သမ္မတ ယွန်ဆက်ယိုလ်ရဲ့စစ်အုပ်ချုပ်ရေးဥပဒေ နဲ့ တောင်ကိုရီးယား အနာဂတ် (ဘာသာပြန်ဆောင်းပါး)
162
ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၈
တောင်ကိုရီးယားနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေတွေဟာ လိပ်ခဲတည်းလည်းအခြေနေမျိုး ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၃) ရက် တုန်းကလည်း ကမ္ဘာ့အကောင်းဆုံး ဒီမိုကရေစီနိုင်ငံလို့ ချီးကျူးပြောဆိုခံရတဲ့ တောင်ကိုရီးယားနိုင်ငံမှာ သမ္မတယွန်ဆက်ယိုလ်က ရုတ်တရက်စစ်အုပ်ချုပ်ရေး ဥပဒေကြေညာခဲ့ရာ တောင်ကိုရီးယားနိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေဟာ တင်းမာမှုအရှိန်ပိုမိုမြင့်တက် လာစေခဲ့ပါတယ်။ သမ္မတယွန်ဆက်ယိုလ်ဟာ တောင် ကိုရီးယားလွှတ်တော်အတွင်းရှိ အတိုက်အခံပါတီ တွေ နဲ့ အငြင်းပွားမှုတွေမြင့်တက်လာခဲ့ပြီးနောက် ဒီဇင်ဘာ (၃) ရက် ညပိုင်းမှာ နှစ်ပေါင်း (၄၄) နှစ်ကျော် အတွင်း ပထမဆုံးအကြိမ်စစ်အုပ်ချုပ်ရေးဥပဒေကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်အုပ်ချုပ်ရေး ဥပဒေထုတ်ပြန်မှုကို တောင်ကိုရီးယားပြည်သူတွေ၊ တောင်ကိုရီးယားနိုင်ငံရေးပါတီတွေ အပြင်းအထန် ကန့်ကွက်ခဲ့ပြီး လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ချိန်မှာလည်း လွှတ်တော်ကိုယ်စားလှယ်အများစုက ငြင်းဆန်ပယ်ချခဲ့ပါ တယ်။
တောင်ကိုရီးယား အတိုက်အခံပါတီအမတ်တွေရဲ့ စွပ်စွဲပြစ်တင်မယ့် အခြေအနေတွေကို ကြိုတင် လက်ဦးမှုရယူနိုင်ဖို့ ယွန်ဆက်ယိုလ်ဟာ စစ်အုပ်ချုပ် ရေးဥပဒေကို ရုတ်တရက် ကြေညာခဲ့တာ ဖြစ်ပေ မယ့် လွှတ်တော်ကိုယ်စားလှယ်တွေအပြင် ပြည်သူအားလုံးကလက်မခံဘဲ ငြင်းဆန်ခဲ့ပါတယ်။ လွှတ် တော် ကိုယ်စားလှယ် (၃၀ဝ) ကျော်ရှိနေတဲ့ လွတ်တော်အတွင်း စစ်အုပ်ချုပ်ရေးကြေညာချက်ကို လက်ခံ ခြင်းရှိမရှိ မဲခွဲဆုံးဖြတ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၁၉၀) ကျော်က ကန့်ကွက်ကြောင်း ဆန္ဒမဲ ပေးခဲ့တဲ့အတွက် သမ္မတယွန်ရဲ့ စစ်အုပ်ချုပ်ရေး ဥပဒေကြေညာချက်ဟာ တရားမဝင်ဘူးလို့ ဆုံးဖြတ်ခဲ့ ပါတယ်။
ဒါကြောင့် တောင်ကိုရီးယား သမ္မတ ယွန်ဆက်ယိုလ် ကြေညာခဲ့တဲ့စစ်အုပ်ချုပ်ရေးအမိန့်ဟာ (၆) နာရီကျော်သာ အသက်ဝင်ခဲ့ပြီး လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီးချိန်မှာတော့ အဆုံးသတ်ခဲ့ရပါတယ်။ စစ် အုပ်ချုပ်ရေးဥပဒေဆိုတာ အရပ်ဘက် အာဏာပိုင်တွေက နိုင်ငံကို အုပ်ချုပ်လည်ပတ်နိုင်စွမ်း မရှိတဲ့ အရေးပေါ်အခြေအနေမျိုးမှာ စစ်တပ်က တိုင်း ပြည်ကို ယာယီအုပ်ချုပ်တဲ့ ဥပဒေဖြစ်ပြီး တောင်ကိုရီး ယားမှာ စစ်အုပ်ချုပ်ရေး ဥပဒေ နောက်ဆုံးပြဋ္ဌာန်း ခဲ့ချိန်ဟာ (၁၉၇၉) ခုနှစ်က ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ တောင်ကိုရီးယား သမ္မတဟာ နိုင်ငံရေးဖိအား မျိုးစုံရင်ဆိုင်နေရပြီး စစ် အုပ်ချုပ်ရေးဥပဒေအမိန့်ထုတ်ပြန်မှုမှာ အဓိကပါဝင် ဆက်နွှယ်ခဲ့သူ ကာကွယ်ရေးဝန်ကြီးလည်း ရာထူး ကနေ နုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။ ယွန်ဆက်ယိုလ် ဟာ (၂၀၂၂) ခုနှစ်မှာ တောင်ကိုရီးယားသမ္မတ အဖြစ် တာဝန်ယူခဲ့ပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေးကို ပိုမို တိုးတက်ကောင်းမွန်အောင်မလုပ်ဆောင် နိုင်ခြင်း၊ ဇနီးဖြစ်သူက ဒီဇိုင်နာတစ်ဦးထံကနေ လက်ဆောင်တွေ ရယူခဲ့ခြင်း၊ အကျင့်ပျက်လာဘ်စားခြင်း စတဲ့ စွပ်စွဲချက်တွေကိုရင်ဆိုင်ခဲ့ရပြီး တောင်ကိုရီးယား အတိုက်အခံပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် တွေက ယွန်ဆက်ယိုလ်ကို လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
အဓိက အတိုက်အခံပါတီဖြစ်တဲ့ ဒီမိုကရက် တစ်ပါတီဟာ ယွန်ဆက်ယိုလ်အပေါ် စွပ်စွဲပြစ်တင် မယ့် ဥပဒေကြမ်းတင်သွင်းမယ့်အစီအစဉ်ကို ဦးဆောင် လုပ်ကိုင်နေပြီးအခြားအတိုက်ခံပါတီ (၆) ခုက လည်း ယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်ဖို့ လွှတ်တော်ကို တင်ပြတောင်းဆိုထားပါတယ်။ ယွန်ဆက် ယိုလ်ရဲ့ မိခင်ပါတီဖြစ်တဲ့ ပြည်သူ့အာ ဏာပါတီကိုယ်တိုင်ကလည်း စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်ခဲ့တဲ့ ယွန်ဆက်ယိုလ်ရဲ့လုပ်ရပ်တွေကို စိတ်ဆိုးဒေါသဖြစ်နေပြီး ဝေဖန်ပြစ်တင်ထားပါတယ်။ ပြည်သူ့အာဏာ ပါတီ ခေါင်းဆောင် ဟန်ဒေါင်ဟွန်က ယွန်ဆက်ယိုလ်ကိုပါတီက ထွက်ဖို့တောင်းဆိုထားသလို အတိုက် အခံပါတီတွေရဲ့ စွပ်စွဲပြစ်တင်မယ့် အစီအစဉ်ကို ပူးပေါင်းပါဝင်ဖွယ်ရှိတယ်လို့ပြောဆို ထားပါတယ်။
ပြည်သူ့အာဏာပါတီဟာ ယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်မယ့် အတိုက်အခံပါတီတွေရဲ့လုပ်ရပ် ကို ထောက်ခံမှာမဟုတ်ဘူးလို့ အစောပိုင်းက သတင်း ထုတ်ပြန်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အတိုက် အခံ ပါတီတွေနဲ့ ပူးပေါင်းဖွယ်ရှိတယ်ဆိုတဲ့သတင်းတွေ ထပ်မံထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ပြည်သူ့ အာဏာပါတီခေါင်းဆောင် ဟန်ဒေါင်ဟွန်က ယွန်ဆက် ယိုလ်သာ သမ္မတအဖြစ်ဆက်ရှိမယ်ဆိုရင် နိုင်ငံ အတွက် အန္တရာယ်ရှိနေပြီး သမ္မတရာထူးကနုတ်ထွက်ဖို့တိုက်တွန်းတောင်းဆိုထားပါတယ်။
တောင်ကိုရီးယားပြည်သူတွေကလည်း ယွန်ဆက်ယိုလ်ကို သမ္မတအဖြစ် ဆက်လက်ရှိနေမှာ ကို လိုလားမှုမရှိတော့ကြောင်း တောင်ကိုရီးယား အခြေစိုက်သတင်းတွေမှာ ဖော်ပြထားပါတယ်။ တောင် ကိုရီးယားပြည်သူအများစုက ယွန်ဆက်ယိုလ်ကို ရာထူးက အလိုအလျောက် နုတ်ထွက်ရင်နုတ်ထွက်၊ မနုတ်ထွက်ဘူးဆိုရင် လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မယ့်နည်းလမ်းနဲ့ ဖြုတ်ချနိုင်ဖို့ တောင်းဆိုနေပါ တယ်။ တောင်ကိုရီးယားပြည်သူတွေကလည်း ယွန် ဆက်ယိုလ်ကို နိုင်ငံရေးအရ ဖိအားပေးနိုင်အောင် ဆန္ဒပြပွဲတွေ အရှိန်မြှင့်လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ (၂၀၁၆)ခုနှစ်တုန်းကလည်း သမ္မတ ပတ်ဂွန်ဟေးကို လွှတ် တော်အတွင်း စွပ်စွဲပြစ်တင်ကာ ရာထူးက ဖြုတ်ချတဲ့အဖြစ်အပျက်တွေဖြစ်ပွားခဲ့ဖူးပါတယ်။ ယွန်ဆက် ယိုလ်ကို စွပ်စွဲပြစ်တင်မယ့်ဥပဒေမူကြမ်းကို လွှတ်တော်ကိုယ်စားလှယ် (၃၀ဝ) အနက် အနည်းဆုံး သုံးပုံ နှစ်ပုံ ထောက်ခံဖို့လိုအပ်ပြီး အနည်းဆုံးလွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံက ထောက်ခံမယ်ဆိုရင် အောင်မြင်မှုရမှာဖြစ်ပါတယ်။ ယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်မယ့် ဥပဒေမူကြမ်းကို တင်သွင်းမယ့် အတိုက်ခံပါတီ ဒီမိုကရက်တစ်ပါတီဟာ လွှတ်တော် ကိုယ်စားလှယ် အနည်းဆုံး (၁၇၀) ဦးရှိနေပြီး အခြားအတိုက်ခံပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းလိုက်မယ်ဆိုရင် ဥပဒေမူကြမ်းကို ထောက်ခံမယ့် ကိုယ်စားလှယ်အရေအတွက်ဟာ အနည်းဆုံး (၂၀ဝ) နီးပါးရှိမှာဖြစ်ပါတယ်။
အတိုက်အခံပါတီ ခေါင်းဆောင်တစ်ဦးက “ကျွန်တော်တို့ရဲ့လက်ရှိတာဝန်က သမ္မတကို စွပ်စွဲ ပြစ်တင်မယ့် ဥပဒေမူကြမ်းအောင်မြင်အောင်လုပ်ဖို့ပါ၊ အောင်မြင်မှုမရဘူးဆိုရင် ကျွန်တော်တို့ဟာ အ ခြေအနေတွေကို ပြန်လည်သုံးသပ်ပြီး သမ္မတကို ရာထူးကဖြုတ်ချနိုင်အောင် ထပ်မံကြိုးပမ်းမယ်” လို့ ပြောပါတယ်။ လက်ရှိအချိန်မှာ တောင်ကိုရီးယား အာဏာရပါတီဖြစ်သလို ယွန်ဆက်ယိုလ်ရဲ့မိခင်ပါတီ ဖြစ်တဲ့ပြည်သူ့အာဏာပါတီကလည်း ယွန်ဆက်ယိုလ် ကိုစွပ်စွဲပြစ်တင်မယ့် ဥပဒေမူကြမ်းကို ထောက်ခံ ဖွယ်ရှိနေတဲ့အတွက် လိုအပ်တဲ့လွှတ်တော်ကိုယ်စားလှယ်အရေအတွက် သုံးပုံနှစ်ပုံကို ရဖွယ်ရှိနေပါ တယ်။ ယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်မယ့် ဥပဒေမူကြမ်းကို လွှတ်တော်က လက်ခံလိုက်မယ်ဆိုရင် ယွန်ဆက်ယိုလ်ကသမ္မတရာထူးကနေ ဆိုင်းငံ့ခံရမှာဖြစ်ပြီး စုံစမ်းစစ်ဆေးခံရမှာဖြစ်ပါတယ်။ ယွန်ဆက် ယိုလ်ကို စုံစမ်းစစ်ဆေးပြီးနောက် အမှုကို အဖွဲ့ဝင် (၉) ဦးပါတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို ထပ်မံ လွှဲပြောင်း စစ်ဆေးမှာဖြစ်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအဖွဲ့ဝင် တရားသူကြီး ခြောက်ဦးက စွပ်စွဲပြစ် တင်ခြင်းကို လက်ခံခွင့်ပြုမယ်ဆိုရင် ယွန်ဆက်ယိုလ်ဟာ သမ္မတ ရာထူးက ဖြုတ်ခံရမှာဖြစ်ပါတယ်။ ယွန်ဆက်ယိုလ်ဟာ စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်မှုနဲ့အတူ အဓိက အတိုက်အခံ ပါတီခေါင်းဆောင် တွေအပြင် ၎င်းရဲ့မိခင်ပါတီက တာဝန်ရှိသူတွေကို ဖမ်းဆီးဖို့အမိန့်ပေးခဲ့တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့တွေက ပြောပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနဟာ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်မှုနဲ့ဆက်နွှယ်ပြီး တောင်ကိုရီးယားအထူးတပ်ဖွဲ့ တပ်မှူးအပါအဝင် တပ်မှူးသုံးဦးကို ဆိုင်းငံ့ပြစ်ဒဏ်တွေပေးခဲ့တယ်လို့ သိရပါတယ်။ ယွန်ဆက်ယိုလ်ဟာလည်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စွပ်စွဲပြစ်တင်မယ့် အရေး အပြင် ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းခြင်းကို ထပ်မံရင်ဆိုင်ရဖွယ်ရှိတယ်လို့ တောင်ကိုရီးယား အခြေစိုက် မီဒီယာတွေကဖော်ပြထားပါတယ်။
တောင်ကိုရီးယားရဲတပ်ဖွဲ့ဟာ လက်ရှိအချိန်မှာ ယွန်ဆက်ယိုလ်ကို စစ်အုပ်ချုပ်ရေးအမိန့် ထုတ် ပြန်မှုနဲ့ ဆက်နွှယ်ပြီး နိုင်ငံတော်သစ္စာဖောက်မှု၊ နိုင်ငံတော်ပုန်ကန်မှုတွေနဲ့ စွဲချက်တင်ကာ စုံစမ်း စစ် ဆေးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ မအောင်မြင်တဲ့စစ်အုပ်ချုပ် ရေးအမိန့်ထုတ်ပြန်မှုနဲ့ ဆက်နွှယ်ပြီး တောင်ကိုရီးယား အစိုးရရှေ့နေချုပ်ရုံးကလည်းသမ္မတ ယွန်ဆက် ယိုလ်အပြင် ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယမ်ဟွန်နဲ့ ပြည်ထဲရေးဝန်ကြီးတို့ကို သီးခြားစုံစမ်းစစ် ဆေးဖွယ်ရှိနေပါတယ်။ လက်ရှိအချိန်မှာ တောင်ကိုရီးယား သမ္မတ ယွန်ဆက်ယိုလ်ဘက်ကနေ ရပ်တည် ပေးမယ့်ပါတီ၊ အဖွဲ့အစည်းမရှိဘဲ ဖြစ်နေရာ အတိုက်အခံလွှတ် တော်ကိုယ်စားလှယ်တွေရဲ့ စွပ်စွဲပြစ်တင် မယ့်အစီအစဉ်က အောင်မြင်ဖွယ်ရှိနေပါတယ်။ ယွန်ဆက်ယိုလ်ရဲ့မိခင်ပါတီဖြစ်တဲ့ တောင်ကိုရီးယား ပြည်သူ့အာဏာပါတီက ယွန်ဆက်ယိုလ်ကို ဆိုင်းငံ့မှုမရှိဘူးဆိုရင် ၎င်းဟာတောင်ကိုရီးယားနိုင်ငံအတွက် အလွန် အန္တရာယ်ကြီးသူဖြစ်လာဖွယ်ရှိတယ်လို့ မှတ်ချက်ပြု ပြောဆိုထားရာ အာဏာရပါတီ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ယွန်ဆက်ယိုလ်ကို ကျောထောက်နောက်ခံပြုပေးဖို့ အလားအလာ မရှိတော့ ဘူးလို့ တောင်ကိုရီးယား သတင်းဌာနတွေကဖော်ပြထားပါတယ်။ လက်ရှိအခြေအနေတွေအရ တောင် ကိုရီးယားအစိုးရ ရှေ့နေဟောင်းအဖြစ်တာဝန်ယူခဲ့ဖူးတဲ့ ယွန်ဆက်ယိုလ်ရဲ့ သမ္မတအဖြစ် ဆက်လက် တာဝန်ယူခွင့်ရရေး အနာဂတ်ဟာ တဖြည်းဖြည်း ပိုမိုဆိုးရွားလာဖွယ်ရှိနေပြီးစွပ်စွဲပြစ်တင်တဲ့ ကြိုးပမ်း ချက်မအောင်မြင်ဘူးဆိုရင် တောင်ကိုရီးယားနိုင်ငံရေးမှာ အလှုပ်အခတ်တွေ ပိုမိုဖြစ်လာဖွယ်ရှိနေမှုနဲ့ အတူ ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေပိုမိုဖြစ်လာဖွယ်ရှိနေပါတယ်။
ယွန်ဆက်ယိုလ်ကိုသမ္မတအဖြစ် ဆက်လက်မမြင်ချင်တော့တဲ့ တောင်ကိုရီးယား ပြည်သူတွေ ရဲ့ဆန္ဒတွေ လက်တွေ့မှာပြည့်ဝမှာလားဆိုတာ ရက်ပေါင်း (၁၈၀) အတွင်း စိတ်ဝင်စားဖွယ်စောင့်ကြည့် ရမှာပဲဖြစ်ပါတယ်။
သမၼတ ယြန္ဆက္ယိုလ္ရဲ႕စစ္အုပ္ခ်ဳပ္ေရးဥပေဒ နဲ႔ ေတာင္ကိုရီးယား အနာဂတ္ (ဘာသာျပန္ေဆာင္းပါး)
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၈
ေတာင္ကိုရီးယားႏိုင္ငံရဲ႕လက္ရွိႏိုင္ငံေရးအေျခအေနေတြဟာ လိပ္ခဲတည္းလည္းအေျခေနမ်ိဳး ျဖစ္ေနပါတယ္။ ၿပီးခဲ့တဲ့ ဒီဇင္ဘာ (၃) ရက္ တုန္းကလည္း ကမာၻ႔အေကာင္းဆုံး ဒီမိုကေရစီႏိုင္ငံလို႔ ခ်ီးက်ဴးေျပာဆိုခံရတဲ့ ေတာင္ကိုရီးယားႏိုင္ငံမွာ သမၼတယြန္ဆက္ယိုလ္က ႐ုတ္တရက္စစ္အုပ္ခ်ဳပ္ေရး ဥပေဒေၾကညာခဲ့ရာ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ႏိုင္ငံေရးအေျခအေနေတြဟာ တင္းမာမႈအရွိန္ပိုမိုျမင့္တက္ လာေစခဲ့ပါတယ္။ သမၼတယြန္ဆက္ယိုလ္ဟာ ေတာင္ ကိုရီးယားလႊတ္ေတာ္အတြင္းရွိ အတိုက္အခံပါတီ ေတြ နဲ႔ အျငင္းပြားမႈေတြျမင့္တက္လာခဲ့ၿပီးေနာက္ ဒီဇင္ဘာ (၃) ရက္ ညပိုင္းမွာ ႏွစ္ေပါင္း (၄၄) ႏွစ္ေက်ာ္ အတြင္း ပထမဆုံးအႀကိမ္စစ္အုပ္ခ်ဳပ္ေရးဥပေဒကို ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ အဲဒီစစ္အုပ္ခ်ဳပ္ေရး ဥပေဒထုတ္ျပန္မႈကို ေတာင္ကိုရီးယားျပည္သူေတြ၊ ေတာင္ကိုရီးယားႏိုင္ငံေရးပါတီေတြ အျပင္းအထန္ ကန႔္ကြက္ခဲ့ၿပီး လႊတ္ေတာ္အတြင္း မဲခြဲဆုံးျဖတ္ခ်ိန္မွာလည္း လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားစုက ျငင္းဆန္ပယ္ခ်ခဲ့ပါ တယ္။
ေတာင္ကိုရီးယား အတိုက္အခံပါတီအမတ္ေတြရဲ႕ စြပ္စြဲျပစ္တင္မယ့္ အေျခအေနေတြကို ႀကိဳတင္ လက္ဦးမႈရယူႏိုင္ဖို႔ ယြန္ဆက္ယိုလ္ဟာ စစ္အုပ္ခ်ဳပ္ ေရးဥပေဒကို ႐ုတ္တရက္ ေၾကညာခဲ့တာ ျဖစ္ေပ မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအျပင္ ျပည္သူအားလုံးကလက္မခံဘဲ ျငင္းဆန္ခဲ့ပါတယ္။ လႊတ္ ေတာ္ ကိုယ္စားလွယ္ (၃၀ဝ) ေက်ာ္ရွိေနတဲ့ လြတ္ေတာ္အတြင္း စစ္အုပ္ခ်ဳပ္ေရးေၾကညာခ်က္ကို လက္ခံ ျခင္းရွိမရွိ မဲခြဲဆုံးျဖတ္ခဲ့ရာ လႊတ္ေတာ္ကိုယ္စားလွယ္ေပါင္း (၁၉၀) ေက်ာ္က ကန႔္ကြက္ေၾကာင္း ဆႏၵမဲ ေပးခဲ့တဲ့အတြက္ သမၼတယြန္ရဲ႕ စစ္အုပ္ခ်ဳပ္ေရး ဥပေဒေၾကညာခ်က္ဟာ တရားမဝင္ဘူးလို႔ ဆုံးျဖတ္ခဲ့ ပါတယ္။
ဒါေၾကာင့္ ေတာင္ကိုရီးယား သမၼတ ယြန္ဆက္ယိုလ္ ေၾကညာခဲ့တဲ့စစ္အုပ္ခ်ဳပ္ေရးအမိန႔္ဟာ (၆) နာရီေက်ာ္သာ အသက္ဝင္ခဲ့ၿပီး လႊတ္ေတာ္က မဲခြဲဆုံးျဖတ္ၿပီးခ်ိန္မွာေတာ့ အဆုံးသတ္ခဲ့ရပါတယ္။ စစ္ အုပ္ခ်ဳပ္ေရးဥပေဒဆိုတာ အရပ္ဘက္ အာဏာပိုင္ေတြက ႏိုင္ငံကို အုပ္ခ်ဳပ္လည္ပတ္ႏိုင္စြမ္း မရွိတဲ့ အေရးေပၚအေျခအေနမ်ိဳးမွာ စစ္တပ္က တိုင္း ျပည္ကို ယာယီအုပ္ခ်ဳပ္တဲ့ ဥပေဒျဖစ္ၿပီး ေတာင္ကိုရီး ယားမွာ စစ္အုပ္ခ်ဳပ္ေရး ဥပေဒ ေနာက္ဆုံးျပ႒ာန္း ခဲ့ခ်ိန္ဟာ (၁၉၇၉) ခုႏွစ္က ျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ ေတာင္ကိုရီးယား သမၼတဟာ ႏိုင္ငံေရးဖိအား မ်ိဳးစုံရင္ဆိုင္ေနရၿပီး စစ္ အုပ္ခ်ဳပ္ေရးဥပေဒအမိန႔္ထုတ္ျပန္မႈမွာ အဓိကပါဝင္ ဆက္ႏႊယ္ခဲ့သူ ကာကြယ္ေရးဝန္ႀကီးလည္း ရာထူး ကေန ႏုတ္ထြက္သြားခဲ့ၿပီျဖစ္ပါတယ္။ ယြန္ဆက္ယိုလ္ ဟာ (၂၀၂၂) ခုႏွစ္မွာ ေတာင္ကိုရီးယားသမၼတ အျဖစ္ တာဝန္ယူခဲ့ၿပီးေနာက္ပိုင္း ႏိုင္ငံေရး၊ စီးပြားေရးကို ပိုမို တိုးတက္ေကာင္းမြန္ေအာင္မလုပ္ေဆာင္ ႏိုင္ျခင္း၊ ဇနီးျဖစ္သူက ဒီဇိုင္နာတစ္ဦးထံကေန လက္ေဆာင္ေတြ ရယူခဲ့ျခင္း၊ အက်င့္ပ်က္လာဘ္စားျခင္း စတဲ့ စြပ္စြဲခ်က္ေတြကိုရင္ဆိုင္ခဲ့ရၿပီး ေတာင္ကိုရီးယား အတိုက္အခံပါတီရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ ေတြက ယြန္ဆက္ယိုလ္ကို လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္ဖို႔ စီစဥ္ခဲ့တာျဖစ္ပါတယ္။
အဓိက အတိုက္အခံပါတီျဖစ္တဲ့ ဒီမိုကရက္ တစ္ပါတီဟာ ယြန္ဆက္ယိုလ္အေပၚ စြပ္စြဲျပစ္တင္ မယ့္ ဥပေဒၾကမ္းတင္သြင္းမယ့္အစီအစဥ္ကို ဦးေဆာင္ လုပ္ကိုင္ေနၿပီးအျခားအတိုက္ခံပါတီ (၆) ခုက လည္း ယြန္ဆက္ယိုလ္ကို စြပ္စြဲျပစ္တင္ဖို႔ လႊတ္ေတာ္ကို တင္ျပေတာင္းဆိုထားပါတယ္။ ယြန္ဆက္ ယိုလ္ရဲ႕ မိခင္ပါတီျဖစ္တဲ့ ျပည္သူ႔အာ ဏာပါတီကိုယ္တိုင္ကလည္း စစ္အုပ္ခ်ဳပ္ေရးဥပေဒ ထုတ္ျပန္ခဲ့တဲ့ ယြန္ဆက္ယိုလ္ရဲ႕လုပ္ရပ္ေတြကို စိတ္ဆိုးေဒါသျဖစ္ေနၿပီး ေဝဖန္ျပစ္တင္ထားပါတယ္။ ျပည္သူ႔အာဏာ ပါတီ ေခါင္းေဆာင္ ဟန္ေဒါင္ဟြန္က ယြန္ဆက္ယိုလ္ကိုပါတီက ထြက္ဖို႔ေတာင္းဆိုထားသလို အတိုက္ အခံပါတီေတြရဲ႕ စြပ္စြဲျပစ္တင္မယ့္ အစီအစဥ္ကို ပူးေပါင္းပါဝင္ဖြယ္ရွိတယ္လို႔ေျပာဆို ထားပါတယ္။
ျပည္သူ႔အာဏာပါတီဟာ ယြန္ဆက္ယိုလ္ကို စြပ္စြဲျပစ္တင္မယ့္ အတိုက္အခံပါတီေတြရဲ႕လုပ္ရပ္ ကို ေထာက္ခံမွာမဟုတ္ဘူးလို႔ အေစာပိုင္းက သတင္း ထုတ္ျပန္ခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ အတိုက္ အခံ ပါတီေတြနဲ႔ ပူးေပါင္းဖြယ္ရွိတယ္ဆိုတဲ့သတင္းေတြ ထပ္မံထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။ ျပည္သူ႔ အာဏာပါတီေခါင္းေဆာင္ ဟန္ေဒါင္ဟြန္က ယြန္ဆက္ ယိုလ္သာ သမၼတအျဖစ္ဆက္ရွိမယ္ဆိုရင္ ႏိုင္ငံ အတြက္ အႏၲရာယ္ရွိေနၿပီး သမၼတရာထူးကႏုတ္ထြက္ဖို႔တိုက္တြန္းေတာင္းဆိုထားပါတယ္။
ေတာင္ကိုရီးယားျပည္သူေတြကလည္း ယြန္ဆက္ယိုလ္ကို သမၼတအျဖစ္ ဆက္လက္ရွိေနမွာ ကို လိုလားမႈမရွိေတာ့ေၾကာင္း ေတာင္ကိုရီးယား အေျခစိုက္သတင္းေတြမွာ ေဖာ္ျပထားပါတယ္။ ေတာင္ ကိုရီးယားျပည္သူအမ်ားစုက ယြန္ဆက္ယိုလ္ကို ရာထူးက အလိုအေလ်ာက္ ႏုတ္ထြက္ရင္ႏုတ္ထြက္၊ မႏုတ္ထြက္ဘူးဆိုရင္ လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္မယ့္နည္းလမ္းနဲ႔ ျဖဳတ္ခ်ႏိုင္ဖို႔ ေတာင္းဆိုေနပါ တယ္။ ေတာင္ကိုရီးယားျပည္သူေတြကလည္း ယြန္ ဆက္ယိုလ္ကို ႏိုင္ငံေရးအရ ဖိအားေပးႏိုင္ေအာင္ ဆႏၵျပပြဲေတြ အရွိန္ျမႇင့္လုပ္ေဆာင္ဖို႔ စီစဥ္ေနပါတယ္။
ေတာင္ကိုရီးယားႏိုင္ငံမွာ ၿပီးခဲ့တဲ့ (၂၀၁၆)ခုႏွစ္တုန္းကလည္း သမၼတ ပတ္ဂြန္ေဟးကို လႊတ္ ေတာ္အတြင္း စြပ္စြဲျပစ္တင္ကာ ရာထူးက ျဖဳတ္ခ်တဲ့အျဖစ္အပ်က္ေတြျဖစ္ပြားခဲ့ဖူးပါတယ္။ ယြန္ဆက္ ယိုလ္ကို စြပ္စြဲျပစ္တင္မယ့္ဥပေဒမူၾကမ္းကို လႊတ္ေတာ္ကိုယ္စားလွယ္ (၃၀ဝ) အနက္ အနည္းဆုံး သုံးပုံ ႏွစ္ပုံ ေထာက္ခံဖို႔လိုအပ္ၿပီး အနည္းဆုံးလႊတ္ေတာ္ကိုယ္စားလွယ္ သုံးပုံႏွစ္ပုံက ေထာက္ခံမယ္ဆိုရင္ ေအာင္ျမင္မႈရမွာျဖစ္ပါတယ္။ ယြန္ဆက္ယိုလ္ကို စြပ္စြဲျပစ္တင္မယ့္ ဥပေဒမူၾကမ္းကို တင္သြင္းမယ့္ အတိုက္ခံပါတီ ဒီမိုကရက္တစ္ပါတီဟာ လႊတ္ေတာ္ ကိုယ္စားလွယ္ အနည္းဆုံး (၁၇၀) ဦးရွိေနၿပီး အျခားအတိုက္ခံပါတီရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ စုေပါင္းလိုက္မယ္ဆိုရင္ ဥပေဒမူၾကမ္းကို ေထာက္ခံမယ့္ ကိုယ္စားလွယ္အေရအတြက္ဟာ အနည္းဆုံး (၂၀ဝ) နီးပါးရွိမွာျဖစ္ပါတယ္။
အတိုက္အခံပါတီ ေခါင္းေဆာင္တစ္ဦးက “ကြၽန္ေတာ္တို႔ရဲ႕လက္ရွိတာဝန္က သမၼတကို စြပ္စြဲ ျပစ္တင္မယ့္ ဥပေဒမူၾကမ္းေအာင္ျမင္ေအာင္လုပ္ဖို႔ပါ၊ ေအာင္ျမင္မႈမရဘူးဆိုရင္ ကြၽန္ေတာ္တို႔ဟာ အ ေျခအေနေတြကို ျပန္လည္သုံးသပ္ၿပီး သမၼတကို ရာထူးကျဖဳတ္ခ်ႏိုင္ေအာင္ ထပ္မံႀကိဳးပမ္းမယ္” လို႔ ေျပာပါတယ္။ လက္ရွိအခ်ိန္မွာ ေတာင္ကိုရီးယား အာဏာရပါတီျဖစ္သလို ယြန္ဆက္ယိုလ္ရဲ႕မိခင္ပါတီ ျဖစ္တဲ့ျပည္သူ႔အာဏာပါတီကလည္း ယြန္ဆက္ယိုလ္ ကိုစြပ္စြဲျပစ္တင္မယ့္ ဥပေဒမူၾကမ္းကို ေထာက္ခံ ဖြယ္ရွိေနတဲ့အတြက္ လိုအပ္တဲ့လႊတ္ေတာ္ကိုယ္စားလွယ္အေရအတြက္ သုံးပုံႏွစ္ပုံကို ရဖြယ္ရွိေနပါ တယ္။ ယြန္ဆက္ယိုလ္ကို စြပ္စြဲျပစ္တင္မယ့္ ဥပေဒမူၾကမ္းကို လႊတ္ေတာ္က လက္ခံလိုက္မယ္ဆိုရင္ ယြန္ဆက္ယိုလ္ကသမၼတရာထူးကေန ဆိုင္းငံ့ခံရမွာျဖစ္ၿပီး စုံစမ္းစစ္ေဆးခံရမွာျဖစ္ပါတယ္။ ယြန္ဆက္ ယိုလ္ကို စုံစမ္းစစ္ေဆးၿပီးေနာက္ အမႈကို အဖြဲ႕ဝင္ (၉) ဦးပါတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးကို ထပ္မံ လႊဲေျပာင္း စစ္ေဆးမွာျဖစ္ကာ ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးအဖြဲ႕ဝင္ တရားသူႀကီး ေျခာက္ဦးက စြပ္စြဲျပစ္ တင္ျခင္းကို လက္ခံခြင့္ျပဳမယ္ဆိုရင္ ယြန္ဆက္ယိုလ္ဟာ သမၼတ ရာထူးက ျဖဳတ္ခံရမွာျဖစ္ပါတယ္။ ယြန္ဆက္ယိုလ္ဟာ စစ္အုပ္ခ်ဳပ္ေရးဥပေဒ ထုတ္ျပန္မႈနဲ႔အတူ အဓိက အတိုက္အခံ ပါတီေခါင္းေဆာင္ ေတြအျပင္ ၎ရဲ႕မိခင္ပါတီက တာဝန္ရွိသူေတြကို ဖမ္းဆီးဖို႔အမိန႔္ေပးခဲ့တယ္လို႔ ေတာင္ကိုရီးယား ေထာက္လွမ္းေရးအဖြဲ႕ေတြက ေျပာပါတယ္။
ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးဌာနဟာ စစ္အုပ္ခ်ဳပ္ေရးအမိန႔္ထုတ္ျပန္မႈနဲ႔ဆက္ႏႊယ္ၿပီး ေတာင္ကိုရီးယားအထူးတပ္ဖြဲ႕ တပ္မႉးအပါအဝင္ တပ္မႉးသုံးဦးကို ဆိုင္းငံ့ျပစ္ဒဏ္ေတြေပးခဲ့တယ္လို႔ သိရပါတယ္။ ယြန္ဆက္ယိုလ္ဟာလည္း လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ စြပ္စြဲျပစ္တင္မယ့္ အေရး အျပင္ ရဲတပ္ဖြဲ႕ရဲ႕ စစ္ေဆးေမးျမန္းျခင္းကို ထပ္မံရင္ဆိုင္ရဖြယ္ရွိတယ္လို႔ ေတာင္ကိုရီးယား အေျခစိုက္ မီဒီယာေတြကေဖာ္ျပထားပါတယ္။
ေတာင္ကိုရီးယားရဲတပ္ဖြဲ႕ဟာ လက္ရွိအခ်ိန္မွာ ယြန္ဆက္ယိုလ္ကို စစ္အုပ္ခ်ဳပ္ေရးအမိန႔္ ထုတ္ ျပန္မႈနဲ႔ ဆက္ႏႊယ္ၿပီး ႏိုင္ငံေတာ္သစၥာေဖာက္မႈ၊ ႏိုင္ငံေတာ္ပုန္ကန္မႈေတြနဲ႔ စြဲခ်က္တင္ကာ စုံစမ္း စစ္ ေဆးသြားမယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံမွာ မေအာင္ျမင္တဲ့စစ္အုပ္ခ်ဳပ္ ေရးအမိန႔္ထုတ္ျပန္မႈနဲ႔ ဆက္ႏႊယ္ၿပီး ေတာင္ကိုရီးယား အစိုးရေရွ႕ေနခ်ဳပ္႐ုံးကလည္းသမၼတ ယြန္ဆက္ ယိုလ္အျပင္ ကာကြယ္ေရးဝန္ႀကီးေဟာင္း ကင္ယမ္ဟြန္နဲ႔ ျပည္ထဲေရးဝန္ႀကီးတို႔ကို သီးျခားစုံစမ္းစစ္ ေဆးဖြယ္ရွိေနပါတယ္။ လက္ရွိအခ်ိန္မွာ ေတာင္ကိုရီးယား သမၼတ ယြန္ဆက္ယိုလ္ဘက္ကေန ရပ္တည္ ေပးမယ့္ပါတီ၊ အဖြဲ႕အစည္းမရွိဘဲ ျဖစ္ေနရာ အတိုက္အခံလႊတ္ ေတာ္ကိုယ္စားလွယ္ေတြရဲ႕ စြပ္စြဲျပစ္တင္ မယ့္အစီအစဥ္က ေအာင္ျမင္ဖြယ္ရွိေနပါတယ္။ ယြန္ဆက္ယိုလ္ရဲ႕မိခင္ပါတီျဖစ္တဲ့ ေတာင္ကိုရီးယား ျပည္သူ႔အာဏာပါတီက ယြန္ဆက္ယိုလ္ကို ဆိုင္းငံ့မႈမရွိဘူးဆိုရင္ ၎ဟာေတာင္ကိုရီးယားႏိုင္ငံအတြက္ အလြန္ အႏၲရာယ္ႀကီးသူျဖစ္လာဖြယ္ရွိတယ္လို႔ မွတ္ခ်က္ျပဳ ေျပာဆိုထားရာ အာဏာရပါတီ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြကလည္း ယြန္ဆက္ယိုလ္ကို ေက်ာေထာက္ေနာက္ခံျပဳေပးဖို႔ အလားအလာ မရွိေတာ့ ဘူးလို႔ ေတာင္ကိုရီးယား သတင္းဌာနေတြကေဖာ္ျပထားပါတယ္။ လက္ရွိအေျခအေနေတြအရ ေတာင္ ကိုရီးယားအစိုးရ ေရွ႕ေနေဟာင္းအျဖစ္တာဝန္ယူခဲ့ဖူးတဲ့ ယြန္ဆက္ယိုလ္ရဲ႕ သမၼတအျဖစ္ ဆက္လက္ တာဝန္ယူခြင့္ရေရး အနာဂတ္ဟာ တျဖည္းျဖည္း ပိုမိုဆိုး႐ြားလာဖြယ္ရွိေနၿပီးစြပ္စြဲျပစ္တင္တဲ့ ႀကိဳးပမ္း ခ်က္မေအာင္ျမင္ဘူးဆိုရင္ ေတာင္ကိုရီးယားႏိုင္ငံေရးမွာ အလႈပ္အခတ္ေတြ ပိုမိုျဖစ္လာဖြယ္ရွိေနမႈနဲ႔ အတူ ျပည္သူေတြရဲ႕ ဆႏၵျပမႈေတြပိုမိုျဖစ္လာဖြယ္ရွိေနပါတယ္။
ယြန္ဆက္ယိုလ္ကိုသမၼတအျဖစ္ ဆက္လက္မျမင္ခ်င္ေတာ့တဲ့ ေတာင္ကိုရီးယား ျပည္သူေတြ ရဲ႕ဆႏၵေတြ လက္ေတြ႕မွာျပည့္ဝမွာလားဆိုတာ ရက္ေပါင္း (၁၈၀) အတြင္း စိတ္ဝင္စားဖြယ္ေစာင့္ၾကည့္ ရမွာပဲျဖစ္ပါတယ္။