အမေရိကန်အနေဖြင့် ဗီတိုအာဏာသုံးစွဲခွင့်ကိုနားမလည်သလို တလွဲအသုံးချနေကြောင်း ရုရှားအစိုးရ ပြစ်တင်ဝေဖန်

 85

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၅

အမေရိကန်နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဗီတိုအာဏာသုံးစွဲခွင့်အခွင့်အရေးကို နားလည်ခြင်းမရှိ သကဲ့သို့ တလွဲအသုံးချနေကြောင်း ရုရှားအစိုးရက ဝေဖန်ပြစ်တင်လိုက်သည်။ ဒီဇင်ဘာ (၁၂)ရက်က ကျင်းပခဲ့သော ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း အဖွဲ့ဝင်နိုင်ငံများကြား အစ္စရေး နှင့် ဟားမတ်စ်အဖွဲ့ဖြစ်ပွားနေသော ဂါဇာ စစ်ပွဲ အဆုံးသတ်ရန် မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ကုလသမဂ္ဂဆိုင်ရာရုရှားသံအမတ်ကြီးက ဝေဖန်ပြောဆိုခဲ့ခြင်းဖြစ် သည်။
ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေးကို မဲခွဲ မဆုံးဖြတ်ခင် သီတင်းပတ် သုံးပတ် အလိုက ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရန်မဲခွဲဆုံး ဖြတ်ခဲ့သော်လည်း အမေရိကန်နိုင်ငံက ဗီတိုအာဏာသုံး ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗစ်ဆီလီ နီဘန်ဇီယာက အမေရိကန်အစိုးရသည် ပါလက်စတိုင်း ပြည်သူများအသတ်ခံရစေရန် အစ္စရေးနိုင်ငံကို လုပ်ပိုင်ခွင့်များ ဖန်တီးပေးနေကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်။ ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်တွင် ဗီတိုအာဏာသုံးစွဲခွင့်မရှိကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွင် ဗီတိုအာဏာသုံးစွဲခွင့်ရှိနေ ကြောင်း သိရသည်။
ရုရှားသံအမတ်ကြီးက “ကုလသမဂ္ဂအဖွဲ့အစည်းကို စတင်တည်ထောင်သူတွေထဲမှာပါဝင်နေတဲ့ အမေရိကန်ဟာ သူရဲ့မိတ်ဖက်နိုင်ငံကို အရပ်သားတွေကို သတ်နိုင်အောင် လိုင်စင်ပေးနေသလိုမျိုးလုပ်နေတယ်။ အမေရိကန်ဟာ ဗီတိုအာဏာသုံးစွဲခွင့်နဲ့ပတ်သက်ပြီး ဘယ်တော့မှနားလည်မှာ မဟုတ်ဘူး။ အမေရိကန်နိုင်ငံဟာ ဗီတိုအာဏာကို တလွဲအသုံးချနေတယ်” ဟု ပြောသည်။
ကုလသမဂ္ဂအထွေထွေညီလာခံတွင် အဖွဲ့ဝင်နိုင်ငံများကြား ဂါဇာစစ်ပွဲချက်ချင်းအပစ်ခတ်ရပ်စဲပြီး အမြဲတမ်း အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် တိုက်တွန်းတောင်းဆိုသောဥပဒေမူကြမ်းကို အဖွဲ့ဝင်နိုင်ငံများကြား မဲခွဲဆုံးဖြတ်ခဲ့ ရာ အဖွဲ့ဝင် (၁၅၈)နိုင်ငံက ထောက်ခံမဲပေးခဲ့ကြောင်း သိရသည်။ ဂါဇာစစ်ပွဲအပစ်အခတ်ရပ်စဲရေးဥပဒေမူကြမ်းကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ(၁၃)နိုင်ငံက ကြားနေ မဲပေးခဲ့ပြီး အမေရိကန် အပါအဝင် အခြား(၉)နိုင်ငံက ကန့်ကွက်မဲ ပေးခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂအဖွဲ့ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရောဘတ်ဝုဒ်က ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားသူများကို ပြန်လွှတ်မပေးပါက အပစ်အခတ်ရပ်စဲရေး တောင်းဆိုသောဆုံးဖြတ်ချက်များကို ထောက်ခံမည် မဟုတ်ကြောင်း ပြောဆိုထားသည်။ အစ္စရေး နှင့် ဟားမတ်စ်အဖွဲ့ကြား ဂါဇာစစ်ပွဲစတင်ခဲ့ပြီး နောက်ပိုင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အပစ်ခတ်ရပ်စဲရန်၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရန် စသည့် အချက်များပါဝင်သော ဆုံးဖြတ်ချက်မူကြမ်းများကို မဲပေးဆုံးဖြတ်ခဲ့သော်လည်း အမေရိကန်နိုင်ငံက မကြာခဏ ဗီတိုအာဏာသုံးငြင်း ဆန်ပယ်ချခဲ့ကြောင်း သိရသည်။

Zawgyi Version;
အေမရိကန္အေနျဖင့္ ဗီတိုအာဏာသုံးစြဲခြင့္ကို နားမလည္သလို တလြဲအသုံးခ်ေနေၾကာင္း ႐ုရွားအစိုးရ ျပစ္တင္ေဝဖန္
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၅

အေမရိကန္ႏိုင္ငံသည္ ကုလသမဂၢလုံၿခဳံေရးေကာင္စီ၏ ဗီတိုအာဏာသုံးစြဲခြင့္အခြင့္အေရးကို နားလည္ျခင္းမရွိ သကဲ့သို႔ တလြဲအသုံးခ်ေနေၾကာင္း ႐ုရွားအစိုးရက ေဝဖန္ျပစ္တင္လိုက္သည္။ ဒီဇင္ဘာ (၁၂)ရက္က က်င္းပခဲ့ေသာ ကုလသမဂၢအေထြေထြညီလာခံအတြင္း အဖြဲ႕ဝင္ႏိုင္ငံမ်ားၾကား အစၥေရး ႏွင့္ ဟားမတ္စ္အဖြဲ႕ျဖစ္ပြားေနေသာ ဂါဇာ စစ္ပြဲ အဆုံးသတ္ရန္ မဲခြဲဆုံးျဖတ္ခဲ့ၿပီးေနာက္ ကုလသမဂၢဆိုင္ရာ႐ုရွားသံအမတ္ႀကီးက ေဝဖန္ေျပာဆိုခဲ့ျခင္းျဖစ္ သည္။
ကုလသမဂၢအေထြေထြညီလာခံအတြင္း ဂါဇာစစ္ပြဲ အပစ္အခတ္ရပ္စဲေရးကို မဲခြဲ မဆုံးျဖတ္ခင္ သီတင္းပတ္ သုံးပတ္ အလိုက ကုလသမဂၢလုံၿခဳံေရးေကာင္စီတြင္ ဂါဇာစစ္ပြဲအပစ္ခတ္ရပ္စဲရန္မဲခြဲဆုံး ျဖတ္ခဲ့ေသာ္လည္း အေမရိကန္ႏိုင္ငံက ဗီတိုအာဏာသုံး ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္း သိရသည္။ ကုလသမဂၢဆိုင္ရာ ႐ုရွားသံအမတ္ႀကီး ဗစ္ဆီလီ နီဘန္ဇီယာက အေမရိကန္အစိုးရသည္ ပါလက္စတိုင္း ျပည္သူမ်ားအသတ္ခံရေစရန္ အစၥေရးႏိုင္ငံကို လုပ္ပိုင္ခြင့္မ်ား ဖန္တီးေပးေနေၾကာင္း ေဝဖန္ျပစ္တင္ခဲ့သည္။ ကုလသမဂၢအေထြေထြညီလာခံဆုံးျဖတ္ခ်က္တြင္ ဗီတိုအာဏာသုံးစြဲခြင့္မရွိေၾကာင္း၊ ကုလသမဂၢလုံၿခဳံေရးေကာင္စီ ဆုံးျဖတ္ခ်က္တြင္ ဗီတိုအာဏာသုံးစြဲခြင့္ရွိေန ေၾကာင္း သိရသည္။
႐ုရွားသံအမတ္ႀကီးက “ကုလသမဂၢအဖြဲ႕အစည္းကို စတင္တည္ေထာင္သူေတြထဲမွာပါဝင္ေနတဲ့ အေမရိကန္ဟာ သူရဲ႕မိတ္ဖက္ႏိုင္ငံကို အရပ္သားေတြကို သတ္ႏိုင္ေအာင္ လိုင္စင္ေပးေနသလိုမ်ိဳးလုပ္ေနတယ္။ အေမရိကန္ဟာ ဗီတိုအာဏာသုံးစြဲခြင့္နဲ႔ပတ္သက္ၿပီး ဘယ္ေတာ့မွနားလည္မွာ မဟုတ္ဘူး။ အေမရိကန္ႏိုင္ငံဟာ ဗီတိုအာဏာကို တလြဲအသုံးခ်ေနတယ္” ဟု ေျပာသည္။
ကုလသမဂၢအေထြေထြညီလာခံတြင္ အဖြဲ႕ဝင္ႏိုင္ငံမ်ားၾကား ဂါဇာစစ္ပြဲခ်က္ခ်င္းအပစ္ခတ္ရပ္စဲၿပီး အၿမဲတမ္း အပစ္ခတ္ရပ္စဲေရးရယူႏိုင္ရန္ တိုက္တြန္းေတာင္းဆိုေသာဥပေဒမူၾကမ္းကို အဖြဲ႕ဝင္ႏိုင္ငံမ်ားၾကား မဲခြဲဆုံးျဖတ္ခဲ့ ရာ အဖြဲ႕ဝင္ (၁၅၈)ႏိုင္ငံက ေထာက္ခံမဲေပးခဲ့ေၾကာင္း သိရသည္။ ဂါဇာစစ္ပြဲအပစ္အခတ္ရပ္စဲေရးဥပေဒမူၾကမ္းကို ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံ(၁၃)ႏိုင္ငံက ၾကားေန မဲေပးခဲ့ၿပီး အေမရိကန္ အပါအဝင္ အျခား(၉)ႏိုင္ငံက ကန႔္ကြက္မဲ ေပးခဲ့ေၾကာင္း သိရသည္။ ကုလသမဂၢအဖြဲ႕ဆိုင္ရာ အေမရိကန္သံအမတ္ႀကီး ေရာဘတ္ဝုဒ္က ဟားမတ္စ္အဖြဲ႕က ဖမ္းဆီးထားသူမ်ားကို ျပန္လႊတ္မေပးပါက အပစ္အခတ္ရပ္စဲေရး ေတာင္းဆိုေသာဆုံးျဖတ္ခ်က္မ်ားကို ေထာက္ခံမည္ မဟုတ္ေၾကာင္း ေျပာဆိုထားသည္။ အစၥေရး ႏွင့္ ဟားမတ္စ္အဖြဲ႕ၾကား ဂါဇာစစ္ပြဲစတင္ခဲ့ၿပီး ေနာက္ပိုင္း ကုလသမဂၢလုံၿခဳံေရးေကာင္စီတြင္ အပစ္ခတ္ရပ္စဲရန္၊ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးရန္ စသည့္ အခ်က္မ်ားပါဝင္ေသာ ဆုံးျဖတ္ခ်က္မူၾကမ္းမ်ားကို မဲေပးဆုံးျဖတ္ခဲ့ေသာ္လည္း အေမရိကန္ႏိုင္ငံက မၾကာခဏ ဗီတိုအာဏာသုံးျငင္း ဆန္ပယ္ခ်ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.