ဒေါ်လာ ၈.၃ သန်းနဲ့ဝယ်ယူထားတဲ့ ငှက်ပျောသီးကို Crypto သူဌေး ဂျက်စတင်ဆမ်က မြိန်ရည်ယှက်ရည် စားပြ

2233
ရောင်နီ (NP News) - နိုဝင်ဘာ ၃ဝ
နာမည်ကြီး ငှက်ပျောသီးကို တိပ်ကပ်ထားတဲ့ အံ့ဖွယ်အနုပညာကို ဒေါ်လာ ၈.၃ သန်းနဲ့ဝယ်ယူခဲ့တဲ့ Crypto လုပ်ငန်းရှင်ဂျက်စတင်ဆမ်က အဆိုပါ အနုပညာ ငှက်ပျောသီးကို နိုဝင်ဘာ ၂၉ ရက်မှာ စားပြခဲ့ပါတယ်။
"အခြားငှက်ပျောသီးတွေထက် အများကြီး ပိုကောင်းပါတယ်” လို့ မစ္စတာဆမ်က ပြောပါတယ်။
အဆိုပါ ငှက်ပျောသီးအနုပညာဟာ အီတလီအနုပညာရှင် မောရစ်ဇိုကတ်တယ်လန်က ဖန်တီးထားတဲ့ စိတ်ကူး လက်ရာဖြစ်ပြီး ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ Sotheby လေလံပွဲမှာ Mr Sun မှာ လေလံဆွဲရောင်းချခဲ့တာဖြစ်ပါတယ်။
ပထမ ၁ဝ စက္ကန့်အတွင်း လေလံအောင်ခဲ့တာဖြစ်ပြီး Crypto သူဌေး ဂျက်စတင်ဆမ်က ဝယ်ယူခဲ့တာဖြစ်ပါတယ်။
မစ္စတာဆမ်ဟာ ယခုသီတင်းပတ်အတွင်းမှာပဲ အမေရိကန်သမ္မတဒေါ်နယ်ထရန့် ကျောထောက်နောက်ခံပြုတဲ့ ကမ္ဘာ့ Liberty Financial မှာ အမေရိကန်ဒေါ်လာ သန်း ၃၀ ရင်းနှီးမြှုပ်နှံထားသေးတယ်လို့ သိရပါတယ်။
Zawgyi Version;
ေဒၚလာ ၈.၃ သန္းနဲ႔ဝယ္ယူထားတဲ့ ငွက္ေပ်ာသီးကို Crypto သူေဌး ဂ်က္စတင္ဆမ္က ၿမိန္ရည္ယွက္ရည္ စားျပ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၃ဝ
နာမည္ႀကီး ငွက္ေပ်ာသီးကို တိပ္ကပ္ထားတဲ့ အံ့ဖြယ္အႏုပညာကို ေဒၚလာ ၈.၃ သန္းနဲ႔ဝယ္ယူခဲ့တဲ့ Crypto လုပ္ငန္းရွင္ဂ်က္စတင္ဆမ္က အဆိုပါ အႏုပညာ ငွက္ေပ်ာသီးကို ႏိုဝင္ဘာ ၂၉ ရက္မွာ စားျပခဲ့ပါတယ္။
"အျခားငွက္ေပ်ာသီးေတြထက္ အမ်ားႀကီး ပိုေကာင္းပါတယ္” လို႔ မစၥတာဆမ္က ေျပာပါတယ္။
အဆိုပါ ငွက္ေပ်ာသီးအႏုပညာဟာ အီတလီအႏုပညာရွင္ ေမာရစ္ဇိုကတ္တယ္လန္က ဖန္တီးထားတဲ့ စိတ္ကူး လက္ရာျဖစ္ၿပီး ၿပီးခဲ့တဲ့သီတင္းပတ္က အေမရိကန္ႏိုင္ငံ၊ နယူးေယာက္ၿမိဳ႕ရွိ Sotheby ေလလံပြဲမွာ Mr Sun မွာ ေလလံဆြဲေရာင္းခ်ခဲ့တာျဖစ္ပါတယ္။
ပထမ ၁ဝ စကၠန႔္အတြင္း ေလလံေအာင္ခဲ့တာျဖစ္ၿပီး Crypto သူေဌး ဂ်က္စတင္ဆမ္က ဝယ္ယူခဲ့တာျဖစ္ပါတယ္။
မစၥတာဆမ္ဟာ ယခုသီတင္းပတ္အတြင္းမွာပဲ အေမရိကန္သမၼတေဒၚနယ္ထရန႔္ ေက်ာေထာက္ေနာက္ခံျပဳတဲ့ ကမာၻ႔ Liberty Financial မွာ အေမရိကန္ေဒၚလာ သန္း ၃၀ ရင္းႏွီးျမႇဳပ္ႏွံထားေသးတယ္လို႔ သိရပါတယ္။