ရွာငံမြို့နယ်တွင် နွားချေးမြေဩဇာများသယ်ဆောင်လာသည့် ယာဉ်(၂)စီးပေါ်မှထိန်းချုပ်ဓာတုပစ္စည်း (၂)တန်ခန့် ဖမ်းဆီးရမိခဲ့

687

နာမူ (NP News) - ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်တွင် နွားချေးမြေဩဇာများ သယ်ဆောင်လာသည့် ယာဉ်(၂) စီးပေါ်မှထိန်းချုပ်ဓာတုပစ္စည်း (၂)တန်ခန့်ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်၊ ညနေ ၅ နာရီအချိန်က ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် သိန်းထိုက်အောင် မောင်းနှင်လာသည့် ISUZU (၁၂)ဘီးယာဉ်နှင့် ကျော်ဝင်းမောင်းနှင်လာသည့် FUSO (၁၂) ဘီးယာဉ်တို့ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းအဖွဲ့က သတင်းအရ ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေခဲ့ရာ အဆိုပါယာဉ် (၂)စီးပေါ်မှ နွားချေးမြေဩဇာများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ထိန်း ချုပ်ဓာတုပစ္စည်း (၂)တန်ခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးဖော်ထုတ်ချက်အရ ဒီဇင်ဘာ လ(၄)ရက်တွင် ကဖင်းများကို သယ်ဆောင်ရောင်းဝယ်ရာတွင်ပါဝင်သူ နေအောင်ကို ပုသိမ်ကြီးမြို့နယ်၊ နားဋောင်းကျကျေးရွာ၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါ ကဖင်းများကို မန္တလေးမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ သယ်ဆောင်ခိုင်းသူ အိုက်စိုးပေါက်(ခ)စိုင်းထွန်းထွန်းနှင့် ရင်အောင်သူတို့ကို ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် FORD RANGER မော်တော်ယာဉ်ဖြင့်လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ရင်အောင်သူ၏နေအိမ်မှ TOYOTA LANDCRUISER မော်တော်ယာဉ် တစ်စီးအားလည်းကောင်း၊ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် အောင်စိုးလင်း(ခ)အောင်အောင်ကို အမရပူရမြို့နယ်တွင်လည်းကောင်း၊ စိုင်းသီဟငယ်(ခ)သီဟ(ခ)မောက်ဆိုင်ကို ပုသိမ်ကြီးမြို့နယ်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာ ၆ ရက်တွင် မန္တလေးမှ ကဖင်းအိတ်များကိုသယ်ဆောင်ခဲ့သူ စိုင်းနေမင်းထွန်းကို အောင် မြေသာစံမြို့နယ်တွင် ကဖင်းများသယ်ဆောင်ပေးခဲ့သည့် PRADO မော်တော်ယာဉ်တစ်စီးဖြင့် လည်း ကောင်း၊ မန္တလေးမြို့၌ ကဖင်းအိတ်များ သိုလှောင်ပေးခဲ့သည့် ဂိုဒေါင်ပိုင်ရှင်ချစ်စိန်ကို မဟာအောင်မြေမြို့နယ်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကိုလည်း ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ သိမ်းဆည်းရမိခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်းများကို မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်နေ ယုံကော၏စီမံမှုဖြင့် မန္တလေးတိုင်းဒေသကြီးမှတစ်ဆင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ တရားမဝင်သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီများ၏ သုတေသနပြုသတင်းဖလှယ်ချက်များအရ ကဖင်းတစ်တန်တွင် အခြားဓာတုပစ္စည်းများနှင့်ရောစပ်၍ စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်မည်ဆိုပါက ဆေးပြား (၁၄) သန်းခန့် ထုတ်လုပ်နိုင်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း နယ်စပ်ဒေသများမှတစ်ဆင့် တရားမဝင်တင်သွင်းခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း (၂၄) တန်ကျော် ဖမ်းဆီးအရေးယူထားရှိသဖြင့် စိတ်ကြွရူးသွပ်ဆေးပြား (၃၃၆) သန်းကျော် ထုတ်လုပ်ခြင်းကို တားဆီးကာကွယ်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

zawgyi version
႐ြာငံၿမိဳ႕နယ္တြင္ ႏြားေခ်းေျမဩဇာမ်ားသယ္ေဆာင္လာသည့္ ယာဥ္(၂)စီးေပၚမွထိန္းခ်ဳပ္ဓာတုပစၥည္း (၂)တန္ခန႔္ ဖမ္းဆီးရမိခဲ့
နာမူ (NP News) - ဒီဇင္ဘာ ၁၂
ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ႐ြာငံၿမိဳ႕နယ္တြင္ ႏြားေခ်းေျမဩဇာမ်ား သယ္ေဆာင္လာသည့္ ယာဥ္(၂) စီးေပၚမွထိန္းခ်ဳပ္ဓာတုပစၥည္း (၂)တန္ခန႔္ဖမ္းဆီးရမိခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၃ ရက္၊ ညေန ၅ နာရီအခ်ိန္က ႐ြာငံၿမိဳ႕နယ္၊ ၿမိဳ႕ႀကီးေက်း႐ြာအနီးတြင္ သိန္းထိုက္ေအာင္ ေမာင္းႏွင္လာသည့္ ISUZU (၁၂)ဘီးယာဥ္ႏွင့္ ေက်ာ္ဝင္းေမာင္းႏွင္လာသည့္ FUSO (၁၂) ဘီးယာဥ္တို႔ကို မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ပူးေပါင္းအဖြဲ႕က သတင္းအရ ရွာေဖြမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ရွာေဖြခဲ့ရာ အဆိုပါယာဥ္ (၂)စီးေပၚမွ ႏြားေခ်းေျမဩဇာမ်ားျဖင့္ ဖုံးအုပ္သယ္ေဆာင္လာသည့္ ထိန္း ခ်ဳပ္ဓာတုပစၥည္း (၂)တန္ခန႔္ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ စစ္ေဆးေဖာ္ထုတ္ခ်က္အရ ဒီဇင္ဘာ လ(၄)ရက္တြင္ ကဖင္းမ်ားကို သယ္ေဆာင္ေရာင္းဝယ္ရာတြင္ပါဝင္သူ ေနေအာင္ကို ပုသိမ္ႀကီးၿမိဳ႕နယ္၊ နားေဋာင္းက်ေက်း႐ြာ၌ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ အဆိုပါ ကဖင္းမ်ားကို မႏၲေလးမွ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)သို႔ သယ္ေဆာင္ခိုင္းသူ အိုက္စိုးေပါက္(ခ)စိုင္းထြန္းထြန္းႏွင့္ ရင္ေအာင္သူတို႔ကို ႐ြာငံၿမိဳ႕နယ္၊ ၿမိဳ႕ႀကီးေက်း႐ြာအနီးတြင္ FORD RANGER ေမာ္ေတာ္ယာဥ္ျဖင့္လည္းေကာင္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ ရင္ေအာင္သူ၏ေနအိမ္မွ TOYOTA LANDCRUISER ေမာ္ေတာ္ယာဥ္ တစ္စီးအားလည္းေကာင္း၊ ပူးေပါင္းပါဝင္သူမ်ားျဖစ္ၾကသည့္ ေအာင္စိုးလင္း(ခ)ေအာင္ေအာင္ကို အမရပူရၿမိဳ႕နယ္တြင္လည္းေကာင္း၊ စိုင္းသီဟငယ္(ခ)သီဟ(ခ)ေမာက္ဆိုင္ကို ပုသိမ္ႀကီးၿမိဳ႕နယ္တြင္လည္းေကာင္း ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ဒီဇင္ဘာ ၆ ရက္တြင္ မႏၲေလးမွ ကဖင္းအိတ္မ်ားကိုသယ္ေဆာင္ခဲ့သူ စိုင္းေနမင္းထြန္းကို ေအာင္ ေျမသာစံၿမိဳ႕နယ္တြင္ ကဖင္းမ်ားသယ္ေဆာင္ေပးခဲ့သည့္ PRADO ေမာ္ေတာ္ယာဥ္တစ္စီးျဖင့္ လည္း ေကာင္း၊ မႏၲေလးၿမိဳ႕၌ ကဖင္းအိတ္မ်ား သိုေလွာင္ေပးခဲ့သည့္ ဂိုေဒါင္ပိုင္ရွင္ခ်စ္စိန္ကို မဟာေအာင္ေျမၿမိဳ႕နယ္တြင္လည္းေကာင္း အသီးသီးဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျပစ္မႈက်ဴးလြန္သူမ်ားကို ဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားကိုလည္း ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။ သိမ္းဆည္းရမိခဲ့သည့္ ထိန္းခ်ဳပ္ဓာတုပစၥည္းကဖင္းမ်ားကို မူဆယ္ၿမိဳ႕၊ စြမ္ေစာ္ရပ္ကြက္ေန ယုံေကာ၏စီမံမႈျဖင့္ မႏၲေလးတိုင္းေဒသႀကီးမွတစ္ဆင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)သို႔ တရားမဝင္သယ္ေဆာင္ေရာင္းဝယ္ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
ႏိုင္ငံတကာ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးေအဂ်င္စီမ်ား၏ သုေတသနျပဳသတင္းဖလွယ္ခ်က္မ်ားအရ ကဖင္းတစ္တန္တြင္ အျခားဓာတုပစၥည္းမ်ားႏွင့္ေရာစပ္၍ စိတ္ႂကြ႐ူးသြပ္ေဆးျပား ထုတ္လုပ္မည္ဆိုပါက ေဆးျပား (၁၄) သန္းခန႔္ ထုတ္လုပ္ႏိုင္ေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံတြင္ ၂၀၂၄ ခုႏွစ္အတြင္း နယ္စပ္ေဒသမ်ားမွတစ္ဆင့္ တရားမဝင္တင္သြင္းခဲ့သည့္ ထိန္းခ်ဳပ္ဓာတုပစၥည္းကဖင္း (၂၄) တန္ေက်ာ္ ဖမ္းဆီးအေရးယူထားရွိသျဖင့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၃၃၆) သန္းေက်ာ္ ထုတ္လုပ္ျခင္းကို တားဆီးကာကြယ္ႏိုင္ခဲ့ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။