မြန်မာနိုင်ငံ ပြိုကွဲသွားပြီး ထွန်းပေါ်လာမည့် နိုင်ငံငယ်တွေ ဘယ်လို ရှိနိုင်လဲ (ဘာသာပြန်ဆောင်းပါး)
207
Htay Oung (NP News) - ဒီဇင်ဘာ ၁၅
လက်ရှိတိုက်ပွဲတွေမှာ ဆက်တိုက်အရေးနိမ့်နေတဲ့ နစက ဟာ သူ့ရဲ့လေးနှစ်နီးပါး ကျင့်သုံးခဲ့တဲ့ ခံစစ်သေစစ်ရေး ဗျူဟာကို ပြင်ဆင်ပြောင်းလဲမယ့်ပုံ လုံး၀ မမြင်ရသေးပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေက မြန်မာပြည် နယ်စပ် တလျှောက်အများစု မြို့ပေါင်း ၉၀ နီးပါးကို သိမ်းယူခြင်းနဲ့အတူ ပါးစပ်က ဖက်ဒရယ်ပြည်ထောင်စုပြော/ နိုင်ငံတော်အလံထူပြပြီး လက်တွေ့မှာ သီးခြားနိုင်ငံ/နယ်မြေဖြစ်ကြောင်း စစ်ရေး-အုပ်ချုပ်ရေးနဲ့ ပြသလာကြပါ တယ်။
အဲဒီအခါ “တိုင်းပြည်အစိတ်စိတ်အမွှာမွှာဖြစ်သွားလဲ မကြောက်ကြပါနဲ့ ဥရောပမှာဆို ကွဲထွက်/ခွဲထွက်ပြီး ချမ်းသာ သွားတဲ့နိုင်ငံတွေ ရှိပါသေးတယ်” လို့ မြန်မာပီပီ အဆိုးထဲက အကောင်းနဲ့ ကြံဖန် ဖြေသိမ့်ကြသူတွေလဲ တွေ့ရပါ တယ်။ ကျွန်တော်ကတော့ အဲဒီလို လုံးဝမမြင်မိပါ။ မြန်မာဟာ “ဘော်လကန်နိုက်ဇေးရှင်း” ဖြစ်နေကြောင်း အာဆီယံ နဲ့ အခြားပြည်ပ ပညာရှင်များ ပြောသလိုသာ ပြောလိုက်ချင်ပါတယ်။
၁၉၉ဝ ပြည့်နှစ် ဥရောပတောင်ပိုင်း ဘော်လ်ကန်ဒေသ ယူဂိုဆလားဗီးယားနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ပွားပြီး နိုင်ငံငယ်များအဖြစ် စတင်ပြိုကွဲပါတယ်။ တကယ်တော့ ဒုတိယကမ္ဘာစစ်အပြီး စစ်ဘုရင် “မာရှယ်တီးတိုး” စုစည်းခဲ့တဲ့ “ယူဂိုဆလားဗီးယားနိုင်ငံ” ဆိုတာ ကွဲပြားတဲ့ လူမျိုးစုအသီးသီးတို့ နေထိုင်ရာနယ်မြေများ ဖြစ်ခဲ့ပြီး သမိုင်းအဆက်ဆက် ကျူးကျော်သူတို့ရဲ့အင်ပါယာအတွင်း ကျင်လည်ခဲ့ရတာမို့ ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှုနဲ့ စီးပွားရေးမညီမျှမှုများ ခြားနားနေပြီးဖြစ်ပါတယ်။
အဲဒီကွဲပြားချက်တွေကို ကွန်မြူနစ်ဝါဒ နဲ့ စုစည်းထားနိုင်ခဲ့ပေမယ့် ၁၉၈၀ ပြည့်နှစ် မာရှယ်တီးတိုးကွယ်လွန်တဲ့အခါ ပြဿနာဖြစ်လာပါတယ်။ နိုင်ငံရေးစနစ်ပြောင်းလဲဖို့အတွက် နောက်ပေါက် အစိုးရခေါင်းဆောင်အချင်းချင်းကြား သဘောထားမတိုက်ဆိုင်မှုများနဲ့ ခက်တွေ့လာပါတယ်။ အဲဒီအချိန် တစ်ဦးတည်း ရှင်ဘုရင်လုပ်ချင်တဲ့ ဆားဗီးယားခေါင်းဆောင် “ဆလိုဗိုဒင် မီစီဆီဗစ်” ရဲ့ “ဆာ့ဗ် အမျိုးသားရေးဝါဒ” နဲ့ ပြည်နယ်များရဲ့ “လူမျိုးကြီးဝါဒ ဖယ်ရှားရေး၊ သီးခြားခွဲထွက်ရေး” ကြောင့် ၁၉၉၁ ခုနှစ်မှာ ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ပါတယ်။
၁၉၉၉ ခုနှစ်အထိ ငြိမ်းချမ်းလိုက်- ပြန်စစ်တိုက်လိုက် ၄-ကြိမ်ဖြစ်ခဲ့ပြီး နောက်ဆုံး လုံးဝ ပြိုကွဲသွားပါတယ်။ (၁) ဘော့စနီးယား ဟာဇီဂိုဗီးနား၊ (၂) ခရိုအေးရှား၊ (၃) ကိုဆိုဗို၊ (၄) မက်ဆီဒိုနီးယား (၅) မွန်တီနီဂရိုး (၆) ဆားဗီယား (၇) ဆလိုဗေးနီးယားအဖြစ် ကွဲထွက်သွားပါတယ်။
ဘာသာရေးအားဖြင့် ခရိုအေးရှားနဲ့ ဆလိုဗေးနီးယားတို့က ကက်သလစ်၊ ဆားဗီးယားက သြသိုဒေါက် ခရစ်ယာန် ဖြစ်ပါတယ်။ ဘော့စနီးယားနဲ့ ကိုဆိုဗိုက မွတ်စလင်များဖြစ်တဲ့အတွက် အိုစမာဘင်လာဒင်တို့လို အရှေ့အလယ်ပိုင်း သား အစ္စလာမ် မူဂျာဟီဒင် ဘာသာရေးစစ်သည်တော်များအဖြစ် စစ်လာတိုက်ပေးခဲ့ကြောင်း တွေ့ရှိရပါတယ်။
ဒီနေရာမှာ မှတ်သားစရာကောင်းတာက ဆလိုဗေးနီးယားပါ။ တစ်ချိန်က ချက်ကိုဆလိုဗက်ကီးယားနိုင်ငံအဖြစ် တည်ရှိနေရာမှ ၁၉၉၃ ခုနှစ်မှာ ဆွေးနွေးညှိနှိုင်းပြီး ချက်သမ္မတနိုင်ငံနဲ့ဆလိုဗေးနီးယားနိုင်ငံအဖြစ် အကြမ်းမဖက် သီးခြားခွဲထွက်နိုင်ခြင်းပါ။ အထက်ဖော်ပြပါ ဘော်လ်ကန်စစ်ပွဲတုန်းကလည်း မပါဝင်ပဲ ငြိမ်းချမ်းစွာခွဲထွက်နိုင်တဲ့ အတွက် “ကတ္တီပါလမ်းခွဲ” Velvet Divorce အဖြစ် ကမ္ဘာကျော်ခဲ့ပါတယ်။
ပြိုကွဲပြီး ဘော်လ်ကန်နိုင်ငံများမှာ စစ်မဖြစ်လိုက်တဲ့ ဆလိုဗေးနီးယားနဲ့ စီးပွားရေးအခြေခံအဆောက်အအုံ အများဆုံး ကျန်ခဲ့တဲ့ ခရိုအေးရှားသာလျှင် အတန်အသင့်ပြန်လည်နလံထူလာပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်လာနိုင် ပါတယ်။ ကျန်နိုင်ငံများမှာတော့ နေ့စဉ် ရှင်သန်ရပ်တည်နိုင်ဖို့ ခုချိန်ထိ ရုန်းကန်နေရဆဲဖြစ်ပါတယ်။
ကမ္ဘာမှာ အမေရိကန်-ဗြိတိန်-ဂျာမနီ-ဂျပန်ထက် ချမ်းသာတဲ့ နိုင်ငံများ ရှိပါတယ်။ အဲ့ဒီနိုင်ငံတွေဟာ စီးပွားရေး အခြေခံအဆောက်အအုံ အလွန်တောင့်တင်းခြင်း၊ လူတိုင်း အလုပ်အကိုင်နဲ့ ဝင်ငွေရရှိကြပြီး လူဦးရေ အလွန်နည်း တဲ့အတွက် တစ်ဦးချင်း ကုန်ထုတ်လုပ်မှုကို တွက်ကြည့်တဲ့အခါ ကမ္ဘာ့ ဂျီဒီပီအများ ဆုံးဖြစ်သွားရခြင်းပါ။
လက်ရှိ မြန်မာဟာ ဘော်လ်ကန်နိုင်ငံများနဲ့ အလွန်တူညီတဲ့ အချက်တစ်ခုရှိပါသေးတယ်။ အဲဒါက အဲဒီပြိုကွဲပြီး အသစ်ဖြစ်ပေါ်လာတဲ့ အိမ်နီးချင်းနိုင်ငံအချင်းချင်း မသင့်မြတ်ခြင်းပါ။ အချင်းချင်းမယုံကြည်ခြင်း၊ နိုင်ငံအမည် တစ်ခု သတ်မှတ်ခြင်းဟာ အခြားနိုင်ငံအတွက် အငြင်းပွားစရာ ဖြစ်နေပါတယ်။ ပိုင်ဆိုင်ကြောင်း ကိုယ့်ဖာသာ သတ်မှတ်ထားတဲ့နယ်မြေဟာ အခြားနိုင်ငံက သူတို့ပိုင်ဖြစ်ကြောင်း ကြေညာထားလို့ “ဖက်ဒရယ်” ပြောလိုက်တိုင်း ရန်ထသတ်ရမဲ့ကိန်းဆိုက်နေပါတယ်။ လုံခြုံရေးကြောင့် မြန်မာနိုင်ငံအတွင်း ပြည်နယ်များမှာ အခြေခံအဆောက် အအုံကောင်းကောင်း မတည်ဆောက်နိုင်ခဲ့၊ ရှိသမျှလည်း ယခုစစ်ပွဲအတွင်း ပျက်စီးကုန်ပါပြီ။
မြန်မာဟာ ဘောလ်ကန်နိုက်ဇေးရှင်းဖြစ်နေပြီလို့ ပြောဆိုခြင်းမှာ အဲဒီလို တိုင်းပြည်ပြိုကွဲတော့မယ်ဆိုခြင်းအပြင် အချင်းချင်း ရန်စောင်တာလည်း ဆက်ဖြစ်နေမှာပဲလို့ ဆိုလိုပါတယ်။ အဲဒီမှာ လက်နက်ကိုင် အပြိုင်အဆိုင် ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးကုန်ကူးမှုများက နောက်ပြန်ဆွဲမှာ မပါဝင်သေးပါ။
#HtayOung, #OungMarine #fyp #Balkanization
Zawgyi Version;
ျမန္မာႏိုင္ငံ ၿပိဳကြဲသြားၿပီး ထြန္းေပၚလာမည့္ ႏိုင္ငံငယ္ေတြ ဘယ္လို ရွိႏိုင္လဲ (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ဒီဇင္ဘာ ၁၅
လက္ရွိတိုက္ပြဲေတြမွာ ဆက္တိုက္အေရးနိမ့္ေနတဲ့ နစက ဟာ သူ႔ရဲ႕ေလးႏွစ္နီးပါး က်င့္သုံးခဲ့တဲ့ ခံစစ္ေသစစ္ေရး ဗ်ဴဟာကို ျပင္ဆင္ေျပာင္းလဲမယ့္ပုံ လုံး၀ မျမင္ရေသးပါ။ တိုင္းရင္းသားလက္နက္ကိုင္ေတြက ျမန္မာျပည္ နယ္စပ္ တေလွ်ာက္အမ်ားစု ၿမိဳ႕ေပါင္း ၉၀ နီးပါးကို သိမ္းယူျခင္းနဲ႔အတူ ပါးစပ္က ဖက္ဒရယ္ျပည္ေထာင္စုေျပာ/ ႏိုင္ငံေတာ္အလံထူျပၿပီး လက္ေတြ႕မွာ သီးျခားႏိုင္ငံ/နယ္ေျမျဖစ္ေၾကာင္း စစ္ေရး-အုပ္ခ်ဳပ္ေရးနဲ႔ ျပသလာၾကပါ တယ္။
အဲဒီအခါ “တိုင္းျပည္အစိတ္စိတ္အမႊာမႊာျဖစ္သြားလဲ မေၾကာက္ၾကပါနဲ႔ ဥေရာပမွာဆို ကြဲထြက္/ခြဲထြက္ၿပီး ခ်မ္းသာ သြားတဲ့ႏိုင္ငံေတြ ရွိပါေသးတယ္” လို႔ ျမန္မာပီပီ အဆိုးထဲက အေကာင္းနဲ႔ ႀကံဖန္ ေျဖသိမ့္ၾကသူေတြလဲ ေတြ႕ရပါ တယ္။ ကြၽန္ေတာ္ကေတာ့ အဲဒီလို လုံးဝမျမင္မိပါ။ ျမန္မာဟာ “ေဘာ္လကန္ႏိုက္ေဇးရွင္း” ျဖစ္ေနေၾကာင္း အာဆီယံ နဲ႔ အျခားျပည္ပ ပညာရွင္မ်ား ေျပာသလိုသာ ေျပာလိုက္ခ်င္ပါတယ္။
၁၉၉ဝ ျပည့္ႏွစ္ ဥေရာပေတာင္ပိုင္း ေဘာ္လ္ကန္ေဒသ ယူဂိုဆလားဗီးယားႏိုင္ငံမွာ ျပည္တြင္းစစ္ျဖစ္ပြားၿပီး ႏိုင္ငံငယ္မ်ားအျဖစ္ စတင္ၿပိဳကြဲပါတယ္။ တကယ္ေတာ့ ဒုတိယကမာၻစစ္အၿပီး စစ္ဘုရင္ “မာရွယ္တီးတိုး” စုစည္းခဲ့တဲ့ “ယူဂိုဆလားဗီးယားႏိုင္ငံ” ဆိုတာ ကြဲျပားတဲ့ လူမ်ိဳးစုအသီးသီးတို႔ ေနထိုင္ရာနယ္ေျမမ်ား ျဖစ္ခဲ့ၿပီး သမိုင္းအဆက္ဆက္ က်ဴးေက်ာ္သူတို႔ရဲ႕အင္ပါယာအတြင္း က်င္လည္ခဲ့ရတာမို႔ ကိုးကြယ္ယုံၾကည္မႈ၊ ယဥ္ေက်းမႈနဲ႔ စီးပြားေရးမညီမွ်မႈမ်ား ျခားနားေနၿပီးျဖစ္ပါတယ္။
အဲဒီကြဲျပားခ်က္ေတြကို ကြန္ျမဴနစ္ဝါဒ နဲ႔ စုစည္းထားႏိုင္ခဲ့ေပမယ့္ ၁၉၈၀ ျပည့္ႏွစ္ မာရွယ္တီးတိုးကြယ္လြန္တဲ့အခါ ျပႆနာျဖစ္လာပါတယ္။ ႏိုင္ငံေရးစနစ္ေျပာင္းလဲဖို႔အတြက္ ေနာက္ေပါက္ အစိုးရေခါင္းေဆာင္အခ်င္းခ်င္းၾကား သေဘာထားမတိုက္ဆိုင္မႈမ်ားနဲ႔ ခက္ေတြ႕လာပါတယ္။ အဲဒီအခ်ိန္ တစ္ဦးတည္း ရွင္ဘုရင္လုပ္ခ်င္တဲ့ ဆားဗီးယားေခါင္းေဆာင္ “ဆလိုဗိုဒင္ မီစီဆီဗစ္” ရဲ႕ “ဆာ့ဗ္ အမ်ိဳးသားေရးဝါဒ” နဲ႔ ျပည္နယ္မ်ားရဲ႕ “လူမ်ိဳးႀကီးဝါဒ ဖယ္ရွားေရး၊ သီးျခားခြဲထြက္ေရး” ေၾကာင့္ ၁၉၉၁ ခုႏွစ္မွာ ျပည္တြင္းစစ္ စတင္ျဖစ္ပြားခဲ့ပါတယ္။
၁၉၉၉ ခုႏွစ္အထိ ၿငိမ္းခ်မ္းလိုက္- ျပန္စစ္တိုက္လိုက္ ၄-ႀကိမ္ျဖစ္ခဲ့ၿပီး ေနာက္ဆုံး လုံးဝ ၿပိဳကြဲသြားပါတယ္။ (၁) ေဘာ့စနီးယား ဟာဇီဂိုဗီးနား၊ (၂) ခ႐ိုေအးရွား၊ (၃) ကိုဆိုဗို၊ (၄) မက္ဆီဒိုနီးယား (၅) မြန္တီနီဂ႐ိုး (၆) ဆားဗီယား (၇) ဆလိုေဗးနီးယားအျဖစ္ ကြဲထြက္သြားပါတယ္။
ဘာသာေရးအားျဖင့္ ခ႐ိုေအးရွားနဲ႔ ဆလိုေဗးနီးယားတို႔က ကက္သလစ္၊ ဆားဗီးယားက ၾသသိုေဒါက္ ခရစ္ယာန္ ျဖစ္ပါတယ္။ ေဘာ့စနီးယားနဲ႔ ကိုဆိုဗိုက မြတ္စလင္မ်ားျဖစ္တဲ့အတြက္ အိုစမာဘင္လာဒင္တို႔လို အေရွ႕အလယ္ပိုင္း သား အစၥလာမ္ မူဂ်ာဟီဒင္ ဘာသာေရးစစ္သည္ေတာ္မ်ားအျဖစ္ စစ္လာတိုက္ေပးခဲ့ေၾကာင္း ေတြ႕ရွိရပါတယ္။
ဒီေနရာမွာ မွတ္သားစရာေကာင္းတာက ဆလိုေဗးနီးယားပါ။ တစ္ခ်ိန္က ခ်က္ကိုဆလိုဗက္ကီးယားႏိုင္ငံအျဖစ္ တည္ရွိေနရာမွ ၁၉၉၃ ခုႏွစ္မွာ ေဆြးေႏြးညႇိႏႈိင္းၿပီး ခ်က္သမၼတႏိုင္ငံနဲ႔ဆလိုေဗးနီးယားႏိုင္ငံအျဖစ္ အၾကမ္းမဖက္ သီးျခားခြဲထြက္ႏိုင္ျခင္းပါ။ အထက္ေဖာ္ျပပါ ေဘာ္လ္ကန္စစ္ပြဲတုန္းကလည္း မပါဝင္ပဲ ၿငိမ္းခ်မ္းစြာခြဲထြက္ႏိုင္တဲ့ အတြက္ “ကတၱီပါလမ္းခြဲ” Velvet Divorce အျဖစ္ ကမာၻေက်ာ္ခဲ့ပါတယ္။
ၿပိဳကြဲၿပီး ေဘာ္လ္ကန္ႏိုင္ငံမ်ားမွာ စစ္မျဖစ္လိုက္တဲ့ ဆလိုေဗးနီးယားနဲ႔ စီးပြားေရးအေျခခံအေဆာက္အအုံ အမ်ားဆုံး က်န္ခဲ့တဲ့ ခ႐ိုေအးရွားသာလွ်င္ အတန္အသင့္ျပန္လည္နလံထူလာၿပီး ဥေရာပသမဂၢအဖြဲ႕ဝင္ျဖစ္လာႏိုင္ ပါတယ္။ က်န္ႏိုင္ငံမ်ားမွာေတာ့ ေန႔စဥ္ ရွင္သန္ရပ္တည္ႏိုင္ဖို႔ ခုခ်ိန္ထိ ႐ုန္းကန္ေနရဆဲျဖစ္ပါတယ္။
ကမာၻမွာ အေမရိကန္-ၿဗိတိန္-ဂ်ာမနီ-ဂ်ပန္ထက္ ခ်မ္းသာတဲ့ ႏိုင္ငံမ်ား ရွိပါတယ္။ အဲ့ဒီႏိုင္ငံေတြဟာ စီးပြားေရး အေျခခံအေဆာက္အအုံ အလြန္ေတာင့္တင္းျခင္း၊ လူတိုင္း အလုပ္အကိုင္နဲ႔ ဝင္ေငြရရွိၾကၿပီး လူဦးေရ အလြန္နည္း တဲ့အတြက္ တစ္ဦးခ်င္း ကုန္ထုတ္လုပ္မႈကို တြက္ၾကည့္တဲ့အခါ ကမာၻ႔ ဂ်ီဒီပီအမ်ား ဆုံးျဖစ္သြားရျခင္းပါ။
လက္ရွိ ျမန္မာဟာ ေဘာ္လ္ကန္ႏိုင္ငံမ်ားနဲ႔ အလြန္တူညီတဲ့ အခ်က္တစ္ခုရွိပါေသးတယ္။ အဲဒါက အဲဒီၿပိဳကြဲၿပီး အသစ္ျဖစ္ေပၚလာတဲ့ အိမ္နီးခ်င္းႏိုင္ငံအခ်င္းခ်င္း မသင့္ျမတ္ျခင္းပါ။ အခ်င္းခ်င္းမယုံၾကည္ျခင္း၊ ႏိုင္ငံအမည္ တစ္ခု သတ္မွတ္ျခင္းဟာ အျခားႏိုင္ငံအတြက္ အျငင္းပြားစရာ ျဖစ္ေနပါတယ္။ ပိုင္ဆိုင္ေၾကာင္း ကိုယ့္ဖာသာ သတ္မွတ္ထားတဲ့နယ္ေျမဟာ အျခားႏိုင္ငံက သူတို႔ပိုင္ျဖစ္ေၾကာင္း ေၾကညာထားလို႔ “ဖက္ဒရယ္” ေျပာလိုက္တိုင္း ရန္ထသတ္ရမဲ့ကိန္းဆိုက္ေနပါတယ္။ လုံၿခဳံေရးေၾကာင့္ ျမန္မာႏိုင္ငံအတြင္း ျပည္နယ္မ်ားမွာ အေျခခံအေဆာက္ အအုံေကာင္းေကာင္း မတည္ေဆာက္ႏိုင္ခဲ့၊ ရွိသမွ်လည္း ယခုစစ္ပြဲအတြင္း ပ်က္စီးကုန္ပါၿပီ။
ျမန္မာဟာ ေဘာလ္ကန္ႏိုက္ေဇးရွင္းျဖစ္ေနၿပီလို႔ ေျပာဆိုျခင္းမွာ အဲဒီလို တိုင္းျပည္ၿပိဳကြဲေတာ့မယ္ဆိုျခင္းအျပင္ အခ်င္းခ်င္း ရန္ေစာင္တာလည္း ဆက္ျဖစ္ေနမွာပဲလို႔ ဆိုလိုပါတယ္။ အဲဒီမွာ လက္နက္ကိုင္ အၿပိဳင္အဆိုင္ ဘိန္းစိုက္ပ်ိဳးမႈနဲ႔ မူးယစ္ေဆးကုန္ကူးမႈမ်ားက ေနာက္ျပန္ဆြဲမွာ မပါဝင္ေသးပါ။
#HtayOung, #OungMarine #fyp #Balkanization