“ပြည်သူလူထုကို ‘လာကြဟေ့’ ဆိုပြီး ခေါ်လို့မရဘူး။ သူတို့ရဲ့လောဘကို လှုံ့ဆော်ပေးမှရမယ်” (လယ်ယာစိုက်ပျိုးရေးကဏ္ဍဆွေးနွေးခန်း) (အပိုင်း-၂)
130
ယွန်း (NP News) - ဒီဇင်ဘာ ၁၂
မေး- လက်ရှိဆောင်ရွက်နေတဲ့ မွေးမြူရေးကဏ္ဍ အပေါ်မှာကော ဘယ်လိုသုံးသပ်ချင်လဲ။
ဖြေ- မွေးမြူရေးနဲ့ပတ်သက်ပြီးတော့ တင်ပြရမယ်ဆိုရင် မွေးမြူရေးနဲ့ တိုင်းပြည်ရဲ့ဂျီဒီပီကို အများကြီးဆွဲ တင်ထားတဲ့ နိုင်ငံဆိုရင် ဩစတြေးလျနိုင်ငံကို ဥပမာကြည့်ရင်ရပါတယ်။ ဩစတြေးလျနိုင်ငံမှာ တိရစ္ဆာန်မွေးဖို့၊ တိရစ္ဆာန်ကျွေးဖို့ မြက်ကိုစိုက်တာ ဧရိယာဟက်တာ သန်းပေါင်း (၃၀) ကျော်ရှိတယ်လို့ ကျွန်တော်လေ့ လာရသလောက်သိရပါတယ်။ တစ်ဟက်တာမှာ (၂.၄၇၁) ဧကရှိပါတယ်။ ဟက်တာသန်းပေါင်း (၃၀)ကို ဩစတြေးလျကစိုက်တယ်။ ယနေ့ ဩစတြေးလျ နိုင်ငံကအမဲသားဆိုရင် ဈေးအလွန်ကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ မြက်ပရိုတင်းကနေ အသားပရို တင်းကို ချိန်းတာဖြစ်ပါတယ်။ အဲဒီတော့ အသားပရို တင်းကနေ တိုင်းပြည်ရဲ့ဂျီဒီပီကိုချိန်းပါတယ်။ အဲဒါ ဆိုရင် တိုင်းပြည်ရဲ့ဂျီဒီပီကို ဘယ်သူက အခြေခံမောင်းနှင်လဲဆိုတော့ ဩစတြေးလျနိုင်ငံလိုမျိုးဆိုရင် ဟက်တာ သန်း (၃၀)ကျော်တဲ့မြက်စိုက်ခင်းတွေက မောင်းနှင်နေတယ်ဆိုတဲ့အဖြေကိုတွေ့ရပါတယ်။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံမှာ ဥပမာ မိတ္ထီလာဆိုရင် ဆိတ်မွေးမြူရေးကို သေသေချာချာလုပ်ကြပါတယ်။ ဒါပေမဲ့ ဆိတ်မွေးတဲ့အခါမှာ သူတို့မွေးတာက ရက် ပေါင်း(၉၀)လောက်ရှိမယ်ထင်ပါတယ်။ တစ်ရက်ကို ဆိတ်ကိုကျွေးမွေးတဲ့ကုန်ကျစရိတ်က အကြမ်းဖျင်း (၈၀ဝ)လောက်ရှိတဲ့အတွက်ကြောင့် တစ်နှစ်မှာ ဆိတ်အကောင်(၃၀)ကိုမွေးမယ်ဆိုရင် သုံးကြိမ် လောက် မွေးလိုက် ရောင်းလိုက်နဲ့ ကျော့နိုင်တယ်။ ခန့်မှန်း (၉)သိန်းဝန်းကျင်လောက်ရှိနိုင်တယ်။ အဲဒီလိုမ ဟုတ်ဘဲနဲ့ ဩစတြေးလျလို မျိုးစိုက်ပြီးတော့ မြက်ပရို တင်းကိုအဓိက တိရစ္ဆာန်ကိုကျွေးမွေးရင် တခြားသော ပဲဖတ်၊ ပဲမှော်စသည်ဖြင့် ဖြည့်စွက်စာ အနည်းငယ်သာ သုံးပြီးကျွေးမယ် မွေးမယ်ဆိုရင် ဝင်ငွေကွာခြားချက် သည် သိန်း (၄၀)ကျော်သွားမယ်။ သမားရိုးကျ စနစ်နဲ့ မိတ္ထီလာမှာ မွေးနေတာသည် တစ်နှစ်မှာအကောင် (၃၀)ကို မွေးလိုက်ရောင်းလိုက်လုပ်တာ (၉)သိန်း လောက်ရတယ်။ မြက်စိုက်ပြီးမွေးရင် မြက်ပရိုတင်းက မြင့်တဲ့အတွက်ကြောင့် ရက်(၉၀)မွေးစရာမလိုဘဲ (၇၅)ရက် လောက်ပဲမွေးရတော့တယ်။ အဲဒီအခါမှာ လေးကြိမ်ကျော့လို့ရတယ်။ အစာကျွေးတဲ့စရိတ်လည်း ခေါက်ချိုးလျော့ ကျသွားတယ်။ အဲဒီအချိန်မှာ ဝင်ငွေ က (၉)သိန်းကနေ သိန်း(၄၀)ကျော်သွားတယ်။ ကျွန် တော်တို့ သိန်း(၄၀)မရနိုင်ဘူး။ လက်ရှိ(၉)သိန်းနဲ့ ကျေနပ်နေရတယ်။ ဘာကြောင့်လဲဆိုရင် မြက်စိုက်ခင်းတွေ မထူထောင်နိုင်လို့။ ကျွန်တော်တို့အနေနဲ့ Óဏ်မီသလောက်လေ့လာတဲ့အခါမှာ မွေးမြူရေးဆိုသည်မှာ မွေးတဲ့အုပ်စုကသတ်သတ်၊ မွေးမြူရေးကို ကျန်းမာရေး စောင့်ရှောက်တဲ့အဖွဲ့ကသတ်သတ်ပါ။ သူ Group နဲ့သူပေါ့။ ကုသရေးအတွက်က သီးသန့် အဖွဲ့အစည်းတစ်ခုရှိတယ်။ မြက်စိုက်တဲ့အဖွဲ့ကလည်း သတ်သတ်ရှိတယ်။ မွေးတဲ့သူကမြက်မစိုက်ဘူး။ ပြီးရင် ချဉ်ဖတ်လုပ်တယ်။ သူ့ဆီက (၁၀)တန်ထွက် တယ်။ မွေးမြူရေးခြံက ငါးတန်ပဲလိုတယ်။ ငါးတန်ပို နေတယ်။ ကိုးရိုးကားယားတွေဖြစ်ကုန်မှာပေါ့။ အဲဒီ လိုမလုပ်ပါဘူး။ သူတို့ဧရိယာအတွင်းမှာ Distribution လုပ်တဲ့ဌာနတစ်ခု သို့မဟုတ် ပွဲရုံလိုမျိုး နောက်ထပ်တစ်ခု သတ်သတ်ရှိပါတယ်။ မြက်စိုက်တဲ့ သူက မွေးမြူတဲ့သူဆီကို တိုက်ရိုက်မပို့ဘူး။ မြက်ပွဲရုံ ဆီကိုရောင်းလိုက်တာ။ ပွဲရုံကဝယ်ထားတယ်။ ပြီးရင် သူ့ဆီမှာရှိတဲ့ မွေးမြူရေးခြံတွေရဲ့လိုအပ်ချက်တွေအတိုင်း Distribution လုပ်တယ်။ မြက်သည် ချဉ်ဖတ် ဖြစ်တဲ့အတွက် တစ်နှစ်အထားခံတယ်။ ရက် (၄၀)ပြည့်တာနဲ့ ချဉ်ဖတ်ဖြစ်ပြီ။ ချဉ်ဖတ်ဆိုရင် မြက်က ပရိုတင်းက သူရဲ့အာဟာရက ပိုမြင့်သွားတယ်။ မွေးမြူရေးဆိုသည်မှာ မြက်စိုက်သူက တစ်ဖွဲ့သတ်သတ်၊ ဝယ်ယူသို လှောင်စုစည်းပြီး လိုအပ်တဲ့နေရာကို လိုအပ်တဲ့ပမာဏအတိုင်း ဖြန့်ဖြူးသူကသတ်သတ်၊ ဆေးဝါးကုသတဲ့အဖွဲ့က သတ်သတ်ပါ၊ မွေးတဲ့သူက သတ်သတ်ပါ။ ပြီးရင် ဈေးကွက်ရှာဖွေပြီးတော့ ကုန် ချောထုတ်လုပ်တင်ပို့ရောင်းချသူက တစ်ဖွဲ့သတ် သတ်ပါ။ ကျွန်တော်တို့နိုင်ငံမှာ အဲဒီလိုမျိုး မွေးမြူရေးကို Sector တွေခွဲရပါလိမ့်မယ်။ မြက်စိုက်ခင်းတွေ ထူထောင်ရပါမယ်ဆိုတာကို ဖြည့်စွက်တင်ပြချင်ပါတယ်။ မြက်စိုက်ခင်းမထူထောင်နိုင်ရင် အစာစရိတ်နဲ့တင် မွေးမြူ ရေးက နာလန်မထူဘူး။
မေး- အဲဒါဆိုရင် နိုင်ငံရဲ့စိုက်ပျိုးရေးနဲ့ မွေးမြူရေး တိုးတက်လာဖို့ဆိုရင် မဖြစ်မနေဆောင်ရွက်ရမယ့် အရာကဘာလဲ။ မဆောင်ရွက်နိုင်ရင်ကော ဘာဆက် ဖြစ်လာနိုင်မလဲ။
ဖြေ- ကျွန်တော်တို့နိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့မွေးမြူရေး တိုးတက်ဖို့ဆိုရင် မဖြစ်မနေ Sector နှစ်ခုရှိပါတယ်။ တစ်ခုကတော့ စုဖွဲ့ရမယ်။ စုဖွဲ့မှုဆိုတဲ့နေရာမှာ အလွှာလေးခုရှိပါတယ်။ ဌာနဆိုင်ရာ၊ တောင်သူလယ်သမား ကျေးလက်နေပြည်သူ၊ နယ်ပယ်အသီးသီးက ပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ဒီလေးခုက လက်တွဲရမယ်။ အဲဒီလေးဦးသည်လည်း မင်းကဘာ တာဝန်၊ ငါက ဘာတာဝန်ဆိုတဲ့ ကိုယ်စီတာဝန်တွေကိုလည်း မြေပြင်အခြေအနေနဲ့ကိုက်ညီစွာ လက်တွေ့ ကျကျ ရေးဆွဲထားတာဖြစ်ရမယ်။ အသင်းအဖွဲ့စည်း မျဉ်းတွေကို ရေးဆွဲပြီးတဲ့အခါမှာ Do and Don’t ကို ပြတ်ပြတ် သားသား ဆုပေးဒဏ်ပေးစနစ်ကို ကျင့်သုံးရပါမယ်။ ကျွန်တော်တို့နိုင်ငံသည် ထေရဝါဒဗုဒ္ဓ ဘာသာကိုးကွယ်တဲ့ နိုင်ငံဖြစ်တဲ့အားလျော်စွာ သိပ်ပြီး သနားဂရုဏာသက်တတ်ကြပါတယ်။ အပြစ်တွေလုပ် ကြရင်လည်း လူတွေက ကရုဏာစိတ်နဲ့ ခွင့်လွှတ်တတ်ကြတာများပါတယ်။ သို့သော် တိုင်းပြည်ရဲ့အမျိုးသားအကျိုးစီးပွားကို ထိခိုက်မယ့် ကိစ္စဆိုရင် ကရုဏာစိတ်ကို ဖျောက်ရပါမယ်။ ဖွဲ့စည်းပုံပါ ကိုယ်စီတာဝန် ဝတ္တရားပျက်ကွက်ခြင်း၊ မပျက်ကွက်ခြင်း Do ကို Don’tအ သလား၊ Don’t ကို Do သလားဆိုတာအပေါ် ဖွဲ့စည်းပုံပါ တာဝန်ဝတ္တရားစည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူဆောင်ရွက်ကြမှဖြစ်ပါမယ်။ ဒီဟာတွေကို တကယ်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် နိုင်ငံတော်က ဦးဆောင်ပြီးတော့ ဒီအစီအမံတွေကို ဆောင်ရွက်မှရပါမယ်။
နောက်တစ်ခု နိုင်ငံတော်ကနေဦးဆောင်ပြီးတော့ ဆောင်ရွက်တဲ့အချိန်မှာ လိုအပ်တဲ့ဘဏ္ဍာငွေကြေး ကိုလည်း တိုင်းပြည်ကခက်ခဲလာတယ်။ အဲဒီအတွက် ခိုင်မာတဲ့ Business Plan တွေကိုအကြောင်းပြုပြီး Food Security Plan တွေကိုရေးဆွဲပြီးတော့ နိုင်ငံရပ်ခြားကမိတ်ဖက်အဖွဲ့အစည်းတွေ၊ ဘဏ်တွေ သို့မဟုတ် နိုင်ငံတွေဆီကနေ Food Security အတွက် ကာလတိုချေးငွေတွေ ချေးဖို့လိုတယ်။ အလေအလွင့်မဖြစ်အောင် ခုနကျွန်တော်ပြောခဲ့သလို ဝန်ကြီး ဦးကျော်ဆန်းတို့လို သမ္မတကြီးဦးသိန်းစိန်လက်ထက် ကဆောင်ရွက်ခဲ့တဲ့ချေးငွေလိုမျိုး စီမံခန့်ခွဲမှုမလွဲ အောင်လုပ်ဖို့လိုပါ တယ်။ လူကြီးတွေကို အပြစ်တင် နေတာမဟုတ်ပါဘူး။ သူတို့ စေတနာကြီးပါတယ်၊ လုပ်ခဲ့ကြပါတယ်။ သို့သော် စီမံမှုလွဲတဲ့အတွက် ယနေ့အထိ ဒီချေးငွေတွေဟာ အကြွေးမကျေသေးတဲ့ဖြစ် စဉ်တွေဖြစ်ရတယ်။ ဒါမျိုးမဖြစ်အောင် လုပ်ကြဖို့လိုပါတယ်။ အရေးကြီးဆုံးလိုအပ်ချက်က နိုင်ငံရဲ့ ဂျီဒီပီ တက်ဖို့၊ တောင်သူလယ်သမားတွေရဲ့ ကျေးလက်နေ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေဖွံ့ဖြိုးဖို့ တိုင်းပြည် ရဲ့ အခြေခံမူဝါဒဖြစ်တဲ့ စိုက်ပျိုးရေးနဲ့မွေးမြူရေးကို အခြေခံ၍ဆိုတဲ့ ဂျီဒီပီတက်ဖို့၊ နိုင်ငံတိုးတက်ဖို့ဆိုတဲ့ ဒီစီမံကိန်းဟာ ကုန်ကြမ်းကိုရောင်းချနေရုံနဲ့ ဘယ်တော့မှ လူမွေးလူတောင် ပြောင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ဆီက စိုက်လို့ထွက်လာတာ၊ မွေးလို့ထွက်လာတာ စိုက်ပျိုးရေးမွေးမြူရေး ထွက်ကုန်မှန်သမျှကို Value added ကုန်ချောထုတ်လုပ်တင်ပို့ ရောင်းချနိုင်တဲ့အခြေအနေတွေသွားဖို့ မဖြစ်မနေလို အပ်ပါတယ်။ အဲဒီအတွက် ဘာလိုလဲဆိုတော့ မဖြစ်မနေ Power Supply လိုပါတယ်။ Power Supply သည်လည်း အား အားရှိ နိုင်ငံတော်အစိုးရကိုပဲ ခေါင်းပေါ်ပုံချတာဝန်ပေးနေလို့မဖြစ်ပါဘူး။ ကျွန်တော် အခုရည်မှန်းထားတာ One District One Power Plant/ One District One Industrial Zone ဆိုတဲ့ဟာက ကျွန်တော့်အတွေးထဲမှာပေါ်နေတာ တော် တော်ကြာပါပြီ။ ကျွန်တော်တို့ဟာ လျှပ်စစ်ဓာတ်အား Power Supply ကို ခရိုင်တစ်ခုချင်းအလိုက် အလုံအလောက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေကို ကုန်ချောထုတ်လုပ်နိုင်တဲ့စက်မှုဇုန်တွေအတွက် ထောက်ပံ့နိုင်ဖို့ဆိုရင် ကျွန်တော်တို့ နိုင်ငံနဲ့အကိုက်ညီဆုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းသည် Biomass power plant system ဖြစ်ပါတယ်။ ဆိုလာနဲ့ လည်း မရပါဘူး။ Economy မဖြစ်ပါဘူး။ လေအားလျှပ်စစ်နဲ့လည်း Economy မဖြစ်ပါဘူး။ ရေအားလျှပ်စစ်သည် လည်း ကြီးမားရာသီဥတု သဘာဝပြောင်းလဲမှုတွေကြောင့် ရေအားလျှပ်စစ်ရဲ့အခက်အခဲတွေကလည်း အခုမိုးရာသီမှာ လောပိတရေအားလျှပ်စစ်ရဲ့အခြေအနေကိုကြည့်လိုက်ရင်ကို နမူနာယူလို့ရတယ်။ အဲဒီအတွက် ခရိုင်တစ်ခုချင်းအလိုက် Biomass power plant စက်ရုံတွေထူထောင်ဖို့လိုပါတယ်။ အဲဒီလိုစက် ရုံတွေထူထောင်ဖို့ဆိုရင် လျှပ်စစ်လောင်စာ ကုန်ကြမ်းက ဘယ်မှာလဲဆိုရင်ဒေသခံ ကျေးလက်နေပြည်သူတွေက စိုက်ပျိုးပြီး လျှပ်စစ်စက်ရုံကိုရောင်းချကြရမှာ ဖြစ်ပါတယ်။ အဲဒီကျရင် ကျေးလက်နေပြည်သူတွေက စိုက်ပျိုးလို့၊ မွေးမြူလို့ရတဲ့ပိုက်ဆံထက် လေးဆ၊ ငါး ဆလောက်ပို များတဲ့ပိုက်ဆံကို လျှပ်စစ်လောင်စာ ကုန်ကြမ်းစိုက်ပျိုးပြီး ဓာတ်အားပေးစက်ရုံတွေကို ရောင်းချရာကနေ နောက်ထပ် ကြီးမားတဲ့ဝင်ငွေထပ် ရမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အဲဒီခရိုင်အတွင်းမှာ လုံလောက်တဲ့ လျှပ်စစ်ဓာတ်အား ထွက်လာမှာ လည်းဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားထွက်လာလို့ ရတဲ့အကျိုးကျေးဇူးသည် ဝင်ငွေအားလုံးရဲ့ အနည်း ဆုံး (၅၀%)သည် လောင်စာကုန်ကြမ်းကို စိုက်ပျိုး ရောင်းချပြီးတော့ ကျေးလက်နေပြည်သူကရမှာဖြစ်ပါ တယ်။ ပြီးရင် အဲဒီလျှပ်စစ်ဓာတ်အားကနေရတဲ့ဝင် ငွေရဲ့(၃၀%)သည် နိုင်ငံတော်ကရမှာဖြစ်ပါတယ်။ (၂၀%)လောက်ကတော့ ရင်းနှီးမြှုပ်နှံသူပေါ့။ ဥပမာ တရုတ်နိုင်ငံမှာဆိုရင် ကျွန်တော်တို့ကြားတာက သူ့ နိုင်ငံမှာလျှပ်စစ်တွေကို သူ့နိုင်ငံရဲ့လို အပ်ချက်အရ (၃၀)မဂ္ဂါဝပ်၊ (၅၀)မဂ္ဂါဝပ် စသည်ဖြင့် မဂ္ဂါဝပ်နည်း တာတွေကို ဖြုတ်သိမ်းပြီးတော့မှ (၁၀ဝ)မဂ္ဂါဝပ်၊ (၂၀ဝ)မဂ္ဂါဝပ်စသည်ဖြင့် မဂ္ဂါဝပ်ကြီးမားတဲ့ Biomass power plant တွေ ပြောင်းလဲတပ်ဆင်ဖို့ စီမံနေတယ်လို့ကြား ပါတယ်။ တကယ်သာအဲဒီလိုဆိုရင် သူ့ဆီကဖြုတ်သိမ်းတဲ့ (၃၀)မဂ္ဂါဝပ်စက်ရုံတွေကို ကျွန်တော်တို့နိုင်ငံက One District One Power Plant & One District One Industrial Zone မှသည် ယင်းခရိုင်အတွင်းမှာရှိတဲ့ စိုက်ပျိုးမွေးမြူထုတ် ကုန်တွေကို Value added အဖြစ် ထုတ်လုပ်သွားနိုင်မှာဖြစ်ပါတယ်။ အဲဒီအတွက် တရုတ်နိုင်ငံနဲ့ကျွန်တော်တို့က Foreign Direct Investment ကို Direct ဖိတ်ခေါ်လို့ရပါတယ်။ နောက်တစ်ချက် ကျွန်တော်တို့ နားလည်ထားတာက တရုတ်နိုင်ငံမှာ MSME လုပ်ငန်းတွေကို ဖြုတ်သိမ်းဖို့လုပ်နေပါပြီ။ တရုတ်နိုင်ငံက ဖြုတ်သိမ်းလိုက်တဲ့ MSME လုပ်ငန်း တွေဆိုတာ ကျွန်တော်တို့နိုင်ငံအတွက်ဆိုရင်တော့ အသေးစား အလတ်စား မဟုတ်တော့ပါဘူး။ နည်းနည်းကြီးမားတဲ့ စက်မှုလုပ်ငန်းအဆင့်အတန်းတွေဖြစ်ပါတယ်။ အဲဒါဆိုရင် တရုတ်နိုင်ငံက ဖြုတ်သိမ်းလိုက်တဲ့ MSME စက်မှု လုပ်ငန်း တွေကို ကျွန်တော်တို့ရဲ့ One District One Biomass power plant ဧရိယာအတွင်းမှာဖော်ဆောင်ပြီးသားဖြစ်တဲ့ စက်မှုဇုန်တွေအတွင်းမှာ နေရာချ ပြီးတော့ ဆောင်ရွက်လိုက်နိုင်မယ်ဆိုရင် တရုတ်နိုင်ငံနဲ့လည်း ချစ်ကြည်ရင်းနှီးမှုနဲ့ လက်တွဲဆောင်ရွက်မှုတွေအရ အရမ်းကို ကောင်းမွန်ခိုင်မာသွားမှာဖြစ်သလို တရုတ်နိုင်ငံ ကဖြုတ်လိုက်တဲ့ MSME စက်ရုံတွေကလည်း ကျွန်တော်တို့နိုင်ငံရဲ့ Production တွေဖြစ်လာပြီ။ အဲဒီ စက်ရုံအလုပ်ရုံတွေကနေ Export လုပ်လို့ ရတဲ့ Export Earning တွေကလည်း ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံခြားပို့ကုန်ရငွေအဖြစ် တော်တော်တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒေသခံပြည်သူလူထုတွေကလည်း အလုပ်အကိုင်အခွင့်အလမ်းတွေကို တန်ဖိုးရှိရှိနဲ့ရလာ ကြမယ်။ အရေး အကြီးဆုံးကတော့ Technology Sharing လုပ်တာကနေပြီးတော့ နိုင်ငံအတွက် သိပ်အရေးကြီးနေတဲ့ ကျေးရွာပြည်သူ လူထုရဲ့ New Generation (၇၀%) ၊ (၇၅%)သော ကျေးလက်နေ ပြည်သူတို့၏ မျိုးဆက်သစ်လူငယ်လူရွယ်တွေရဲ့ Human Resourcesကိုဆွဲတင်သွားနိုင်မှာဖြစ်ပါတယ်။
မေး- ဒါဆိုရင် ခေတ်အဆက်ဆက်အစိုးရတွေက စိုက်ပျိုရေး၊ မွေးမြူရေးကဏ္ဍနဲ့ပတ်သက်ပြီးတော့ လုပ်ပေးခဲ့ကြတယ်။ ဒါပေမဲ့ သူတို့လုပ်ပေးခဲ့တာတွေ က နည်းလမ်းတွေမှားနေတယ်လို့ ပြောလို့ရမလား။
ဖြေ- နည်းလမ်းမှားနေတယ်လို့ပြောရင်တော့ သူတို့ရဲ့စေတနာကို စော်ကားသလိုဖြစ်သွားမယ်။ နည်း လမ်းမှားတယ် တော့ မဟုတ်ဘူး။ အဓိကကတော့ အခြေခံအကျဆုံးသော တောင်သူလယ်သမား ကျေးလက်နေပြည်သူတွေရဲ့လက်ကို မိအောင်ဆွဲကိုင်ပြီးတော့ ရုန်းမတက်နိုင်ဘူး။ ကျေးလက်နေပြည်သူတွေ ရဲ့လက်ကို ဖမ်းဆွဲလို့မမိတာက အဓိက ပြဿနာ။ အဲဒီတော့ ဥပမာ ဂျပန်ကနေ လျှပ်စစ်ပစ္စည်းအဟောင်း တစ်ခုဝယ်လာတယ်။ ကျွန်တော်တို့နိုင်ငံမှာ တန်းသုံး လို့မရဘူး။ Adaptor တစ်ခုခံမှသုံးလို့ရတယ်။ ဒီအတိုင်းပဲ ကျေးလက်နေ ပြည်သူလူထုနဲ့ ခေတ်အဆက် ဆက်ကြိုးစား ခဲ့ကြတဲ့ နိုင်ငံ့လူကြီးတွေရဲ့ကြားထဲမှာ Adaptor တစ်ခုလိုနေတာ။ ဒါကို ခေတ်အဆက်ဆက်က ဘယ်သူမှမတည် ဆောက်မိခဲ့ကြဘူး။ အဲဒီ Adaptor သည် လူတန်းစားအလွှာလေးရပ်ကို ဘယ်လို သင်းဖွဲ့စည်းမျဉ်း ဘယ်လိုကိုယ်စီ တာဝန်နဲ့စုဖွဲ့ပြီးတော့ ဘယ်လိုလုပ်ငန်းတွေကို ဘယ်လိုအဆင့်တွေနဲ့ သွားမယ်ဆိုတဲ့ အဲကွန်းခန်းထဲမှာ ထိုင်ရေးတာ မဟုတ် တဲ့စုဖွဲ့မှု၊ ကိုယ်စီတာဝန်၊ သင်းဖွဲ့စည်းမျဉ်း ဒါတွေ လိုနေတာ။ အဲဒီတော့ ခေတ်အဆက်ဆက် သူ့နည်းသူ့ ဟန်နဲ့ တော့လုပ်ခဲ့တယ်။ (၁၉၈၇)ခုနှစ် အောက်တိုဘာမှာ ဆိုရှယ်လစ်ဗဟိုကော်မတီဥက္ကဋ္ဌကြီး ဦးနေဝင်း သူရဲ့ဗဟိုကော်မတီ အစည်းအဝေးမှာပြောခဲ့တဲ့ သမိုင်းဝင်စကားတစ်ခုရှိတယ်။ ‘နိုင်ငံရဲ့ စီးပွားရေး လုပ်တဲ့အခါမှာ အစိုးရတစ်ခုတည်းချည်း လုပ်လို့မရ ဘူး။ ပြည်သူလူထုပါမှရမယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ မတန်တဆ ကိုယ်ကျိုးချည်းကြည့်ရင်တော့ ပြဿနာ ပေါ်လိမ့်မယ်။ အတွေ့အကြုံကိုကြည့်ပြီး အကုန်လုံး ခြုံငုံထည့်သွင်းစဉ်းစားပြီးတော့ မူသစ်ပြန်ချမှဖြစ်လိမ့်မယ်’လို့ (၁၉၈၇)ခုနှစ် အောက်တိုဘာ (၁၀)ရက် စနေနေ့မှာ ပါတီဥက္ကဋ္ဌ ဦးနေဝင်း မိန့်ခွန်းပြောခဲ့တယ်။ ဒါပေမဲ့လည်း (၈၈)မှာ ကျွန်တော်တို့နိုင်ငံ ဆူပူအုံကြွမှုတွေဖြစ်ကုန်တယ်။ ဒါကို သူသိလို့ထပြောတဲ့အချိန်မှာ အရင်တုန်းတည်းကသိခဲ့တာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ့တာ (၈၇) အောက်တိုဘာမှ သူပြောတယ်လို့တွေ့တယ်။ သူပြောခဲ့ပေမယ့် ကျွန် တော်ထင်တယ်”ပြင်ဆင်ဖို့မမီခဲ့လိုက်ဘူးထင်တယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့သည် ပြင်ဆင်ဖို့မီ တယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ တာဝန်ယူဆောင် ရွက်နေတဲ့ နိုင်ငံ့အကြီးအကဲတွေကလည်း စေတနာ မှန်စွာနဲ့ ကြိုးစားနေကြတယ်လို့ အလေးအနက်ယုံ ကြည်တယ်။ နိုင်ငံတော်အစိုးရကချမှတ်တဲ့မူဝါဒတွေ အောင်မြင်ဖို့အတွက် အစိုးရက လက်တံရှည်ရှည်နဲ့ ကျေးလက်နေပြည်သူလူထု တောင်သူလယ်သမား တွေရဲ့လက်ကို မိအောင်ဆွဲဖို့လိုတယ်။ ကြားမှာ ဗိေစအသမ လိုပါတယ်။ ကြားခံ Adaptor သည် ကျွန်တော်ခုနပြောတဲ့ အဖွဲ့အစည်းပဲဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ အရမ်းကြောက်စရာ ကောင်းတဲ့ သစ်တောပြုန်းတီးမှုကိုရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ လက်ရှိ ပြန်လည်စိုက်ပျိုးနေတဲ့ သစ်တော ပြန်လည်ထူထောင်ခြင်းကိစ္စတွေကလည်း ရသင့်သလောက်၊ ဖြစ်သင့် သလောက် မဖြစ်ပါဘူး။ သစ်တော ကို ‘ရှေ့ကစိုက်တယ် နောက်ကခုတ်တယ်’။ အခုက ပြင်ဦးလွင်တို့၊ တောင်ကြီးတို့၊ ကလောတို့လို တောင်ပေါ်မြို့တွေမှာ ရေကြီးတယ်ဆိုတဲ့ဟာသည် သစ်တောပြုန်းတီးမှုဆိုတာ အဖြေပါပဲ။ သစ်တော တွေဟာ မိုးရွာတဲ့ရေကိုစုပ်ယူထားတယ်။ မိုးမရွာတဲ့အချိန်မှာ စိမ့်စမ်းရေအဖြစ်နဲ့ ပြန်လည်လွှတ်ထုတ်ပေးတယ်။ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို သစ်တော တစ်ဟက်တာသည် တစ်နှစ်မှာ တန်ချိန်ပေါင်း (၁၆) တန်ကို စုပ်ယူတယ်။ ပြီးရင် အောက်ဆီဂျင် (၁၂) တန်ပြန်ထုတ်လွှတ်ပေးတယ်။ ဒီလို သဘာဝဂေဟစနစ်တွေကိုလည် ပတ်ပေးနေတဲ့ သစ်တောဟာ ကျွန်တော်တို့နိုင်ငံမှာ ဆိုးရွားစွာပြုန်းတီးနေပါပြီ။ ဒါကို ပြန်လည်ထူထောင်ဖို့ဆိုသည်မှာ ဦးနေဝင်းရဲ့ အမှာစကားလိုပဲ။ အစိုးရတစ်ခုထဲချည်း လုပ်လို့မရဘူး။ ပြည်သူ လူထုပါမှရမယ်။ ပြည်သူလူထုပါမှဆိုရင် ‘ဟေ့..လာကြ’ လို့ခေါ်လို့မရဘူး။ သူတို့ရဲ့ လောဘကိုအကြောင်းပြုပြီး လှုံ့ဆော်ပေးမှ ဒီအပင်စိုက်ရင် ဘာရမယ်။ တစ်ပင်စိုက်ရင် (၁၀)နှစ်နေရင် မင်းသိန်း (၃၀)ရမယ်။ တစ်နှစ်ကို တစ်ပင်စိုက်ရင် သုံးသိန်းရမှာ (၁၀)ပင်စိုက်ကြည့်ပါ လားဆိုတာမျိုးပေါ့။ စိုက်ချင် တယ်ဆိုရင် နိုင်ငံတော်က ကနဦးရင်းနှီး မြှုပ်နှံဖို့အတွက် စစချင်းမှာ တိုင်းပြည်မှာ အခက်အခဲရှိနိုင်တော့ ကမ္ဘာလုံးဆိုင်ရာ ဖန်လုံအိမ်အာနိသင်လျှော့ချဖို့လုပ် နေတဲ့အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ သစ်တော ထူထောင်ဖို့ ချေးငွေတွေကိုရယူရမယ်။
တရုတ်ပြည်ကိုကြည့်ရင် တရုတ်ပြည်နေပြည် သူလူထုတို့သည် ကြီးမြန်သစ်ပင်တွေကို စိုက်တယ်။ ငါးနှစ်ပြည့် ရင်ခုတ်တယ်။ ခုတ်ပြီးရင် ကိုင်းဖျားကိုင်း နားကို Biomass power plant တွေကိုရောင်းတယ်။ ပင်စည်ကိုကျတော့ သစ်ပါးလွှာထုတ်တဲ့ စက်မှုဇုန်ကို ရောင်းတယ်။ အဲဒီကနေ ဝင်ငွေအများကြီးရတယ်။ ဒါပေမဲ့ နိုင်ငံကတော့ ဂေဟစနစ် တွေပျက်လာတယ်။ ကျွန်တော်တို့ဘာလို့မလုပ်နိုင်တာလဲ။ အခု ကျွန်တော်ဆိုရင် ကိုယ်တိုင်စိုက်ထားတဲ့ (၁၄)နှစ်စိုက် ထားတဲ့ ကျွန်းပင်ရဲ့သုံးပြန်လောက်ကို နှစ်နှစ်သား ကြီးမြန်တဲ့ သစ်ပင်က ကျော်တက်သွားတယ်။ လက်တွေ့မြင်နေ တယ်။ ဒါပေမဲ့ အဲဒီလိုသစ်ပင်တွေကိုစိုက်ဖို့အတွက် နိုင်ငံတော်ကဦးဆောင်မှရမယ်။ ဒါပေမဲ့ မဖြစ်မနေကို ပြည်သူလူထု မပါရင်တော့ ဘယ်လိုမှမရဘူး။ ပြည်သူ လူထုပါဝင်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့အဖြေက Adaptor ပဲ။ အဲဒီ Adaptor သည်လူတန်းစားအလွှာ လေးရပ်ကို လက်တွေ့ကျသော၊ ခေတ်နဲ့ညီသော သင်းဖွဲ့စည်းမျဉ်း ကိုယ်စီတာဝန်တွေနဲ့ ရေးဆွဲပြီးရင် အဲဒီအလွှာလေးရပ်ကို တာဝန်ပေးရလိမ့်မယ်။
မေး- အစိုးရအနေနဲ့ကကော စိုက်ပျိုး၊ မွေးမြူရေး လုပ်တဲ့ပြည်သူတွေကို အပြည့်အဝထောက်ပံ့မှုပေး နေတယ်လို့ မြင်မိလား။
ဖြေ- လူတွေက အစိုးရကိုအထင်လွဲနေတာ။ အစိုးရ ကပေးတယ်။ Adaptor မရှိဘူး။ Adaptor မရှိတော့ ပြည်သူရဲ့ လက်ထဲကို အကုန်မရောက်ဘူး။ အချိန်မီမရောက်ဘူး။ စိုက်ပျိုးရေးဆိုသည်မှာ သူ့အချိန်နဲ့သူ ပိုက်ဆံလက်ထဲရောက်မှ လုပ်လို့ရတဲ့ကိစ္စ။ စိုက်ပျိုးရေးဟာ အချိန်အခါနဲ့လုပ်ကြရတာဖြစ်သည့်အတွက် သူ့အချိန်သူ့အခါနဲ့ ရောက်ရတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အကြီးမားဆုံးသောပြဿနာသည် အကြီး မားဆုံးသော အုပ်ချုပ်ရေးယန္တရားဆိုင်ရာပြဿနာသည် e-government အခုထိ မလည်ပတ်နိုင်ဘူး။ အဲဒီအတွက် ကျွန်တော်တို့ဆီမှာ စာရွက်စာတမ်းနဲ့ပဲ သွားနေရတော့ နိုင်ငံတော်အဆင့်ရဲ့ အောက်ခြေမြို့ နယ်အဆင့်တို့ရဲ့ တင်ပြမှုနဲ့ဆုံးဖြတ်မှုသည် ကြားထဲမှာ ဘယ်လောက်မြန်တယ် ပြောပြော အနည်းဆုံး (၂) ပတ်၊ (၃) ပတ်တော့ကြာတယ်လေ။ အဲဒီအချိန်မှာ တောင်သူလယ်သမားတွေ အကောင် အထည်ဖော်ဖို့ အချိန်နောက်ကျသွားပြီ။ အဲဒီအချိန်ကျရင် နိုင်ငံတော်ကနေ ကျေးလက်နေပြည်သူလူထုရဲ့လက်ထဲကို တိုက်ရိုက်ရောက်အောင် ဘယ်လိုလုပ်မလဲ။ Adaptor ရှိရင်ရပြီ။ နိုင်ငံတော်က တစ်ကျပ်ပေးရင် အဲဒီ တစ်ကျပ်က တောင်သူလယ်သမားတွေလက်ထဲကို နိုဝင်ဘာ ပထမပတ်အတွင်းမှာအရောက်ပို့ဆိုရင် ပထမပတ်အတွင်းမှာ ရောက် သွားလိမ့်မယ်။ အလေအလွင့်မဖြစ်စေနဲ့လို့မှာရင် ခုန Adaptor မှာရေးဆွဲထား တဲ့ Do and Don’t/ Don’t and Do အသင်းအဖွဲ့ စည်းမျဉ်းတွေက ကောင်းကောင်းကိုင်တွယ်သွားလိမ့်မယ်။
မေး- ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်။
ဖြေ- ဟုတ်ကဲ့ပါခင်ဗျ။ ကျွန်တော်အနေနဲ့ တိုင်းပြည်ကို အမှန်ပဲဖွံ့ဖြိုးတိုးတက်စေလိုသူတစ်ဦးဖြစ်ပါ တယ်။ ခံစားချက် မပါဘဲနဲ့ တွေ့ရှိချက်တွေကိုပြောခဲ့ တာပဲဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးတင်မက ကုန်ကြမ်းရောင်းနေသမျှ ကာလပတ်လုံး တိုင်းပြည်လူ မွေးလူတောင် မပြောင်ဘူးဆိုတာ မှတ်ထားရပါမယ်။ Value Added လုပ်ကိုလုပ်ရမယ်။ အဲဒီလိုလုပ်ဖို့အတွက် လျှပ်စစ်ဓာတ်အား မဖြစ်မနေဖူလုံရမယ်။ လျှပ်စစ်ဓာတ်အား မဖြစ်မနေဖူလုံဖို့ဆိုရင်တော့ ယနေ့ ဆောင်ရွက်နေတဲ့ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ် ငန်းရဲ့စနစ်တစ်ခုတည်းနဲ့တော့ မရနိုင်တာအသေအ ချာပါ။ အဲဒီအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကိုလည်း ပြည်သူလူထုရဲ့လက်ထဲကိုထည့်ရမယ် ဆိုတဲ့ အဖြေထွက်ပါတယ်။ ပြည်သူလူ ထုရဲ့ လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းသည် Biomass power plant ဖြစ်ပါတယ်။ အဲဒီအတွက် လောင်စာကုန်ကြမ်းကို ပြည်သူလူထုကစိုက်ရပါမယ်။ နည်းပညာနဲ့ Foreign Direct Investment ကို တရုတ်နိုင်ငံကနေ ဖိတ်ခေါ်နိုင်တယ်လို့ သိထားပါတယ်။
zawgyi version
“ျပည္သူလူထုကို ‘လာၾကေဟ့’ ဆိုၿပီး ေခၚလို႔မရဘူး။ သူတို႔ရဲ႕ေလာဘကို လႈံ႕ေဆာ္ေပးမွရမယ္” (လယ္ယာစိုက္ပ်ိဳးေရးက႑ေဆြးေႏြးခန္း) (အပိုင္း-၂)
ယြန္း (NP News) - ဒီဇင္ဘာ ၁၂
ေမး- လက္ရွိေဆာင္႐ြက္ေနတဲ့ ေမြးျမဴေရးက႑ အေပၚမွာေကာ ဘယ္လိုသုံးသပ္ခ်င္လဲ။
ေျဖ- ေမြးျမဴေရးနဲ႔ပတ္သက္ၿပီးေတာ့ တင္ျပရမယ္ဆိုရင္ ေမြးျမဴေရးနဲ႔ တိုင္းျပည္ရဲ႕ဂ်ီဒီပီကို အမ်ားႀကီးဆြဲ တင္ထားတဲ့ ႏိုင္ငံဆိုရင္ ဩစေၾတးလ်ႏိုင္ငံကို ဥပမာၾကည့္ရင္ရပါတယ္။ ဩစေၾတးလ်ႏိုင္ငံမွာ တိရစာၦန္ေမြးဖို႔၊ တိရစာၦန္ေကြၽးဖို႔ ျမက္ကိုစိုက္တာ ဧရိယာဟက္တာ သန္းေပါင္း (၃၀) ေက်ာ္ရွိတယ္လို႔ ကြၽန္ေတာ္ေလ့ လာရသေလာက္သိရပါတယ္။ တစ္ဟက္တာမွာ (၂.၄၇၁) ဧကရွိပါတယ္။ ဟက္တာသန္းေပါင္း (၃၀)ကို ဩစေၾတးလ်ကစိုက္တယ္။ ယေန႔ ဩစေၾတးလ် ႏိုင္ငံကအမဲသားဆိုရင္ ေဈးအလြန္ႀကီးပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ျမက္ပ႐ိုတင္းကေန အသားပ႐ို တင္းကို ခ်ိန္းတာျဖစ္ပါတယ္။ အဲဒီေတာ့ အသားပ႐ို တင္းကေန တိုင္းျပည္ရဲ႕ဂ်ီဒီပီကိုခ်ိန္းပါတယ္။ အဲဒါ ဆိုရင္ တိုင္းျပည္ရဲ႕ဂ်ီဒီပီကို ဘယ္သူက အေျခခံေမာင္းႏွင္လဲဆိုေတာ့ ဩစေၾတးလ်ႏိုင္ငံလိုမ်ိဳးဆိုရင္ ဟက္တာ သန္း (၃၀)ေက်ာ္တဲ့ျမက္စိုက္ခင္းေတြက ေမာင္းႏွင္ေနတယ္ဆိုတဲ့အေျဖကိုေတြ႕ရပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ဥပမာ မိတၳီလာဆိုရင္ ဆိတ္ေမြးျမဴေရးကို ေသေသခ်ာခ်ာလုပ္ၾကပါတယ္။ ဒါေပမဲ့ ဆိတ္ေမြးတဲ့အခါမွာ သူတို႔ေမြးတာက ရက္ ေပါင္း(၉၀)ေလာက္ရွိမယ္ထင္ပါတယ္။ တစ္ရက္ကို ဆိတ္ကိုေကြၽးေမြးတဲ့ကုန္က်စရိတ္က အၾကမ္းဖ်င္း (၈၀ဝ)ေလာက္ရွိတဲ့အတြက္ေၾကာင့္ တစ္ႏွစ္မွာ ဆိတ္အေကာင္(၃၀)ကိုေမြးမယ္ဆိုရင္ သုံးႀကိမ္ ေလာက္ ေမြးလိုက္ ေရာင္းလိုက္နဲ႔ ေက်ာ့ႏိုင္တယ္။ ခန႔္မွန္း (၉)သိန္းဝန္းက်င္ေလာက္ရွိႏိုင္တယ္။ အဲဒီလိုမ ဟုတ္ဘဲနဲ႔ ဩစေၾတးလ်လို မ်ိဳးစိုက္ၿပီးေတာ့ ျမက္ပ႐ို တင္းကိုအဓိက တိရစာၦန္ကိုေကြၽးေမြးရင္ တျခားေသာ ပဲဖတ္၊ ပဲေမွာ္စသည္ျဖင့္ ျဖည့္စြက္စာ အနည္းငယ္သာ သုံးၿပီးေကြၽးမယ္ ေမြးမယ္ဆိုရင္ ဝင္ေငြကြာျခားခ်က္ သည္ သိန္း (၄၀)ေက်ာ္သြားမယ္။ သမား႐ိုးက် စနစ္နဲ႔ မိတၳီလာမွာ ေမြးေနတာသည္ တစ္ႏွစ္မွာအေကာင္ (၃၀)ကို ေမြးလိုက္ေရာင္းလိုက္လုပ္တာ (၉)သိန္း ေလာက္ရတယ္။ ျမက္စိုက္ၿပီးေမြးရင္ ျမက္ပ႐ိုတင္းက ျမင့္တဲ့အတြက္ေၾကာင့္ ရက္(၉၀)ေမြးစရာမလိုဘဲ (၇၅)ရက္ ေလာက္ပဲေမြးရေတာ့တယ္။ အဲဒီအခါမွာ ေလးႀကိမ္ေက်ာ့လို႔ရတယ္။ အစာေကြၽးတဲ့စရိတ္လည္း ေခါက္ခ်ိဳးေလ်ာ့ က်သြားတယ္။ အဲဒီအခ်ိန္မွာ ဝင္ေငြ က (၉)သိန္းကေန သိန္း(၄၀)ေက်ာ္သြားတယ္။ ကြၽန္ ေတာ္တို႔ သိန္း(၄၀)မရႏိုင္ဘူး။ လက္ရွိ(၉)သိန္းနဲ႔ ေက်နပ္ေနရတယ္။ ဘာေၾကာင့္လဲဆိုရင္ ျမက္စိုက္ခင္းေတြ မထူေထာင္ႏိုင္လို႔။ ကြၽန္ေတာ္တို႔အေနနဲ႔ Óဏ္မီသေလာက္ေလ့လာတဲ့အခါမွာ ေမြးျမဴေရးဆိုသည္မွာ ေမြးတဲ့အုပ္စုကသတ္သတ္၊ ေမြးျမဴေရးကို က်န္းမာေရး ေစာင့္ေရွာက္တဲ့အဖြဲ႕ကသတ္သတ္ပါ။ သူ Group နဲ႔သူေပါ့။ ကုသေရးအတြက္က သီးသန႔္ အဖြဲ႕အစည္းတစ္ခုရွိတယ္။ ျမက္စိုက္တဲ့အဖြဲ႕ကလည္း သတ္သတ္ရွိတယ္။ ေမြးတဲ့သူကျမက္မစိုက္ဘူး။ ၿပီးရင္ ခ်ဥ္ဖတ္လုပ္တယ္။ သူ႔ဆီက (၁၀)တန္ထြက္ တယ္။ ေမြးျမဴေရးၿခံက ငါးတန္ပဲလိုတယ္။ ငါးတန္ပို ေနတယ္။ ကိုး႐ိုးကားယားေတြျဖစ္ကုန္မွာေပါ့။ အဲဒီ လိုမလုပ္ပါဘူး။ သူတို႔ဧရိယာအတြင္းမွာ Distribution လုပ္တဲ့ဌာနတစ္ခု သို႔မဟုတ္ ပြဲ႐ုံလိုမ်ိဳး ေနာက္ထပ္တစ္ခု သတ္သတ္ရွိပါတယ္။ ျမက္စိုက္တဲ့ သူက ေမြးျမဴတဲ့သူဆီကို တိုက္႐ိုက္မပို႔ဘူး။ ျမက္ပြဲ႐ုံ ဆီကိုေရာင္းလိုက္တာ။ ပြဲ႐ုံကဝယ္ထားတယ္။ ၿပီးရင္ သူ႔ဆီမွာရွိတဲ့ ေမြးျမဴေရးၿခံေတြရဲ႕လိုအပ္ခ်က္ေတြအတိုင္း Distribution လုပ္တယ္။ ျမက္သည္ ခ်ဥ္ဖတ္ ျဖစ္တဲ့အတြက္ တစ္ႏွစ္အထားခံတယ္။ ရက္ (၄၀)ျပည့္တာနဲ႔ ခ်ဥ္ဖတ္ျဖစ္ၿပီ။ ခ်ဥ္ဖတ္ဆိုရင္ ျမက္က ပ႐ိုတင္းက သူရဲ႕အာဟာရက ပိုျမင့္သြားတယ္။ ေမြးျမဴေရးဆိုသည္မွာ ျမက္စိုက္သူက တစ္ဖြဲ႕သတ္သတ္၊ ဝယ္ယူသို ေလွာင္စုစည္းၿပီး လိုအပ္တဲ့ေနရာကို လိုအပ္တဲ့ပမာဏအတိုင္း ျဖန႔္ျဖဴးသူကသတ္သတ္၊ ေဆးဝါးကုသတဲ့အဖြဲ႕က သတ္သတ္ပါ၊ ေမြးတဲ့သူက သတ္သတ္ပါ။ ၿပီးရင္ ေဈးကြက္ရွာေဖြၿပီးေတာ့ ကုန္ ေခ်ာထုတ္လုပ္တင္ပို႔ေရာင္းခ်သူက တစ္ဖြဲ႕သတ္ သတ္ပါ။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ အဲဒီလိုမ်ိဳး ေမြးျမဴေရးကို Sector ေတြခြဲရပါလိမ့္မယ္။ ျမက္စိုက္ခင္းေတြ ထူေထာင္ရပါမယ္ဆိုတာကို ျဖည့္စြက္တင္ျပခ်င္ပါတယ္။ ျမက္စိုက္ခင္းမထူေထာင္ႏိုင္ရင္ အစာစရိတ္နဲ႔တင္ ေမြးျမဴ ေရးက နာလန္မထူဘူး။
ေမး- အဲဒါဆိုရင္ ႏိုင္ငံရဲ႕စိုက္ပ်ိဳးေရးနဲ႔ ေမြးျမဴေရး တိုးတက္လာဖို႔ဆိုရင္ မျဖစ္မေနေဆာင္႐ြက္ရမယ့္ အရာကဘာလဲ။ မေဆာင္႐ြက္ႏိုင္ရင္ေကာ ဘာဆက္ ျဖစ္လာႏိုင္မလဲ။
ေျဖ- ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ စိုက္ပ်ိဳးေရးနဲ႔ေမြးျမဴေရး တိုးတက္ဖို႔ဆိုရင္ မျဖစ္မေန Sector ႏွစ္ခုရွိပါတယ္။ တစ္ခုကေတာ့ စုဖြဲ႕ရမယ္။ စုဖြဲ႕မႈဆိုတဲ့ေနရာမွာ အလႊာေလးခုရွိပါတယ္။ ဌာနဆိုင္ရာ၊ ေတာင္သူလယ္သမား ေက်းလက္ေနျပည္သူ၊ နယ္ပယ္အသီးသီးက ပညာရွင္ေတြ၊ စီးပြားေရးလုပ္ငန္းရွင္ေတြ ဒီေလးခုက လက္တြဲရမယ္။ အဲဒီေလးဦးသည္လည္း မင္းကဘာ တာဝန္၊ ငါက ဘာတာဝန္ဆိုတဲ့ ကိုယ္စီတာဝန္ေတြကိုလည္း ေျမျပင္အေျခအေနနဲ႔ကိုက္ညီစြာ လက္ေတြ႕ က်က် ေရးဆြဲထားတာျဖစ္ရမယ္။ အသင္းအဖြဲ႕စည္း မ်ဥ္းေတြကို ေရးဆြဲၿပီးတဲ့အခါမွာ Do and Don’t ကို ျပတ္ျပတ္ သားသား ဆုေပးဒဏ္ေပးစနစ္ကို က်င့္သုံးရပါမယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံသည္ ေထရဝါဒဗုဒၶ ဘာသာကိုးကြယ္တဲ့ ႏိုင္ငံျဖစ္တဲ့အားေလ်ာ္စြာ သိပ္ၿပီး သနားဂ႐ုဏာသက္တတ္ၾကပါတယ္။ အျပစ္ေတြလုပ္ ၾကရင္လည္း လူေတြက က႐ုဏာစိတ္နဲ႔ ခြင့္လႊတ္တတ္ၾကတာမ်ားပါတယ္။ သို႔ေသာ္ တိုင္းျပည္ရဲ႕အမ်ိဳးသားအက်ိဳးစီးပြားကို ထိခိုက္မယ့္ ကိစၥဆိုရင္ က႐ုဏာစိတ္ကို ေဖ်ာက္ရပါမယ္။ ဖြဲ႕စည္းပုံပါ ကိုယ္စီတာဝန္ ဝတၱရားပ်က္ကြက္ျခင္း၊ မပ်က္ကြက္ျခင္း Do ကို Don’tအ သလား၊ Don’t ကို Do သလားဆိုတာအေပၚ ဖြဲ႕စည္းပုံပါ တာဝန္ဝတၱရားစည္းမ်ဥ္းစည္းကမ္းအတိုင္း အေရးယူေဆာင္႐ြက္ၾကမွျဖစ္ပါမယ္။ ဒီဟာေတြကို တကယ္ဖြံ႕ၿဖိဳးတိုးတက္ဖို႔ဆိုရင္ ႏိုင္ငံေတာ္က ဦးေဆာင္ၿပီးေတာ့ ဒီအစီအမံေတြကို ေဆာင္႐ြက္မွရပါမယ္။
ေနာက္တစ္ခု ႏိုင္ငံေတာ္ကေနဦးေဆာင္ၿပီးေတာ့ ေဆာင္႐ြက္တဲ့အခ်ိန္မွာ လိုအပ္တဲ့ဘ႑ာေငြေၾကး ကိုလည္း တိုင္းျပည္ကခက္ခဲလာတယ္။ အဲဒီအတြက္ ခိုင္မာတဲ့ Business Plan ေတြကိုအေၾကာင္းျပဳၿပီး Food Security Plan ေတြကိုေရးဆြဲၿပီးေတာ့ ႏိုင္ငံရပ္ျခားကမိတ္ဖက္အဖြဲ႕အစည္းေတြ၊ ဘဏ္ေတြ သို႔မဟုတ္ ႏိုင္ငံေတြဆီကေန Food Security အတြက္ ကာလတိုေခ်းေငြေတြ ေခ်းဖို႔လိုတယ္။ အေလအလြင့္မျဖစ္ေအာင္ ခုနကြၽန္ေတာ္ေျပာခဲ့သလို ဝန္ႀကီး ဦးေက်ာ္ဆန္းတို႔လို သမၼတႀကီးဦးသိန္းစိန္လက္ထက္ ကေဆာင္႐ြက္ခဲ့တဲ့ေခ်းေငြလိုမ်ိဳး စီမံခန႔္ခြဲမႈမလြဲ ေအာင္လုပ္ဖို႔လိုပါ တယ္။ လူႀကီးေတြကို အျပစ္တင္ ေနတာမဟုတ္ပါဘူး။ သူတို႔ ေစတနာႀကီးပါတယ္၊ လုပ္ခဲ့ၾကပါတယ္။ သို႔ေသာ္ စီမံမႈလြဲတဲ့အတြက္ ယေန႔အထိ ဒီေခ်းေငြေတြဟာ အေႂကြးမေက်ေသးတဲ့ျဖစ္ စဥ္ေတြျဖစ္ရတယ္။ ဒါမ်ိဳးမျဖစ္ေအာင္ လုပ္ၾကဖို႔လိုပါတယ္။ အေရးႀကီးဆုံးလိုအပ္ခ်က္က ႏိုင္ငံရဲ႕ ဂ်ီဒီပီ တက္ဖို႔၊ ေတာင္သူလယ္သမားေတြရဲ႕ ေက်းလက္ေန ျပည္သူေတြရဲ႕ လူမႈစီးပြားဘဝေတြဖြံ႕ၿဖိဳးဖို႔ တိုင္းျပည္ ရဲ႕ အေျခခံမူဝါဒျဖစ္တဲ့ စိုက္ပ်ိဳးေရးနဲ႔ေမြးျမဴေရးကို အေျခခံ၍ဆိုတဲ့ ဂ်ီဒီပီတက္ဖို႔၊ ႏိုင္ငံတိုးတက္ဖို႔ဆိုတဲ့ ဒီစီမံကိန္းဟာ ကုန္ၾကမ္းကိုေရာင္းခ်ေန႐ုံနဲ႔ ဘယ္ေတာ့မွ လူေမြးလူေတာင္ ေျပာင္မွာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ဆီက စိုက္လို႔ထြက္လာတာ၊ ေမြးလို႔ထြက္လာတာ စိုက္ပ်ိဳးေရးေမြးျမဴေရး ထြက္ကုန္မွန္သမွ်ကို Value added ကုန္ေခ်ာထုတ္လုပ္တင္ပို႔ ေရာင္းခ်ႏိုင္တဲ့အေျခအေနေတြသြားဖို႔ မျဖစ္မေနလို အပ္ပါတယ္။ အဲဒီအတြက္ ဘာလိုလဲဆိုေတာ့ မျဖစ္မေန Power Supply လိုပါတယ္။ Power Supply သည္လည္း အား အားရွိ ႏိုင္ငံေတာ္အစိုးရကိုပဲ ေခါင္းေပၚပုံခ်တာဝန္ေပးေနလို႔မျဖစ္ပါဘူး။ ကြၽန္ေတာ္ အခုရည္မွန္းထားတာ One District One Power Plant/ One District One Industrial Zone ဆိုတဲ့ဟာက ကြၽန္ေတာ့္အေတြးထဲမွာေပၚေနတာ ေတာ္ ေတာ္ၾကာပါၿပီ။ ကြၽန္ေတာ္တို႔ဟာ လွ်ပ္စစ္ဓာတ္အား Power Supply ကို ခ႐ိုင္တစ္ခုခ်င္းအလိုက္ အလုံအေလာက္ စိုက္ပ်ိဳးေမြးျမဴေရးထုတ္ကုန္ေတြကို ကုန္ေခ်ာထုတ္လုပ္ႏိုင္တဲ့စက္မႈဇုန္ေတြအတြက္ ေထာက္ပံ့ႏိုင္ဖို႔ဆိုရင္ ကြၽန္ေတာ္တို႔ ႏိုင္ငံနဲ႔အကိုက္ညီဆုံး လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ျခင္းသည္ Biomass power plant system ျဖစ္ပါတယ္။ ဆိုလာနဲ႔ လည္း မရပါဘူး။ Economy မျဖစ္ပါဘူး။ ေလအားလွ်ပ္စစ္နဲ႔လည္း Economy မျဖစ္ပါဘူး။ ေရအားလွ်ပ္စစ္သည္ လည္း ႀကီးမားရာသီဥတု သဘာဝေျပာင္းလဲမႈေတြေၾကာင့္ ေရအားလွ်ပ္စစ္ရဲ႕အခက္အခဲေတြကလည္း အခုမိုးရာသီမွာ ေလာပိတေရအားလွ်ပ္စစ္ရဲ႕အေျခအေနကိုၾကည့္လိုက္ရင္ကို နမူနာယူလို႔ရတယ္။ အဲဒီအတြက္ ခ႐ိုင္တစ္ခုခ်င္းအလိုက္ Biomass power plant စက္႐ုံေတြထူေထာင္ဖို႔လိုပါတယ္။ အဲဒီလိုစက္ ႐ုံေတြထူေထာင္ဖို႔ဆိုရင္ လွ်ပ္စစ္ေလာင္စာ ကုန္ၾကမ္းက ဘယ္မွာလဲဆိုရင္ေဒသခံ ေက်းလက္ေနျပည္သူေတြက စိုက္ပ်ိဳးၿပီး လွ်ပ္စစ္စက္႐ုံကိုေရာင္းခ်ၾကရမွာ ျဖစ္ပါတယ္။ အဲဒီက်ရင္ ေက်းလက္ေနျပည္သူေတြက စိုက္ပ်ိဳးလို႔၊ ေမြးျမဴလို႔ရတဲ့ပိုက္ဆံထက္ ေလးဆ၊ ငါး ဆေလာက္ပို မ်ားတဲ့ပိုက္ဆံကို လွ်ပ္စစ္ေလာင္စာ ကုန္ၾကမ္းစိုက္ပ်ိဳးၿပီး ဓာတ္အားေပးစက္႐ုံေတြကို ေရာင္းခ်ရာကေန ေနာက္ထပ္ ႀကီးမားတဲ့ဝင္ေငြထပ္ ရမွာျဖစ္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ အဲဒီခ႐ိုင္အတြင္းမွာ လုံေလာက္တဲ့ လွ်ပ္စစ္ဓာတ္အား ထြက္လာမွာ လည္းျဖစ္ပါတယ္။ လွ်ပ္စစ္ဓာတ္အားထြက္လာလို႔ ရတဲ့အက်ိဳးေက်းဇူးသည္ ဝင္ေငြအားလုံးရဲ႕ အနည္း ဆုံး (၅၀%)သည္ ေလာင္စာကုန္ၾကမ္းကို စိုက္ပ်ိဳး ေရာင္းခ်ၿပီးေတာ့ ေက်းလက္ေနျပည္သူကရမွာျဖစ္ပါ တယ္။ ၿပီးရင္ အဲဒီလွ်ပ္စစ္ဓာတ္အားကေနရတဲ့ဝင္ ေငြရဲ႕(၃၀%)သည္ ႏိုင္ငံေတာ္ကရမွာျဖစ္ပါတယ္။ (၂၀%)ေလာက္ကေတာ့ ရင္းႏွီးျမႇဳပ္ႏွံသူေပါ့။ ဥပမာ တ႐ုတ္ႏိုင္ငံမွာဆိုရင္ ကြၽန္ေတာ္တို႔ၾကားတာက သူ႔ ႏိုင္ငံမွာလွ်ပ္စစ္ေတြကို သူ႔ႏိုင္ငံရဲ႕လို အပ္ခ်က္အရ (၃၀)မဂၢါဝပ္၊ (၅၀)မဂၢါဝပ္ စသည္ျဖင့္ မဂၢါဝပ္နည္း တာေတြကို ျဖဳတ္သိမ္းၿပီးေတာ့မွ (၁၀ဝ)မဂၢါဝပ္၊ (၂၀ဝ)မဂၢါဝပ္စသည္ျဖင့္ မဂၢါဝပ္ႀကီးမားတဲ့ Biomass power plant ေတြ ေျပာင္းလဲတပ္ဆင္ဖို႔ စီမံေနတယ္လို႔ၾကား ပါတယ္။ တကယ္သာအဲဒီလိုဆိုရင္ သူ႔ဆီကျဖဳတ္သိမ္းတဲ့ (၃၀)မဂၢါဝပ္စက္႐ုံေတြကို ကြၽန္ေတာ္တို႔ႏိုင္ငံက One District One Power Plant & One District One Industrial Zone မွသည္ ယင္းခ႐ိုင္အတြင္းမွာရွိတဲ့ စိုက္ပ်ိဳးေမြးျမဴထုတ္ ကုန္ေတြကို Value added အျဖစ္ ထုတ္လုပ္သြားႏိုင္မွာျဖစ္ပါတယ္။ အဲဒီအတြက္ တ႐ုတ္ႏိုင္ငံနဲ႔ကြၽန္ေတာ္တို႔က Foreign Direct Investment ကို Direct ဖိတ္ေခၚလို႔ရပါတယ္။ ေနာက္တစ္ခ်က္ ကြၽန္ေတာ္တို႔ နားလည္ထားတာက တ႐ုတ္ႏိုင္ငံမွာ MSME လုပ္ငန္းေတြကို ျဖဳတ္သိမ္းဖို႔လုပ္ေနပါၿပီ။ တ႐ုတ္ႏိုင္ငံက ျဖဳတ္သိမ္းလိုက္တဲ့ MSME လုပ္ငန္း ေတြဆိုတာ ကြၽန္ေတာ္တို႔ႏိုင္ငံအတြက္ဆိုရင္ေတာ့ အေသးစား အလတ္စား မဟုတ္ေတာ့ပါဘူး။ နည္းနည္းႀကီးမားတဲ့ စက္မႈလုပ္ငန္းအဆင့္အတန္းေတြျဖစ္ပါတယ္။ အဲဒါဆိုရင္ တ႐ုတ္ႏိုင္ငံက ျဖဳတ္သိမ္းလိုက္တဲ့ MSME စက္မႈ လုပ္ငန္း ေတြကို ကြၽန္ေတာ္တို႔ရဲ႕ One District One Biomass power plant ဧရိယာအတြင္းမွာေဖာ္ေဆာင္ၿပီးသားျဖစ္တဲ့ စက္မႈဇုန္ေတြအတြင္းမွာ ေနရာခ် ၿပီးေတာ့ ေဆာင္႐ြက္လိုက္ႏိုင္မယ္ဆိုရင္ တ႐ုတ္ႏိုင္ငံနဲ႔လည္း ခ်စ္ၾကည္ရင္းႏွီးမႈနဲ႔ လက္တြဲေဆာင္႐ြက္မႈေတြအရ အရမ္းကို ေကာင္းမြန္ခိုင္မာသြားမွာျဖစ္သလို တ႐ုတ္ႏိုင္ငံ ကျဖဳတ္လိုက္တဲ့ MSME စက္႐ုံေတြကလည္း ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ Production ေတြျဖစ္လာၿပီ။ အဲဒီ စက္႐ုံအလုပ္႐ုံေတြကေန Export လုပ္လို႔ ရတဲ့ Export Earning ေတြကလည္း ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ ႏိုင္ငံျခားပို႔ကုန္ရေငြအျဖစ္ ေတာ္ေတာ္တိုးတက္လာမွာ ျဖစ္ပါတယ္။ ေဒသခံျပည္သူလူထုေတြကလည္း အလုပ္အကိုင္အခြင့္အလမ္းေတြကို တန္ဖိုးရွိရွိနဲ႔ရလာ ၾကမယ္။ အေရး အႀကီးဆုံးကေတာ့ Technology Sharing လုပ္တာကေနၿပီးေတာ့ ႏိုင္ငံအတြက္ သိပ္အေရးႀကီးေနတဲ့ ေက်း႐ြာျပည္သူ လူထုရဲ႕ New Generation (၇၀%) ၊ (၇၅%)ေသာ ေက်းလက္ေန ျပည္သူတို႔၏ မ်ိဳးဆက္သစ္လူငယ္လူ႐ြယ္ေတြရဲ႕ Human Resourcesကိုဆြဲတင္သြားႏိုင္မွာျဖစ္ပါတယ္။
ေမး- ဒါဆိုရင္ ေခတ္အဆက္ဆက္အစိုးရေတြက စိုက္ပ်ိဳေရး၊ ေမြးျမဴေရးက႑နဲ႔ပတ္သက္ၿပီးေတာ့ လုပ္ေပးခဲ့ၾကတယ္။ ဒါေပမဲ့ သူတို႔လုပ္ေပးခဲ့တာေတြ က နည္းလမ္းေတြမွားေနတယ္လို႔ ေျပာလို႔ရမလား။
ေျဖ- နည္းလမ္းမွားေနတယ္လို႔ေျပာရင္ေတာ့ သူတို႔ရဲ႕ေစတနာကို ေစာ္ကားသလိုျဖစ္သြားမယ္။ နည္း လမ္းမွားတယ္ ေတာ့ မဟုတ္ဘူး။ အဓိကကေတာ့ အေျခခံအက်ဆုံးေသာ ေတာင္သူလယ္သမား ေက်းလက္ေနျပည္သူေတြရဲ႕လက္ကို မိေအာင္ဆြဲကိုင္ၿပီးေတာ့ ႐ုန္းမတက္ႏိုင္ဘူး။ ေက်းလက္ေနျပည္သူေတြ ရဲ႕လက္ကို ဖမ္းဆြဲလို႔မမိတာက အဓိက ျပႆနာ။ အဲဒီေတာ့ ဥပမာ ဂ်ပန္ကေန လွ်ပ္စစ္ပစၥည္းအေဟာင္း တစ္ခုဝယ္လာတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ တန္းသုံး လို႔မရဘူး။ Adaptor တစ္ခုခံမွသုံးလို႔ရတယ္။ ဒီအတိုင္းပဲ ေက်းလက္ေန ျပည္သူလူထုနဲ႔ ေခတ္အဆက္ ဆက္ႀကိဳးစား ခဲ့ၾကတဲ့ ႏိုင္ငံ့လူႀကီးေတြရဲ႕ၾကားထဲမွာ Adaptor တစ္ခုလိုေနတာ။ ဒါကို ေခတ္အဆက္ဆက္က ဘယ္သူမွမတည္ ေဆာက္မိခဲ့ၾကဘူး။ အဲဒီ Adaptor သည္ လူတန္းစားအလႊာေလးရပ္ကို ဘယ္လို သင္းဖြဲ႕စည္းမ်ဥ္း ဘယ္လိုကိုယ္စီ တာဝန္နဲ႔စုဖြဲ႕ၿပီးေတာ့ ဘယ္လိုလုပ္ငန္းေတြကို ဘယ္လိုအဆင့္ေတြနဲ႔ သြားမယ္ဆိုတဲ့ အဲကြန္းခန္းထဲမွာ ထိုင္ေရးတာ မဟုတ္ တဲ့စုဖြဲ႕မႈ၊ ကိုယ္စီတာဝန္၊ သင္းဖြဲ႕စည္းမ်ဥ္း ဒါေတြ လိုေနတာ။ အဲဒီေတာ့ ေခတ္အဆက္ဆက္ သူ႔နည္းသူ႔ ဟန္နဲ႔ ေတာ့လုပ္ခဲ့တယ္။ (၁၉၈၇)ခုႏွစ္ ေအာက္တိုဘာမွာ ဆိုရွယ္လစ္ဗဟိုေကာ္မတီဥကၠ႒ႀကီး ဦးေနဝင္း သူရဲ႕ဗဟိုေကာ္မတီ အစည္းအေဝးမွာေျပာခဲ့တဲ့ သမိုင္းဝင္စကားတစ္ခုရွိတယ္။ ‘ႏိုင္ငံရဲ႕ စီးပြားေရး လုပ္တဲ့အခါမွာ အစိုးရတစ္ခုတည္းခ်ည္း လုပ္လို႔မရ ဘူး။ ျပည္သူလူထုပါမွရမယ္။ ပုဂၢလိကလုပ္ငန္းရွင္ေတြ မတန္တဆ ကိုယ္က်ိဳးခ်ည္းၾကည့္ရင္ေတာ့ ျပႆနာ ေပၚလိမ့္မယ္။ အေတြ႕အႀကဳံကိုၾကည့္ၿပီး အကုန္လုံး ၿခဳံငုံထည့္သြင္းစဥ္းစားၿပီးေတာ့ မူသစ္ျပန္ခ်မွျဖစ္လိမ့္မယ္’လို႔ (၁၉၈၇)ခုႏွစ္ ေအာက္တိုဘာ (၁၀)ရက္ စေနေန႔မွာ ပါတီဥကၠ႒ ဦးေနဝင္း မိန႔္ခြန္းေျပာခဲ့တယ္။ ဒါေပမဲ့လည္း (၈၈)မွာ ကြၽန္ေတာ္တို႔ႏိုင္ငံ ဆူပူအုံႂကြမႈေတြျဖစ္ကုန္တယ္။ ဒါကို သူသိလို႔ထေျပာတဲ့အခ်ိန္မွာ အရင္တုန္းတည္းကသိခဲ့တာလည္း ျဖစ္ခ်င္ျဖစ္မယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ေတြ႕တာ (၈၇) ေအာက္တိုဘာမွ သူေျပာတယ္လို႔ေတြ႕တယ္။ သူေျပာခဲ့ေပမယ့္ ကြၽန္ ေတာ္ထင္တယ္”ျပင္ဆင္ဖို႔မမီခဲ့လိုက္ဘူးထင္တယ္။ အခုအခ်ိန္မွာေတာ့ ကြၽန္ေတာ္တို႔သည္ ျပင္ဆင္ဖို႔မီ တယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ လက္ရွိ တာဝန္ယူေဆာင္ ႐ြက္ေနတဲ့ ႏိုင္ငံ့အႀကီးအကဲေတြကလည္း ေစတနာ မွန္စြာနဲ႔ ႀကိဳးစားေနၾကတယ္လို႔ အေလးအနက္ယုံ ၾကည္တယ္။ ႏိုင္ငံေတာ္အစိုးရကခ်မွတ္တဲ့မူဝါဒေတြ ေအာင္ျမင္ဖို႔အတြက္ အစိုးရက လက္တံရွည္ရွည္နဲ႔ ေက်းလက္ေနျပည္သူလူထု ေတာင္သူလယ္သမား ေတြရဲ႕လက္ကို မိေအာင္ဆြဲဖို႔လိုတယ္။ ၾကားမွာ ဗိေစအသမ လိုပါတယ္။ ၾကားခံ Adaptor သည္ ကြၽန္ေတာ္ခုနေျပာတဲ့ အဖြဲ႕အစည္းပဲျဖစ္ပါတယ္။
ကြၽန္ေတာ္တို႔ႏိုင္ငံဟာ အရမ္းေၾကာက္စရာ ေကာင္းတဲ့ သစ္ေတာျပဳန္းတီးမႈကိုရင္ဆိုင္ေနရၿပီ ျဖစ္ပါတယ္။ လက္ရွိ ျပန္လည္စိုက္ပ်ိဳးေနတဲ့ သစ္ေတာ ျပန္လည္ထူေထာင္ျခင္းကိစၥေတြကလည္း ရသင့္သေလာက္၊ ျဖစ္သင့္ သေလာက္ မျဖစ္ပါဘူး။ သစ္ေတာ ကို ‘ေရွ႕ကစိုက္တယ္ ေနာက္ကခုတ္တယ္’။ အခုက ျပင္ဦးလြင္တို႔၊ ေတာင္ႀကီးတို႔၊ ကေလာတို႔လို ေတာင္ေပၚၿမိဳ႕ေတြမွာ ေရႀကီးတယ္ဆိုတဲ့ဟာသည္ သစ္ေတာျပဳန္းတီးမႈဆိုတာ အေျဖပါပဲ။ သစ္ေတာ ေတြဟာ မိုး႐ြာတဲ့ေရကိုစုပ္ယူထားတယ္။ မိုးမ႐ြာတဲ့အခ်ိန္မွာ စိမ့္စမ္းေရအျဖစ္နဲ႔ ျပန္လည္လႊတ္ထုတ္ေပးတယ္။ ေလထုထဲက ကာဗြန္ဒိုင္ေအာက္ဆိုက္ကို သစ္ေတာ တစ္ဟက္တာသည္ တစ္ႏွစ္မွာ တန္ခ်ိန္ေပါင္း (၁၆) တန္ကို စုပ္ယူတယ္။ ၿပီးရင္ ေအာက္ဆီဂ်င္ (၁၂) တန္ျပန္ထုတ္လႊတ္ေပးတယ္။ ဒီလို သဘာဝေဂဟစနစ္ေတြကိုလည္ ပတ္ေပးေနတဲ့ သစ္ေတာဟာ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ဆိုး႐ြားစြာျပဳန္းတီးေနပါၿပီ။ ဒါကို ျပန္လည္ထူေထာင္ဖို႔ဆိုသည္မွာ ဦးေနဝင္းရဲ႕ အမွာစကားလိုပဲ။ အစိုးရတစ္ခုထဲခ်ည္း လုပ္လို႔မရဘူး။ ျပည္သူ လူထုပါမွရမယ္။ ျပည္သူလူထုပါမွဆိုရင္ ‘ေဟ့..လာၾက’ လို႔ေခၚလို႔မရဘူး။ သူတို႔ရဲ႕ ေလာဘကိုအေၾကာင္းျပဳၿပီး လႈံ႕ေဆာ္ေပးမွ ဒီအပင္စိုက္ရင္ ဘာရမယ္။ တစ္ပင္စိုက္ရင္ (၁၀)ႏွစ္ေနရင္ မင္းသိန္း (၃၀)ရမယ္။ တစ္ႏွစ္ကို တစ္ပင္စိုက္ရင္ သုံးသိန္းရမွာ (၁၀)ပင္စိုက္ၾကည့္ပါ လားဆိုတာမ်ိဳးေပါ့။ စိုက္ခ်င္ တယ္ဆိုရင္ ႏိုင္ငံေတာ္က ကနဦးရင္းႏွီး ျမႇဳပ္ႏွံဖို႔အတြက္ စစခ်င္းမွာ တိုင္းျပည္မွာ အခက္အခဲရွိႏိုင္ေတာ့ ကမာၻလုံးဆိုင္ရာ ဖန္လုံအိမ္အာနိသင္ေလွ်ာ့ခ်ဖို႔လုပ္ ေနတဲ့အဖြဲ႕အစည္းေတြနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ သစ္ေတာ ထူေထာင္ဖို႔ ေခ်းေငြေတြကိုရယူရမယ္။
တ႐ုတ္ျပည္ကိုၾကည့္ရင္ တ႐ုတ္ျပည္ေနျပည္ သူလူထုတို႔သည္ ႀကီးျမန္သစ္ပင္ေတြကို စိုက္တယ္။ ငါးႏွစ္ျပည့္ ရင္ခုတ္တယ္။ ခုတ္ၿပီးရင္ ကိုင္းဖ်ားကိုင္း နားကို Biomass power plant ေတြကိုေရာင္းတယ္။ ပင္စည္ကိုက်ေတာ့ သစ္ပါးလႊာထုတ္တဲ့ စက္မႈဇုန္ကို ေရာင္းတယ္။ အဲဒီကေန ဝင္ေငြအမ်ားႀကီးရတယ္။ ဒါေပမဲ့ ႏိုင္ငံကေတာ့ ေဂဟစနစ္ ေတြပ်က္လာတယ္။ ကြၽန္ေတာ္တို႔ဘာလို႔မလုပ္ႏိုင္တာလဲ။ အခု ကြၽန္ေတာ္ဆိုရင္ ကိုယ္တိုင္စိုက္ထားတဲ့ (၁၄)ႏွစ္စိုက္ ထားတဲ့ ကြၽန္းပင္ရဲ႕သုံးျပန္ေလာက္ကို ႏွစ္ႏွစ္သား ႀကီးျမန္တဲ့ သစ္ပင္က ေက်ာ္တက္သြားတယ္။ လက္ေတြ႕ျမင္ေန တယ္။ ဒါေပမဲ့ အဲဒီလိုသစ္ပင္ေတြကိုစိုက္ဖို႔အတြက္ ႏိုင္ငံေတာ္ကဦးေဆာင္မွရမယ္။ ဒါေပမဲ့ မျဖစ္မေနကို ျပည္သူလူထု မပါရင္ေတာ့ ဘယ္လိုမွမရဘူး။ ျပည္သူ လူထုပါဝင္ေအာင္ ဘယ္လိုလုပ္မလဲဆိုတဲ့အေျဖက Adaptor ပဲ။ အဲဒီ Adaptor သည္လူတန္းစားအလႊာ ေလးရပ္ကို လက္ေတြ႕က်ေသာ၊ ေခတ္နဲ႔ညီေသာ သင္းဖြဲ႕စည္းမ်ဥ္း ကိုယ္စီတာဝန္ေတြနဲ႔ ေရးဆြဲၿပီးရင္ အဲဒီအလႊာေလးရပ္ကို တာဝန္ေပးရလိမ့္မယ္။
ေမး- အစိုးရအေနနဲ႔ကေကာ စိုက္ပ်ိဳး၊ ေမြးျမဴေရး လုပ္တဲ့ျပည္သူေတြကို အျပည့္အဝေထာက္ပံ့မႈေပး ေနတယ္လို႔ ျမင္မိလား။
ေျဖ- လူေတြက အစိုးရကိုအထင္လြဲေနတာ။ အစိုးရ ကေပးတယ္။ Adaptor မရွိဘူး။ Adaptor မရွိေတာ့ ျပည္သူရဲ႕ လက္ထဲကို အကုန္မေရာက္ဘူး။ အခ်ိန္မီမေရာက္ဘူး။ စိုက္ပ်ိဳးေရးဆိုသည္မွာ သူ႔အခ်ိန္နဲ႔သူ ပိုက္ဆံလက္ထဲေရာက္မွ လုပ္လို႔ရတဲ့ကိစၥ။ စိုက္ပ်ိဳးေရးဟာ အခ်ိန္အခါနဲ႔လုပ္ၾကရတာျဖစ္သည့္အတြက္ သူ႔အခ်ိန္သူ႔အခါနဲ႔ ေရာက္ရတယ္။ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ အႀကီးမားဆုံးေသာျပႆနာသည္ အႀကီး မားဆုံးေသာ အုပ္ခ်ဳပ္ေရးယႏၲရားဆိုင္ရာျပႆနာသည္ e-government အခုထိ မလည္ပတ္ႏိုင္ဘူး။ အဲဒီအတြက္ ကြၽန္ေတာ္တို႔ဆီမွာ စာ႐ြက္စာတမ္းနဲ႔ပဲ သြားေနရေတာ့ ႏိုင္ငံေတာ္အဆင့္ရဲ႕ ေအာက္ေျခၿမိဳ႕ နယ္အဆင့္တို႔ရဲ႕ တင္ျပမႈနဲ႔ဆုံးျဖတ္မႈသည္ ၾကားထဲမွာ ဘယ္ေလာက္ျမန္တယ္ ေျပာေျပာ အနည္းဆုံး (၂) ပတ္၊ (၃) ပတ္ေတာ့ၾကာတယ္ေလ။ အဲဒီအခ်ိန္မွာ ေတာင္သူလယ္သမားေတြ အေကာင္ အထည္ေဖာ္ဖို႔ အခ်ိန္ေနာက္က်သြားၿပီ။ အဲဒီအခ်ိန္က်ရင္ ႏိုင္ငံေတာ္ကေန ေက်းလက္ေနျပည္သူလူထုရဲ႕လက္ထဲကို တိုက္႐ိုက္ေရာက္ေအာင္ ဘယ္လိုလုပ္မလဲ။ Adaptor ရွိရင္ရၿပီ။ ႏိုင္ငံေတာ္က တစ္က်ပ္ေပးရင္ အဲဒီ တစ္က်ပ္က ေတာင္သူလယ္သမားေတြလက္ထဲကို ႏိုဝင္ဘာ ပထမပတ္အတြင္းမွာအေရာက္ပို႔ဆိုရင္ ပထမပတ္အတြင္းမွာ ေရာက္ သြားလိမ့္မယ္။ အေလအလြင့္မျဖစ္ေစနဲ႔လို႔မွာရင္ ခုန Adaptor မွာေရးဆြဲထား တဲ့ Do and Don’t/ Don’t and Do အသင္းအဖြဲ႕ စည္းမ်ဥ္းေတြက ေကာင္းေကာင္းကိုင္တြယ္သြားလိမ့္မယ္။
ေမး- ခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါ တယ္။
ေျဖ- ဟုတ္ကဲ့ပါခင္ဗ်။ ကြၽန္ေတာ္အေနနဲ႔ တိုင္းျပည္ကို အမွန္ပဲဖြံ႕ၿဖိဳးတိုးတက္ေစလိုသူတစ္ဦးျဖစ္ပါ တယ္။ ခံစားခ်က္ မပါဘဲနဲ႔ ေတြ႕ရွိခ်က္ေတြကိုေျပာခဲ့ တာပဲျဖစ္ပါတယ္။ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးတင္မက ကုန္ၾကမ္းေရာင္းေနသမွ် ကာလပတ္လုံး တိုင္းျပည္လူ ေမြးလူေတာင္ မေျပာင္ဘူးဆိုတာ မွတ္ထားရပါမယ္။ Value Added လုပ္ကိုလုပ္ရမယ္။ အဲဒီလိုလုပ္ဖို႔အတြက္ လွ်ပ္စစ္ဓာတ္အား မျဖစ္မေနဖူလုံရမယ္။ လွ်ပ္စစ္ဓာတ္အား မျဖစ္မေနဖူလုံဖို႔ဆိုရင္ေတာ့ ယေန႔ ေဆာင္႐ြက္ေနတဲ့ ျမန္မာ့လွ်ပ္စစ္ဓာတ္အားလုပ္ ငန္းရဲ႕စနစ္တစ္ခုတည္းနဲ႔ေတာ့ မရႏိုင္တာအေသအ ခ်ာပါ။ အဲဒီအတြက္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ျခင္းကိုလည္း ျပည္သူလူထုရဲ႕လက္ထဲကိုထည့္ရမယ္ ဆိုတဲ့ အေျဖထြက္ပါတယ္။ ျပည္သူလူ ထုရဲ႕ လွ်ပ္စစ္ ဓာတ္အားထုတ္လုပ္ျခင္းသည္ Biomass power plant ျဖစ္ပါတယ္။ အဲဒီအတြက္ ေလာင္စာကုန္ၾကမ္းကို ျပည္သူလူထုကစိုက္ရပါမယ္။ နည္းပညာနဲ႔ Foreign Direct Investment ကို တ႐ုတ္ႏိုင္ငံကေန ဖိတ္ေခၚႏိုင္တယ္လို႔ သိထားပါတယ္။