ခရစ္စမတ်အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကို ယူကရိန်းသမ္မတငြင်းဆန်ပယ်ချခဲ့တယ်လို့ ဟန်ဂေရီဝန်ကြီးချုပ်ပြော
250
Pika (NP News) - ဒီဇင်ဘာ ၁၂
ယူကရိန်းသမ္မတဇီလန်စကီးဟာ ခရစ္စမတ်အပစ်အခတ်ရပ်စဲရေးနဲ့ ရုရှားနဲ့အကြီးစား အကျဉ်းသားလဲလှယ်ရေး အဆိုပြုချက်တွေကို ငြင်းဆန်ပယ်ချခဲ့တယ်လို့ ဟန်ဂေရီဝန်ကြီးချုပ်ဗစ်တောအော်ဗန်က ဒီဇင်ဘာလ(၁၁)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒီဇင်ဘာလ(၁၁)ရက် အစောပိုင်းမှာ ဟန်ဂေရီခေါင်းဆောင် နဲ့ ရုရှားသမ္မတပူတင်တို့ကြား ဖုန်းပြောဆိုမှုတွေကို ဝေဖန်ခဲ့တဲ့ ယူကရိန်းသမ္မတဇီလန်စကီးရဲ့ပို့စ်တစ်ခုကို တုံ့ပြန်တဲ့အနေနဲ့ ဗစ်တောအော်ဗန်က ယခုလိုမှတ်ချက်ပြု ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဗစ်တောအော်ဗန်က "ဟန်ဂေရီအစိုးရက ရုရှား-ယူကရိန်းပဋိပက္ခငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်မှုအသစ် တွေကိုပြုလုပ်ခဲ့ပါတယ်။ ခရစ္စမတ်အပစ်အခတ်ရပ်စဲရေးနဲ့ အကြီးစားအကျဉ်းသားလဲလှယ်ရေးအတွက် ကျွန်တော် တို့ အဆိုပြုခဲ့ပါတယ်။ ဒါပေမယ့် ဇီလန်စကီးက အဲဒီအဆိုပြုချက်တွေကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ကျွန်တော်တို့ တတ်နိုင်သလောက်လုပ်ခဲ့ပါတယ်" လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အဆိုပြုထားတဲ့ ခရစ္စမတ်အပစ်အခတ်ရပ်စဲရေးနဲ့ အကျဉ်းသားလဲလှယ်ရေးအဆိုပြုချက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းနဲ့ ဟန်ဂေရီနိုင်ငံတို့ကြားမှာ ဘယ်လိုဆက်သွယ်မှုတွေမှ မရှိခဲ့ဘူးလို့ ဇီလန်စကီးရဲ့ လက်ထောက် ဒီမစ်ထရီလစ်ဗင်က ပြောကြားခဲ့ပါတယ်။ ပြီးတော့ ဗစ်တောအော်ဗန်ဟာ အမှန်တရားကို ပြောဆိုနေတာမျိုး မဟုတ်ဘူးလို့လည်း ဒီမစ်ထရီလစ်ဗင်က ထပ်မံဝေဖန်ပြောဆိုခဲ့ပါတယ်။
ဒီမစ်ထရီလစ်ဗင်က "ယူကရိန်းက ဟန်ဂေရီကို ဘာမှလုပ်ခွင့်ပေးမထားပါဘူး။ ယူကရိန်းက အကျဉ်းသားတွေကို လွှတ်ပေးဖို့အတွက် နေ့စဉ်နေတိုင်းလုပ်ဆောင်နေတာပါ။ ပြီးတော့ ဒီနှစ်ကုန်မှာ သိသာထင်ရှားတဲ့ လဲလှယ်တစ်ခု အတွက် ကျွန်တော်တို့ဆက်လက်လုပ်ဆောင်နေပါတယ်" လို့ ပြောခဲ့ပါတယ်။
Zawgyi Version;
ခရစၥမတ္အပစ္အခတ္ရပ္စဲေရးအဆိုျပဳခ်က္ကို ယူကရိန္းသမၼတျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔ ဟန္ေဂရီဝန္ႀကီးခ်ဳပ္ေျပာ
Pika (NP News) - ဒီဇင္ဘာ ၁၂
ယူကရိန္းသမၼတဇီလန္စကီးဟာ ခရစၥမတ္အပစ္အခတ္ရပ္စဲေရးနဲ႔ ႐ုရွားနဲ႔အႀကီးစား အက်ဥ္းသားလဲလွယ္ေရး အဆိုျပဳခ်က္ေတြကို ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔ ဟန္ေဂရီဝန္ႀကီးခ်ဳပ္ဗစ္ေတာေအာ္ဗန္က ဒီဇင္ဘာလ(၁၁)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဒီဇင္ဘာလ(၁၁)ရက္ အေစာပိုင္းမွာ ဟန္ေဂရီေခါင္းေဆာင္ နဲ႔ ႐ုရွားသမၼတပူတင္တို႔ၾကား ဖုန္းေျပာဆိုမႈေတြကို ေဝဖန္ခဲ့တဲ့ ယူကရိန္းသမၼတဇီလန္စကီးရဲ႕ပို႔စ္တစ္ခုကို တုံ႔ျပန္တဲ့အေနနဲ႔ ဗစ္ေတာေအာ္ဗန္က ယခုလိုမွတ္ခ်က္ျပဳ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ဗစ္ေတာေအာ္ဗန္က "ဟန္ေဂရီအစိုးရက ႐ုရွား-ယူကရိန္းပဋိပကၡၿငိမ္းခ်မ္းေရးအတြက္ ႀကိဳးပမ္းအားထုတ္မႈအသစ္ ေတြကိုျပဳလုပ္ခဲ့ပါတယ္။ ခရစၥမတ္အပစ္အခတ္ရပ္စဲေရးနဲ႔ အႀကီးစားအက်ဥ္းသားလဲလွယ္ေရးအတြက္ ကြၽန္ေတာ္ တို႔ အဆိုျပဳခဲ့ပါတယ္။ ဒါေပမယ့္ ဇီလန္စကီးက အဲဒီအဆိုျပဳခ်က္ေတြကို ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ တတ္ႏိုင္သေလာက္လုပ္ခဲ့ပါတယ္" လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အဆိုျပဳထားတဲ့ ခရစၥမတ္အပစ္အခတ္ရပ္စဲေရးနဲ႔ အက်ဥ္းသားလဲလွယ္ေရးအဆိုျပဳခ်က္ေတြနဲ႔ပတ္သက္ၿပီး ယူကရိန္းနဲ႔ ဟန္ေဂရီႏိုင္ငံတို႔ၾကားမွာ ဘယ္လိုဆက္သြယ္မႈေတြမွ မရွိခဲ့ဘူးလို႔ ဇီလန္စကီးရဲ႕ လက္ေထာက္ ဒီမစ္ထရီလစ္ဗင္က ေျပာၾကားခဲ့ပါတယ္။ ၿပီးေတာ့ ဗစ္ေတာေအာ္ဗန္ဟာ အမွန္တရားကို ေျပာဆိုေနတာမ်ိဳး မဟုတ္ဘူးလို႔လည္း ဒီမစ္ထရီလစ္ဗင္က ထပ္မံေဝဖန္ေျပာဆိုခဲ့ပါတယ္။
ဒီမစ္ထရီလစ္ဗင္က "ယူကရိန္းက ဟန္ေဂရီကို ဘာမွလုပ္ခြင့္ေပးမထားပါဘူး။ ယူကရိန္းက အက်ဥ္းသားေတြကို လႊတ္ေပးဖို႔အတြက္ ေန႔စဥ္ေနတိုင္းလုပ္ေဆာင္ေနတာပါ။ ၿပီးေတာ့ ဒီႏွစ္ကုန္မွာ သိသာထင္ရွားတဲ့ လဲလွယ္တစ္ခု အတြက္ ကြၽန္ေတာ္တို႔ဆက္လက္လုပ္ေဆာင္ေနပါတယ္" လို႔ ေျပာခဲ့ပါတယ္။