ အလြန္နည္းပါးတယ္လို႔ ဆိုႏိုင္ပါတယ္။

အခုလို ျဖစ္ရတာ တရားစီရင္ေရး အခြင့္အာဏာကို သုံးစြဲေနတဲ့ တရား႐ုံးတစ္ခုလို႔ ဆိုေသာ္လည္း ICC က အမိန႔္ေပး ခိုင္းေစၫႊန္ၾကားတိုင္း လိုက္နာအေကာင္အထည္ေဖာ္မယ့္ ရဲတပ္ဖြဲ႕မရွိျခင္းေၾကာင့္ အဓိက ျဖစ္ပါတယ္။အင္တာပိုလ္ အျပည္ျပည္ဆိုင္ရာ ရဲတပ္ဖြဲ႕ရွိေသာ္လည္း ဖမ္းဝရမ္းထုတ္ခံရတဲ့ တိုင္းျပည္ရဲ႕အစိုးရ တစ္နည္းအားျဖင့္ ရဲတပ္ဖြဲ႕က ပူးေပါင္းေဆာင္႐ြက္မႈ မရွိရင္ ဘာမွလုပ္လို႔မရပါဘူး။ တစ္ခ်ိဳ႕ဆို သူ႔ဖာသာ အသက္ႀကီးၿပီး ေအး ခ်မ္းလြတ္လပ္စြာ ကြယ္လြန္သြားၾကပါၿပီ။

အဲဒီ ဖမ္းဆီးရမိတယ္ဆိုသူေတြမွာ အာဖရိက တိုင္းျပည္ေတြက အမ်ားဆုံးျဖစ္ၿပီး အေရွ႕အလယ္ပိုင္း နဲ႔ အိႏၵိယ-ပစိဖိတ္ေဒသမ်ားမွ စစ္ရာဇဝတ္မႈ၊ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈစြပ္စြဲျခင္း ခံရသူမ်ား ျဖစ္ပါ တယ္။ သူတို႔အားလုံးမွာ သက္ဆိုင္ရာပုဂၢိဳလ္ ျပည္ပႏိုင္ငံတစ္ခုခုကို ေရာက္ရွိေနခိုက္ အဲဒီတိုင္းျပည္က ဖမ္းဆီးေပးပို႔ျခင္းျဖစ္ပါတယ္။ ဖမ္းဆီးၿပီး ICC ရဲ႕ စီရင္ခ်က္ေၾကာင့္ ခ်ဳပ္ေႏွာင္ထားမယ့္ အက်ဥ္းေထာင္ေတာ့ ရွိပါတယ္။ နယ္သာလန္ႏိုင္ငံအစိုးရ အသုံးမျပဳေတာ့တဲ့ အက်ဥ္းေထာင္ေဟာင္း တစ္ခုျဖစ္ၿပီး ကုန္က်စရိတ္ကို ICC အဖြဲ႕ဝင္ႏိုင္ငံမ်ားက က်ခံရပါတယ္။

ဖမ္းဝရမ္း ထုတ္ခံရသူအားလုံးနီးပါးဟာ ႏိုင္ငံတခုခုရဲ႕ အစိုးရေခါင္းေဆာင္ သို႔မဟုတ္ အစိုးရအဖြဲ႕ဝင္တစ္ဦးဦး၊ ေဒသႏၲရ စစ္ဘုရင္တစ္ဦး ျဖစ္ေနတတ္ျခင္းေၾကာင့္ ICC အေနနဲ႔ ထင္တိုင္းမေပါက္ျခင္းလည္း ျဖစ္ပါတယ္။ လူသိမ်ား ထင္ရွားသူ ေတြကေတာ့

- ၂၀၀၉ ခုႏွစ္ အိုမာ အယ္လ္ဘာရွား (အသက္ ၈၀-ႏွစ္၊ ဆူဒန္ႏိုင္ငံ ဗိုလ္ခ်ဳပ္ေဟာင္း၊ သမၼတေဟာင္း)
- ၂၀၁၁ ခုႏွစ္ မြန္မာ ကဒါဖီ (၆၉-ႏွစ္၊ လစ္ဗ်ားေခါင္းေဆာင္ေဟာင္း၊ သူပုန္မ်ား သတ္ျဖတ္ )
- ၂၀၀၅ ခုႏွစ္ ဂ်ိဳးဇက္ ကြန္ေနး (၆၃-ႏွစ္ခန႔္၊ ယူဂန္ဒါ စစ္ေသြးႂကြ သူပုန္ေခါင္းေဆာင္ေဟာင္း၊ )
- ၂၀၂၃ ခုႏွစ္ ဗလာဒီမာ ပူတင္ (၇၂-ႏွစ္၊ ႐ုရွားႏိုင္ငံ လက္ရွိ သမၼတ၊ ယူကရိန္း က်ဴးေက်ာ္မႈ)
- ၂၀၂၄ ခုႏွစ္ ေနတန္ယာဟု ( ၇၅-ႏွစ္၊ အစၥေရး လက္ရွိဝန္ႀကီးခ်ဳပ္၊ ပါလက္စတိုင္းစစ္ပြဲ)
- ၂၀၂၄ ခုႏွစ္ ယိုအတ္ ဂဲလင့္ ( ၆၆-ႏွစ္၊ ၂၀၂၄ ႏိုဝင္ဘာ ၅-ရက္ေန႔အထိ အစၥေရးကာကြယ္ေရးဝန္ႀကီး) တို႔ ျဖစ္ၾကပါတယ္။

တခ်ိဳ႕က်ေတာ့လည္း ICC က ဖမ္းဝရမ္းထုတ္ သို႔မဟုတ္ အေရးယူ အျပစ္ ေပးရန္ သက္ဆိုင္သူမ်ားက အားထုတ္ေသာ္လည္း အေၾကာင္းေၾကာင္းေၾကာင့္ မေအာင္ျမင္ခဲ့ၾကပါ။ ဒီကိစၥမွာ
- အေမရိကန္ သမၼတေဟာင္း ဘားရက္ အိုဘားမား ( ၂၀၁၁ ခုႏွစ္ လစ္ဗ်ားႏိုင္ငံ၌ လူသားမ်ိဳးႏြယ္အေပၚ ကာကြယ္ေစာင့္ေရွာက္ျခင္း R2P သည္ဟုဆိုကာ ေနတိုးတပ္ဖြဲ႕ကို ဦးေဆာင္၍ ေလေၾကာင္းမွ က်ဴး ေက်ာ္ရာ၌ တာဝန္ရွိသူ)
- ေဂ်ာ့ဆိုးေရာ့စ္ ( ဒီမိုကရက္တစ္ ဖြံ႕ၿဖိဳးတိုးတက္ေရး ေဆာင္႐ြက္သည္ဟု လူသားမ်ိဳးႏြယ္အေပၚ ရာဇ ဝတ္မႈ က်ဴးလြန္ျခင္း) တို႔ျဖစ္ပါတယ္။

ႏိုင္ငံတကာ မိသားစုလို႔ ေခၚႏိုင္တဲ့ ကမာၻ႔ကုလသဂၢမွာ အဖြဲ႕ဝင္ ႏိုင္ငံေပါင္း (၁၉၃)ႏိုင္ငံရွိပါတယ္။ ICC ကို ျဖစ္ေပၚေစတဲ့ “ေရာမ သေဘာတူညီခ်က္” Rome Statute ကို လက္မွတ္ေရးထိုးတဲ့ ႏိုင္ငံေပါင္း (၁၂၄)ႏိုင္ငံ ရွိပါတယ္။ မူလလက္မွတ္ေရးထိုးစဥ္ ပါဝင္ခဲ့ေပမယ့္ သမၼတ ဒူတာေတးလက္ထက္ ဖိလစ္ပိုင္နဲ႔ ဘူ႐ြန္ဒီႏိုင္ငံတို႔က ႏုတ္ထြက္ေၾကာင္း ေၾကညာထားပါတယ္။ ႏုတ္ထြက္ဖို႔ ေဆာင္႐ြက္ေနတဲ့ ႏိုင္ငံမ်ားလည္း ရွိပါတယ္။

ႏိုင္ငံအခ်ိဳ႕ကေတာ့ ICC အဖြဲ႕ဝင္ျဖစ္ေပမယ့္ လက္ရွိအစိုးရရဲ႕ ႏိုင္ငံျခားေရးမူဝါဒအရ ICC ကို ေဘးခ်ိတ္ထားပါတယ္။ ကုလသမဂၢအဖြဲ႕ႀကီးမွာ ႏိုင္ငံေပါင္းစုံပါဝင္တဲ့ အေထြေထြညီလာခံနဲ႔ ဒုကၡသည္အေရး- လူ႔အခြင့္အေရးတို႔လို ပင္မေအဂ်င္စီအဖြဲ႕ႀကီးေတြက ဘာေျပာေျပာ၊ ဘယ္လိုပဲ ဆုံးျဖတ္ပါေစ ကုလသမဂၢလုံၿခဳံေရးေကာင္စီက UNSC က အတည္ျပဳမွသာ အသက္ဝင္ေဆာင္႐ြက္ႏိုင္ပါတယ္။ လုံၿခဳံေရးေကာင္စီမွာ ဗီတို အာဏာက်င့္သုံးႏိုင္တဲ့ အၿမဲတန္းအဖြဲ႕ (၅)ႏိုင္ငံရွိၿပီး အေမရိကန္၊ ႐ုရွား၊ တ႐ုတ္တို႔လို ႏိုင္ငံတကာဦးေဆာင္တိုင္းျပည္ႀကီးေတြက ICC ကို အသိအမွတ္ မျပဳပါ။

လိုရင္း ေျပာရလွ်င္ ICC ဟာ တေစၦသရဲနဲ႔ အလြန္တူပါတယ္။ အလြန္ အျငင္းပြားဖြယ္ျဖစ္ၿပီး အယုံအၾကည္ရွိသူ လက္ခံသူမ်ားအတြက္ေတာ့ အဲဒီ တေစၦသရဲကို ျမင္ရေျခာက္လွန႔္ခံရတတ္ပါတယ္။ အယုံအၾကည္ မရွိသူမ်ားအတြက္ကေတာ့ ေျခာက္လို႔ ေျခာက္မွန္းေတာင္ မသိၾကပါဘူး။

ျမန္မာႏိုင္ငံသားတစ္ဦးအေနနဲ႔ လြတ္လပ္စြာေျပာဆိုရလွ်င္ လက္ရွိ ျမန္မာ့တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကို ဖမ္းဝရမ္းထုတ္မယ့္ ICC ရဲ႕ အစီအ စဥ္ဟာ ႏွစ္(၇၀)ေက်ာ္ၾကာ ျပည္တြင္းစစ္ျဖစ္ပြားေနတဲ့ တိုင္းျပည္မွာ ပိုမိုရႈပ္ေထြးေစပါတယ္။ တ႐ုတ္-႐ုရွားနဲ႔ နီးစပ္သူအေပၚ ႏွိပ္ကြပ္ျခင္း၊ အေရွ႕အေနာက္ “စစ္ေႏြးတိုက္ပြဲႀကီး” မွာ ျပည္ပဘက္လိုက္မႈ စြက္ဖက္မႈ အရိပ္လကၡဏာမ်ားအျဖစ္ ျပင္းထန္စြာ ရႈတ္ခ်ပါတယ္။

Related news

© 2021. All rights reserved.