တောင်ကိုရီးယားနိုင်ငံမှာ အတိုက်အခံနိုင်ငံရေးပါတီနဲ့ လက်ရှိသမ္မတ ယွန်ဆတ်ယိုတို့ အကြား ပြင်းထန်စွာ ထိပ်တိုက်တွေ့ရာမှ မငြိမ်သက်မှုများဖြစ်ပွား

 808

Htay Oung (NP News) - ဒီဇင်ဘာ ၄

တောင်ကိုရီးယားနိုင်ငံမှာ အတိုက်အခံနိုင်ငံရေးပါတီနဲ့ လက်ရှိသမ္မတ ယွန်ဆတ်ယိုတို့အကြား ပြင်းထန်စွာ ထိပ်တိုက်တွေ့ရာမှ မငြိမ်သက်မှုများဖြစ်ပွားနေပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ၁၉၇၉ ခုနှစ် စစ်အာဏာရှင် ပတ်ချုံဟီးနောက်ပိုင်း နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် စစ်အုပ်ချုပ်ရေး အမိန့်ကို သမ္မတ ယွန်ဆတ်ယိုက ကြေညာလိုက်ကြောင်း ယနေ့(ဒီဇင်ဘာ ၄ ရက်)နိုင်ငံတကာ သတင်းမီဒီယာများက အရေးကြီးကြားဖြတ်သတင်းအဖြစ် ဖော်ပြနေကြပါတယ်။

မြောက်ကိုရီးယားခြိမ်းခြောက်မှုနဲ့ ပြည်တွင်း နိုင်ငံတော်ဆန့်ကျင်ရေးအင်အားစုများကို တားဆီးဖို့အတွက် စစ်အုပ်ချုပ်ရေး ပြဌာန်းလိုက်တယ်လို့ ဒီဇင်ဘာ ၃ ရက် သမ္မတယွန်က နိုင်ငံပိုင် ရုပ်သံမှတဆင့် ကြေညာပါ တယ်။ ထိခိုက်ပျက်စီးနေတဲ့ တိုင်းပြည်အပေါ် မြောက်ကိုရီးယားဘက်တော်သား နိုင်ငံရေးအတိုက်အခံတို့က ဖီလာဆန့်ကျင်ပြုနေတယ်လို့လည်း သမ္မ တယွန်က ပြောဆိုပါတယ်။ ဒေသစံတော်ချိန် ည ၁၁ နာရီမှာ တောင် ကိုရီးယားစစ်တပ်က လွှတ်တော်နဲ့ နိုင်ငံရေးအဖွဲ့အစည်းများရဲ့ ဆန္ဒပြမှုများနဲ့ လှုပ်ရှားမှုအားလုံးတို့ကို တား မြစ်လိုက်ပြီး မီဒီယာအားလုံးကိုလည်း အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ထားရှိလိုက်ကြောင်း သတင်းထုတ်ပြန်ပါတယ်။

အမှန်တော့ ပြည်ပခြိမ်းခြောက်မှုဆိုခြင်းထက် သမ္မတယွန်ဆတ်ယိုအစိုးရ-ယွန်ရဲ့ “ပြည်သူ့အင်အားပါတီ” PPP ရဲ့ ဆောင်ရွက်မှုမှန်သမျှ ဆန့်ကျင်ကန့်ကွက်နေတဲ့ အတိုက်အခံအမတ်တို့အကြား ထိပ်တိုက်တွေ့မှုများ ကြောင့်ဖြစ်ကြောင်း နောက်ပိုင်းဖြစ်ရပ်များအရ ပိုမိုထင်ရှားလာတယ်လို့ နိုင်ငံတကာ မီဒီယာအချို့က ဆိုပါတယ်။

သမ္မတယွန်ရဲ့ စစ်အုပ်ချုပ်ရေးအမိန့်ပယ်ဖျက်ရေး အရေးပေါ် မဲခွဲဆုံးဖြတ်ရန် အတိုက်အခံအမတ်များက ပြင် ဆင်နေစဉ် ပါလီမန်ရှေ့မှာ လွှတ်တော်အမတ်များကို ထောက်ခံကြောင်း လူထောင်ပေါင်းများစွာတို့ စုဝေး ဆန္ဒ ပြနေကြပါတယ်။ လုံခြုံရေးတပ်များနဲ့ ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေတဲ့ ပါလီမန်အဆောက်အအုံ ခေါင်မိုးပေါ် မှာ ရဟတ်ယာဉ်များ ဆင်းသက်နေပြီး မျက်နှာဖုံးစွပ် ဝတ်ဆင်ထားတဲ့ သေနတ်ကိုင် စစ်သားများက ပါလီမန်အ ဆောက်အအုံဝင်းအတွင်း ပြေးဝင်နေကြောင်းကိုလည်း ဒေသခံမီဒီယာများက တိုက်ရိုက်သတင်းထုတ်လွှင့်ခဲ့ပါတယ်။

သမ္မတယွန်ရဲ့ အမိန့်ဟာ တရားမဝင်ကြောင်း တောင်ကိုရီးယားရဲ့ အင်အား အကြီးဆုံးအတိုက်အခံ “လစ်ဘ ရယ်ဒီမိုကရက်တစ်ပါတီ” DP ခေါင်းဆောင် လီဂျေးမြောင်က ပြောဆိုလိုက်ပြီး၊ လွှတ်တော်အမတ်များအားလုံး ပါလီမန်အဆောက်အအုံအတွင်း စုဝေးကြရန်၊ တင့်ကား၊ သံချပ်ကာကား၊ သေနတ်တွေ ဒါးတွေနဲ့ စစ်သားများ အုပ်ချုပ်တဲ့ တိုင်းပြည် မဖြစ်ရေး ဆန့်ကျင်ဖို့အတွက် တောင်ကိုရီးယား မိဘပြည်သူတို့က အမျိုးသားလွှတ်တော်ရှေ့မှောက် စုရုံးကြရန်ကိုလည်း တောင်းဆိုလိုက်ပါတယ်။

လွှတ်တော်ဝင်ပေါက် ဂိတ်တံခါးများအနီး ဆန္ဒပြသူများနဲ့ ရဲတပ်ဖွဲ့များအကြား တွန်းထိုးလုံးထွေးလျှက်ရှိ နေ ကြောင်း၊ ပါလီမန်အဆောက်အအုံအတွင်း ဝင်ရောက်ဖို့အတွက် လွှတ်တော်အမတ်အချို့က တံတိုင်း စည်းရိုး များကို ကျော်တက်လျှက်ရှိကြောင်း တွေ့မြင်ရပါတယ်။ စစ်ရေးအရ တင်းမာမှုရှိနေပေမယ့် အကြမ်းဖက်မှုအထိ တိုးမြင့်ပြောင်းလဲလာခြင်းတော့ မရှိခဲ့ပါဘူး။

တောင်ကိုရီးယားရဲ့ ၁၃-ဦးမြောက် သမ္မတ ယွန်ဆတ်ယို (အသက် ၆၃-နှစ်) ဟာ ၂၀၂၂-ခုနှစ် မေလမှာ စတင် အာဏာရရှိခဲ့ပါတယ်။ ဥပဒေပညာရှင် ရှေးရိုးစွဲ လက်ယာယိမ်း ကွန်ဆာဗေးတစ်နဲ့ လစ်ဘရယ်စီးပွားရေးကို အားပေးသူတစ်အဖြစ် လူသိများပါတယ်။ စစ်အေးခေတ်အပြင်းထန်ဆုံးဖြစ်တဲ့ ၁၉၅၀-၁၉၅၃ ခုနှစ် တောင်နဲ့ မြောက်ကိုရီးယားစစ်ပွဲနောက်ပိုင်း မွေးဖွားလာပြီး သမ္မတအဖြစ် တင်မြှောက်ခံရသူ ပထမဆုံးပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ စစ်ရေးပြိုင်ဆိုင်နေရပြီး ဒေသတွင်း အိမ်နီးချင်း တရုတ်-ရုရှားတို့နဲ့ ဆက်ဆံရေးပြေလည် စေရန် အားထုတ်နေရတဲ့ တိုင်းပြည်မှာ အစိုးရအဖွဲ့အတွင်း အရှုတ်အထွေးများလည်း ရှိနေပါတယ်။ တကယ် တော့ ၂၀၂၂-ခုနှစ် ရွေးကောက်ပွဲမှာ ယွန်ဆတ်ယိုရဲ့ PPP ပါတီဟာ ၄၇.၈၃% သာ ထောက်ခံမဲ ရရှိခဲ့ပြီး အဲ့ဒီ အချိန်အာဏာရ ဒီမိုကရက်တစ်ပါတီ DP ထက် ဝ.၇% သာ ပိုမိုရရှိခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံရေး အတွေ့အကြုံ ကင်းမဲ့တဲ့ ရှေ့နေဟောင်း ယွန်ဆတ်ယို သမ္မတဖြစ်လာခြင်းကလည်း သူကလွဲရင် တခြား ရွေးချယ်ရမယ့်သူ မရှိ တော့လို့ဖြစ်ကြောင်း CNN က ရေးခဲ့ပါတယ်။

တောင်ကိုရီးယား ဖွဲ့စည်းပုံအရ တစ်ခုတည်းသာရှိတဲ့ လက်ရှိ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၃၀၀ မှာ မဲအများဆုံး ရရှိသူ အနိုင်ယူ FPTP စနစ် (၂၅၄)နေရာရှိပြီး ပါတီအင်အားအလိုက် အချိုးကျကိုယ်စားပြု PR စနစ် (၄၆)နေရာတို့ပါဝင်ပါတယ်။ ကျန်ရာထူးသက်တမ်း (၄)နှစ်ရှိတဲ့ သမ္မတဟာ နိုင်ငံတော်ရဲ့ အထွတ်အထိပ်ဖြစ်ပြီး သူ့ရဲ့ နောက်မှာ ဝန်ကြီးချုပ်နဲ့ အစိုးရဝန်ကြီးများရှိပါတယ်။ အတိုက်အခံ မဟာမိတ် အဖွဲ့က (၁၉၂)နေရာ ရရှိ ထားပြီး PPP ပါတီက (၁၀၈)နေရာနဲ့ အခက်တွေ့နေရတဲ့အစိုးရအဖွဲ့မှာ ယွန်ဆတ်ယိုဟာ ခေါင်းဆောင် ဖြစ်နေပါတယ်။

သမ္မတယွန်ရဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို ဆန့်ကျင်ကြောင်း ၃၀၀- ၁၉၀ မဲနဲ့ ပါလီမန်ရဲ့ ဆုံးဖြတ်ချက်ထွက် ပေါ်လာပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးအမိန့်ကို သမ္မတယွန်က ပြန်လည်ရုတ်သိမ်းလိုက်ပါတယ်။ တောင်ကို ရီးယားတပ်မတော်သားများအနေနဲ့ မိမိတို့နေရာ မိမိတို့ ပြန်ကြရန် မေတ္တာရပ်ခံခဲ့ပါတယ်။

နိုင်ငံတော် အပေါ် သစ္စာမရှိတဲ့ သမ္မတယွန် ရာထူးမှ နှုတ်ထွက်ပေးရန်၊ ကာကွယ်ရေးဝန်ကြီးကို ရာထူးမှ ဖယ် ရှားရန် အတိုက်အခံတို့က တောင်းဆိုထားပြီး ပျက်ကွက်ခဲ့လျှင် သမ္မတယွန်ကို “နိုင်ငံတော် သစ္စာဖောက်မှု” နဲ့ လွှတ်တော်မှာ စွပ်စွဲအပြစ်တင်ရလိမ့်မယ်လို့ သမိုင်းစဉ်လာ အတိုက်အခံ ဒီမိုကရက်တစ်တို့က ဆိုနေပါတယ်။ အမေရိကန်စစ်စခန်းများကို တပ်စွဲခွင့်ပေးထားတဲ့ ဂျပန်နဲ့ တောင်ကိုရီးယားတို့လို နိုင်ငံမျိုးမှာ လူ့အခွင့်အရေး-ဒီမိုကရေစီရေး အပါအဝင် အစိုးရအဖွဲ့ရဲ့ လုပ်ရပ်များနဲ့ ပတ်သက်ပြီး ဝါရှင်တန်က ဝေဖန်ပြောဆိုမှုများ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး၊

တောင်ကိုရီးယားနိုင်ငံမှာ သမ္မတ ယွန်ဆတ်ယိုက စစ်အုပ်ချုပ်ရေးကြေညာသည်ကို သတိပြုမိကြောင်း၊ အခြေအနေအရပ်ရပ်ဟာ တည်ငြိမ်လျက်ရှိပြီး အမေရိကန်နိုင်ငံသားများအနေနဲ့ ဆန္ဒပြမှုဖြစ်ပွားရာနေရာများကို ရှောင်ရှားကြရန် ဆိုးလ်မြို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

https://www.yahoo.com/news/why-south-koreas-president-suddenly-215019879.html?fr=sycsrp_catchall
https://www.yourcentralvalley.com/news/ap-south-koreas-opposition-party-urges-yoon-to-resign-or-face-impeachment-over-martial-law-decree/
https://apnews.com/article/south-korea-yoon-martial-law-997c22ac93f6a9bece68454597e577c1

zawgyi version
ေတာင္ကိုရီးယားႏိုင္ငံမွာ အတိုက္အခံႏိုင္ငံေရးပါတီနဲ႔ လက္ရွိသမၼတ ယြန္ဆတ္ယိုတို႔ အၾကား ျပင္းထန္စြာ ထိပ္တိုက္ေတြ႕ရာမွ မၿငိမ္သက္မႈမ်ားျဖစ္ပြား
Htay Oung (NP News) - ဒီဇင္ဘာ ၄

ေတာင္ကိုရီးယားႏိုင္ငံမွာ အတိုက္အခံႏိုင္ငံေရးပါတီနဲ႔ လက္ရွိသမၼတ ယြန္ဆတ္ယိုတို႔အၾကား ျပင္းထန္စြာ ထိပ္တိုက္ေတြ႕ရာမွ မၿငိမ္သက္မႈမ်ားျဖစ္ပြားေနပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံမွာ ၁၉၇၉ ခုႏွစ္ စစ္အာဏာရွင္ ပတ္ခ်ဳံဟီးေနာက္ပိုင္း ႏွစ္ေပါင္း ၅၀ နီးပါးအတြင္း ပထမဆုံးအႀကိမ္အျဖစ္ စစ္အုပ္ခ်ဳပ္ေရး အမိန႔္ကို သမၼတ ယြန္ဆတ္ယိုက ေၾကညာလိုက္ေၾကာင္း ယေန႔(ဒီဇင္ဘာ ၄ ရက္)ႏိုင္ငံတကာ သတင္းမီဒီယာမ်ားက အေရးႀကီးၾကားျဖတ္သတင္းအျဖစ္ ေဖာ္ျပေနၾကပါတယ္။

ေျမာက္ကိုရီးယားၿခိမ္းေျခာက္မႈနဲ႔ ျပည္တြင္း ႏိုင္ငံေတာ္ဆန႔္က်င္ေရးအင္အားစုမ်ားကို တားဆီးဖို႔အတြက္ စစ္အုပ္ခ်ဳပ္ေရး ျပဌာန္းလိုက္တယ္လို႔ ဒီဇင္ဘာ ၃ ရက္ သမၼတယြန္က ႏိုင္ငံပိုင္ ႐ုပ္သံမွတဆင့္ ေၾကညာပါ တယ္။ ထိခိုက္ပ်က္စီးေနတဲ့ တိုင္းျပည္အေပၚ ေျမာက္ကိုရီးယားဘက္ေတာ္သား ႏိုင္ငံေရးအတိုက္အခံတို႔က ဖီလာဆန႔္က်င္ျပဳေနတယ္လို႔လည္း သမၼ တယြန္က ေျပာဆိုပါတယ္။ ေဒသစံေတာ္ခ်ိန္ ည ၁၁ နာရီမွာ ေတာင္ ကိုရီးယားစစ္တပ္က လႊတ္ေတာ္နဲ႔ ႏိုင္ငံေရးအဖြဲ႕အစည္းမ်ားရဲ႕ ဆႏၵျပမႈမ်ားနဲ႔ လႈပ္ရွားမႈအားလုံးတို႔ကို တား ျမစ္လိုက္ၿပီး မီဒီယာအားလုံးကိုလည္း အစိုးရရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ ထားရွိလိုက္ေၾကာင္း သတင္းထုတ္ျပန္ပါတယ္။

အမွန္ေတာ့ ျပည္ပၿခိမ္းေျခာက္မႈဆိုျခင္းထက္ သမၼတယြန္ဆတ္ယိုအစိုးရ-ယြန္ရဲ႕ “ျပည္သူ႔အင္အားပါတီ” PPP ရဲ႕ ေဆာင္႐ြက္မႈမွန္သမွ် ဆန႔္က်င္ကန႔္ကြက္ေနတဲ့ အတိုက္အခံအမတ္တို႔အၾကား ထိပ္တိုက္ေတြ႕မႈမ်ား ေၾကာင့္ျဖစ္ေၾကာင္း ေနာက္ပိုင္းျဖစ္ရပ္မ်ားအရ ပိုမိုထင္ရွားလာတယ္လို႔ ႏိုင္ငံတကာ မီဒီယာအခ်ိဳ႕က ဆိုပါတယ္။

သမၼတယြန္ရဲ႕ စစ္အုပ္ခ်ဳပ္ေရးအမိန႔္ပယ္ဖ်က္ေရး အေရးေပၚ မဲခြဲဆုံးျဖတ္ရန္ အတိုက္အခံအမတ္မ်ားက ျပင္ ဆင္ေနစဥ္ ပါလီမန္ေရွ႕မွာ လႊတ္ေတာ္အမတ္မ်ားကို ေထာက္ခံေၾကာင္း လူေထာင္ေပါင္းမ်ားစြာတို႔ စုေဝး ဆႏၵ ျပေနၾကပါတယ္။ လုံၿခဳံေရးတပ္မ်ားနဲ႔ ရဲတပ္ဖြဲ႕ဝင္မ်ား ေစာင့္ၾကပ္ေနတဲ့ ပါလီမန္အေဆာက္အအုံ ေခါင္မိုးေပၚ မွာ ရဟတ္ယာဥ္မ်ား ဆင္းသက္ေနၿပီး မ်က္ႏွာဖုံးစြပ္ ဝတ္ဆင္ထားတဲ့ ေသနတ္ကိုင္ စစ္သားမ်ားက ပါလီမန္အ ေဆာက္အအုံဝင္းအတြင္း ေျပးဝင္ေနေၾကာင္းကိုလည္း ေဒသခံမီဒီယာမ်ားက တိုက္႐ိုက္သတင္းထုတ္လႊင့္ခဲ့ပါတယ္။

သမၼတယြန္ရဲ႕ အမိန႔္ဟာ တရားမဝင္ေၾကာင္း ေတာင္ကိုရီးယားရဲ႕ အင္အား အႀကီးဆုံးအတိုက္အခံ “လစ္ဘ ရယ္ဒီမိုကရက္တစ္ပါတီ” DP ေခါင္းေဆာင္ လီေဂ်းေျမာင္က ေျပာဆိုလိုက္ၿပီး၊ လႊတ္ေတာ္အမတ္မ်ားအားလုံး ပါလီမန္အေဆာက္အအုံအတြင္း စုေဝးၾကရန္၊ တင့္ကား၊ သံခ်ပ္ကာကား၊ ေသနတ္ေတြ ဒါးေတြနဲ႔ စစ္သားမ်ား အုပ္ခ်ဳပ္တဲ့ တိုင္းျပည္ မျဖစ္ေရး ဆန႔္က်င္ဖို႔အတြက္ ေတာင္ကိုရီးယား မိဘျပည္သူတို႔က အမ်ိဳးသားလႊတ္ေတာ္ေရွ႕ေမွာက္ စု႐ုံးၾကရန္ကိုလည္း ေတာင္းဆိုလိုက္ပါတယ္။

လႊတ္ေတာ္ဝင္ေပါက္ ဂိတ္တံခါးမ်ားအနီး ဆႏၵျပသူမ်ားနဲ႔ ရဲတပ္ဖြဲ႕မ်ားအၾကား တြန္းထိုးလုံးေထြးလွ်က္ရွိ ေန ေၾကာင္း၊ ပါလီမန္အေဆာက္အအုံအတြင္း ဝင္ေရာက္ဖို႔အတြက္ လႊတ္ေတာ္အမတ္အခ်ိဳ႕က တံတိုင္း စည္း႐ိုး မ်ားကို ေက်ာ္တက္လွ်က္ရွိေၾကာင္း ေတြ႕ျမင္ရပါတယ္။ စစ္ေရးအရ တင္းမာမႈရွိေနေပမယ့္ အၾကမ္းဖက္မႈအထိ တိုးျမင့္ေျပာင္းလဲလာျခင္းေတာ့ မရွိခဲ့ပါဘူး။

ေတာင္ကိုရီးယားရဲ႕ ၁၃-ဦးေျမာက္ သမၼတ ယြန္ဆတ္ယို (အသက္ ၆၃-ႏွစ္) ဟာ ၂၀၂၂-ခုႏွစ္ ေမလမွာ စတင္ အာဏာရရွိခဲ့ပါတယ္။ ဥပေဒပညာရွင္ ေရွး႐ိုးစြဲ လက္ယာယိမ္း ကြန္ဆာေဗးတစ္နဲ႔ လစ္ဘရယ္စီးပြားေရးကို အားေပးသူတစ္အျဖစ္ လူသိမ်ားပါတယ္။ စစ္ေအးေခတ္အျပင္းထန္ဆုံးျဖစ္တဲ့ ၁၉၅၀-၁၉၅၃ ခုႏွစ္ ေတာင္နဲ႔ ေျမာက္ကိုရီးယားစစ္ပြဲေနာက္ပိုင္း ေမြးဖြားလာၿပီး သမၼတအျဖစ္ တင္ေျမႇာက္ခံရသူ ပထမဆုံးပုဂၢိဳလ္လည္း ျဖစ္ပါတယ္။

ေျမာက္ကိုရီးယားနဲ႔ စစ္ေရးၿပိဳင္ဆိုင္ေနရၿပီး ေဒသတြင္း အိမ္နီးခ်င္း တ႐ုတ္-႐ုရွားတို႔နဲ႔ ဆက္ဆံေရးေျပလည္ ေစရန္ အားထုတ္ေနရတဲ့ တိုင္းျပည္မွာ အစိုးရအဖြဲ႕အတြင္း အရႈတ္အေထြးမ်ားလည္း ရွိေနပါတယ္။ တကယ္ ေတာ့ ၂၀၂၂-ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ ယြန္ဆတ္ယိုရဲ႕ PPP ပါတီဟာ ၄၇.၈၃% သာ ေထာက္ခံမဲ ရရွိခဲ့ၿပီး အဲ့ဒီ အခ်ိန္အာဏာရ ဒီမိုကရက္တစ္ပါတီ DP ထက္ ဝ.၇% သာ ပိုမိုရရွိခဲ့ျခင္းျဖစ္ပါတယ္။ ႏိုင္ငံေရး အေတြ႕အႀကဳံ ကင္းမဲ့တဲ့ ေရွ႕ေနေဟာင္း ယြန္ဆတ္ယို သမၼတျဖစ္လာျခင္းကလည္း သူကလြဲရင္ တျခား ေ႐ြးခ်ယ္ရမယ့္သူ မရွိ ေတာ့လို႔ျဖစ္ေၾကာင္း CNN က ေရးခဲ့ပါတယ္။

ေတာင္ကိုရီးယား ဖြဲ႕စည္းပုံအရ တစ္ခုတည္းသာရွိတဲ့ လက္ရွိ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ ၃၀၀ မွာ မဲအမ်ားဆုံး ရရွိသူ အႏိုင္ယူ FPTP စနစ္ (၂၅၄)ေနရာရွိၿပီး ပါတီအင္အားအလိုက္ အခ်ိဳးက်ကိုယ္စားျပဳ PR စနစ္ (၄၆)ေနရာတို႔ပါဝင္ပါတယ္။ က်န္ရာထူးသက္တမ္း (၄)ႏွစ္ရွိတဲ့ သမၼတဟာ ႏိုင္ငံေတာ္ရဲ႕ အထြတ္အထိပ္ျဖစ္ၿပီး သူ႔ရဲ႕ ေနာက္မွာ ဝန္ႀကီးခ်ဳပ္နဲ႔ အစိုးရဝန္ႀကီးမ်ားရွိပါတယ္။ အတိုက္အခံ မဟာမိတ္ အဖြဲ႕က (၁၉၂)ေနရာ ရရွိ ထားၿပီး PPP ပါတီက (၁၀၈)ေနရာနဲ႔ အခက္ေတြ႕ေနရတဲ့အစိုးရအဖြဲ႕မွာ ယြန္ဆတ္ယိုဟာ ေခါင္းေဆာင္ ျဖစ္ေနပါတယ္။

သမၼတယြန္ရဲ႕ စစ္အုပ္ခ်ဳပ္ေရးအမိန႔္ကို ဆန႔္က်င္ေၾကာင္း ၃၀၀- ၁၉၀ မဲနဲ႔ ပါလီမန္ရဲ႕ ဆုံးျဖတ္ခ်က္ထြက္ ေပၚလာၿပီးေနာက္ပိုင္း စစ္အုပ္ခ်ဳပ္ေရးအမိန႔္ကို သမၼတယြန္က ျပန္လည္႐ုတ္သိမ္းလိုက္ပါတယ္။ ေတာင္ကို ရီးယားတပ္မေတာ္သားမ်ားအေနနဲ႔ မိမိတို႔ေနရာ မိမိတို႔ ျပန္ၾကရန္ ေမတၱာရပ္ခံခဲ့ပါတယ္။

ႏိုင္ငံေတာ္ အေပၚ သစၥာမရွိတဲ့ သမၼတယြန္ ရာထူးမွ ႏႈတ္ထြက္ေပးရန္၊ ကာကြယ္ေရးဝန္ႀကီးကို ရာထူးမွ ဖယ္ ရွားရန္ အတိုက္အခံတို႔က ေတာင္းဆိုထားၿပီး ပ်က္ကြက္ခဲ့လွ်င္ သမၼတယြန္ကို “ႏိုင္ငံေတာ္ သစၥာေဖာက္မႈ” နဲ႔ လႊတ္ေတာ္မွာ စြပ္စြဲအျပစ္တင္ရလိမ့္မယ္လို႔ သမိုင္းစဥ္လာ အတိုက္အခံ ဒီမိုကရက္တစ္တို႔က ဆိုေနပါတယ္။ အေမရိကန္စစ္စခန္းမ်ားကို တပ္စြဲခြင့္ေပးထားတဲ့ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားတို႔လို ႏိုင္ငံမ်ိဳးမွာ လူ႔အခြင့္အေရး-ဒီမိုကေရစီေရး အပါအဝင္ အစိုးရအဖြဲ႕ရဲ႕ လုပ္ရပ္မ်ားနဲ႔ ပတ္သက္ၿပီး ဝါရွင္တန္က ေဝဖန္ေျပာဆိုမႈမ်ား ဘယ္တုန္းကမွ မရွိခဲ့ဖူးပါဘူး၊

ေတာင္ကိုရီးယားႏိုင္ငံမွာ သမၼတ ယြန္ဆတ္ယိုက စစ္အုပ္ခ်ဳပ္ေရးေၾကညာသည္ကို သတိျပဳမိေၾကာင္း၊ အေျခအေနအရပ္ရပ္ဟာ တည္ၿငိမ္လ်က္ရွိၿပီး အေမရိကန္ႏိုင္ငံသားမ်ားအေနနဲ႔ ဆႏၵျပမႈျဖစ္ပြားရာေနရာမ်ားကို ေရွာင္ရွားၾကရန္ ဆိုးလ္ၿမိဳ႕ အေမရိကန္သံ႐ုံးက သတင္းထုတ္ျပန္ပါတယ္။

https://www.yahoo.com/news/why-south-koreas-president-suddenly-215019879.html?fr=sycsrp_catchall
https://www.yourcentralvalley.com/news/ap-south-koreas-opposition-party-urges-yoon-to-resign-or-face-impeachment-over-martial-law-decree/
https://apnews.com/article/south-korea-yoon-martial-law-997c22ac93f6a9bece68454597e577c1

Related news

© 2021. All rights reserved.