ထိုင်းနှင့် နယ်မြေပြဿနာမှ တစ်ဆင့်စောင့်ကြည့်ရမည့် UWSA ၏ နိုင်ငံတော် သစ္စာစောင့်သိမှု
1730
NP News - ဒီဇင်ဘာ ၁
‘ဦးခင်ညွန့်၊ ဦးသိန်းစိန်၊ ဦးတင်အောင်မြင့်ဦး၊ ပေါက်ယူချန်း၊ ဦးယွက်ဆစ်တို့ မသေသေးဘူး။ ထိုင်းဘက်မှာ သက်ဆင်နဲ့ ဝါတာနာချိုင်းတို့လည်း သက်ရှိထင်ရှား ရှိသေးတယ်။ ဘယ်သူပိုင်သလဲဆိုတာ သူတို့ အသိဆုံးပဲ’
အခြားမဟုတ်။ ထိုင်းအစိုးရနှင့် UWSA တောင်ပိုင်းစစ်ဒေသ(၁၇၁)တို့၏ ပြဿနာအ စပင်ဖြစ်သည်။
ထိုင်းတို့ သတ်မှတ်ပေးထားသော နောက်ဆုံးရက်သည် ဒီဇင်ဘာ(၁၈)ရက်ဖြစ်၏။ UWSA ‘ဝ’ တပ်ဖွဲ့ တောင်ပိုင်းစစ်ဒေသ(၁၇၁)က ၎င်းတို့နယ် မြေထဲကို ကျူးကျော်ထားသည်ဟု ထိုင်းအစိုးရနှင့် စစ်တပ်က ထုတ်ဖော် သတိပေးခဲ့ပြီးနောက် ဒီဇင်ဘာ (၁၈)ရက်နောက်ဆုံးထား၍ ဖယ်ရှားပေးရန် သို့မ ဟုတ် အကြောင်းပြန်ကြားချက် ပေးရန် အသိပေးထားသည်။ ထို့အတွက် ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် UWSA မှ ထိပ်တန်းအာဏာပိုင်(၆)ဦးနှင့် ထိုင်းအာဏာပိုင်တို့ နိုဝင်ဘာ(၁၈-၁၉)ရက်က သီးသန့်တွေ့ ဆုံခဲ့ခြင်းဖြစ်သည်။
ထိုတွေ့ဆုံမှုအတွင်း၌ ရက်သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပြီး သတင်းမီဒီယာများနှင့် ပြည်သူလူထုကြားတွင် ကျယ် ကျယ်လောင်လာင် ဖြစ်လာသည်မှာ နိုဝင်ဘာ(၂၅)ရက်မှသာ ဖြစ်၏။ ထိုင်းမီဒီယာများတွင် ဖော်ပြထားချက်အရ ထိုင်း စစ်တပ်ဘက်က စစ်ရေးပြင်ဆင်မှုများလုပ်ဆောင်နေသည်ဟုတွေ့ရပြီး ဆယ်စုနှစ်ချီကြာ ငြိမ်သက်နေသော နယ်မြေပိုင် ဆိုင်မှုပြဿနာအတွက် ယခုတစ်ကြိမ်တွင် ထိုင်းစစ်တပ်က တက်ကြွနေသည်ဟု ဆိုနိုင်သည်။ ထိုင်းတို့၏ အဆို အရ UWSA တောင်ပိုင်းစစ်ဒေသ(၁၇၁)သည် ထိုင်းနယ်မြေ အတွင်း၌ စခန်း(၉)ခုတိတိ ကျူးကျော် တည်ဆောက် တပ်စွဲထား သည်ဟုဆိုသည်။ ထိုကိစ္စအတွက် UWSA တပ်ဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဝင်၍ နယ်မြေပြန်သိမ်းတော့မည့် အနေအထား မျိုးဖြစ်နေကြောင်း သတင်းမီဒီယာမျိုးစုံက ပုံဖော်ရေးသားသည်။ ထိုရေးသားချက်များကြောင့် ချင်း ရိုင်-ချင်းမိုင်-မယ်ဟောင်ဆောင် ဒေသတစ်လွှားမှ ထိုင်းပြည်သူများနှင့် မြန်မာဘက်ခြမ်းမှ ပြည်သူများက စစ်ပွဲတစ်ခုဖြစ်လာ မည်ကို စိုးရိမ်နေကြသည်။ ထိုမှ တစ်ဆင့် နှစ်နိုင်ငံအဆင့် စစ်ပွဲများဖြစ်လာမည်ကို မလိုလားကြပေ။ ထိုင်းအာဏာ ပိုင်တို့က ထိုအသံများကိုကြား၏။
ထို့ကြောင့် သံတမန်နည်းလမ်းအရသာ ဖြေရှင်းမည်ဟု မီဒီယာများမှတစ်ဆင့် ထပ်ဆင့်အသိ ပေးခဲ့ရပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံရန် အရေးပေါ်စေလွှတ်ခဲ့ သည်။ ထိုနှစ်ဦးက နိုဝင်ဘာ (၂၇)ရက်တွင် သီးခြားတွေ့ဆုံကြပြီး နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းရေး အကြောင်း ဆွေးနွေး ကြပုံရသည်။ နယ်စပ်နယ်နိမိတ်ပြဿနာ ကျယ်လောင်လာချိန်၌ UWSA မှ ဦးညီရမ်းက ဤကဲ့သို့ ပြောသည်။ ‘‘ ဝ ပြည်တောင်ပိုင်း (၁၇၁) ဒေသဧရိယာအတွင်း တပ်စခန်း (၉)ခု ဖယ်ခိုင်းတာမှန်ပါတယ်။ ဒီလိုကိစ္စမျိုးက ကျွန်တော်တို့နဲ့ မပြီးဘူး။ နိုင်ငံတော်အချင်းချင်း ဆွေးနွေးရမယ့် ကိစ္စရပ်ဖြစ်တယ်။ နိုင်ငံတော်ခေါင်း ဆောင်ပိုင်းကိုလည်း သတင်းပို့ပြီး ပါပြီ။ ထိုင်းဘက်က အင်အားတိုးတယ်လို့သိရပြီး ကျွန်တော်တို့ဘက် ကတော့ ပုံမှန်အခြေအနေပါပဲ” ဟု ဦးညီရမ်းက ပြောသည်။
ထိုပြောကြားချက်အရ နိုဝင်ဘာ(၁၈-၁၉)ကတည်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ကိုယ်တိုင် သိရှိထားပြီးဖြစ်နိုင်သကဲ့သို့ အဖြေလည်းရှိထားပြီး ဖြစ်ပုံရသည်။ ဤနေရာတွင် အတိတ် ဖြစ်ရပ်များကို ပြန် လည်တူးဆွရန် လိုအပ်လာပြီလည်း ဖြစ်သည်။ ရှမ်းပြည်နယ် တာချီလိတ်မှစ၍ အောက်ပိုင်း ပုံပါ ကျင်ဒေသအထိ နယ်စပ်တစ်လျှောက်ဆက် စပ်နေသော နေရာများသည် UWSA ၏ မူရင်းဒေသ မဟုတ်ပေ။ ရှမ်းတိုင်း ရင်းသားများ သို့မဟုတ် ဦးယွက် ဆစ်တို့၏ RCSS က စိုးမိုးထားသော ဒေသများဖြစ်ခဲ့သည်။ သို့ဆိုလျှင် UWSA တပ်ဖွဲ့က တောင်ပိုင်း စစ်ဒေသအဖြစ် မည်သို့မည်ပုံရောက်လာသနည်း။ မည်သည့်အတွက်ကြောင့် ဆက်လက်ရှိနေပြီး မည် သည့်လုပ်ငန်းများဖြင့် ခြေကုပ်ယူထားသနည်း။ ထို့အတူ ထိုင်းနယ်မြေအတွင်းသို့စခန်းများ ကျူးကျော်ထားခြင်း ရှိနိုင်ပါ သလောဆိုသည့်မေးခွန်းများ ရှိနေသည်။ ‘‘ယွက်ဆစ်တို့ RCSS အဖွဲ့က ထိုင်း ကလူတွေကိုခေါ်ပြီး အဲဒီနယ်မြေတွေမှာ တပ်စွဲထား တယ်။ ဒို့ဆီက အစိုးရကနေပြီးတော့ အဲဒီနယ်မြေ တွေကနေ ဖယ်ခိုင်းတယ်။ သူတို့ကမဖယ်ဘူး။ ဗိုလ် ချုပ်ကြီး ခင်ညွန့်ကနေပြီးတော့ ပေါက်ယူချန်းကို ခေါ်ပြောတယ်။ ‘ဝ’စစ်သား (၁၀ဝဝ)လိုချင်တယ်။ ပေါက်ယူချန်းက ပြန်ပြောတာတော့ ဗိုလ်ချုပ်ကြီး ကျွန်တော်တို့ (၃၀ဝဝ)ပေးမယ်ပေါ့။ ဗိုလ်ချုပ်ကြီး ခင်ညွန့်က (၁၀ဝဝ)ဆိုရင်လောက်ပြီ ဆိုပြီးတော့ တပ်မတော်နဲ့ပူးပေါင်းပြီး ပြန်တိုက်ယူခိုင်းတာ။ အဲဒီတုန်းက တြိဂံတိုင်း တိုင်းမှူးက ဦးသိန်းစိန်၊ ရမခတိုင်းမှူးက ဦးတင်အောင်မြင့်ဦး။ ဟိုဘက်က ဝန်ကြီးချုပ်က သက်ဆင်။ ပေါက်ယူချန်းနဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ သီးသန့်စ ကားပြောချိန်မှာ ဦးသိန်းစိန်ကတော့ ဝင်ထိုင်ပြီးနား ထောင်ခွင့်ရခဲ့တယ်။ ထိုင်းဘက်မှာ အမှတ်(၃) စစ်ဒေသ မှူးအဖြစ် ဝါတာနာချိုင်းဆိုတာရှိတယ်။ နောက်ပိုင်း သက်ဆင်က ဝါတာနာချိုင်းကို အဲဒီကိစ္စအတွက် ထုတ်ပယ်ပစ် လိုက်တယ်။ သက်ဆင်နဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ မြေပုံတွေချပြီး ကြည့်ကြတာမှာလည်း တို့ဘက်အခြမ်းမှာပါ တယ်ဆိုတာကို နောက်ပိုင်း သက်ဆင်က လက်ခံသွားတယ်။ အစပိုင်းမှာ RCSS နောက်ကနေပြီး သူတို့နယ်မြေပါလို့ ထိုင်းဘက်က တောင်းခဲ့ဖူးသေးတယ်’’ ဟု ထိုစဉ်က အဖြစ်အပျက် ကိုသိရှိသူ သတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။
ထိုနယ်မြေကို UWSA က ဆက်လက်စောင့် ရှောက်ခွင့်ရခဲ့ပြီး ယနေ့အထိ ပြန်ထွက်သွားခြင်း မရှိတော့ပေ။ ဆိုလိုသည်မှာ မူရင်းသည် RCSS ၏ နယ်မြေ ဖြစ်ခဲ့ကောင်းဖြစ်ခဲ့နိုင်သော်လည်း မြန်မာနိုင်ငံကိုပုန်ကန်၍ ထိုင်းအစိုးရ ၏ကျောထောက် နောက်ခံဖြင့် နယ်မြေစိုးမိုးရန်ကြံစည်ခြင်းကြောင့် UWSA က ကြားဝင် အပိုင်စားရသွားခြင်း မျိုးလည်း ဖြစ်သည်။ ထိုစဉ် မြန်မာအစိုးရကလည်း ထိုင်းအစိုးရ ကျောထောက်နောက်ခံ RCSS လက်ထဲ၌ ထိုနယ်မြေ ကိုထားရှိခြင်းထက် အစိုးရသစ္စာခံ UWSA လက်ထဲတွင်သာ ပုံအပ်ထားခြင်းမျိုးဖြစ်သည်။ သို့သော် UWSA တို့၏ သစ္စာခံမှုသည်ကား အချိန်ကာလ၏တိုက်စားမှုနှင့်အတူ အရောင်ပြောင်း/မပြောင်း တပ်အပ်မပြောနိုင်တော့ပေ။ ‘‘ နှစ် ပေါင်း (၂၄) နှစ်ကျော် ပြီလေ။ ‘ဝ’တပ်ဖွဲ့က မြန်မာအစိုးရအပေါ် သစ္စာရှိ /မရှိကတော့ အချိန်ကာလက ပြောင်းလဲ ပေးနိုင်တာပဲ။ ဒါပေမဲ့ နယ်မြေကတော့ မြန်မာပိုင်မြေပါ။ သတ်မှတ်နယ်နိမိတ်စည်းမျဉ်းကျော်ပြီး ‘ဝ’ တပ်ဖွဲ့ဘက်က တပ်စွဲ/မစွဲကတော့ မပြောတတ်သေးဘူး။ အရင်တုန်းကဖြစ်စဉ်နဲ့ဆိုရင် မြန်မာပိုင်နက်မြေဆိုတာ သေချာတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။ ဆိုလိုရင်းမှာ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် သက်ဆင်တို့၏ အတည်ပြုသဘောတူ ညီချက်အရ အငြင်းပွားစရာမရှိနိုင်သော်လည်း နောက်ပိုင်းကာလများအတွင်း၌ ထိုင်းနယ်မြေထဲအထိ ‘ဝ’ တပ်ဖွဲ့ ဘက်က နယ်မြေ ကျူးကျော်မှု ရှိ/မရှိကို အာမမခံနိုင်ခြင်းမျိုးလည်း ဖြစ်၏။ ထိုင်းသတင်းဌာနများ၏အဆိုအရ ‘ဝ’တပ်ဖွဲ့သည် နယ်စပ် စည်းမျဉ်းသတ် မှတ်ချက်များကိုကျော်၍ တပ်စခန်းချထားကြောင်းနှင့် ထိုနယ်မြေအတွင်းမှတစ်ဆင့် ထိုင်းနိုင်ငံကို ဖြတ်သန်း ၍မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်မှုများ လုပ်ဆောင်နေသည်ဟု ဆိုသည်။
အနီးစပ်ဆုံးအဖြစ် ‘ဝ’ တောင်ပိုင်းမှဖြတ် သန်းသယ်ဆောင်လာသော မူးယစ်ဆေးဝါးမျိုးစုံ (၂၆)သိန်းထက် မနည်းကို နိုဝင်ဘာ(၂၅)ရက်၌ ထိုင်း ရဲများက ဖမ်းဆီးရမိထားဖူးသည်။ ထိုသတင်းကိုလည်း နိုဝင်ဘာ(၂၇)ရက်တွင် ထိုင်းမီဒီယာများက ဖော်ပြကြသည်။ ထိုကိစ္စကို ‘ဝ’ တပ်ဖွဲ့ဘက်က ၎င်းတို့နှင့် မသက်ဆိုင်သယောင် အကျောတင်းတင်း နေပြသည်။ ထိုင်းအစိုးရဘက်က သံတမန်နည်းလမ်းကို ရွေးချယ် ချိန်အတွင်း၌ပင် ‘ဝ’တောင်ပိုင်းတပ်ဖွဲ့ဘက်က စစ် သင်တန်းဆင်းပွဲကို နိုဝင်ဘာ(၂၅)ရက်၌ လုပ်ပြသွားခဲ့သည်။
တောင်ပိုင်းဒေသအတွင်း၌ပင်လျှင် စစ်သည်အင်အား(၈၀ဝဝ)အထိ တိုးချဲ့သွားရန် စီစဉ် ထားကြောင်း ‘ဝ’ သတင်းအေဂျင်စီများမှတစ်ဆင့် ရည်ရွယ်ချက်ရှိရှိအသိပေးခဲ့သည်။ ဆိုလိုသည်မှာ ထိုင်းစစ်တပ်ဘက်က လှုပ်ရှား လာပါက ‘ဝ’တပ်ဖွဲ့ ဘက်ကလည်း တန်ပြန်တိုက်ခိုက်မည့်သဘောမျိုး ခပ်မာမာနေပြခြင်းပင်။ ‘ဝ’ တပ်ဖွဲ့ဘက်က စစ်ကိုလို လားဟန်ပြသနေခြင်းကို ထိုင်းအစိုးရကသာ သည်းမခံနိုင်ခဲ့ပါက နှစ်နိုင်ငံအစိုးရဆက်ဆံရေးပင်လျှင် ထိခိုက်နိုင် သည်။ ထို့ပြင် နှစ်နိုင်ငံစစ်ဖြစ်သွားနိုင်၏။ ‘ဝ’ တပ်ဖွဲ့သည် တောင်ပိုင်းစစ်ဒေသနယ်မြေကို မြန်မာအစိုးရ၏တာဝန်ပေး အပ်မှုအရ နယ်ခြားစောင့် တပ်ဆန်ဆန် နေထိုင်ရမည်ဖြစ်သည်။ သို့သော် ထိုနယ်မြေကို ၎င်းတို့ထံအပိုင်ပေး အပ်ထား ခြင်းဟု ယူ ဆနေဟန်ရှိသည်။
နိုင်ငံတစ်ဝန်းရှိ ရေ၊ မြေ၊ လေထု အားလုံးသည် နိုင်ငံတော်အပိုင်ဖြစ်၏။ ‘ဝ’ တပ်ဖွဲ့သာမက မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းမျှ အပိုင်ယူခွင့်မရှိပေ။ သို့သော် ထိုအချက်သည် (၂၀ဝ၈) ဖွဲ့စည်းပုံ စာအုပ် ထဲ၌သာ ရှိနေသည်ထင်ရ၏။ ‘ဝ’တောင်ပိုင်းဒေသသို့ ပြည်မမှမှတ်ပုံတင်ကိုင်ထားသူ မြန်မာတစ်ဦးက လွယ်လင့်တကူ ဝင်၍မရချေ။ ၎င်းတို့ အပိုင် စားနယ် မြေသဖွယ် ၎င်းတို့၏ကိုယ်ပိုင်အသိအမှတ်ပြုကတ် တစ်ခုခုကိုရယူပြီးမှသာလျှင် တောင်ပိုင်းဒေသသို့ဝင် ခွင့် ရသည်။ မြန်မာနိုင်ငံသား မှတ်ပုံတင်ကတ်ပြားသည် ‘ဝ’ တောင်ပိုင်းနှင့်မြောက်ပိုင်းဒေသတို့၌ တရားမဝင် ၍လော။ သို့မဟုတ် မြန်မာနိုင်ငံသားမှတ်ပုံတင်ကတ် ပြားသည် UWSA အတွက် အရေးစိုက်စရာမလို ဩဇာသက်ရောက်မှုမရှိ၍ လော။ သို့ဆိုလျှင် မြန်မာနိုင်ငံသားမှတ်ပုံတင်ကတ်ပြား ထုတ်ပေးထားသည့် အစိုးရအနေဖြင့် ‘ဝ’ ဒေသတွင် အစိုးမရ ကြောင်း မှတ်ပုံတင်ကတ်ပြား၌ ထည့်ရေးရန် လိုအပ်လာမည် ထင်၏။
ထိုင်းနှင့် အငြင်းပွားစရာဖြစ်နေသော တောင်ပိုင်းဒေသသည် UWSA တို့က ၎င်းတို့အပိုင်ဟု ယူဆထားသည် ဆိုပါက ထိုပြဿနာသည် UWSA နှင့် ထိုင်းတို့၏ပြဿနာဖြစ်ပြီး မြန်မာနိုင်ငံသားအားလုံးနှင့်မဆိုင်ဟုဆိုရမည်လော။ ဦးညီရမ်း၏ အဆိုအရ ထိုင်းနှင့်နယ်မြေအငြင်းပွားမှု ပြဿနာကို မြန်မာအစိုးရထံ အသိပေးတင်ပြထားသည်ဟု ဆို သည်။ ‘‘ပြဿနာဖြစ်လာတော့ မြန်မာအစိုးရကို ဟေ့ကောင်တွေ မင်းတို့လာရှင်းစမ်း။ ငါတို့ နေနေတာကို ဟိုကောင်တွေ လာရှုပ်နေတယ်ဆိုတဲ့ သဘောမျိုးနဲ့ အထက်စီးကြီးနဲ့ ပြောတာဗျ။ ကျွန်တော်တို့ကို ထိုင်းတွေကပြောနေပြီ။ စောင့် ရှောက်ပေးပါဦးလို့ အောက်ကျို့ခံတာမျိုး မဟုတ်ဘူးနော်။ ထိုင်း ဘက်ကလည်း နှစ်(၂၀)ကျော် အချိန်ယူစောင့်ဆိုင်း ပြင်ဆင်ပြီးတော့မှ ပြန်တောင်းတာ။ အရင်က သူတို့ ရှုံးဖူးတယ်လေ။ ‘ဝ’ဘက်ကလည်း ငါတို့ နိုင်ဖူးတာပဲ။ ချင်းရိုင်-မယ်ဆိုင်အထိ သိမ်းဖူးတယ်လေ။ အခု လည်း ငါတို့နိုင်မှာပဲ။ မနိုင်လည်း မြန်မာအစိုးရက ရှင်းမှာပဲဆိုတဲ့အကွက်မျိုးနဲ့ အကျောတင်းတင်း လုပ်နေတာဗျ။ ဒါကျွန်တော့်အမြင်ပဲ” ဟု UWSA နယ်မြေအတွင်းမှ သတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ လက်ထက်က ဆွေးနွေးခဲ့သောဖြစ်စဉ်နှင့် သဘောထားမတူသူ အဆိုပါ သတင်းရင်းမြစ်၏အဆိုအရ ‘ဝ’တပ်ဖွဲ့အနေဖြင့် ထိုင်းစစ်တပ်နှင့်တိုက်ပွဲဖြစ်ခဲ့မည်ဆိုပါက အသင့်ဖြစ်နေစေရေးအတွက် စစ်သားစု ဆောင်းမှု၊ စစ်ရေးပြင်ဆင်မှုများ ဆက်တိုက်လုပ် ဆောင်သည်ဟုဆိုသည်။
သို့သော်လည်း မြန်မာအစိုးရ၏သဘောထားကို စောင့်ဆိုင်းနားဆင်နေဦးမည့်သဘောမျိုး ဖြစ်ပြီး ထိုင်းဘက်က တောင်းဆိုသည့်အတိုင်း လိုက်နာလုပ်ဆောင်ပေးရန် မြန်မာအစိုးရက òန်ကြား လျှင်ပင် နားထောင်မည့်သဘောမျိုး မရှိကြောင်းဆိုသည်။ ‘‘ ညီရမ်းက ပြောတယ်။ မြန်မာအစိုးရနဲ့ ဆိုင်တယ်ဆိုတာ။ မြန်မာအစိုးရနဲ့ ဆိုင်တယ်ဆိုရင် မြန်မာအစိုးရရဲ့အုပ်ထိန်းမှုအောက်မှာ နေလေ။ အဲဒီ လိုကျတော့ လာမနေဘဲခပ်တည်တည်နဲ့ မူရင်းဒေ သခံမဟုတ်ဘဲ ဝင်ထိုင်နေတာ။ ဗိုလ်ချုပ်ကြီး ခင်ညွန့် တို့နဲ့ညှိပြီး လာထိုင်နေတာလေ။ တောင်ပိုင်း ‘ဝ’ဆိုတာ ‘ဝ’ တိုင်းရင်းသား၊ ‘ဝ’ တပ်ဖွဲ့နဲ့ ဘာမှမဆိုင် တဲ့နယ်မြေ”ဟု သတင်းရင်းမြစ်က ပြောသည်။ မြန်မာ-ထိုင်းနယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဆတ် မြို့နယ်၊ မိုင်းတုံမြို့နယ်၊ ဟွေအော်နှင့် ပုံပါကျင် ဒေသတို့အတွင်း၌ UWSA က မြို့နယ်ခုနစ်မြို့ နယ်သတ်မှတ်၍ နယ်မြေထိန်းချုပ်ထားသည့်အပြင် ‘ဝ’တောင်ပိုင်းဒေသ သို့မဟုတ် (၁၇၁) စစ်ဒေသဟု ခေါ်ဆိုသည်။ ထိုဒေသ၌ ‘ဝ’ လူမျိုးအပါအဝင် လူဦးရေ (၁၀ဝဝဝ၀) နှင့်အထက် နေထိုင်လိမ့်မည်ဟုလည်း ခန့်မှန်းရ သည်။ မည်သို့ပင်ဖြစ်စေ UWSA ၏ လုပ်ရပ်ကြောင့် ထိုင်း-မြန်မာချစ်ကြည် ရေးကို ထိခိုက်ရန်မသင့်ပေ။ ထိုင်းအစိုးရ ဘက်ကလည်း UWSA ၏ အချို့သောလုပ်ရပ်ကို မကျေနပ် သည့်တိုင် မြန်မာအစိုးရ လက်ရှိခေါင်းဆောင်နှင့် ချစ်ကြည် ရင်းနှီးမှုကို ထိခိုက်ခံမည့်ပုံ မပေါ်။ ထိုင်းဒုဝန်ကြီးချုပ်နှင့် ထိုင်းစစ်တပ်အကြီးအကဲတို့ကပင်လျှင် စစ်ပွဲဖြစ်မည်အထိ စိုးရိမ်စရာမလိုကြောင်း ထိုင်းမီဒီယာများတွင် ဖြေကြားအသိပေးနေသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေး ပုဂ္ဂိုလ်ကလည်း နေပြည်တော်သို့ ခရီးပြင်းနှင်လာ၏။ ၎င်းထံတွင် UWSA ၏ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှု ရာဇဝင်၊ နှစ်နိုင်ငံနယ်နိမိတ်ဂြိုဟ်တု ဓာတ်ပုံနှင့် ယခင်အတိတ်ကထက် UWSA ၏ နယ် မြေကျူးကျော်ထားမှုများကိုပါ ယူဆောင်လာလိမ့် မည်ဟု တွက်ဆချင်သည်။ အချက်အလက်အားလုံး သည်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စားပွဲပေါ်သို့ ရောက်ရှိနှင့်ပြီးလည်း ဖြစ်နိုင်သည်။
‘‘မူးယစ်ဆေးဝါး ကိစ္စကလည်း နာမည်ထွက်ပြီးသားဆိုတော့ အဲဒီ အပိုင်းကို ဘာမှစောဒကတက်စရာမလိုပါဘူး။ ဒါပေသိ မြေကျူးတယ်ဆိုရင် ကျူးတာက တစ်ကဏ္ဍပေါ့။ နှစ်နိုင်ငံနယ်နိမိတ်က နယ်နိမိတ်ပေါ့ဗျာ။ သီးခြားစီခွဲပြီး စီမံခန့်ခွဲလိမ့်မယ်ယူဆပါတယ်။ နယ်စပ်မျဉ်းကို ကျူးတာမျိုးလောက်နဲ့တော့ နှစ်နိုင်ငံစစ် တိုက်ရမယ့်အဆင့် မဟုတ်ပါ ဘူး။ သံတမန်ချင်း ရှင်းရမယ့်ကိစ္စ” ဟု ဦးခင်ညွန့်ခေတ် ဖြစ်ရပ်ကိုသိရှိသူ သတင်းရင်းမြစ်ကပြောသည်။
ဤနေရာတွင် မေးခွန်းထုတ်စရာများနှင့် သိရန်လိုအပ်သောကိစ္စများစွာ ရှိလာ၏။ နိုင်ငံတော်၏ စီမံခန့်ခွဲမှု အောက်တွင် UWSA က ရှိနေပါသလော။ နိုင်ငံတော်အပေါ် သစ္စာစောင့်သိကြပါသလော။ ထိုင်းနှင့်ကိစ္စကို နစက အစိုးရက သံတမန်နည်းလမ်းဖြင့် ဖြေရှင်းပေးနိုင်လျှင်ပင် UWSA က နစက၏အမိန့်ကို နာခံပါမည်လော။ UWSA မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသတို့၌ မှတ်ပုံတင်ကိုင်ထားသူ မြန် မာတစ်ဦးက (၂၀ဝ၈)ဖွဲ့စည်းပုံအခြေခံဥပဒေပါ အ တိုင်း လွတ်လပ်စွာသွားလာခွင့်နှင့် နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့်များ ရရှိပါမည်လော။ UWSA အနေဖြင့် ၎င်းတို့အုပ်ချုပ်နေသော နယ်မြေများအားလုံးကို နိုင်ငံတော်ကသာ ပိုင်ဆိုင်သည်ဆိုသည့်နားလည်မှု မျိုး ရှိနေပါသလော။ နိုင်ငံတော်ကပိုင်ဆိုင်သည်ဟု နားလည်ခြင်းဆိုရာတွင်လည်း စာရွက်ပေါ် သို့မဟုတ် နှုတ်ခမ်းဖျားပေါ်မှမဟုတ်ဘဲ ဥပဒေနှင့်အချုပ်အခြာ အာဏာပိုင်စိုးမှုအရ ဖြစ်တည်မှုကိုသာ ဆိုလိုသည်။ အချုပ်အားဖြင့် ဆိုရသော်။ ထိုင်းနှင့် ပြဿနာဖြစ်နေသည့် တောင်ပိုင်းနယ်မြေပြဿနာသည် UWSA အပေါ် နစကအစိုးရ၏ ဩဇာညောင်း မှုရှိမရှိကို လေ့လာခွင့်ရမည်ဖြစ်သကဲ့သို့ UWSA ၏ နိုင်ငံတော်နှင့် နိုင်ငံသူ၊နိုင်ငံသားများအပေါ် သစ္စာစောင့်သိမှုကို စမ်းသပ်ရမည့် အရေးလည်း ဖြစ်လာသည်။ ပြည်သူထူထုတစ်ရပ်လုံးအနေဖြင့် စေ့ငုစွာစောင့်ကြည့်ကြပါကုန်လော့။ UWSA အရေးနှင့် ပတ်သက်၍ ယခုတစ်ပတ်တွင် ဤမျှသာ။
Zawgyi Version;
ထိုင္းႏွင့္ နယ္ေျမျပႆနာမွ တစ္ဆင့္ေစာင့္ၾကည့္ရမည့္ UWSA ၏ ႏိုင္ငံေတာ္ သစၥာေစာင့္သိမႈ
NP News - ဒီဇင္ဘာ ၁
‘ဦးခင္ၫြန႔္၊ ဦးသိန္းစိန္၊ ဦးတင္ေအာင္ျမင့္ဦး၊ ေပါက္ယူခ်န္း၊ ဦးယြက္ဆစ္တို႔ မေသေသးဘူး။ ထိုင္းဘက္မွာ သက္ဆင္နဲ႔ ဝါတာနာခ်ိဳင္းတို႔လည္း သက္ရွိထင္ရွား ရွိေသးတယ္။ ဘယ္သူပိုင္သလဲဆိုတာ သူတို႔ အသိဆုံးပဲ’
အျခားမဟုတ္။ ထိုင္းအစိုးရႏွင့္ UWSA ေတာင္ပိုင္းစစ္ေဒသ(၁၇၁)တို႔၏ ျပႆနာအ စပင္ျဖစ္သည္။
ထိုင္းတို႔ သတ္မွတ္ေပးထားေသာ ေနာက္ဆုံးရက္သည္ ဒီဇင္ဘာ(၁၈)ရက္ျဖစ္၏။ UWSA ‘ဝ’ တပ္ဖြဲ႕ ေတာင္ပိုင္းစစ္ေဒသ(၁၇၁)က ၎တို႔နယ္ ေျမထဲကို က်ဴးေက်ာ္ထားသည္ဟု ထိုင္းအစိုးရႏွင့္ စစ္တပ္က ထုတ္ေဖာ္ သတိေပးခဲ့ၿပီးေနာက္ ဒီဇင္ဘာ (၁၈)ရက္ေနာက္ဆုံးထား၍ ဖယ္ရွားေပးရန္ သို႔မ ဟုတ္ အေၾကာင္းျပန္ၾကားခ်က္ ေပးရန္ အသိေပးထားသည္။ ထို႔အတြက္ ထိုင္းႏိုင္ငံခ်င္းမိုင္ၿမိဳ႕တြင္ UWSA မွ ထိပ္တန္းအာဏာပိုင္(၆)ဦးႏွင့္ ထိုင္းအာဏာပိုင္တို႔ ႏိုဝင္ဘာ(၁၈-၁၉)ရက္က သီးသန႔္ေတြ႕ ဆုံခဲ့ျခင္းျဖစ္သည္။
ထိုေတြ႕ဆုံမႈအတြင္း၌ ရက္သတ္မွတ္ေပးခဲ့ျခင္းျဖစ္ၿပီး သတင္းမီဒီယာမ်ားႏွင့္ ျပည္သူလူထုၾကားတြင္ က်ယ္ က်ယ္ေလာင္လာင္ ျဖစ္လာသည္မွာ ႏိုဝင္ဘာ(၂၅)ရက္မွသာ ျဖစ္၏။ ထိုင္းမီဒီယာမ်ားတြင္ ေဖာ္ျပထားခ်က္အရ ထိုင္း စစ္တပ္ဘက္က စစ္ေရးျပင္ဆင္မႈမ်ားလုပ္ေဆာင္ေနသည္ဟုေတြ႕ရၿပီး ဆယ္စုႏွစ္ခ်ီၾကာ ၿငိမ္သက္ေနေသာ နယ္ေျမပိုင္ ဆိုင္မႈျပႆနာအတြက္ ယခုတစ္ႀကိမ္တြင္ ထိုင္းစစ္တပ္က တက္ႂကြေနသည္ဟု ဆိုႏိုင္သည္။ ထိုင္းတို႔၏ အဆို အရ UWSA ေတာင္ပိုင္းစစ္ေဒသ(၁၇၁)သည္ ထိုင္းနယ္ေျမ အတြင္း၌ စခန္း(၉)ခုတိတိ က်ဴးေက်ာ္ တည္ေဆာက္ တပ္စြဲထား သည္ဟုဆိုသည္။ ထိုကိစၥအတြက္ UWSA တပ္ဖြဲ႕ႏွင့္ ထိပ္တိုက္ရင္ဆိုင္ တိုက္ပြဲဝင္၍ နယ္ေျမျပန္သိမ္းေတာ့မည့္ အေနအထား မ်ိဳးျဖစ္ေနေၾကာင္း သတင္းမီဒီယာမ်ိဳးစုံက ပုံေဖာ္ေရးသားသည္။ ထိုေရးသားခ်က္မ်ားေၾကာင့္ ခ်င္း ႐ိုင္-ခ်င္းမိုင္-မယ္ေဟာင္ေဆာင္ ေဒသတစ္လႊားမွ ထိုင္းျပည္သူမ်ားႏွင့္ ျမန္မာဘက္ျခမ္းမွ ျပည္သူမ်ားက စစ္ပြဲတစ္ခုျဖစ္လာ မည္ကို စိုးရိမ္ေနၾကသည္။ ထိုမွ တစ္ဆင့္ ႏွစ္ႏိုင္ငံအဆင့္ စစ္ပြဲမ်ားျဖစ္လာမည္ကို မလိုလားၾကေပ။ ထိုင္းအာဏာ ပိုင္တို႔က ထိုအသံမ်ားကိုၾကား၏။
ထို႔ေၾကာင့္ သံတမန္နည္းလမ္းအရသာ ေျဖရွင္းမည္ဟု မီဒီယာမ်ားမွတစ္ဆင့္ ထပ္ဆင့္အသိ ေပးခဲ့ရၿပီး ထိုင္းႏိုင္ငံျခားေရးဝန္ႀကီး၏ အႀကံေပးပုဂၢိဳလ္ကို ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ေတြ႕ဆုံရန္ အေရးေပၚေစလႊတ္ခဲ့ သည္။ ထိုႏွစ္ဦးက ႏိုဝင္ဘာ (၂၇)ရက္တြင္ သီးျခားေတြ႕ဆုံၾကၿပီး ႏွစ္ႏိုင္ငံနယ္စပ္ တည္ၿငိမ္ေအးခ်မ္းေရး အေၾကာင္း ေဆြးေႏြး ၾကပုံရသည္။ နယ္စပ္နယ္နိမိတ္ျပႆနာ က်ယ္ေလာင္လာခ်ိန္၌ UWSA မွ ဦးညီရမ္းက ဤကဲ့သို႔ ေျပာသည္။ ‘‘ ဝ ျပည္ေတာင္ပိုင္း (၁၇၁) ေဒသဧရိယာအတြင္း တပ္စခန္း (၉)ခု ဖယ္ခိုင္းတာမွန္ပါတယ္။ ဒီလိုကိစၥမ်ိဳးက ကြၽန္ေတာ္တို႔နဲ႔ မၿပီးဘူး။ ႏိုင္ငံေတာ္အခ်င္းခ်င္း ေဆြးေႏြးရမယ့္ ကိစၥရပ္ျဖစ္တယ္။ ႏိုင္ငံေတာ္ေခါင္း ေဆာင္ပိုင္းကိုလည္း သတင္းပို႔ၿပီး ပါၿပီ။ ထိုင္းဘက္က အင္အားတိုးတယ္လို႔သိရၿပီး ကြၽန္ေတာ္တို႔ဘက္ ကေတာ့ ပုံမွန္အေျခအေနပါပဲ” ဟု ဦးညီရမ္းက ေျပာသည္။
ထိုေျပာၾကားခ်က္အရ ႏိုဝင္ဘာ(၁၈-၁၉)ကတည္းက ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉး ႀကီး မင္းေအာင္လႈိင္ကိုယ္တိုင္ သိရွိထားၿပီးျဖစ္ႏိုင္သကဲ့သို႔ အေျဖလည္းရွိထားၿပီး ျဖစ္ပုံရသည္။ ဤေနရာတြင္ အတိတ္ ျဖစ္ရပ္မ်ားကို ျပန္ လည္တူးဆြရန္ လိုအပ္လာၿပီလည္း ျဖစ္သည္။ ရွမ္းျပည္နယ္ တာခ်ီလိတ္မွစ၍ ေအာက္ပိုင္း ပုံပါ က်င္ေဒသအထိ နယ္စပ္တစ္ေလွ်ာက္ဆက္ စပ္ေနေသာ ေနရာမ်ားသည္ UWSA ၏ မူရင္းေဒသ မဟုတ္ေပ။ ရွမ္းတိုင္း ရင္းသားမ်ား သို႔မဟုတ္ ဦးယြက္ ဆစ္တို႔၏ RCSS က စိုးမိုးထားေသာ ေဒသမ်ားျဖစ္ခဲ့သည္။ သို႔ဆိုလွ်င္ UWSA တပ္ဖြဲ႕က ေတာင္ပိုင္း စစ္ေဒသအျဖစ္ မည္သို႔မည္ပုံေရာက္လာသနည္း။ မည္သည့္အတြက္ေၾကာင့္ ဆက္လက္ရွိေနၿပီး မည္ သည့္လုပ္ငန္းမ်ားျဖင့္ ေျခကုပ္ယူထားသနည္း။ ထို႔အတူ ထိုင္းနယ္ေျမအတြင္းသို႔စခန္းမ်ား က်ဴးေက်ာ္ထားျခင္း ရွိႏိုင္ပါ သေလာဆိုသည့္ေမးခြန္းမ်ား ရွိေနသည္။ ‘‘ယြက္ဆစ္တို႔ RCSS အဖြဲ႕က ထိုင္း ကလူေတြကိုေခၚၿပီး အဲဒီနယ္ေျမေတြမွာ တပ္စြဲထား တယ္။ ဒို႔ဆီက အစိုးရကေနၿပီးေတာ့ အဲဒီနယ္ေျမ ေတြကေန ဖယ္ခိုင္းတယ္။ သူတို႔ကမဖယ္ဘူး။ ဗိုလ္ ခ်ဳပ္ႀကီး ခင္ၫြန႔္ကေနၿပီးေတာ့ ေပါက္ယူခ်န္းကို ေခၚေျပာတယ္။ ‘ဝ’စစ္သား (၁၀ဝဝ)လိုခ်င္တယ္။ ေပါက္ယူခ်န္းက ျပန္ေျပာတာေတာ့ ဗိုလ္ခ်ဳပ္ႀကီး ကြၽန္ေတာ္တို႔ (၃၀ဝဝ)ေပးမယ္ေပါ့။ ဗိုလ္ခ်ဳပ္ႀကီး ခင္ၫြန႔္က (၁၀ဝဝ)ဆိုရင္ေလာက္ၿပီ ဆိုၿပီးေတာ့ တပ္မေတာ္နဲ႔ပူးေပါင္းၿပီး ျပန္တိုက္ယူခိုင္းတာ။ အဲဒီတုန္းက ႀတိဂံတိုင္း တိုင္းမႉးက ဦးသိန္းစိန္၊ ရမခတိုင္းမႉးက ဦးတင္ေအာင္ျမင့္ဦး။ ဟိုဘက္က ဝန္ႀကီးခ်ဳပ္က သက္ဆင္။ ေပါက္ယူခ်န္းနဲ႔ ဗိုလ္ခ်ဳပ္ႀကီးခင္ၫြန႔္နဲ႔ သီးသန႔္စ ကားေျပာခ်ိန္မွာ ဦးသိန္းစိန္ကေတာ့ ဝင္ထိုင္ၿပီးနား ေထာင္ခြင့္ရခဲ့တယ္။ ထိုင္းဘက္မွာ အမွတ္(၃) စစ္ေဒသ မႉးအျဖစ္ ဝါတာနာခ်ိဳင္းဆိုတာရွိတယ္။ ေနာက္ပိုင္း သက္ဆင္က ဝါတာနာခ်ိဳင္းကို အဲဒီကိစၥအတြက္ ထုတ္ပယ္ပစ္ လိုက္တယ္။ သက္ဆင္နဲ႔ ဗိုလ္ခ်ဳပ္ႀကီး ခင္ၫြန႔္တို႔ ေျမပုံေတြခ်ၿပီး ၾကည့္ၾကတာမွာလည္း တို႔ဘက္အျခမ္းမွာပါ တယ္ဆိုတာကို ေနာက္ပိုင္း သက္ဆင္က လက္ခံသြားတယ္။ အစပိုင္းမွာ RCSS ေနာက္ကေနၿပီး သူတို႔နယ္ေျမပါလို႔ ထိုင္းဘက္က ေတာင္းခဲ့ဖူးေသးတယ္’’ ဟု ထိုစဥ္က အျဖစ္အပ်က္ ကိုသိရွိသူ သတင္းရင္းျမစ္တစ္ဦးက NP News ကို ေျပာသည္။
ထိုနယ္ေျမကို UWSA က ဆက္လက္ေစာင့္ ေရွာက္ခြင့္ရခဲ့ၿပီး ယေန႔အထိ ျပန္ထြက္သြားျခင္း မရွိေတာ့ေပ။ ဆိုလိုသည္မွာ မူရင္းသည္ RCSS ၏ နယ္ေျမ ျဖစ္ခဲ့ေကာင္းျဖစ္ခဲ့ႏိုင္ေသာ္လည္း ျမန္မာႏိုင္ငံကိုပုန္ကန္၍ ထိုင္းအစိုးရ ၏ေက်ာေထာက္ ေနာက္ခံျဖင့္ နယ္ေျမစိုးမိုးရန္ႀကံစည္ျခင္းေၾကာင့္ UWSA က ၾကားဝင္ အပိုင္စားရသြားျခင္း မ်ိဳးလည္း ျဖစ္သည္။ ထိုစဥ္ ျမန္မာအစိုးရကလည္း ထိုင္းအစိုးရ ေက်ာေထာက္ေနာက္ခံ RCSS လက္ထဲ၌ ထိုနယ္ေျမ ကိုထားရွိျခင္းထက္ အစိုးရသစၥာခံ UWSA လက္ထဲတြင္သာ ပုံအပ္ထားျခင္းမ်ိဳးျဖစ္သည္။ သို႔ေသာ္ UWSA တို႔၏ သစၥာခံမႈသည္ကား အခ်ိန္ကာလ၏တိုက္စားမႈႏွင့္အတူ အေရာင္ေျပာင္း/မေျပာင္း တပ္အပ္မေျပာႏိုင္ေတာ့ေပ။ ‘‘ ႏွစ္ ေပါင္း (၂၄) ႏွစ္ေက်ာ္ ၿပီေလ။ ‘ဝ’တပ္ဖြဲ႕က ျမန္မာအစိုးရအေပၚ သစၥာရွိ /မရွိကေတာ့ အခ်ိန္ကာလက ေျပာင္းလဲ ေပးႏိုင္တာပဲ။ ဒါေပမဲ့ နယ္ေျမကေတာ့ ျမန္မာပိုင္ေျမပါ။ သတ္မွတ္နယ္နိမိတ္စည္းမ်ဥ္းေက်ာ္ၿပီး ‘ဝ’ တပ္ဖြဲ႕ဘက္က တပ္စြဲ/မစြဲကေတာ့ မေျပာတတ္ေသးဘူး။ အရင္တုန္းကျဖစ္စဥ္နဲ႔ဆိုရင္ ျမန္မာပိုင္နက္ေျမဆိုတာ ေသခ်ာတယ္” ဟု သတင္းရင္းျမစ္က ေျပာသည္။ ဆိုလိုရင္းမွာ ဗိုလ္ခ်ဳပ္ႀကီး ခင္ၫြန႔္ႏွင့္ သက္ဆင္တို႔၏ အတည္ျပဳသေဘာတူ ညီခ်က္အရ အျငင္းပြားစရာမရွိႏိုင္ေသာ္လည္း ေနာက္ပိုင္းကာလမ်ားအတြင္း၌ ထိုင္းနယ္ေျမထဲအထိ ‘ဝ’ တပ္ဖြဲ႕ ဘက္က နယ္ေျမ က်ဴးေက်ာ္မႈ ရွိ/မရွိကို အာမမခံႏိုင္ျခင္းမ်ိဳးလည္း ျဖစ္၏။ ထိုင္းသတင္းဌာနမ်ား၏အဆိုအရ ‘ဝ’တပ္ဖြဲ႕သည္ နယ္စပ္ စည္းမ်ဥ္းသတ္ မွတ္ခ်က္မ်ားကိုေက်ာ္၍ တပ္စခန္းခ်ထားေၾကာင္းႏွင့္ ထိုနယ္ေျမအတြင္းမွတစ္ဆင့္ ထိုင္းႏိုင္ငံကို ျဖတ္သန္း ၍မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္ေရာင္းဝယ္မႈမ်ား လုပ္ေဆာင္ေနသည္ဟု ဆိုသည္။
အနီးစပ္ဆုံးအျဖစ္ ‘ဝ’ ေတာင္ပိုင္းမွျဖတ္ သန္းသယ္ေဆာင္လာေသာ မူးယစ္ေဆးဝါးမ်ိဳးစုံ (၂၆)သိန္းထက္ မနည္းကို ႏိုဝင္ဘာ(၂၅)ရက္၌ ထိုင္း ရဲမ်ားက ဖမ္းဆီးရမိထားဖူးသည္။ ထိုသတင္းကိုလည္း ႏိုဝင္ဘာ(၂၇)ရက္တြင္ ထိုင္းမီဒီယာမ်ားက ေဖာ္ျပၾကသည္။ ထိုကိစၥကို ‘ဝ’ တပ္ဖြဲ႕ဘက္က ၎တို႔ႏွင့္ မသက္ဆိုင္သေယာင္ အေက်ာတင္းတင္း ေနျပသည္။ ထိုင္းအစိုးရဘက္က သံတမန္နည္းလမ္းကို ေ႐ြးခ်ယ္ ခ်ိန္အတြင္း၌ပင္ ‘ဝ’ေတာင္ပိုင္းတပ္ဖြဲ႕ဘက္က စစ္ သင္တန္းဆင္းပြဲကို ႏိုဝင္ဘာ(၂၅)ရက္၌ လုပ္ျပသြားခဲ့သည္။
ေတာင္ပိုင္းေဒသအတြင္း၌ပင္လွ်င္ စစ္သည္အင္အား(၈၀ဝဝ)အထိ တိုးခ်ဲ႕သြားရန္ စီစဥ္ ထားေၾကာင္း ‘ဝ’ သတင္းေအဂ်င္စီမ်ားမွတစ္ဆင့္ ရည္႐ြယ္ခ်က္ရွိရွိအသိေပးခဲ့သည္။ ဆိုလိုသည္မွာ ထိုင္းစစ္တပ္ဘက္က လႈပ္ရွား လာပါက ‘ဝ’တပ္ဖြဲ႕ ဘက္ကလည္း တန္ျပန္တိုက္ခိုက္မည့္သေဘာမ်ိဳး ခပ္မာမာေနျပျခင္းပင္။ ‘ဝ’ တပ္ဖြဲ႕ဘက္က စစ္ကိုလို လားဟန္ျပသေနျခင္းကို ထိုင္းအစိုးရကသာ သည္းမခံႏိုင္ခဲ့ပါက ႏွစ္ႏိုင္ငံအစိုးရဆက္ဆံေရးပင္လွ်င္ ထိခိုက္ႏိုင္ သည္။ ထို႔ျပင္ ႏွစ္ႏိုင္ငံစစ္ျဖစ္သြားႏိုင္၏။ ‘ဝ’ တပ္ဖြဲ႕သည္ ေတာင္ပိုင္းစစ္ေဒသနယ္ေျမကို ျမန္မာအစိုးရ၏တာဝန္ေပး အပ္မႈအရ နယ္ျခားေစာင့္ တပ္ဆန္ဆန္ ေနထိုင္ရမည္ျဖစ္သည္။ သို႔ေသာ္ ထိုနယ္ေျမကို ၎တို႔ထံအပိုင္ေပး အပ္ထား ျခင္းဟု ယူ ဆေနဟန္ရွိသည္။
ႏိုင္ငံတစ္ဝန္းရွိ ေရ၊ ေျမ၊ ေလထု အားလုံးသည္ ႏိုင္ငံေတာ္အပိုင္ျဖစ္၏။ ‘ဝ’ တပ္ဖြဲ႕သာမက မည္သည့္ပုဂၢိဳလ္ အဖြဲ႕အစည္းမွ် အပိုင္ယူခြင့္မရွိေပ။ သို႔ေသာ္ ထိုအခ်က္သည္ (၂၀ဝ၈) ဖြဲ႕စည္းပုံ စာအုပ္ ထဲ၌သာ ရွိေနသည္ထင္ရ၏။ ‘ဝ’ေတာင္ပိုင္းေဒသသို႔ ျပည္မမွမွတ္ပုံတင္ကိုင္ထားသူ ျမန္မာတစ္ဦးက လြယ္လင့္တကူ ဝင္၍မရေခ်။ ၎တို႔ အပိုင္ စားနယ္ ေျမသဖြယ္ ၎တို႔၏ကိုယ္ပိုင္အသိအမွတ္ျပဳကတ္ တစ္ခုခုကိုရယူၿပီးမွသာလွ်င္ ေတာင္ပိုင္းေဒသသို႔ဝင္ ခြင့္ ရသည္။ ျမန္မာႏိုင္ငံသား မွတ္ပုံတင္ကတ္ျပားသည္ ‘ဝ’ ေတာင္ပိုင္းႏွင့္ေျမာက္ပိုင္းေဒသတို႔၌ တရားမဝင္ ၍ေလာ။ သို႔မဟုတ္ ျမန္မာႏိုင္ငံသားမွတ္ပုံတင္ကတ္ ျပားသည္ UWSA အတြက္ အေရးစိုက္စရာမလို ဩဇာသက္ေရာက္မႈမရွိ၍ ေလာ။ သို႔ဆိုလွ်င္ ျမန္မာႏိုင္ငံသားမွတ္ပုံတင္ကတ္ျပား ထုတ္ေပးထားသည့္ အစိုးရအေနျဖင့္ ‘ဝ’ ေဒသတြင္ အစိုးမရ ေၾကာင္း မွတ္ပုံတင္ကတ္ျပား၌ ထည့္ေရးရန္ လိုအပ္လာမည္ ထင္၏။
ထိုင္းႏွင့္ အျငင္းပြားစရာျဖစ္ေနေသာ ေတာင္ပိုင္းေဒသသည္ UWSA တို႔က ၎တို႔အပိုင္ဟု ယူဆထားသည္ ဆိုပါက ထိုျပႆနာသည္ UWSA ႏွင့္ ထိုင္းတို႔၏ျပႆနာျဖစ္ၿပီး ျမန္မာႏိုင္ငံသားအားလုံးႏွင့္မဆိုင္ဟုဆိုရမည္ေလာ။ ဦးညီရမ္း၏ အဆိုအရ ထိုင္းႏွင့္နယ္ေျမအျငင္းပြားမႈ ျပႆနာကို ျမန္မာအစိုးရထံ အသိေပးတင္ျပထားသည္ဟု ဆို သည္။ ‘‘ျပႆနာျဖစ္လာေတာ့ ျမန္မာအစိုးရကို ေဟ့ေကာင္ေတြ မင္းတို႔လာရွင္းစမ္း။ ငါတို႔ ေနေနတာကို ဟိုေကာင္ေတြ လာရႈပ္ေနတယ္ဆိုတဲ့ သေဘာမ်ိဳးနဲ႔ အထက္စီးႀကီးနဲ႔ ေျပာတာဗ်။ ကြၽန္ေတာ္တို႔ကို ထိုင္းေတြကေျပာေနၿပီ။ ေစာင့္ ေရွာက္ေပးပါဦးလို႔ ေအာက္က်ိဳ႕ခံတာမ်ိဳး မဟုတ္ဘူးေနာ္။ ထိုင္း ဘက္ကလည္း ႏွစ္(၂၀)ေက်ာ္ အခ်ိန္ယူေစာင့္ဆိုင္း ျပင္ဆင္ၿပီးေတာ့မွ ျပန္ေတာင္းတာ။ အရင္က သူတို႔ ရႈံးဖူးတယ္ေလ။ ‘ဝ’ဘက္ကလည္း ငါတို႔ ႏိုင္ဖူးတာပဲ။ ခ်င္း႐ိုင္-မယ္ဆိုင္အထိ သိမ္းဖူးတယ္ေလ။ အခု လည္း ငါတို႔ႏိုင္မွာပဲ။ မႏိုင္လည္း ျမန္မာအစိုးရက ရွင္းမွာပဲဆိုတဲ့အကြက္မ်ိဳးနဲ႔ အေက်ာတင္းတင္း လုပ္ေနတာဗ်။ ဒါကြၽန္ေတာ့္အျမင္ပဲ” ဟု UWSA နယ္ေျမအတြင္းမွ သတင္းရင္းျမစ္တစ္ဦးက NP News ကို ေျပာသည္။ ဗိုလ္ခ်ဳပ္ႀကီးခင္ၫြန႔္တို႔ လက္ထက္က ေဆြးေႏြးခဲ့ေသာျဖစ္စဥ္ႏွင့္ သေဘာထားမတူသူ အဆိုပါ သတင္းရင္းျမစ္၏အဆိုအရ ‘ဝ’တပ္ဖြဲ႕အေနျဖင့္ ထိုင္းစစ္တပ္ႏွင့္တိုက္ပြဲျဖစ္ခဲ့မည္ဆိုပါက အသင့္ျဖစ္ေနေစေရးအတြက္ စစ္သားစု ေဆာင္းမႈ၊ စစ္ေရးျပင္ဆင္မႈမ်ား ဆက္တိုက္လုပ္ ေဆာင္သည္ဟုဆိုသည္။
သို႔ေသာ္လည္း ျမန္မာအစိုးရ၏သေဘာထားကို ေစာင့္ဆိုင္းနားဆင္ေနဦးမည့္သေဘာမ်ိဳး ျဖစ္ၿပီး ထိုင္းဘက္က ေတာင္းဆိုသည့္အတိုင္း လိုက္နာလုပ္ေဆာင္ေပးရန္ ျမန္မာအစိုးရက òန္ၾကား လွ်င္ပင္ နားေထာင္မည့္သေဘာမ်ိဳး မရွိေၾကာင္းဆိုသည္။ ‘‘ ညီရမ္းက ေျပာတယ္။ ျမန္မာအစိုးရနဲ႔ ဆိုင္တယ္ဆိုတာ။ ျမန္မာအစိုးရနဲ႔ ဆိုင္တယ္ဆိုရင္ ျမန္မာအစိုးရရဲ႕အုပ္ထိန္းမႈေအာက္မွာ ေနေလ။ အဲဒီ လိုက်ေတာ့ လာမေနဘဲခပ္တည္တည္နဲ႔ မူရင္းေဒ သခံမဟုတ္ဘဲ ဝင္ထိုင္ေနတာ။ ဗိုလ္ခ်ဳပ္ႀကီး ခင္ၫြန႔္ တို႔နဲ႔ညႇိၿပီး လာထိုင္ေနတာေလ။ ေတာင္ပိုင္း ‘ဝ’ဆိုတာ ‘ဝ’ တိုင္းရင္းသား၊ ‘ဝ’ တပ္ဖြဲ႕နဲ႔ ဘာမွမဆိုင္ တဲ့နယ္ေျမ”ဟု သတင္းရင္းျမစ္က ေျပာသည္။ ျမန္မာ-ထိုင္းနယ္စပ္ျဖစ္သည့္ ရွမ္းျပည္နယ္ အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဆတ္ ၿမိဳ႕နယ္၊ မိုင္းတုံၿမိဳ႕နယ္၊ ေဟြေအာ္ႏွင့္ ပုံပါက်င္ ေဒသတို႔အတြင္း၌ UWSA က ၿမိဳ႕နယ္ခုနစ္ၿမိဳ႕ နယ္သတ္မွတ္၍ နယ္ေျမထိန္းခ်ဳပ္ထားသည့္အျပင္ ‘ဝ’ေတာင္ပိုင္းေဒသ သို႔မဟုတ္ (၁၇၁) စစ္ေဒသဟု ေခၚဆိုသည္။ ထိုေဒသ၌ ‘ဝ’ လူမ်ိဳးအပါအဝင္ လူဦးေရ (၁၀ဝဝဝ၀) ႏွင့္အထက္ ေနထိုင္လိမ့္မည္ဟုလည္း ခန႔္မွန္းရ သည္။ မည္သို႔ပင္ျဖစ္ေစ UWSA ၏ လုပ္ရပ္ေၾကာင့္ ထိုင္း-ျမန္မာခ်စ္ၾကည္ ေရးကို ထိခိုက္ရန္မသင့္ေပ။ ထိုင္းအစိုးရ ဘက္ကလည္း UWSA ၏ အခ်ိဳ႕ေသာလုပ္ရပ္ကို မေက်နပ္ သည့္တိုင္ ျမန္မာအစိုးရ လက္ရွိေခါင္းေဆာင္ႏွင့္ ခ်စ္ၾကည္ ရင္းႏွီးမႈကို ထိခိုက္ခံမည့္ပုံ မေပၚ။ ထိုင္းဒုဝန္ႀကီးခ်ဳပ္ႏွင့္ ထိုင္းစစ္တပ္အႀကီးအကဲတို႔ကပင္လွ်င္ စစ္ပြဲျဖစ္မည္အထိ စိုးရိမ္စရာမလိုေၾကာင္း ထိုင္းမီဒီယာမ်ားတြင္ ေျဖၾကားအသိေပးေနသည္။ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီး၏ အႀကံေပး ပုဂၢိဳလ္ကလည္း ေနျပည္ေတာ္သို႔ ခရီးျပင္းႏွင္လာ၏။ ၎ထံတြင္ UWSA ၏ မူးယစ္ေဆးဝါးေရာင္းဝယ္ ေဖာက္ကားမႈ ရာဇဝင္၊ ႏွစ္ႏိုင္ငံနယ္နိမိတ္ၿဂိဳဟ္တု ဓာတ္ပုံႏွင့္ ယခင္အတိတ္ကထက္ UWSA ၏ နယ္ ေျမက်ဴးေက်ာ္ထားမႈမ်ားကိုပါ ယူေဆာင္လာလိမ့္ မည္ဟု တြက္ဆခ်င္သည္။ အခ်က္အလက္အားလုံး သည္လည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ စားပြဲေပၚသို႔ ေရာက္ရွိႏွင့္ၿပီးလည္း ျဖစ္ႏိုင္သည္။
‘‘မူးယစ္ေဆးဝါး ကိစၥကလည္း နာမည္ထြက္ၿပီးသားဆိုေတာ့ အဲဒီ အပိုင္းကို ဘာမွေစာဒကတက္စရာမလိုပါဘူး။ ဒါေပသိ ေျမက်ဴးတယ္ဆိုရင္ က်ဴးတာက တစ္က႑ေပါ့။ ႏွစ္ႏိုင္ငံနယ္နိမိတ္က နယ္နိမိတ္ေပါ့ဗ်ာ။ သီးျခားစီခြဲၿပီး စီမံခန႔္ခြဲလိမ့္မယ္ယူဆပါတယ္။ နယ္စပ္မ်ဥ္းကို က်ဴးတာမ်ိဳးေလာက္နဲ႔ေတာ့ ႏွစ္ႏိုင္ငံစစ္ တိုက္ရမယ့္အဆင့္ မဟုတ္ပါ ဘူး။ သံတမန္ခ်င္း ရွင္းရမယ့္ကိစၥ” ဟု ဦးခင္ၫြန႔္ေခတ္ ျဖစ္ရပ္ကိုသိရွိသူ သတင္းရင္းျမစ္ကေျပာသည္။
ဤေနရာတြင္ ေမးခြန္းထုတ္စရာမ်ားႏွင့္ သိရန္လိုအပ္ေသာကိစၥမ်ားစြာ ရွိလာ၏။ ႏိုင္ငံေတာ္၏ စီမံခန႔္ခြဲမႈ ေအာက္တြင္ UWSA က ရွိေနပါသေလာ။ ႏိုင္ငံေတာ္အေပၚ သစၥာေစာင့္သိၾကပါသေလာ။ ထိုင္းႏွင့္ကိစၥကို နစက အစိုးရက သံတမန္နည္းလမ္းျဖင့္ ေျဖရွင္းေပးႏိုင္လွ်င္ပင္ UWSA က နစက၏အမိန႔္ကို နာခံပါမည္ေလာ။ UWSA ေျမာက္ပိုင္းႏွင့္ ေတာင္ပိုင္းေဒသတို႔၌ မွတ္ပုံတင္ကိုင္ထားသူ ျမန္ မာတစ္ဦးက (၂၀ဝ၈)ဖြဲ႕စည္းပုံအေျခခံဥပေဒပါ အ တိုင္း လြတ္လပ္စြာသြားလာခြင့္ႏွင့္ ႏိုင္ငံသားတစ္ဦး၏ ရပိုင္ခြင့္မ်ား ရရွိပါမည္ေလာ။ UWSA အေနျဖင့္ ၎တို႔အုပ္ခ်ဳပ္ေနေသာ နယ္ေျမမ်ားအားလုံးကို ႏိုင္ငံေတာ္ကသာ ပိုင္ဆိုင္သည္ဆိုသည့္နားလည္မႈ မ်ိဳး ရွိေနပါသေလာ။ ႏိုင္ငံေတာ္ကပိုင္ဆိုင္သည္ဟု နားလည္ျခင္းဆိုရာတြင္လည္း စာ႐ြက္ေပၚ သို႔မဟုတ္ ႏႈတ္ခမ္းဖ်ားေပၚမွမဟုတ္ဘဲ ဥပေဒႏွင့္အခ်ဳပ္အျခာ အာဏာပိုင္စိုးမႈအရ ျဖစ္တည္မႈကိုသာ ဆိုလိုသည္။ အခ်ဳပ္အားျဖင့္ ဆိုရေသာ္။ ထိုင္းႏွင့္ ျပႆနာျဖစ္ေနသည့္ ေတာင္ပိုင္းနယ္ေျမျပႆနာသည္ UWSA အေပၚ နစကအစိုးရ၏ ဩဇာေညာင္း မႈရွိမရွိကို ေလ့လာခြင့္ရမည္ျဖစ္သကဲ့သို႔ UWSA ၏ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသူ၊ႏိုင္ငံသားမ်ားအေပၚ သစၥာေစာင့္သိမႈကို စမ္းသပ္ရမည့္ အေရးလည္း ျဖစ္လာသည္။ ျပည္သူထူထုတစ္ရပ္လုံးအေနျဖင့္ ေစ့ငုစြာေစာင့္ၾကည့္ၾကပါကုန္ေလာ့။ UWSA အေရးႏွင့္ ပတ္သက္၍ ယခုတစ္ပတ္တြင္ ဤမွ်သာ။