နှစ်ကျော့ပြန်ပျက်စီးခဲ့ရတဲ့ ထန်တလန်ရဲ့ အတွင်းရေးဖြစ်ရပ်များ
 3072
သန့်ဇင် (NP News) - ဒီဇင်ဘာ ၅
ချင်းပြည်နယ်တွင် မြို့နယ်ပေါင်း(၉)မြို့နယ်ရှိသည့်အနက် လက်ရှိတွင် လက်နက်ကိုင် ပူးပေါင်း အဖွဲ့များက မြို့နယ်(၅)မြို့နယ်ကို တိုက်ပွဲများဖော်ဆောင်နေလျက်ရှိကြောင်း သိရသည်။ ထိုသို့ မြို့သိမ်း တိုက်ပွဲဖော်ဆောင်ခံရသည့်မြို့နယ်များအတွင်း ထန်တလန်မြို့လည်းပါဝင်ပြီး (၂၀၂၁)ခုနှစ် အရေးအခင်း စတင်ဖြစ်ပွားသည့်နှစ်တွင် CDF နှင့် CNA လက်နက်ကိုင်အဖွဲ့များက ထန်တလန်မြို့ခံပြည်သူများ တားနေသည့်ကြားမှပင် တိုက်ပွဲများစတင်ဖော်ဆောင်ခဲ့သည်။ အဆိုပါ တိုက်ပွဲများအတွင်း ထန်တလန်မြို့၏ (၃)ပုံ(၂)ပုံခန့်မှာ ပျက်စီးဆုံးရှုံးခဲ့ရပြီး မြို့ခံအားလုံးသည်လည်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ရသည်။ ထို့ နောက် ထန်တလန်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ရာမှ (၂၀၂၃)ခုနှစ်တွင် ချင်းလက်နက် ကိုင် အဖွဲ့များနှင့် PDF ပူးပေါင်းအဖွဲ့တို့က တိုက်ပွဲများပြန်လည်ဖော်ဆောင်လာခဲ့ပြန်သည်။ လက်ရှိတွင် ထန်တ လန်မြို့ရှိ တပ်တော်စခန်းကုန်းနှစ်ကုန်းကို CNA, CDF, PDF နှင့် ပူးပေါင်းအဖွဲ့များက ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေလျက်ရှိပြီး မြို့သည်လည်း များစွာပျက်စီးနေလျက်ရှိကြောင်းသိရသည်။ တပ်မတော်ဘက်ကလည်း ဟားခါးမြို့ဘက်မှ ထိုးစစ်ဆင်နေလျက်ရှိကြောင်းသိရသည်။ ထို့ကြောင့် ဟားခါးမြို့နှင့် (၂၅)မိုင်အကွာတွင်သာရှိကာ တိုက်ပွဲများကြောင့် ပျက်စီးသွားခဲ့ရသည့် ထန်တလန်မြို့ အကြောင်းနှင့် ဒေသခံများ၏ အခက်အခဲများကို ထန်တလန်မြို့မှ ယုံကြည်စိတ်ချရသော သတင်းရင်း မြစ်တစ်ဦးထံ NP New မှ မေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။
မေး-ထန်တလန်မြို့မှာ လူဦးရေဘယ်လောက်ရှိပြီး အရင်က ဘယ်လိုစီးပွားရေးတွေလုပ်လဲခင်ဗျ။
ဖြေ- ထန်တလန်က လူဦးရေသောင်းဂဏန်းလောက် ပဲရှိတဲ့မြို့ပါ။ မြို့က ဆောက်တာအရမ်းကြီးမကြာ သေးပါဘူး။ အရင်ကတော့ ရွာပေါ့နော်။ ဦးဟန်နရီဗန် ထီးယူတို့တက်လာပြီးနောက်ပိုင်းမှာ သူ့နေရာ၊ သူ့ကို မွေးတဲ့ဒေသဆိုတော့ အဲဒီမြို့ကို လုပ်သင့်လုပ်ထိုက် တာတွေတော့ လုပ်ပေးခဲ့ပါတယ်။ မြို့ခံတွေ လိုချင်တာကလည်း လမ်းတွေဖောက် တံတားတွေ ဆောက်ပေးစေချင်တာပါ။ စီးပွားရေးနဲ့ ပတ်သက်ရင်တော့ အရမ်းကြီးထွက်ကုန်မရှိတဲ့မြို့ပါ။ သူတို့စိုက်တဲ့သီးနှံကို သူတို့ပြန်စားသုံးကြတဲ့ မြို့လေးပါ။
မေး-ထန်တလန်မှာ ဘယ်အချိန်ကစပြီး တိုက်ပွဲတွေ ဖြစ်ခဲ့တာလဲခင်ဗျ။ ပြီးတော့ ဘယ်လိုမျိုး စဖြစ်ခဲ့ တာလဲ။
ဖြေ-ထန်တလန်နဲ့ဟားခါးနဲ့က မိုင်(၂၀)ကျော်ပဲရှိ တာ။ ထန်တလန်ကနေ ပလက်ဝကိုနေ့ချင်းပြန်သွားလို့ ရတယ်။ အဲဒီလမ်းလည်းပေါက်တယ်။ မနက်(၈)နာရီကနေသွားမယ်ဆိုရင် ညနေ(၅)နာရီဆို ရောက် တယ်။ လမ်းကြီးကဖြူးနေတာပဲ။ အဲဒီလမ်းကို ဘာကြောင့် ဖောက်ရလဲဆိုတာလည်း အစီအစဉ်ရှိခဲ့ တယ်။ တိုက်ပွဲတွေက (၂၀၂၁) နှစ်စမှာတော့ ဘာမှပိတ်ဆို့တာတွေ တားဆီးတာတွေမရှိသေးဘူး။ နောက်နှစ်လလောက်ကြာတဲ့အခါမှာ တီးတိန်၊ ဖလမ်း၊ ဟားခါး ဘက်ကလူတွေအကုန်လုံးက လူငယ် တွေကို ဒေါက်တာဆာဆာဆိုတဲ့လူကစည်းရုံးပြီးတော့ အဲဒီလူငယ်တွေကို AA ဆီမှာသင်တန်းတက်ဖို့ လွှတ်လိုက်တယ်။ သူတို့ကတော့ အာဏာရှင်ပြုတ်ကျရေး၊ တော်လှန်ဖို့ ဆိုပြီး AA ဆီကိုလွှတ်တာ။ အဲဒီ လူငယ်တွေကလည်း ထန်တလန်ကနေပြီးတော့ AA တွေရှိတဲ့ ပလက်ဝ ဘက်ကိုဖောက်ထွက်သွားကြ တယ်။ အဲဒီမှာ နှစ်လခွဲလောက် စစ်သင်တန်းတွေတက်ခဲ့ကြတယ်။ နောက်တော့ ဒေါက်တာဆာဆာဆို တဲ့လူက လက်နက်တွေ ဝယ်ပေးတယ်။ CDFတွေအကုန်လုံးက အင်အား (၅၀ဝဝ)လောက်နဲ့ ထန်တလန် ကို လာထိုင်တာ။ သူတို့က စရောက်တုန်းမှာတော့ ထန်တလန်မြို့ထဲမှာ မနေဘူး။ ရွာတွေထဲမှာ စိမ့်ဝင် နေကြတာ။ အဲဒီလိုနဲ့ ထန်တလန်ကို အကဲခတ်နေတာ။ အဲဒီအချိန်မှာ ထန်တလန်မှာက စစ်တပ် မရှိ သေးဘူး။ ရဲနဲ့ တပ်မတော် သား အယောက်(၃၀)လောက်ပဲရှိသေးတယ်။ အဲဒီမှာ ဒီအကြောင်းကို သိတဲ့ အချိန်မှာ အထက်ကလူကြီးတွေက ထန်တလန်ကိုပိတ်မှရမယ်ဆိုပြီး အင်အား (၂၀ဝ) (၃၀ဝ) လောက်နဲ့ ပိတ်လိုက်တယ်။ ပိတ်ပြီးတော့ ပစ်ခတ်မှုတော့ရှိပေမယ့် တိုက်ပွဲကြီးကြီးမားမား မဖော်ဆောင်သေးဘူး။ နောက်တော့ စစ်တပ်က ရွှေ့သွားတဲ့အချိန်မှာ ထန်တလန်မြို့ထဲမှာ တပ်မတော်က အင်အား (၆၀) လောက်ပဲကျန်တော့တာ။ အဲဒီမှာ အရင်တုန်းက တပ်မတော်က အင်အားရာကျော်ရှိတဲ့ အချိန်မှာလည်း မြို့ထဲကလူတွေက မြို့ကိုမပျက်စီးစေချင်လို့ PDF ကိုပြောကြတယ်။ ငါတို့ ထန်တလန်ကိုတော့ မတိုက် ပါနဲ့လို့တောင်းဆိုကြတယ်။ အိမ်တစ်လုံးရဲ့တန်ဖိုးကမနည်းဘူးပေါ့။ ပြီးတော့ ဆောက်လုပ်ရာမှာလည်း အခက်အခဲတွေရှိတယ်ပေါ့။ မြို့ပြင်မှာ ကြိုက်သလောက်ဖြစ်။ မြို့ထဲမှာတော့မဖြစ်နဲ့ပေါ့ ပြောကြတယ်။ အဲဒီလူတွေဆီကနေ စားသောက်နေရတုန်းမှာတော့ PDF တွေက ငြိမ်နေကြတယ်။ နောက်တော့ ပိတ်တာဆို့တာတွေဖြစ်လာတော့ မြို့ခံတွေက မပေးနိုင်တော့ဘူး။ အဲဒီမှာ ဒေါက်တာ ဆာဆာဆိုတဲ့ လူကလည်း ဖိအားတွေပေးပြီလေ။ မင်းတို့ မြို့သိမ်းတိုက်ပွဲတွေ စတော့ပေါ့။ မင်းတို့ မြို့ တွေသိမ်းပြမှ ပိုက်ဆံရမယ်။ အဲဒါမှပေးမယ်ဆိုတော့ မြို့သိမ်းတိုက်ပွဲစတာ။ ထန်တလန်မှာက ရဲစခန်း လည်းရှိတယ်။ ရဲနဲ့စစ်သားက အယောက်(၆၀)လောက်ပဲရှိတယ်။ အဲဒီမှာ အင်အား(၂၀ဝဝ) လောက်နဲ့ PDF က စပြီး တိုက်လိုက်တယ်။ အဲဒီမှာ သူတို့ကအင်အားများတော့ တပ်တွေက ဟားခါး ဘက်ကိုဆုတ်ပေးလိုက်ရ တယ်။ အဲဒီမှာ တပ်မတော်ကဆုတ်တဲ့အချိန်မှာ သူတို့အင်အား (၂၀ဝဝ) လောက်က မြို့ထဲမှာ ဝင်ထိုင်နေလိုက်တာ။
မေး - ချင်းပြည်နယ်မှာ ထန်တလန်က ဘယ်လိုအရေးပါတဲ့မြို့လဲ။
ဖြေ-ထန်တလန်က စစ်ရေးအရအရေးပါတဲ့မြို့လို့လည်းပြောလို့ရတယ်။ အရင်တုန်းကဆိုရင် ထန်တ လန်မှာ လေယာဉ်ကွင်းတောင်ဆောက်ဖို့ စီစဉ်ခဲ့ကြတယ်။ လေယာဉ်ဆင်းဖို့အဆင်မပြေလို့ မလုပ်ခဲ့တာ လို့ကြားမိတယ်။
မေး-ထန်တလန်က မြို့လေးတစ်မြို့လည်းဖြစ်တယ်။ အဲဒါကို လက်နက်ကိုင်တွေက အင်အားအလုံး အရင်းနဲ့ဝင်တိုက်တာလား။
ဖြေ-ထန်တလန်က မြို့ကိုမှ မြို့အသေးလေး တစ်မြို့ပါ။ အဲဒီမှာ PDF တွေကို ချင်းအဖွဲ့တွေက ရှေ့ကနေ တိုက်ခိုင်းတယ်။ ပြီးတော့ သူတို့ကနောက်ကနေ တိုက်တာ။ အဲဒီလိုတိုက်ကြတာများပါတယ်။ PDF တွေ ဆိုတာက ဖလမ်းရယ်၊ ဟားခါးရယ်၊ တီးတိန်ရယ်ကလူငယ်တွေက အစကပြောခဲ့သလိုပဲ တော်လှန်မယ် ဆိုပြီး AA ဆီမှာသင်တန်းတက်တာ။ နောက်ပြီးတော့မှ စစ်ဆင်ရေးစတာပေါ့။
မေး-ထန်တလန်မြို့တိုက်ပွဲကို စတင်ဖော်ဆောင်တာက ဘယ်အဖွဲ့အစည်းတွေလဲ။
ဖြေ- CDF ပါတယ်။ PDF ပါတယ်။ CNA ပါတယ်။ တော်တော်များများအဖွဲ့တွေပါတယ်။ ထန်တလန်မှာ က အစတည်းက ရဲကင်းနဲ့တပ်မတော်သား နည်းနည်းလေးပဲ ထားထားတဲ့မြို့ဖြစ်နေတော့ လစ်ဟာနေ တဲ့မြို့ လိုဖြစ်နေတာပေါ့။ တကယ်လို့ နင်လား ငါလားဆိုပြီး မြို့ကြီးတို့လိုမျိုးတပ်ထိုင်ဆိုရင်တောင် မထိုင်သင့်တဲ့ မြို့လို့တော့မြင်တယ်။ ဒါပေမဲ့ စစ်ရေးအရတော့ ထန်တလန်က တပ်ထိုင်သင့်တဲ့မြို့ ပေါ့နော်။ အဲဒီမှာထိုင်ထားရင် ပလက်ဝဘက်ကိုပိတ်လို့ရတယ်ပေါ့နော်။ အဲဒီကနေ အရင်ဆုံးပိတ်ဆို့ တားဆီးမှုလုပ်လို့ရတာပေါ့။ ပလက်ဝကနေပြီးတော့ လာတိုက်တာဗျ။ အဲဒီ မှာပဲ ထန်တလန်မှာ တိုက်ပွဲ တွေစဖြစ်တာပေါ့။ အခု နောက်ပိုင်းမှာတော့ ပြည်သူတွေက PDF တွေနဲ့ လက်နက်ကိုင်တွေကို မကြိုက် ကြဘူး။ သတ်မှာစိုး လို့မပြောရဲတာပဲရှိတာ။
မေး-ဒါဆို ထန်တလန်က တိုက်ပွဲတွေကြားထဲမှာ ဓားစာခံမြို့ပျက်ကြီးကိုဖြစ်သွားတာလား။
ဖြေ-အဲဒီလိုဖြစ်သွားတာပေါ့။ အဲဒီလိုတွေ ဖြစ်သွားတဲ့နောက်မှာပဲ ထန်တလန်မြို့ထဲက ဒီကောင်တွေ (PDF)တွေဆုတ်သွားတဲအချိန်မှာ တပ်ကပြန်ဝင် လာတယ်။ အဲဒီမှာအထိုင်ချတာ။ အဲဒီလိုနဲ့ ထန်တ လန်မှာ ထပ်ပြီးတိုက်ပွဲတွေဖြစ်တဲ့အခါမှာ မြို့ပျက်ကြီး ထပ်ဖြစ်ပြန်တယ်။ အဲဒီလိုဖြစ်တဲ့အခါမှာတော့ ဖလမ်း ရယ်၊ ဟားခါးနဲ့တီးတိန်က အဲဒီဖြစ်စဉ်ကို နမူနာယူ ထားကြတာ။ သူတို့ကတော့ ထန်တလန် ကတော့ သွားပြီပေါ့။ ငါတို့မြို့တွေလည်း အဲဒီလိုအဖြစ်မခံနိုင်ဘူးဆိုပြီး မင်းတို့လည်း မြို့ထဲမှာ တိုက်ပွဲ တွေမဖြစ်ကြနဲ့ဆိုပြီး မြို့ခံတွေက ထိန်းသိမ်းကြတာ။ အဲဒီဟားခါးနဲ့ တီးတိန်ကထိန်းသိမ်းကြတာ ဒီနေ့ ဒီအချိန်ထိပါပဲ။ ဘာလို့ဆို သူတို့က နမူနာကြည့်တာလေ။ ချင်းပြည်နယ်မှာက အိမ်တစ်လုံးဆောက်ဖို့ ဆိုတာ မလွယ်ကူဘူး။ အဲဒီမှာ သူတို့အိမ်ပျက်စီးသွားတဲ့အခါကျတော့ ဒီလိုတိုက်ပွဲမဖြစ်အောင်ထိန်း သိမ်းနေတာ။
မေး-မြို့ပျက်ဖြစ်သွားတဲ့ ထန်တလန်မှာရှိတဲ့ အိမ်တစ်အိမ်ရဲ့ဈေးနှုန်းကကော ပျမ်းမျှ ဘယ်လောက်ရှိ မလဲ။
ဖြေ-ထန်တလန်မှာက အေးတဲ့ဒေသဖြစ်တော့ ထင်းရှူးတွေအသုံးများကြတယ်။ သွပ်မိုးသွပ်ကာတွေ လည်းရှိတယ်။ အရင်တုန်းကဆိုရင်တော့ အဲဒီလိုမျိုးက အကောင်းစားဆိုရင် သိန်း(၃၀ဝ)လောက် ပေး ဆောက်ရတယ်။ ကိုဗစ်ဖြစ်ပြီးနောက်ပိုင်းမှာ အဲဒီအိမ် တန်ဖိုးတွေက နှစ်ဆလောက်ဖြစ်သွားတယ်။ အဲဒီ တော့ သွပ်မိုးအိမ်ကိုသိန်း(၆၀ဝ)ဝန်းကျင်လောက် ဖြစ်သွားမှဆောက်လို့ရမယ်။ RC တိုက်တွေဆိုရင် အရင်က သိန်းထောင်ချီမှာပေါ့နော်။ အကောင်းစားတွေပေါ့။ အခုခေတ်ကာလဈေးဆိုရင်တော့ အရင်က ကျပ်သိန်း (၂၀ဝဝ)လောက်ဆိုရင် အခုကျပ်သိန်း (၄၀ဝဝ)ပေါ့။ စစ်တွေဖြစ်ကြတော့ စစ်ဘေးကိုအသုံး ချပြီး ဈေးတွေတက်ကြတော့ အိမ်ဆောက်ရတာက အဲဒီလိုတွေဖြစ်ကုန်တာပေါ့။ နောက်ပြီး PDF တွေက လည်း အိမ်တွေကိုလိုက်ပြီးဆက်ကြေးတွေကောက်တာတွေရှိသေးတယ်။ သူတို့က ရန်ပုံငွေရှာကြတော့ မြို့ကတော့ ဈေးတွေတက်ကုန်တာပေါ့။ အဲဒီနောက် မြို့ပျက်ကြီးလိုဖြစ်သွားတော့ အိုးအိမ်တွေပျက် တော့ ဘယ်စိတ်ကောင်းကြမလဲဗျာ။
မေး-ထန်တလန်က အိန္ဒိယနဲ့နီးစပ်တဲ့မြို့ဆိုတော့ နယ်စပ်ကုန်သွယ်ရေးမှာကော ဘယ်လိုအခြေအနေ ရှိပါသလဲခင်ဗျ။
ဖြေ- အိန္ဒိယနဲ့နီးတာတော့ဟုတ်တယ်။ အချက်အချာ လည်းကျပါတယ်။ ဒါပေမဲ့ အခုကဘာဖြစ်လဲ ဆိုတော့ ထန်တလန်တို့ဖလမ်းတို့ဆိုတာက အိန္ဒိယနဲ့ ကျောချင်းကပ်နေတဲ့နေရာပေါ့။ အဲဒီမှာ PDF နဲ့ လက်နက်ကိုင်တွေကိုတကယ်တိုက်မယ်ဆိုရင် အဲဒီမှာမှောင် ခိုလမ်းပေါက်နေလို့ သူတို့မှာ ထွန်းကားနေ တာ။ အဲဒီတော့ဘာလုပ်သလဲဆိုတော့ သူတို့ဖလမ်းကိုတိုက်မယ့်အစီအစဉ်မှာလည်း ဒီဘက်မှာ ဆီတစ် လီတာကို ကျပ်(၁၀ဝဝဝ၀)လောက်ဖြစ်နေတာကို ဘာလို့တိုက်ပွဲတွေလာပြီးဖော်ဆောင်တာလဲဆိုတော့ ဒီကောင်တွေ(PDF)တွေက တရုတ်ကပိတ်လိုက်ပေမယ့် အိန္ဒိယဘက်က လောင်စာဆီ၊ စားသောက်ကုန်နဲ့ လက်နက်ခဲယမ်းကို မှောင်ခိုနဲ့ဝယ်နေတာ။ အဲဒီလို ဖြစ်နေတာပါ။ အိန္ဒိယကိုပိတ်ရမှာဆိုရင် ကျီခါးမှာ မှောင်ခိုလမ်းကြောင်းရှိတယ်။ ကျီခါးတို့ ရိဒ်တို့ ထန်တလန်တို့ လုံလဲတို့ကနေပိတ်ရင်တော့ လက်နက် မှောင်ခိုလမ်းကြောင်းကို ပိတ်သလိုဖြစ်မှာပါ။ တွန်းဇံ ကိုတိုက်တုန်းကလည်း ကျီခါးမှာတပ်မတော်သား တွေမရှိဘူး။ ကျီခါးမြို့က အချက်အချာကျတယ်လေ။ ကျီခါးက အန္ဒိယနဲ့နီးနီးလေးပဲ။ အဲဒီမှာလူသစ်စု ဆောင်းတယ်။ လက်နက်ခဲယမ်းတွေကိုလည်း အိန္ဒိယဘက်ကဝယ်လာပြီးပုံထားတယ်။ အဲဒီမှာ တွန်းဇံကို တိုက်တာပေါ့။ အဲဒါကြောင့်လည်း တွန်းဇံမြို့ကိုလွယ်လွယ်ကူကူနဲ့တိုက်လို့ရတာပေါ့။ အဲဒီလိုရှိတယ်။
မေး-တိုက်ပွဲတွေ စပြီးဖော်ဆောင်ခံရတည်းက ထန်တလန်မြို့ခံတွေအကုန်လုံး နေရပ်စွန့်ခွာခဲ့ရတာလား ခင်ဗျ။
ဖြေ-ဟုတ်ပါတယ်။ တစ်ယောက်မကျန်အကုန်လုံး စစ်ဘေးရှောင်လိုက်ရတာပေါ့။ အဲဒီတုန်းကလည်း ပြည်သူတွေသေတယ်နဲ့အော်နေကြတာ။ တကယ်တမ်းမှာတော့ အဲဒီထန်တလန်မြို့ထဲမှာ PDF တွေပဲ သေနေကြတာ။ သူတို့က ဘယ်လိုလဲဆိုတော့ မသေရင်တော့ PDF ပေါ့နော်။ သေသွားရင် အရပ်သား ပေါ့ဗျာ။ သူတို့က အဲဒီပုံစံနဲ့လုပ်နေကြတာ။ မြို့ထဲကို သူတို့ကဝင်ထိုင်နေတော့ အဲဒီအချိန်မှာ ဒေသခံ ပြည်သူတွေက တစ်ယောက်မှမရှိတော့ဘူးလေ။ စစ်ဘေး ရှောင်တဲ့လူတွေကိုလည်း မင်းတို့ သွားမယ် ဆိုသွား။ ကားတွေဆိုင်ကယ်တွေနဲ့ ပစ္စည်းတွေထားခဲ့။ အဲဒီလို လုပ်ခိုင်းတာ။ ဟိုလူတွေကလည်း သူတို့ ကို ဘာလို့ ကားတွေမယူခိုင်းတာလဲမေးတော့ မင်းတို့ကားတွေကို ခဏယူသုံးမယ်ပေါ့။ အဲဒီလိုပြောပြီး ကားတွေယူထား ပြီး ပြန်လည်းမပေးတော့ဘူး။ အဲဒီပစ္စည်းတွေလည်း ပျက်စီးကုန်တယ်။ အဲဒီမှာ စစ်ဘေးရှောင်တဲ့လူတွေက ကားတွေမရှိဘဲ တစ်စီးတလေနဲ့ မြို့တွေ၊ တောရွာတွေ ဘက်ကို ရှောင်သွား ကြရတာ။ အဲဒီကောင်တွေက 4 whees ကားကြီးတွေနဲ့ မြို့ထဲလျှောက်သွားနေကြတာ။ ဟားခါးဘက် တွေပါရောက်လာတော့ တပ်ကလည်း လေယာဉ်နဲ့ကြဲလိုက်တာပေါ့။ အဲဒီမှာ မြို့ထဲမှာရှိတဲ့ အင်အား (၂၀ဝဝ)လောက်က ရာကျော်လောက် သေ သွားတယ်ကြားတယ်။ ဒဏ်ရာရတဲ့လူတွေလည်း မနည်းဘူး ပေါ့။ အဲဒီကနေစပြီး တိုက်ပွဲတွေကြားမှာ ထန်တလန်က မြို့ပျက်ကြီးလိုဖြစ်သွားရတာပဲ။
မေး-ထန်တလန်မြို့ကို မြို့ပျက်ကြီးလိုဖြစ်သွား လောက်အောင် ဘယ်အဖွဲ့အစည်းတွေကလုပ်ခဲ့ တာလဲခင်ဗျ။ ဒေသခံတစ်ဦးအနေနဲ့ ဘယ်လိုမြင်ပါသလဲ ခင်ဗျ။
ဖြေ- PDF တွေရယ် CNF တွေရယ် CDF ပါမယ်၊ CNA ပါတယ်။ အဲဒီအဖွဲတွေ ဖော်ဆောင်ခဲ့လို့သာ မြို့ပျက်ကြီးလိုဖြစ်သွားခဲ့တာပါ။ သူ တို့က မြို့ကိုဝင် တိုက်တာလို့ပြောလို့ရတာပေါ့။ သူတို့ကစတိုက် တုန်းက ရဲစခန်းကိုပစ်မှတ်ထားပြီး ဝင်တိုက်တာ။ အဲဒီမှာ ရဲနဲ့တပ်သား(၆၀)လောက်ပဲရှိတာ။ မကြာ ပါဘူး။ ထန်တလန်ကိုသိမ်းလိုက်ပြီဆိုပြီး လက် နက်တွေနဲ့ပုံတွေတင်ထားခဲ့တာလေ။ အဲဒီအချိန်မှာ ထန်တလန်မြို့ကအရမ်းကြီးမပျက်သေးဘူး။ အဲဒီ နောက်မှာ PDF ပူးပေါင်းအဖွဲ့တွေက ဖမ်းတဲ့လူတွေ ဖမ်းထားပြီးတော့ အဲဒီထဲမှာခိုအောင်းနေကြတာ ပေါ့။ အဲဒီမှာ အင်အား(၂၀ဝဝ)လောက်က ကုန်စုံဆိုင် တို့၊ ဈေးဆိုင်တို့မှာ သူတို့က တံခါးတွေဖောက်ဖျက် ဝင်ပြီးတော့ ဆန်တွေချက်စားတာတို့ လုပ်နေရင်းနဲ့ တစ်လ ကိုးသီတင်းလောက်နေကြတာ။ အဲဒီအချိန်မှာ တပ်ကဝင်မတိုက်သေးဘူး။ ဘေးက ကင်းထောက် နေရုံပဲ။ နောက်တော့မှာ တပ်က မြို့အစလောက်က စတိုက်တာ။ PDF ကလည်း အင်အားများတာဆို တော့ တပ်ကလည်းထပ်တိုက်တော့ လေ ကြောင်းပစ်ကူတွေ နဲ့ဆိုတော့ PDF တွေလည်းထိခိုက်ပြီး အိမ် တွေလည်း ပျက်ကြတာပေါ့။ သူတို့ကလည်းမဖယ်ကြဘူး။ အဲဒီမှာ သူတို့ဘက်က အင်အား (၂၀ဝဝ) လောက်မှာ ရာကျော်လောက်က ဒဏ်ရာရတဲ့လူနဲ့ သေတဲ့လူတွေ ရှိတယ်။ အဲဒီမှာ ဒီကောင်တွေက ဘယ်ကိုဆုတ်ခွာ သွားလဲဆိုရင် နီးစပ်ရာရွာတွေကို ဆုတ်ခွာသွားတယ်။
မေး-အဲဒီနောက်ပိုင်းကော ထန်တလန်မြို့အခြေအ နေက ဘယ်လိုဖြစ်သွားလဲခင်ဗျ။
ဖြေ-နောက်ပိုင်းတော့ မြို့ပျက်ကြီးဖြစ်ပြီးတော့ PDF တွေလည်းမနေနိုင်တော့ ဆုတ်ပြေးသွားကြရ တာပေါ့။ သူတို့မှာလည်း ကြာကြာနေလို့မဖြစ်တာမျိုးတွေးမိလို့ နေမှာပေါ့။ သူတို့က တိုက်ပြီးရင် လက်နက်တွေ ပိုက်ဆံတွေကို ညီတူမျှတူဝေယူကြတာပေါ့။ ပြောရရင် တော့ ဓားပြပုံစံပေါ့။ လက်နက် ကိုင်ကနေ ဓားပြသာ သာဖြစ်သွားတာပေါ့။ အဲဒီနောက်ပိုင်း မြို့ထဲမှာတော့ ပြည်သူ ဘယ်သူမှ ပြန်မဝင် ကြဘူး။ ပြီးခဲ့တဲ့ (၉)လ ပိုင်းတုန်းက ပူးပေါင်းအဖွဲ့တွေက ထန်တလန်ကိုလာ တိုက်ကြတယ်။ အဲဒီမှာ တိုက်ပွဲမှာ PDF အဖွဲ့ဘက်က (၃၀)လောက်သေသွားတယ်။ အဲဒီထဲမှာ CDF က စစ်ဦးစီးချုပ် ဆလိုင်း ရမ်ဇဲရ်ဆိုတဲ့လူလည်းသေသွားတယ်။ လက်နက်တွေလည်းရခဲ့တယ်ပေါ့။ အဲဒီမှာ အခုချိန်ထိ တော့ တပ်ကရှိတယ်။ လူနေတာတော့မရှိသေးဘူး။
မေး-ထန်တလန်က ဟားခါးနဲ့ (၂၅)မိုင်လေက်ပဲဝေး တဲ့မြို့လို့သိရပါတယ်။ နောက်ပိုင်းမှာ ဟားခါးနဲ့ ထန် တလန်ကြားထဲက စခန်းတချို့ကိုလည်း တပ်မတော် က ပြန်လည်သိမ်းယူလာတာလည်းတွေ့ရတယ်။ နောက်ဆုံးမှာ ထန်တလန်ကို အပြီးသတ်ထိန်းချုပ်ပြီး နောက်မှာ ပြည်သူတွေပြန်ဝင်နေနိုင်လား။
ဖြေ-ထန်တလန်ကို အပြီးသတ်တိုက်ခိုက်မယ်ဆို ရတယ်။ ထန်တလန်ကိုတိုက်ခိုက်မယ်ဆိုရင် ထန်တ လန်မှာရှိနေသေးတဲ့ တပ်မတော်သားတွေဆုတ်ပြီးမှ ပြန်တိုက်မယ်ဆိုရမယ်။ ဒီကောင်တွေကလည်း တပ်စခန်းတွေကို တော်ရုံနဲ့မလာကြတော့ဘူး။ တပ်ကလည်း ဒီကောင်တွေလာမှာကိုပဲ ခံစစ်ပြင်ပြီး စောင့်နေကြတဲ့ သဘောမှာရှိတယ်။ ကျွန်တော့်အထင်တော့ ခဏလောက်ချထားပြီးတော့မှ ပြည်သူ တွေဝင်လာမှာလား၊ ဒီကောင်တွေဝင်လာမှာလားဆိုတာစောင့်ကြည့်ပြီး လုပ်မှရမယ်ထင်တယ်ပေါ့နော်။ ဒါကတော့ ကျွန်တော့် အမြင်ပေါ့။ ပြည်သူတွေအနေနဲ့ကလည်း တပ်က လာရင်ကြားညပ်မယ်။ တစ်ဖက် ကလည်း PDF က လာရင်လည်းကြားညပ်မယ်ဆိုတော့ အခုပြဿနာက အဲဒီလိုဖြစ်နေတယ်။ အရင်တုန်း က ကြားမိမှာပါ။ အဲဒီကောင်တွေက မြို့ထဲကိုဝင်လာပြီးတော့ နေအိမ် တွေ ဖောက်တယ်။ ကားတွေယူ သွားတာတွေရှိခဲ့တယ်။ ပြီးတော့လည်း ပြီးခဲ့တဲ့နှစ်မှာလည်း မဏိပူရမြစ်မှာ တံတားရှိတယ်လေ။ (၂၆၈) တပ်က အဲဒီမှာထိုင်ထားတာကို အင်အား(၂၀ဝ) (၃၀ဝ)လောက်နဲ့သွားတိုက်တာလေ။ အဲဒီမှာ တပ်က ဆုတ်ပေးလိုက်ရတာ။ နောက်တစ်ခေါက်တော့ တပ်ကပြန်ထိုင်တော့ သူတို့အဖွဲ့ မဏိပူရနားမှာရှိတဲ့ ဝေပုလ္လရွာတို့ အဲဒီဘက်ကို ပြည်သူတွေကားကိုငှားတာမှာ ပြည်သူတွေက မလိုက်နိုင်ဘူးပြောတော့ သူတို့က ကားတွေယူ သွားတာ။ ပြန်လည်းမရဘူး။ ပြန်လည်းမပေးဘူးတဲ့။ ကားက (၄)၊ (၅)စီး လောက်ပါ သွားတာပေါ့။ အဲဒီလို တွေလည်းရှိတယ်။
မေး-အခုလက်ရှိမှာ ထန်တလန်မှာက ပြည်သူတစ်ယောက်မှမရှိဘူးလို့ဆိုလိုတာလား။
ဖြေ-ဟုတ်တယ် ဘယ်သူမှမရှိဘူး။ သူတို့ပဲနေကြ တာ။ သူတို့ ယူနီဖောင်းနဲ့မနေဘူး။ အရပ်ဝတ်နဲ့နေ ကြတာ။ အဲဒါကိုပစ်ရင် အရပ်သားထိတယ်လုပ်ရော။ မြို့ထဲမှာ သူတို့အဖွဲ့နေတာက တချို့က အရပ်ဝတ် နဲ့ နေတယ်။ တခြားလှုပ်ရှားနေတဲ့အဖွဲ့ကတော့ ယူနီ ဖောင်းနဲ့နေကြတယ်။ ထင်ယောင်ထင်မှားလုပ် တာပေါ့။ သူတို့ပဲနေတာပါ။
မေး-အခုလက်ရှိကော ထန်တလန်မှာ တိုက်ပွဲတွေ ဖြစ်နေသေးလားခင်ဗျ။
ဖြေ-ဖြစ်တယ်လေ။ အရင်နေ့(နိုဝင်ဘာ ၂၅ ရက်)ကပဲ PDF တွေဘက်ကတော့ အယောက်(၆၀) (၇၀) လောက်ရှိမှာပေါ့။ အဲဒီထန်တလန်မှာရှိတဲ့ တပ် စွဲထားတဲ့တပ်ကိုဝင်တိုက်တာ။ တစ်နေကုန်တိုက်တာ။ နောက်တာ့ ညနေ(၅)နာရီလောက်မှာ CDF က ဒုတပ်ရင်းမှူးတစ်ယောက် သေသွားတယ်။ သူက ရှေ့ တက်ပစ်တာမှာ သေသွားတယ်လို့ကြားမိတယ်။ အခု တော့ငြိမ်နေတယ်။ သေသွားတဲ့ CDF ဒုတပ်ရင်းမှူးက ဆလိုင်းကျော်အောင်တဲ့။ လောက် တူးရွာသားလို့ သိရတယ်။ ကျန်တဲ့လူတွေကတော့ ဒဏ်ရာရတယ် ပြောတယ်။ အဲဒီနေ့ကပဲ သူတို့ဘက်ကနေ အရှင်မိတာတွေရှိတယ်။ ဖမ်းမိတာက ကလေးလေး။ အသက် (၁၇)နှစ်ပဲရှိသေးတယ်လို့ပြောတယ်။ မေးမြန်းတော့ သူ့ကိုသတ်မယ်။ သူ့မိသားစုတွေကို သတ်မယ်ပြောလို့ သူဝင်ရတာလို့ပြောတယ်။ သူလည်းရွာသားလေးပဲ။
ကျေးဇူးတင်ပါတယ်။
zawgyi version
သန့်ဇင် (NP News) - ဒီဇင္ဘာ ၅
ကျေးဇူးတင်ပါတယ်။
Related news
© 2021. All rights reserved.