တောင်ကိုရီးယားမှာ ရထားစပယ်ယာ ၄ မိနစ်ကြာ အိမ်သာတက်နေခြင်းကြောင့် ရထား ၁၂၅ စီးအချိန်နှောင့်နှေးခဲ့ရ
6398
ရောင်နီ (NP News) - နိုဝင်ဘာ ၂၉
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မြေအောက်ရထားလိုင်း အမှတ် ၂ မှာ နိုဝင်ဘာ ၂၅ ရက်က ရထားစပယ်ယာတစ်ဦး အရေးပေါ်အိမ်သာ ဝင်နေခြင်းကြောင့် ရထား ၁၂၅ စီး မိနစ် ၂၀ လောက် နောက်ကျခဲ့ရတယ်လို့ သိရပါတယ်။
နံနက် ၈ နာရီ၊ ၁၁ မိနစ် အချိန်က ရထားမောင်းနှင်ပေါ်လိုက်ပါလာတဲ့ စပယ်ယာဟာ အပေါ့၊ အလေးသွားလိုတာကြောင့် ရထားပေါ်ကဆင်းပြီး ဘူတာထဲက အိမ်သာကို အသုံးပြုခဲ့ပါတယ်။ သန့်စင်ခန်းသုံးပြီးနောက် ၄ မိနစ်နဲ့ ၁၆ စက္ကန့်အတွင်း ရထားပေါ် ပြန်ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီကိစ္စရပ်ကြောင့် အခြားရထား ၁၂၅ ဟာလည်း အချိန်နှောင့်နှေးခဲ့ပြီး မူလဆိုက်ရောက်ချိန်ထက် မိနစ် ၂၀ နောက်ကျခဲ့ရတယ်လို့ ဆိုးလ်မက်ထရိုရဲ့ပြောကြားချက်အရ သိရပါတယ်။
ဒါပေမယ့် ရထားတွေက ပုံမှန်အတိုင်းပဲ အချိန်ပိုင်းခြားပြီး ဆိုက်ရောက်ထွက်ခွာနေတာကြောင့် ခရီးသည်တွေအတွက် ကြီးကြီးမားမား အဆင်မပြေဖြစ်နိုင်စရာမရှိပါဘူးလို့ ၎င်းက ဆိုပါတယ်။
တောင်ကိုရီးယားမှာ မြို့ပတ်ရထားလမ်းတွေကို မောင်းနှင်တဲ့စပယ်ယာတွေဟာ ခေတ္တရပ်နားခြင်း
မရှိဘဲ နှစ်နာရီကနေ သုံးနာရီအထိ တဆက်တည်း အလုပ်လုပ်ကြရတာဖြစ်ပါတယ်။
Zawgyi Version;
ေတာင္ကိုရီးယားမွာ ရထားစပယ္ယာ ၄ မိနစ္ၾကာ အိမ္သာတက္ေနျခင္းေၾကာင့္ ရထား ၁၂၅ စီးအခ်ိန္ေႏွာင့္ေႏွးခဲ့ရ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၉
ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕ေျမေအာက္ရထားလိုင္း အမွတ္ ၂ မွာ ႏိုဝင္ဘာ ၂၅ ရက္က ရထားစပယ္ယာတစ္ဦး အေရးေပၚအိမ္သာ ဝင္ေနျခင္းေၾကာင့္ ရထား ၁၂၅ စီး မိနစ္ ၂၀ ေလာက္ ေနာက္က်ခဲ့ရတယ္လို႔ သိရပါတယ္။
နံနက္ ၈ နာရီ၊ ၁၁ မိနစ္ အခ်ိန္က ရထားေမာင္းႏွင္ေပၚလိုက္ပါလာတဲ့ စပယ္ယာဟာ အေပါ့၊ အေလးသြားလိုတာေၾကာင့္ ရထားေပၚကဆင္းၿပီး ဘူတာထဲက အိမ္သာကို အသုံးျပဳခဲ့ပါတယ္။ သန႔္စင္ခန္းသုံးၿပီးေနာက္ ၄ မိနစ္နဲ႔ ၁၆ စကၠန႔္အတြင္း ရထားေပၚ ျပန္ေရာက္လာခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီကိစၥရပ္ေၾကာင့္ အျခားရထား ၁၂၅ ဟာလည္း အခ်ိန္ေႏွာင့္ေႏွးခဲ့ၿပီး မူလဆိုက္ေရာက္ခ်ိန္ထက္ မိနစ္ ၂၀ ေနာက္က်ခဲ့ရတယ္လို႔ ဆိုးလ္မက္ထ႐ိုရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။
ဒါေပမယ့္ ရထားေတြက ပုံမွန္အတိုင္းပဲ အခ်ိန္ပိုင္းျခားၿပီး ဆိုက္ေရာက္ထြက္ခြာေနတာေၾကာင့္ ခရီးသည္ေတြအတြက္ ႀကီးႀကီးမားမား အဆင္မေျပျဖစ္ႏိုင္စရာမရွိပါဘူးလို႔ ၎က ဆိုပါတယ္။
ေတာင္ကိုရီးယားမွာ ၿမိဳ႕ပတ္ရထားလမ္းေတြကို ေမာင္းႏွင္တဲ့စပယ္ယာေတြဟာ ေခတၱရပ္နားျခင္း
မရွိဘဲ ႏွစ္နာရီကေန သုံးနာရီအထိ တဆက္တည္း အလုပ္လုပ္ၾကရတာျဖစ္ပါတယ္။