စလင်းမြို့နယ်တွင် လယ်ကွင်းသို့ စက်ဘီးဖြင့်သွားသည့် အသက်(၁၂)နှစ်အရွယ်ကလေးတစ်ဦး PDF အဖွဲ့က ထောင်ထားသည့် မိုင်းနင်းမိ၍ သေဆုံး

626

နာမူ (NP News) - ဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တွင် လယ်ကွင်းသို့ စက်ဘီးဖြင့်သွားသည့် အသက်(၁၂) နှစ်အရွယ်ကလေးတစ်ဦး PDF အဖွဲ့က ထောင်ထားသည့်မိုင်း နင်းမိ၍ သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်၊ ညနေ ၄ နာရီအချိန်က စလင်းမြို့နယ်၊ ရှားတောကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အထက်ပါ ကျေးရွာတွင်နေထိုင်သူ အသက်(၁၂) နှစ်အရွယ် မောင်နိုင်ဝေအောင်သည် ၎င်း၏ နေအိမ်မှ ကျေးရွာအနီးရှိ လယ်ကွင်းသို့စက်ဘီးဖြင့် သွားရောက်စဉ် လယ်ကွင်းအနီးသို့ အရောက် PDF အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိ၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် မောင်နိုင်ဝေအောင်တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျုးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်ကလည်း မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ လုံးတောကျေးရွာတွင် PDF အဖွဲ့က လက်နက်ကြီးဗုံးသီးတစ်လုံးဖြင့် ကျေးရွာတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ လက်နက်ကြီးဗုံးသီးကျရောက်ပေါက်ကွဲသဖြင့် ဆရာတော် ဦးအာဒိစ္စ သက်တော် (၄၇)နှစ် ဝါတော် (၂၇)ဝါ၊ ရှင်ဝိမလ (၈) နှစ်၊ သမန်းတောကျေးရွာနေ ဦးကျော်သက်ဦး (၄၂)နှစ်၊ လေးရွာဆုံကျေးရွာနေ ဦးကံမြင့် (၄၀)နှစ်နှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်လုံးခိုင် (၄၂)နှစ်နှင့် သမီးဖြစ်သူ မရွှေစင်ထွန်း (၃)နှစ်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
zawgyi version
စလင္းၿမိဳ႕နယ္တြင္ လယ္ကြင္းသို႔ စက္ဘီးျဖင့္သြားသည့္ အသက္(၁၂)ႏွစ္အ႐ြယ္ကေလးတစ္ဦး PDF အဖြဲ႕က ေထာင္ထားသည့္ မိုင္းနင္းမိ၍ ေသဆုံး
နာမူ (NP News) - ဒီဇင္ဘာ ၉
မေကြးတိုင္းေဒသႀကီး၊ စလင္းၿမိဳ႕နယ္တြင္ လယ္ကြင္းသို႔ စက္ဘီးျဖင့္သြားသည့္ အသက္(၁၂) ႏွစ္အ႐ြယ္ကေလးတစ္ဦး PDF အဖြဲ႕က ေထာင္ထားသည့္မိုင္း နင္းမိ၍ ေသဆုံးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၆ ရက္၊ ညေန ၄ နာရီအခ်ိန္က စလင္းၿမိဳ႕နယ္၊ ရွားေတာေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အထက္ပါ ေက်း႐ြာတြင္ေနထိုင္သူ အသက္(၁၂) ႏွစ္အ႐ြယ္ ေမာင္ႏိုင္ေဝေအာင္သည္ ၎၏ ေနအိမ္မွ ေက်း႐ြာအနီးရွိ လယ္ကြင္းသို႔စက္ဘီးျဖင့္ သြားေရာက္စဥ္ လယ္ကြင္းအနီးသို႔ အေရာက္ PDF အဖြဲ႕က ေထာင္ထားသည့္ မိုင္းတစ္လုံးအား နင္းမိ၍ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္း ျဖစ္ ေၾကာင္း သိရသည္။
အဆိုပါ ေပါက္ကြဲမႈေၾကာင့္ ေမာင္ႏိုင္ေဝေအာင္တြင္ မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျပစ္မႈက်ဳးလြန္သူမ်ားကို ဥပေဒႏွင့္အညီ ထိေရာက္စြာ ဖမ္းဆီးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၄ ရက္ကလည္း မႏၲေလးတိုင္းေဒသႀကီး၊ ႏြားထိုးႀကီးၿမိဳ႕နယ္၊ လုံးေတာေက်း႐ြာတြင္ PDF အဖြဲ႕က လက္နက္ႀကီးဗုံးသီးတစ္လုံးျဖင့္ ေက်း႐ြာတြင္းသို႔ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ပစ္ခတ္တိုက္ခိုက္ခဲ့ရာ အဆိုပါ ေက်း႐ြာအတြင္းရွိ ဘုန္းႀကီးေက်ာင္းဝင္းအတြင္းသို႔ လက္နက္ႀကီးဗုံးသီးက်ေရာက္ေပါက္ကြဲသျဖင့္ ဆရာေတာ္ ဦးအာဒိစၥ သက္ေတာ္ (၄၇)ႏွစ္ ဝါေတာ္ (၂၇)ဝါ၊ ရွင္ဝိမလ (၈) ႏွစ္၊ သမန္းေတာေက်း႐ြာေန ဦးေက်ာ္သက္ဦး (၄၂)ႏွစ္၊ ေလး႐ြာဆုံေက်း႐ြာေန ဦးကံျမင့္ (၄၀)ႏွစ္ႏွင့္ ၎၏ ဇနီးျဖစ္သူ ေဒၚလုံးခိုင္ (၄၂)ႏွစ္ႏွင့္ သမီးျဖစ္သူ မေ႐ႊစင္ထြန္း (၃)ႏွစ္တို႔တြင္ ဗုံးစထိမွန္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ရေၾကာင္း သိရသည္။