ဒေါ်နယ်ထရမ့်အစိုးရနဲ့နက်ရှိုင်းတဲ့ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့ ယုံကြည်မှုရှိတယ်လို့ ထိုင်ဝမ်သမ္မတ ပြော

202

Pika (NP News) - ဒီဇင်ဘာ ၇
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏အစိုးရအဖွဲ့နှင့် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန်အတွက် ယုံကြည်မှုရှိကြောင်း ထိုင်ဝမ်သမ္မတလိုင်ချန်တေးက ဒီဇင်ဘာလ(၆)ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
အမေရိကန်ရီပတ်ဘလီကန်အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာ တွင် လိုင်ချန်တေးက ယခုလိုထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
အခြားနိုင်ငံများ၏ ခေါင်းဆောင်များကဲ့သို့ပင် လိုင်ချန်တေးသည် ပြီးခဲ့သည့်နိုဝင်ဘာလတွင် ကျင်းပခဲ့သော အမေရိကန်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဒေါ်နယ်ထရမ့်ကို လူသိရှင်ကြား ချီးကျူးဂုဏ်ပြုမှုများ လုပ်ဆောင် ခဲ့သည်။ အမေရိကန်နိုင်ငံသည် ထိုင်ဝမ် နှင့် တရားဝင်သံတမန်ဆက်ဆံရေးများ မရှိသော်လည်း ထိုင်ဝမ်၏ အကြီးဆုံးကျောထောက်နောက်ခံနှင့် စစ်လက်နက်ပစ္စည်းပံ့ပိုးပေးသည့်နိုင်ငံအဖြစ် ရပ်တည်နေသည်မှာ အချိန် အတော်ကြာနေပြီလည်းဖြစ်သည်။
လိုင်ချန်တေးက "ထိုင်ဝမ်ဟာ အာဏာရှင်တွေရဲ့နယ်ချဲ့မှုကို တွန်းလှန်ဖို့အတွက် အမေရိကန်အစိုးရအသစ်နဲ့ နက်ရှိုင်းတဲ့ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့ ယုံကြည်မှုရှိပါတယ်။ ပြီးတော့ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေချိန်မှာပဲ အမေရိကန်နဲ့ထိုင်ဝမ်တို့ရဲ့ သာယာဝပြောရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဖန်တီးဖို့ ယုံကြည်မှုရှိပါတယ်" ဟု ပြောခဲ့သည်။
တရုတ်အစိုးရသည် ထိုင်ဝမ်ကျွန်းကို ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပြီး ထိုင်ဝမ်ကျွန်းအပေါ် အင်အားသုံး မှုကို ဘယ်တော့မှ စွန့်လွှတ်မည်မဟုတ်ကြောင်း ပြီးခဲ့သည့်လများအတွင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ သို့သော် လည်း လိုင်ချန်တေးသည် တရုတ်အစိုးရ၏ပြောဆိုချက်များကို ငြင်းဆန်ပယ်ချထားပြီး ထိုင်ဝမ်ကျွန်းပြည်သူများ ကသာ ၎င်းတို့၏အနာဂါတ်ကို ဆုံးဖြတ်နိုင်ကြောင်း ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။ ထို့ပြင် ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းများ ရောင်းချပေးနေခြင်းအား ချက်ချင်းရပ်တန့်ရန် အမေရိကန်ကို တရုတ်အစိုးရက အကြိမ်ကြိမ် သတိပေးပြောဆိုခဲ့ဖူးသည်။
Zawgyi Version;
ေဒၚနယ္ထရမ့္အစိုးရနဲ႔နက္ရႈိင္းတဲ့ပူးေပါင္းေဆာင္႐ြက္မႈေတြလုပ္ေဆာင္ဖို႔ ယုံၾကည္မႈရွိတယ္လို႔ ထိုင္ဝမ္သမၼတ ေျပာ
Pika (NP News) - ဒီဇင္ဘာ ၇
အေမရိကန္ေ႐ြးေကာက္ခံသမၼတ ေဒၚနယ္ထရမ့္၏အစိုးရအဖြဲ႕ႏွင့္ ပိုမိုနက္ရႈိင္းစြာ ပူးေပါင္းေဆာင္႐ြက္ရန္အတြက္ ယုံၾကည္မႈရွိေၾကာင္း ထိုင္ဝမ္သမၼတလိုင္ခ်န္ေတးက ဒီဇင္ဘာလ(၆)ရက္တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။
အေမရိကန္ရီပတ္ဘလီကန္ေအာက္လႊတ္ေတာ္ဥကၠ႒ မိုက္ဂြၽန္ဆင္ႏွင့္ ဖုန္းေျပာဆိုခဲ့ၿပီးေနာက္ တစ္ရက္အၾကာ တြင္ လိုင္ခ်န္ေတးက ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။
အျခားႏိုင္ငံမ်ား၏ ေခါင္းေဆာင္မ်ားကဲ့သို႔ပင္ လိုင္ခ်န္ေတးသည္ ၿပီးခဲ့သည့္ႏိုဝင္ဘာလတြင္ က်င္းပခဲ့ေသာ အေမရိကန္ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရရွိခဲ့သည့္ ေဒၚနယ္ထရမ့္ကို လူသိရွင္ၾကား ခ်ီးက်ဴးဂုဏ္ျပဳမႈမ်ား လုပ္ေဆာင္ ခဲ့သည္။ အေမရိကန္ႏိုင္ငံသည္ ထိုင္ဝမ္ ႏွင့္ တရားဝင္သံတမန္ဆက္ဆံေရးမ်ား မရွိေသာ္လည္း ထိုင္ဝမ္၏ အႀကီးဆုံးေက်ာေထာက္ေနာက္ခံႏွင့္ စစ္လက္နက္ပစၥည္းပံ့ပိုးေပးသည့္ႏိုင္ငံအျဖစ္ ရပ္တည္ေနသည္မွာ အခ်ိန္ အေတာ္ၾကာေနၿပီလည္းျဖစ္သည္။
လိုင္ခ်န္ေတးက "ထိုင္ဝမ္ဟာ အာဏာရွင္ေတြရဲ႕နယ္ခ်ဲ႕မႈကို တြန္းလွန္ဖို႔အတြက္ အေမရိကန္အစိုးရအသစ္နဲ႔ နက္ရႈိင္းတဲ့ပူးေပါင္းေဆာင္႐ြက္မႈေတြ ဆက္လက္လုပ္ေဆာင္ဖို႔ ယုံၾကည္မႈရွိပါတယ္။ ၿပီးေတာ့ ေဒသတြင္း တည္ၿငိမ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ လုပ္ေဆာင္ေနခ်ိန္မွာပဲ အေမရိကန္နဲ႔ထိုင္ဝမ္တို႔ရဲ႕ သာယာဝေျပာေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ဖန္တီးဖို႔ ယုံၾကည္မႈရွိပါတယ္" ဟု ေျပာခဲ့သည္။
တ႐ုတ္အစိုးရသည္ ထိုင္ဝမ္ကြၽန္းကို ၎၏ ပိုင္နက္နယ္ေျမအျဖစ္ ရႈျမင္ထားၿပီး ထိုင္ဝမ္ကြၽန္းအေပၚ အင္အားသုံး မႈကို ဘယ္ေတာ့မွ စြန႔္လႊတ္မည္မဟုတ္ေၾကာင္း ၿပီးခဲ့သည့္လမ်ားအတြင္း ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးသည္။ သို႔ေသာ္ လည္း လိုင္ခ်န္ေတးသည္ တ႐ုတ္အစိုးရ၏ေျပာဆိုခ်က္မ်ားကို ျငင္းဆန္ပယ္ခ်ထားၿပီး ထိုင္ဝမ္ကြၽန္းျပည္သူမ်ား ကသာ ၎တို႔၏အနာဂါတ္ကို ဆုံးျဖတ္ႏိုင္ေၾကာင္း ျပန္လည္တုံ႔ျပန္ေျပာဆိုခဲ့သည္။ ထို႔ျပင္ ထိုင္ဝမ္ကို စစ္လက္နက္ပစၥည္းမ်ား ေရာင္းခ်ေပးေနျခင္းအား ခ်က္ခ်င္းရပ္တန႔္ရန္ အေမရိကန္ကို တ႐ုတ္အစိုးရက အႀကိမ္ႀကိမ္ သတိေပးေျပာဆိုခဲ့ဖူးသည္။