အိန္ဒိယနိုင်ငံ၏ နျူကလီးယားမဟာဗျူဟာချဉ်းကပ်မှု ပြောင်းလဲချိန် စတင်ပြီလား .. (ဘာသာပြန်ဆောင်းပါး)
712
သန်းထိုက်စိုး (NP News) - နိုဝင်ဘာ ၂၈
ပါကစ္စတန်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံး လုံခြုံရေးစိုးရိမ်စရာအဖြစ် အမြဲတစေ ရှိ နေခဲ့သည်။ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံ၏ နျူကလီးယားခရီးလမ်းသည်လည်း အိန္ဒိယနိုင်ငံ၏ မ ဟာဗျူဟာအမြင်ကို ဖြည်းဖြည်းချင်း ပြောင်းလဲလာစေခဲ့သည်။ မကြာသေးမီက ရုရှားနိုင်ငံ ခါဆန် မြို့တွင် ကျင်းပခဲ့သည့် BRICS ထိပ်သီးအစည်းအဝေးတွင် ရုရှား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပုံမှန်ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့သည်။
တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် အဓိက ကုန်သွယ်ဖက်နိုင်ငံများလည်း ဖြစ်ကြသည်။ သို့သော် နှစ်နိုင်ငံ ဆက်ဆံရေးတွင် တင်းမာမှုများလည်း ရှိနေ ပြန်သည်။ မဖြေရှင်းနိုင်သေးသည့် နယ်စပ်အငြင်း ပွားမှုကြောင့် (၂၀၂၀)ပြည့်နှစ်၊ (၂၀၂၁) ခုနှစ်၊ (၂၀၂၂)ခုနှစ်တို့တွင် တင်းမာမှုများဖြစ်ပွားကာ ဆယ် စုနှစ်များအတွင်း အင်အားကြီးနိုင်ငံနှစ်ခုကြား အဆိုးရွားဆုံး ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ခဲ့သည်။
တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံတို့သည် သဘာဝအရ ပြိုင်ဘက်များ ဖြစ်ကြသည်။ ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးနှစ်နိုင်ငံလည်းဖြစ်ကြပြီး ကမ္ဘာ့လူဦးရေ၏ (၃၆) ရာခိုင်နှုန်းခန့်ရှိသည်။ တရုတ်နိုင်ငံ သည် (၁၉၄၉) ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ချိန်မှစ၍ တစ်ပါတီစနစ် ကျင့်သုံးခဲ့သည့် နိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးနိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံသည် တစ်ရှိန်ထိုး တိုးတက်လာသကဲ့သို့ အိန္ဒိယနိုင်ငံမှာလည်း တရိပ်ရိပ်တိုးတက်လာခဲ့သည်။ တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံလုံးသည် နျူကလီးယားပိုင်ရှင်များ ဖြစ်ကြပြီး ၎င်းတို့၏နျူကလီးယားတပ်ဖွဲ့ဝင် အင် အားချဲ့ထွင်ရေးနှင့် ခေတ်မီရေးအတွက် အပတ်တ ကုတ် နည်းလမ်းရှာဖွေနေကြသည်။
အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာအမြင်တွင် တရုတ်နိုင်ငံ၏ နျူကလီးယား အစီအစဉ်ကိုလည်း ထည့် သွင်းစဉ်းစားသည်။ ပါကစ္စတန်နိုင်ငံသည် အိန္ဒိ ယနိုင်ငံ၏ အကြီးမားဆုံး လုံခြုံရေးစိုးရိမ်မှုအဖြစ် အမြဲ ထည့်သွင်း စဉ်းစားသည်။ တရုတ်နှင့် ပါကစ္စတန်နိုင်ငံတို့သည် ကာလရှည်ကြာကတည်းက မဟာ ဗျူဟာ မိတ်ဖက်များဖြစ်ခဲ့ကြသည်။ အချို့သော ဒေသတွင်းနိုင်ငံများသည် တရုတ်နိုင်ငံကို ခြိမ်းခြောက်မှု အဖြစ် ရှုမြင်ကြရာ ယင်းမှာ ဒေသတွင်းလုံခြုံရေးအပေါ် စိုးရိမ်စရာဖြစ်လာသည်။ အဆိုပါအရှိတရားကို BRICS ထိပ်သီးအစည်းအဝေးတွင် လျစ်လျူမရှုသင့်ဟု ထောက်ပြလာကြသည်။
အိန္ဒိယနိုင်ငံသည် (၁၉၇၄) ခုနှစ်ကတည်းက နျူကလီးယားစွမ်းအင်ရရှိလာခဲ့ခြင်းဖြစ်သည်။ သို့သော် အိန္ဒိယနိုင်ငံသည် နျူကလီးယားကို ၎င်း၏နယ်စပ်တွင် တိုက်ရိုက်ခြိမ်းခြောက်လာခြင်းအပေါ် ကြိုတင် ဟန့်တားလိုမှုအရ ချဉ်းကပ်ခဲ့ခြင်းသာဖြစ်သည်။ ပထမခြိမ်းခြောက်မှုမှာ ပါကစ္စတန်နိုင်ငံမှ ဖြစ်ပြီး ဒုတိယခြိမ်းခြောက်မှုအဖြစ် တရုတ်နိုင်ငံကိုသတ်မှတ်ထားခြင်းဖြစ်သည်။ သို့သော် အိန္ဒိယနိုင်ငံသည် ၎င်း၏နျူကလီးယားလက်နက်ကို အရပ်ဘက်၏ အမိန့် ပေးထိန်းချုပ်မှုအောက်တွင် ထိန်းသိမ်းထားဆဲ ဖြစ်ပြီး နိုင်ငံအတွက်အရေးပါသည့်အကျိုးစီးပွားများကို တိုက်ခိုက်ခြင်းမပြုသမျှ လက်တုံ့ပြန်တိုက်ခိုက် ခြင်းမျိုး ပြုလုပ်မည်မဟုတ်ဆိုသည့် မူဝါဒကို ကိုင်စွဲထားသည်။
ပါကစ္စတန်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းလုံခြုံရေးအတွက် ခြိမ်းခြောက်မှု ဖြစ်သည်။ အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်တင်းမာမှုဖြစ် လာခြင်းသည် ၎င်း၏ နျူကလီးယားလက်နက်များ ကို တာဝေးအထိ ပစ်ခတ်နိုင်အောင် ရည်မှန်းချက် ဖြစ်လာစေခဲ့သည်။ အိန္ဒိယနိုင်ငံ၏ တိုက်ချင်းပစ် မစ် ဆိုင်းစွမ်းရည်များသည် တရုတ်နိုင်ငံ၏ အတွင်းပိုင်းအထိ ရောက်ရှိအောင် ပစ်ခတ်နိုင်စွမ်းရှိသည်။ နျူကလီးယားနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ၏ မူဝါဒသုံးရပ် ရှိ သည်။ ပထမတစ်ချက်မှာ နျူကလီးယား လက်နက်ကို ပထမစတင်အသုံးမပြု(no first use)ဆိုသည့် အချက်ပင်ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် အကြမ်းမဖက်ရေးအစဉ်အလာကို ဆက်လက်ကိုင်စွဲထား သည်။ အိန္ဒိယနိုင်ငံအနေဖြင့် နျူကလီးယားကို ကြိုတင်ဟန့်တားရေးလက်နက်အဖြစ် တင်းတင်းကြပ် ကြပ် ထိန်းချုပ်ထားပြီး ပထမဆုံးအတိုက်ခံရ မှသာလျှင် လက်တုံ့ပြန်တိုက်ခိုက်မည် ဖြစ်သည်။ ဒုတိယအချက်မှာ ကြီးကြီးမားမား လက်စားချေ တိုက်ခိုက်ရန် လိုအပ်လာသည့်အချိန်ဖြစ်သည်။ နျူကလီးယား လက်နက်ဖြင့် လက်စားချေတိုက်ခိုက်ရန် လိုအပ်လာပြီဟု ခံစားရသည့်အချိန်ရောက်မှသာ တိုက်ခိုက်မည် ဖြစ်သည်။ ထိုသို့ခံစားရပါက နျူကလီး ယား လက်နက်များကို မည်သည့်အချိန်တွင် ဖြန့်ကြက်မည်၊ မည် သည့်နေရာတွင် ဖြန့်ကြက်မည် ဆိုသည်ကို ဆုံးဖြတ်မည်ဖြစ်သည်။ တတိယအချက်မှာ အိန္ဒိယနိုင်ငံသည် နျူကလီးယားလက်နက်ကို စစ်ပွဲလက်နက်အဖြစ် လက်ခံထားခြင်းမဟုတ်ဘဲ မဟာဗျူဟာမြောက် ကြိုတင်ဟန့်တားရေး လက်နက်အဖြစ်သာ လက်ခံထားခြင်းပင် ဖြစ်သည်။
ဝန်ကြီးချုပ်မိုဒီလက်ထက် နျူကလီးယား တပ်ဖွဲ့များတိုးချဲ့ရန် အိန္ဒိယနိုင်ငံ၏ ကြိုးပမ်းမှုသည် လက်တုံ့ပြန်တိုက်ခိုက်နိုင်စွမ်း မြင့်မားရေးအတွက် ကြိုးပမ်းနေခြင်းသာဖြစ်သည်။ နျူကလီးယား တပ်ဖွဲ့ ဝင်များတိုးချဲ့ရာတွင် မြေပြင်အခြေစိုက်တပ်ဖွဲ့များ သာမက ပင်လယ်ပြင်အခြေစိုက် တပ်ဖွဲ့ဝင်များပါ တိုး ချဲ့နေခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံသည် (၂၀၁၆) ခုနှစ်ကတည်းက မြေပြင်အခြေစိုက် ဘောလစ်စတစ် မစ်ဆိုင်း အမျိုးအစားသစ်များ ပိုမိုတိုးတက်လာခြင်း ပင်ဖြစ်သည်။ (၂၀၂၂) ခုနှစ်အထိ ခန့်မှန်းချက်အရ အိန္ဒိယနိုင်ငံတွင် နျူကလီးယားထိပ်ဖူး (၁၆၀)အထိ ပိုင်ဆိုင်ထားသည်ဟု ခန့်မှန်းရသည်။
အထက်ဖော်ပြပါအချက်များအရ အိန္ဒိယ နိုင်ငံသည် နျူကလီးယားနှင့်ပတ်သက်၍ လက်တုံ့ ပြန် တိုက်ခိုက်ရေးအတွက်သာ ရည်မှန်းထားခြင်း ဖြစ် သည်။ နျူကလီးယားလက်နက်သုံးပြီး လက်တုံ့ပြန် တိုက်ခိုက်ရေးဆိုသည်မှာလည်း ၎င်း၏ ပင်မအကျိုး စီးပွားများကို ထိပါးလာမှသာလျှင် တိုက်ခိုက်ရန် ဆုံး ဖြတ်ထားခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံအနေဖြင့် နျူကလီးယားတပ်ဖွဲ့ဝင်အင်အားများ တိုးချဲ့လာခြင်း သည် နိုင်ငံရေးအရလည်းကောင်း၊ လုံခြုံရေးအရ လည်းကောင်း ထည့်သွင်းစဉ်းစားပြီး ၎င်း၏ ခေတ်မီ တပ်မတော်နှင့် လိုက်လျောညီထွေဖြစ်အောင် ကြိုး ပမ်းလာခြင်းဖြစ်သည်။
ပါကစ္စတန်နှင့် မတူသည့်အချက်မှာ အိန္ဒိယနိုင်ငံ၏ နျူကလီးယားဖြင့် ကြိုတင်ဟန့်တားရေး အစီ အစဉ်မှာ နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံနှစ်နိုင်ငံကို ဦးတည်ထားခြင်းဖြစ်သည်။ ၎င်း၏ နျူကလီးယားလက်နက်မှာ တရုတ်နိုင်ငံအတွင်းပိုင်း အထိ ရောက်အောင်ပစ်ခတ်နိုင်စွမ်းရှိသော်လည်း အဓိကဦးတည်ချက်မှာ ပါကစ္စတန်နိုင်ငံဖြစ်သည်။ ပါကစ္စတန်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ ပင်မဦးတည် ပစ်မှတ်ဖြစ်ပြီး နှစ်နိုင်ငံကြားစစ်ပွဲများမှာ (၁၉၄၈) ခုနှစ်ကတည်းကဖြစ်ပွားခဲ့ရာ မကြာသေးမီနှစ်များ အထိပင်ဖြစ်သည်။
ပါကစ္စတန်နိုင်ငံ၏ အိန္ဒိယနိုင်ငံအပေါ် လုံခြုံရေးအရ ခြိမ်းခြောက်နိုင်စွမ်းမှာလည်း နယ်စပ် ကိစ္စတစ် ခုတည်းတင် မဟုတ်ပါ။ ပါကစ္စတန်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏အမျိုးသား လုံခြုံရေးကိုထိပါးစေသည့် အကြမ်းဖက်အဖွဲ့များကို စစ်ရေးအကူအညီများ အကြိမ်ကြိမ်ပေးအပ်ခဲ့သည့် သာဓကများရှိသည်။ အိန္ဒိ ယနိုင်ငံအနေဖြင့် (၁၉၈၀)ပြည့်နှစ်တွင် ပါကစ္စတန်နိုင်ငံနှင့် စစ်ရေးအရ တင်းမာမှုများ ကြုံတွေ့ခဲ့ရသော် လည်း ၎င်း၏ မဟာဗျူဟာရည်မှန်းချက်ဖြစ်သည့် နျူကလီးယားလက်နက်ကို လက်တုံ့ပြန်တိုက်ခိုက် ရေးလက်နက်အဖြစ် အသုံးပြုမည်ဆိုသည့် အချက်အား စွန့်လွှတ်ခြင်းမရှိခဲ့ပါ။
(၁၉၇၄) ခုနှစ်တွင် နျူကလီးယားလက်နက် စမ်းသပ်မှု ပြုလုပ်ခဲ့သော်လည်း ငြိမ်းချမ်းစွာ အသုံးပြုရေးအတွက်သာဖြစ်ကြောင်း အချက်ပြခဲ့သည်။ (၁၉၉၉)ခုနှစ်တွင် ပါကစ္စတန်တပ်ဖွဲ့များသည် အိန္ဒိယတို့ထိန်းချုပ်ထားသည့် Jammu နှင့် Kashmir ဒေသများအထိ ဝင်ရောက်ခဲ့ဖူးသည်။ ထိုစဉ်က အိန္ဒိယတို့သည် ပါကစ္စတန်တပ် ဖွဲ့များ၏ ချိုးဖောက်ဝင်ရောက်မှုအပေါ် နျူကလီးယား တပ်ဖွဲ့ဖြင့် လက်တုံ့ပြန်တိုက်ခိုက်သည့်နည်းလမ်းကို ရွေးချယ်ခဲ့ခြင်း မရှိခဲ့ပါ။ ယင်းမှာ အိန္ဒိယနိုင်ငံက ကိုင်စွဲထား သည့် နျူကလီးယားလက်နက်ကို ပထမဆုံး အသုံးပြုမည်မဟုတ်ဆိုသည့် မူဝါဒခိုင်မြဲကြောင်း သက်သေ ပြလိုက်ခြင်းပင် ဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ နျူကလီးယားလက်နက် ပထမဆုံးအသုံးမပြုရေး ကတိကဝတ်မှာ ဟိန္ဒူတို့၏ အကြမ်းမဖက်ရေး စံနှုန်းများနှင့်လည်း ဆက်နွှယ်နေသည်။ အကြမ်းမဖက်ရေးအစဉ်အလာမှာ နယ်ချဲ့ဗြိ တိသျှတို့ကို အကြမ်းမဖက်ရေးလမ်းစဉ်ဖြင့် အန်တု ခဲ့သည့် ဂန္ဒီ၏လမ်းစဉ်လည်းဖြစ်သည်။ နျူကလီး ယားလက်နက်ထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့ရခြင်းသည်ပင်လျှင် လုံခြုံရေးအရခြိမ်းခြောက်မှု မြင့်တက်လာ ခြင်းကြောင့်ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏အန္တိမရည်မှန်းချက်မှာ နျူကလီးယားလက်နက် ကင်းစင်သည့် ကမ္ဘာကြီး ဖြစ်စေရေးပင်ဖြစ်သည်။ သို့သော် အကြမ်းမဖက်ရေးမဟာဗျူဟာကို အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာတွင် ထည့်သွင်းထားခြင်းအပေါ် မေးခွန်းထုတ်မှုများ ရှိလာသည်။
အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် မဟာဗျူ ဟာမြောက်ကိစ္စရပ်များကို မည်သို့ နားလည်လက်ခံမည် ဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ တရုတ်နိုင်ငံသည် ဒေသတွင်းတွင် ဩဇာကြီးမားလာသည်မှာ သံသယ ဖြစ်စရာမရှိပါ။ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးမြင်ကွင်းမှာ အန္တရာယ်ချောက်ကမ်းပါးတွင် အဆက် မပြတ်ပြောင်းလဲနေသည်။ အိန္ဒိယနိုင်ငံအနေဖြင့် ၎င်း၏ လက်ဟောင်းမူဝါဒကို ဆက်လက်ကိုင်စွဲထား ရန် ဖြစ်နိုင်ပါမည်လား ဆိုသည်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်လာနေပြီ ဖြစ်သည်။ အိန္ဒိယနိုင်ငံရှိ မဟာဗျူဟာရေးဆွဲသူများအနေဖြင့် နျူကလီးယား နှင့်ပတ်သက်၍ လက်ရှိ စိန်ခေါ်မှုများကို ရင်ဆိုင် နိုင်မည့် သဘောထားအမြင်တစ်ရပ်ထားရှိရန် လိုအပ်နေပြီဆိုသည့် အယူအဆများရှိလာပြီ ဖြစ်ကြောင်း တင်ပြရသည်။
zawgyi version
အိႏၵိယႏိုင္ငံ၏ န်ဴကလီးယားမဟာဗ်ဴဟာခ်ဥ္းကပ္မႈ ေျပာင္းလဲခ်ိန္ စတင္ၿပီလား .. (ဘာသာျပန္ေဆာင္းပါး)
သန္းထိုက္စိုး (NP News) - ႏိုဝင္ဘာ ၂၈
ပါကစၥတန္ႏိုင္ငံသည္ အိႏၵိယႏိုင္ငံ၏ အႀကီးမားဆုံး လုံၿခဳံေရးစိုးရိမ္စရာအျဖစ္ အၿမဲတေစ ရွိ ေနခဲ့သည္။ တစ္ခ်ိန္တည္းမွာပင္ တ႐ုတ္ႏိုင္ငံ၏ န်ဴကလီးယားခရီးလမ္းသည္လည္း အိႏၵိယႏိုင္ငံ၏ မ ဟာဗ်ဴဟာအျမင္ကို ျဖည္းျဖည္းခ်င္း ေျပာင္းလဲလာေစခဲ့သည္။ မၾကာေသးမီက ႐ုရွားႏိုင္ငံ ခါဆန္ ၿမိဳ႕တြင္ က်င္းပခဲ့သည့္ BRICS ထိပ္သီးအစည္းအေဝးတြင္ ႐ုရွား၊ တ႐ုတ္ႏွင့္ အိႏၵိယႏိုင္ငံတို႔သည္ ငါးႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ပုံမွန္ေဆြးေႏြးပြဲတစ္ရပ္ က်င္းပခဲ့သည္။
တ႐ုတ္ႏွင့္ အိႏၵိယႏိုင္ငံတို႔သည္ အဓိက ကုန္သြယ္ဖက္ႏိုင္ငံမ်ားလည္း ျဖစ္ၾကသည္။ သို႔ေသာ္ ႏွစ္ႏိုင္ငံ ဆက္ဆံေရးတြင္ တင္းမာမႈမ်ားလည္း ရွိေန ျပန္သည္။ မေျဖရွင္းႏိုင္ေသးသည့္ နယ္စပ္အျငင္း ပြားမႈေၾကာင့္ (၂၀၂၀)ျပည့္ႏွစ္၊ (၂၀၂၁) ခုႏွစ္၊ (၂၀၂၂)ခုႏွစ္တို႔တြင္ တင္းမာမႈမ်ားျဖစ္ပြားကာ ဆယ္ စုႏွစ္မ်ားအတြင္း အင္အားႀကီးႏိုင္ငံႏွစ္ခုၾကား အဆိုး႐ြားဆုံး ထိပ္တိုက္ရင္ဆိုင္မႈမ်ား ျဖစ္ခဲ့သည္။
တ႐ုတ္ႏွင့္ အိႏၵိယႏွစ္ႏိုင္ငံတို႔သည္ သဘာဝအရ ၿပိဳင္ဘက္မ်ား ျဖစ္ၾကသည္။ ကမာၻေပၚတြင္ လူဦးေရအမ်ားဆုံးႏွစ္ႏိုင္ငံလည္းျဖစ္ၾကၿပီး ကမာၻ႔လူဦးေရ၏ (၃၆) ရာခိုင္ႏႈန္းခန႔္ရွိသည္။ တ႐ုတ္ႏိုင္ငံ သည္ (၁၉၄၉) ခုႏွစ္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံတည္ေထာင္ခ်ိန္မွစ၍ တစ္ပါတီစနစ္ က်င့္သုံးခဲ့သည့္ ႏိုင္ငံျဖစ္ၿပီး အိႏၵိယႏိုင္ငံသည္ ကမာၻေပၚတြင္ လူဦးေရအမ်ားဆုံးႏိုင္ငံျဖစ္သည္။ တ႐ုတ္ႏိုင္ငံသည္ တစ္ရွိန္ထိုး တိုးတက္လာသကဲ့သို႔ အိႏၵိယႏိုင္ငံမွာလည္း တရိပ္ရိပ္တိုးတက္လာခဲ့သည္။ တ႐ုတ္ႏွင့္ အိႏၵိယႏွစ္ႏိုင္ငံလုံးသည္ န်ဴကလီးယားပိုင္ရွင္မ်ား ျဖစ္ၾကၿပီး ၎တို႔၏န်ဴကလီးယားတပ္ဖြဲ႕ဝင္ အင္ အားခ်ဲ႕ထြင္ေရးႏွင့္ ေခတ္မီေရးအတြက္ အပတ္တ ကုတ္ နည္းလမ္းရွာေဖြေနၾကသည္။
အိႏၵိယႏိုင္ငံ၏ မဟာဗ်ဴဟာအျမင္တြင္ တ႐ုတ္ႏိုင္ငံ၏ န်ဴကလီးယား အစီအစဥ္ကိုလည္း ထည့္ သြင္းစဥ္းစားသည္။ ပါကစၥတန္ႏိုင္ငံသည္ အိႏၵိ ယႏိုင္ငံ၏ အႀကီးမားဆုံး လုံၿခဳံေရးစိုးရိမ္မႈအျဖစ္ အၿမဲ ထည့္သြင္း စဥ္းစားသည္။ တ႐ုတ္ႏွင့္ ပါကစၥတန္ႏိုင္ငံတို႔သည္ ကာလရွည္ၾကာကတည္းက မဟာ ဗ်ဴဟာ မိတ္ဖက္မ်ားျဖစ္ခဲ့ၾကသည္။ အခ်ိဳ႕ေသာ ေဒသတြင္းႏိုင္ငံမ်ားသည္ တ႐ုတ္ႏိုင္ငံကို ၿခိမ္းေျခာက္မႈ အျဖစ္ ရႈျမင္ၾကရာ ယင္းမွာ ေဒသတြင္းလုံၿခဳံေရးအေပၚ စိုးရိမ္စရာျဖစ္လာသည္။ အဆိုပါအရွိတရားကို BRICS ထိပ္သီးအစည္းအေဝးတြင္ လ်စ္လ်ဴမရႈသင့္ဟု ေထာက္ျပလာၾကသည္။
အိႏၵိယႏိုင္ငံသည္ (၁၉၇၄) ခုႏွစ္ကတည္းက န်ဴကလီးယားစြမ္းအင္ရရွိလာခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္ အိႏၵိယႏိုင္ငံသည္ န်ဴကလီးယားကို ၎၏နယ္စပ္တြင္ တိုက္႐ိုက္ၿခိမ္းေျခာက္လာျခင္းအေပၚ ႀကိဳတင္ ဟန႔္တားလိုမႈအရ ခ်ဥ္းကပ္ခဲ့ျခင္းသာျဖစ္သည္။ ပထမၿခိမ္းေျခာက္မႈမွာ ပါကစၥတန္ႏိုင္ငံမွ ျဖစ္ၿပီး ဒုတိယၿခိမ္းေျခာက္မႈအျဖစ္ တ႐ုတ္ႏိုင္ငံကိုသတ္မွတ္ထားျခင္းျဖစ္သည္။ သို႔ေသာ္ အိႏၵိယႏိုင္ငံသည္ ၎၏န်ဴကလီးယားလက္နက္ကို အရပ္ဘက္၏ အမိန႔္ ေပးထိန္းခ်ဳပ္မႈေအာက္တြင္ ထိန္းသိမ္းထားဆဲ ျဖစ္ၿပီး ႏိုင္ငံအတြက္အေရးပါသည့္အက်ိဳးစီးပြားမ်ားကို တိုက္ခိုက္ျခင္းမျပဳသမွ် လက္တုံ႔ျပန္တိုက္ခိုက္ ျခင္းမ်ိဳး ျပဳလုပ္မည္မဟုတ္ဆိုသည့္ မူဝါဒကို ကိုင္စြဲထားသည္။
ပါကစၥတန္ႏိုင္ငံသည္ အိႏၵိယႏိုင္ငံ၏ ျပည္တြင္းလုံၿခဳံေရးအတြက္ ၿခိမ္းေျခာက္မႈ ျဖစ္သည္။ အိႏၵိယႏိုင္ငံအေနျဖင့္ တ႐ုတ္ႏိုင္ငံႏွင့္တင္းမာမႈျဖစ္ လာျခင္းသည္ ၎၏ န်ဴကလီးယားလက္နက္မ်ား ကို တာေဝးအထိ ပစ္ခတ္ႏိုင္ေအာင္ ရည္မွန္းခ်က္ ျဖစ္လာေစခဲ့သည္။ အိႏၵိယႏိုင္ငံ၏ တိုက္ခ်င္းပစ္ မစ္ ဆိုင္းစြမ္းရည္မ်ားသည္ တ႐ုတ္ႏိုင္ငံ၏ အတြင္းပိုင္းအထိ ေရာက္ရွိေအာင္ ပစ္ခတ္ႏိုင္စြမ္းရွိသည္။ န်ဴကလီးယားႏွင့္ပတ္သက္၍ အိႏၵိယႏိုင္ငံ၏ မူဝါဒသုံးရပ္ ရွိ သည္။ ပထမတစ္ခ်က္မွာ န်ဴကလီးယား လက္နက္ကို ပထမစတင္အသုံးမျပဳ(no first use)ဆိုသည့္ အခ်က္ပင္ျဖစ္သည္။ အိႏၵိယႏိုင္ငံသည္ အၾကမ္းမဖက္ေရးအစဥ္အလာကို ဆက္လက္ကိုင္စြဲထား သည္။ အိႏၵိယႏိုင္ငံအေနျဖင့္ န်ဴကလီးယားကို ႀကိဳတင္ဟန႔္တားေရးလက္နက္အျဖစ္ တင္းတင္းၾကပ္ ၾကပ္ ထိန္းခ်ဳပ္ထားၿပီး ပထမဆုံးအတိုက္ခံရ မွသာလွ်င္ လက္တုံ႔ျပန္တိုက္ခိုက္မည္ ျဖစ္သည္။ ဒုတိယအခ်က္မွာ ႀကီးႀကီးမားမား လက္စားေခ် တိုက္ခိုက္ရန္ လိုအပ္လာသည့္အခ်ိန္ျဖစ္သည္။ န်ဴကလီးယား လက္နက္ျဖင့္ လက္စားေခ်တိုက္ခိုက္ရန္ လိုအပ္လာၿပီဟု ခံစားရသည့္အခ်ိန္ေရာက္မွသာ တိုက္ခိုက္မည္ ျဖစ္သည္။ ထိုသို႔ခံစားရပါက န်ဴကလီး ယား လက္နက္မ်ားကို မည္သည့္အခ်ိန္တြင္ ျဖန႔္ၾကက္မည္၊ မည္ သည့္ေနရာတြင္ ျဖန႔္ၾကက္မည္ ဆိုသည္ကို ဆုံးျဖတ္မည္ျဖစ္သည္။ တတိယအခ်က္မွာ အိႏၵိယႏိုင္ငံသည္ န်ဴကလီးယားလက္နက္ကို စစ္ပြဲလက္နက္အျဖစ္ လက္ခံထားျခင္းမဟုတ္ဘဲ မဟာဗ်ဴဟာေျမာက္ ႀကိဳတင္ဟန႔္တားေရး လက္နက္အျဖစ္သာ လက္ခံထားျခင္းပင္ ျဖစ္သည္။
ဝန္ႀကီးခ်ဳပ္မိုဒီလက္ထက္ န်ဴကလီးယား တပ္ဖြဲ႕မ်ားတိုးခ်ဲ႕ရန္ အိႏၵိယႏိုင္ငံ၏ ႀကိဳးပမ္းမႈသည္ လက္တုံ႔ျပန္တိုက္ခိုက္ႏိုင္စြမ္း ျမင့္မားေရးအတြက္ ႀကိဳးပမ္းေနျခင္းသာျဖစ္သည္။ န်ဴကလီးယား တပ္ဖြဲ႕ ဝင္မ်ားတိုးခ်ဲ႕ရာတြင္ ေျမျပင္အေျခစိုက္တပ္ဖြဲ႕မ်ား သာမက ပင္လယ္ျပင္အေျခစိုက္ တပ္ဖြဲ႕ဝင္မ်ားပါ တိုး ခ်ဲ႕ေနျခင္းျဖစ္သည္။ အိႏၵိယႏိုင္ငံသည္ (၂၀၁၆) ခုႏွစ္ကတည္းက ေျမျပင္အေျခစိုက္ ေဘာလစ္စတစ္ မစ္ဆိုင္း အမ်ိဳးအစားသစ္မ်ား ပိုမိုတိုးတက္လာျခင္း ပင္ျဖစ္သည္။ (၂၀၂၂) ခုႏွစ္အထိ ခန႔္မွန္းခ်က္အရ အိႏၵိယႏိုင္ငံတြင္ န်ဴကလီးယားထိပ္ဖူး (၁၆၀)အထိ ပိုင္ဆိုင္ထားသည္ဟု ခန႔္မွန္းရသည္။
အထက္ေဖာ္ျပပါအခ်က္မ်ားအရ အိႏၵိယ ႏိုင္ငံသည္ န်ဴကလီးယားႏွင့္ပတ္သက္၍ လက္တုံ႔ ျပန္ တိုက္ခိုက္ေရးအတြက္သာ ရည္မွန္းထားျခင္း ျဖစ္ သည္။ န်ဴကလီးယားလက္နက္သုံးၿပီး လက္တုံ႔ျပန္ တိုက္ခိုက္ေရးဆိုသည္မွာလည္း ၎၏ ပင္မအက်ိဳး စီးပြားမ်ားကို ထိပါးလာမွသာလွ်င္ တိုက္ခိုက္ရန္ ဆုံး ျဖတ္ထားျခင္းျဖစ္သည္။ အိႏၵိယႏိုင္ငံအေနျဖင့္ န်ဴကလီးယားတပ္ဖြဲ႕ဝင္အင္အားမ်ား တိုးခ်ဲ႕လာျခင္း သည္ ႏိုင္ငံေရးအရလည္းေကာင္း၊ လုံၿခဳံေရးအရ လည္းေကာင္း ထည့္သြင္းစဥ္းစားၿပီး ၎၏ ေခတ္မီ တပ္မေတာ္ႏွင့္ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ႀကိဳး ပမ္းလာျခင္းျဖစ္သည္။
ပါကစၥတန္ႏွင့္ မတူသည့္အခ်က္မွာ အိႏၵိယႏိုင္ငံ၏ န်ဴကလီးယားျဖင့္ ႀကိဳတင္ဟန႔္တားေရး အစီ အစဥ္မွာ န်ဴကလီးယားလက္နက္ပိုင္ဆိုင္သည့္ ႏိုင္ငံႏွစ္ႏိုင္ငံကို ဦးတည္ထားျခင္းျဖစ္သည္။ ၎၏ န်ဴကလီးယားလက္နက္မွာ တ႐ုတ္ႏိုင္ငံအတြင္းပိုင္း အထိ ေရာက္ေအာင္ပစ္ခတ္ႏိုင္စြမ္းရွိေသာ္လည္း အဓိကဦးတည္ခ်က္မွာ ပါကစၥတန္ႏိုင္ငံျဖစ္သည္။ ပါကစၥတန္ႏိုင္ငံသည္ အိႏၵိယႏိုင္ငံ၏ ပင္မဦးတည္ ပစ္မွတ္ျဖစ္ၿပီး ႏွစ္ႏိုင္ငံၾကားစစ္ပြဲမ်ားမွာ (၁၉၄၈) ခုႏွစ္ကတည္းကျဖစ္ပြားခဲ့ရာ မၾကာေသးမီႏွစ္မ်ား အထိပင္ျဖစ္သည္။
ပါကစၥတန္ႏိုင္ငံ၏ အိႏၵိယႏိုင္ငံအေပၚ လုံၿခဳံေရးအရ ၿခိမ္းေျခာက္ႏိုင္စြမ္းမွာလည္း နယ္စပ္ ကိစၥတစ္ ခုတည္းတင္ မဟုတ္ပါ။ ပါကစၥတန္ႏိုင္ငံသည္ အိႏၵိယႏိုင္ငံ၏အမ်ိဳးသား လုံၿခဳံေရးကိုထိပါးေစသည့္ အၾကမ္းဖက္အဖြဲ႕မ်ားကို စစ္ေရးအကူအညီမ်ား အႀကိမ္ႀကိမ္ေပးအပ္ခဲ့သည့္ သာဓကမ်ားရွိသည္။ အိႏၵိ ယႏိုင္ငံအေနျဖင့္ (၁၉၈၀)ျပည့္ႏွစ္တြင္ ပါကစၥတန္ႏိုင္ငံႏွင့္ စစ္ေရးအရ တင္းမာမႈမ်ား ႀကဳံေတြ႕ခဲ့ရေသာ္ လည္း ၎၏ မဟာဗ်ဴဟာရည္မွန္းခ်က္ျဖစ္သည့္ န်ဴကလီးယားလက္နက္ကို လက္တုံ႔ျပန္တိုက္ခိုက္ ေရးလက္နက္အျဖစ္ အသုံးျပဳမည္ဆိုသည့္ အခ်က္အား စြန႔္လႊတ္ျခင္းမရွိခဲ့ပါ။
(၁၉၇၄) ခုႏွစ္တြင္ န်ဴကလီးယားလက္နက္ စမ္းသပ္မႈ ျပဳလုပ္ခဲ့ေသာ္လည္း ၿငိမ္းခ်မ္းစြာ အသုံးျပဳေရးအတြက္သာျဖစ္ေၾကာင္း အခ်က္ျပခဲ့သည္။ (၁၉၉၉)ခုႏွစ္တြင္ ပါကစၥတန္တပ္ဖြဲ႕မ်ားသည္ အိႏၵိယတို႔ထိန္းခ်ဳပ္ထားသည့္ Jammu ႏွင့္ Kashmir ေဒသမ်ားအထိ ဝင္ေရာက္ခဲ့ဖူးသည္။ ထိုစဥ္က အိႏၵိယတို႔သည္ ပါကစၥတန္တပ္ ဖြဲ႕မ်ား၏ ခ်ိဳးေဖာက္ဝင္ေရာက္မႈအေပၚ န်ဴကလီးယား တပ္ဖြဲ႕ျဖင့္ လက္တုံ႔ျပန္တိုက္ခိုက္သည့္နည္းလမ္းကို ေ႐ြးခ်ယ္ခဲ့ျခင္း မရွိခဲ့ပါ။ ယင္းမွာ အိႏၵိယႏိုင္ငံက ကိုင္စြဲထား သည့္ န်ဴကလီးယားလက္နက္ကို ပထမဆုံး အသုံးျပဳမည္မဟုတ္ဆိုသည့္ မူဝါဒခိုင္ၿမဲေၾကာင္း သက္ေသ ျပလိုက္ျခင္းပင္ ျဖစ္သည္။
အိႏၵိယႏိုင္ငံ၏ န်ဴကလီးယားလက္နက္ ပထမဆုံးအသုံးမျပဳေရး ကတိကဝတ္မွာ ဟိႏၵဴတို႔၏ အၾကမ္းမဖက္ေရး စံႏႈန္းမ်ားႏွင့္လည္း ဆက္ႏႊယ္ေနသည္။ အၾကမ္းမဖက္ေရးအစဥ္အလာမွာ နယ္ခ်ဲ႕ၿဗိ တိသွ်တို႔ကို အၾကမ္းမဖက္ေရးလမ္းစဥ္ျဖင့္ အန္တု ခဲ့သည့္ ဂႏၵီ၏လမ္းစဥ္လည္းျဖစ္သည္။ န်ဴကလီး ယားလက္နက္ထုတ္လုပ္ရန္ ဆုံးျဖတ္ခဲ့ရျခင္းသည္ပင္လွ်င္ လုံၿခဳံေရးအရၿခိမ္းေျခာက္မႈ ျမင့္တက္လာ ျခင္းေၾကာင့္ျဖစ္သည္။ အိႏၵိယႏိုင္ငံ၏အႏၲိမရည္မွန္းခ်က္မွာ န်ဴကလီးယားလက္နက္ ကင္းစင္သည့္ ကမာၻႀကီး ျဖစ္ေစေရးပင္ျဖစ္သည္။ သို႔ေသာ္ အၾကမ္းမဖက္ေရးမဟာဗ်ဴဟာကို အိႏၵိယႏိုင္ငံ၏ မဟာဗ်ဴဟာတြင္ ထည့္သြင္းထားျခင္းအေပၚ ေမးခြန္းထုတ္မႈမ်ား ရွိလာသည္။
အိႏၵိယႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ မဟာဗ်ဴ ဟာေျမာက္ကိစၥရပ္မ်ားကို မည္သို႔ နားလည္လက္ခံမည္ ဆိုသည္မွာ စိတ္ဝင္စားဖြယ္ျဖစ္သည္။ တ႐ုတ္ႏိုင္ငံသည္ ေဒသတြင္းတြင္ ဩဇာႀကီးမားလာသည္မွာ သံသယ ျဖစ္စရာမရွိပါ။ ကမာၻလုံးဆိုင္ရာ လုံၿခဳံေရးျမင္ကြင္းမွာ အႏၲရာယ္ေခ်ာက္ကမ္းပါးတြင္ အဆက္ မျပတ္ေျပာင္းလဲေနသည္။ အိႏၵိယႏိုင္ငံအေနျဖင့္ ၎၏ လက္ေဟာင္းမူဝါဒကို ဆက္လက္ကိုင္စြဲထား ရန္ ျဖစ္ႏိုင္ပါမည္လား ဆိုသည္မွာလည္း ေမးခြန္းထုတ္စရာ ျဖစ္လာေနၿပီ ျဖစ္သည္။ အိႏၵိယႏိုင္ငံရွိ မဟာဗ်ဴဟာေရးဆြဲသူမ်ားအေနျဖင့္ န်ဴကလီးယား ႏွင့္ပတ္သက္၍ လက္ရွိ စိန္ေခၚမႈမ်ားကို ရင္ဆိုင္ ႏိုင္မည့္ သေဘာထားအျမင္တစ္ရပ္ထားရွိရန္ လိုအပ္ေနၿပီဆိုသည့္ အယူအဆမ်ားရွိလာၿပီ ျဖစ္ေၾကာင္း တင္ျပရသည္။