ဥရောပတိုက်ရှိနိုင်ငံတွေက ဆီးရီးယားနိုင်ငံသား တစ်သိန်းခန့်ကို ခိုလှုံခွင့်ပေးဖို့ ဆိုင်းငံ့

 36

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၂

ဥရောပတိုက်ရှိနိုင်ငံတွေဟာ ဆီးရီးယားနိုင်ငံသား တစ်သိန်းခန့်ရဲ့ခိုလှုံခွင့်ပေးဖို့တောင်းဆိုချက်ကို ဆိုင်းငံ့ခဲ့ ကြောင်း သိရပါတယ်။
အစ္စာလမ်မစ်လက်နက်ကိုင်အဖွဲ့တွေ ဦးဆောင်တိုက်ခိုက်မှုနဲ့ ဆီးရီးယားသမ္မတကို ဖြုတ်ချခဲ့ပြီးနောက် ရက်ပိုင်း အကြာမှာပဲ ဂျာမနီနဲ့ အီတလီနိုင်ငံတို့ဟာ ဆီးရီးယားနိုင်ငံသားတွေကို ခိုလှုံခွင့်ပေးမယ့်အစီအစဉ်ကို ဆိုင်းငံ့ခဲ့ပြီး လက်ရှိအချိန်မျာ ဂရိနိုင်ငံကလည်း ဆိုင်းငံ့ခဲ့ကြောင်း သိရပါတယ်။
ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက HTS လက်နက်ကိုင်အဖွဲ့ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ဆီးရီးယားနိုင်ငံ ဒမ္မစကက်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဆီးရီးယားသမ္မတ အာဆက်ဒ်ဟာ ရုရှားနိုင်ငံကို ထွက်ပြေးခဲ့ရကြောင်း သိရပါတယ်။

ဥရောပတိုက်ရဲ့ဒုက္ခသည်တွေခိုလှုံခွင့်ရေးအေဂျင်စီက ဆီးရီးယားနိုင်ငံသား ၁၀၈၃၀၀ ဦးဟာ ခိုလှုံခွင့်ရဖို့စောင့်ဆိုင်း နေဆဲဖြစ်ကြောင်း ပြောပါတယ်။ ဆီးရီးယားနိုင်ငံမှာ ၂၀၁၁ ခုနှစ်က စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ရွှေ့ပြောင်းသွား လာသူများ၊ စစ်ဘေးရှောင်ဒုက္ခသည်အရေအတွက် ပိုမိုများပြားလာခဲ့ပြီး ဆီးရီးယားနိုင်ငံသား တစ်သန်းကျော်ဟာ ၂၀၁၅ ခုနှစ်အထိ ဥရောပတိုက်ရှိ နိုင်ငံပေါင်း ၂၇ နိုင်ငံကိုသွားရောက်နေထိုင်ခဲ့ကြောင်း သိရပါတယ်။ ဆီးရီးယား နိုင်ငံမှာ အတိုက်ခံလက်နက်ကိုင်အဖွဲ့တွေက မြို့တော်ကို သိမ်းယူနိုင်ခဲ့ပြီးနောက် လက်ရှိအချိန်မှာ အသွင် ကူးပြောင်းရေးအစိုးရအဖွဲ့ကို ဖွဲ့စည်းထားပြီး HTS လက်နက်ကိုင်အဖွဲ့ရဲ့ဝန်ကြီးချုပ်က ဆီးရီးယားယာယီအစိုးရ အဖွဲ့မှာလည်း ဝန်ကြီးချုပ်အဖြစ်တာဝန်ယူနေတယ်လို့ သိရပါတယ်။

Zawgyi Version;
ဥေရာပတိုက္ရွိႏိုင္ငံေတြက ဆီးရီးယားႏိုင္ငံသား တစ္သိန္းခန႔္ကို ခိုလႈံခြင့္ေပးဖို႔ ဆိုင္းငံ့
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၂

ဥေရာပတိုက္ရွိႏိုင္ငံေတြဟာ ဆီးရီးယားႏိုင္ငံသား တစ္သိန္းခန႔္ရဲ႕ခိုလႈံခြင့္ေပးဖို႔ေတာင္းဆိုခ်က္ကို ဆိုင္းငံ့ခဲ့ ေၾကာင္း သိရပါတယ္။
အစၥာလမ္မစ္လက္နက္ကိုင္အဖြဲ႕ေတြ ဦးေဆာင္တိုက္ခိုက္မႈနဲ႔ ဆီးရီးယားသမၼတကို ျဖဳတ္ခ်ခဲ့ၿပီးေနာက္ ရက္ပိုင္း အၾကာမွာပဲ ဂ်ာမနီနဲ႔ အီတလီႏိုင္ငံတို႔ဟာ ဆီးရီးယားႏိုင္ငံသားေတြကို ခိုလႈံခြင့္ေပးမယ့္အစီအစဥ္ကို ဆိုင္းငံ့ခဲ့ၿပီး လက္ရွိအခ်ိန္မ်ာ ဂရိႏိုင္ငံကလည္း ဆိုင္းငံ့ခဲ့ေၾကာင္း သိရပါတယ္။
ဆီးရီးယားႏိုင္ငံမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက HTS လက္နက္ကိုင္အဖြဲ႕ဦးေဆာင္တဲ့ လက္နက္ကိုင္အဖြဲ႕ေတြဟာ ဆီးရီးယားႏိုင္ငံ ဒမၼစကက္ၿမိဳ႕ကို တိုက္ခိုက္သိမ္းပိုက္ခဲ့ၿပီးေနာက္ ဆီးရီးယားသမၼတ အာဆက္ဒ္ဟာ ႐ုရွားႏိုင္ငံကို ထြက္ေျပးခဲ့ရေၾကာင္း သိရပါတယ္။

ဥေရာပတိုက္ရဲ႕ဒုကၡသည္ေတြခိုလႈံခြင့္ေရးေအဂ်င္စီက ဆီးရီးယားႏိုင္ငံသား ၁၀၈၃၀၀ ဦးဟာ ခိုလႈံခြင့္ရဖို႔ေစာင့္ဆိုင္း ေနဆဲျဖစ္ေၾကာင္း ေျပာပါတယ္။ ဆီးရီးယားႏိုင္ငံမွာ ၂၀၁၁ ခုႏွစ္က စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ေ႐ႊ႕ေျပာင္းသြား လာသူမ်ား၊ စစ္ေဘးေရွာင္ဒုကၡသည္အေရအတြက္ ပိုမိုမ်ားျပားလာခဲ့ၿပီး ဆီးရီးယားႏိုင္ငံသား တစ္သန္းေက်ာ္ဟာ ၂၀၁၅ ခုႏွစ္အထိ ဥေရာပတိုက္ရွိ ႏိုင္ငံေပါင္း ၂၇ ႏိုင္ငံကိုသြားေရာက္ေနထိုင္ခဲ့ေၾကာင္း သိရပါတယ္။ ဆီးရီးယား ႏိုင္ငံမွာ အတိုက္ခံလက္နက္ကိုင္အဖြဲ႕ေတြက ၿမိဳ႕ေတာ္ကို သိမ္းယူႏိုင္ခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္မွာ အသြင္ ကူးေျပာင္းေရးအစိုးရအဖြဲ႕ကို ဖြဲ႕စည္းထားၿပီး HTS လက္နက္ကိုင္အဖြဲ႕ရဲ႕ဝန္ႀကီးခ်ဳပ္က ဆီးရီးယားယာယီအစိုးရ အဖြဲ႕မွာလည္း ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.