Pop အဆိုတော် တေလာဆွစ်ဖ် ကမ္ဘာ့ Billboard Music Awards ဆု အများဆုံးရတဲ့ အနုပညာရှင်အဖြစ် စံချိန်တင်

 489

ရောင်နီ (NP News) - ဒီဇင်ဘာ ၁၅

ကမ္ဘာကျော် Pop အဆိုတော် Taylor Swift ဟာ နောက်ထပ်စံချိန်တစ်ခုကို ချိုးဖျက်လိုက်ပြန်ပါပြီ။ ကြာသပတေးနေ့ (ဒီဇင်ဘာ ၁၂ ရက်) က ကျင်းပပြုလုပ်တဲ့ 2024 Billboard Music Awards (BBMA) မှာ တေလာဆွဖ်က စုစုပေါင်းဆု ၄၉ ခုထိ ရရှိတဲ့ ပထမဆုံး BBMA ဆုရှင်ဖြစ်လာခဲ့ပါတယ်။
သူမဟာ ထိပ်တန်းအနုပညာရှင်၊ ထိပ်တန်းအမျိုးသမီးအဆိုတော်၊ ထိပ်တန်း Billboard 200 အနုပညာရှင်၊ ထိပ်တန်း Hot 100 အနုပညာရှင်၊ Hot 100 တေးရေးဆရာ၊ ထိပ်တန်းအဆိုတော်နဲ့ ထိပ်တန်း Billboard 200 အပါအဝင် အမျိုးအစားအလိုက်ဆုတွေအတွက် ဆု ၁၀ ဆု ရရှိခဲ့သလို ဒီပွဲမှာ တေလာက စုစုပေါင်း ဆု ၄၉ ခုနဲ့ ပထမဆုံး ဆုအများဆုံး တေးသံရှင် ဖြစ်လာခဲ့ပြီး သူမရဲ့နောက်၊ ထိတ်တန်း အဆိုတော် Drake က စုစုပေါင်း ဆု ၄၂ ဆုနဲ့ ဒုတိယနေရာ ရရှိခဲ့ပါတယ်။ ဒီအတွက် တေလာဆွဖ် က ဒါဟာ သူမရဲ့ ၃၅ နှစ်မြောက် မွေးနေ့အတွက် အစောဆုံး မွေးနေ့လက်ဆောင်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
တေလာဆွဖ်ဟာ ၂၀၂၂ ခုနှစ်ကလည်း Billboard Hot 100 မှာ အဲဒီနှစ်က ထွက်ရှိတဲ့ “Midnights” သီချင်းနဲ့ ထိပ်တန်း ၁၄ နေရာကိုရယူပြီး ကိုယ်ပိုင်စံချိန်ကို ချိုးဖျက်ခဲ့ပါသေးတယ်။ ၂၀၂၄ ခုနှစ်ရဲ့ Billboard Music Awards ပွဲကို ကြာသပတေးနေ့( ဒီဇင်ဘာ ၁၃ ရက်) ညနေပိုင်းက ကျင်းပခဲ့ပြီး ဖျော်ဖြေသူတွေအနေနဲ့ Coldplay၊ Linkin Park၊ Shaboozey နဲ့ အခြားအနုပညာရှင်များစွာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
Pop အဆိုေတာ္ ေတလာဆြစ္ဖ္ ကမာၻ႔ Billboard Music Awards ဆု အမ်ားဆုံး ရတဲ့ အႏုပညာရွင္အျဖစ္ စံခ်ိန္တင္
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၅

ကမာၻေက်ာ္ Pop အဆိုေတာ္ Taylor Swift ဟာ ေနာက္ထပ္စံခ်ိန္တစ္ခုကို ခ်ိဳးဖ်က္လိုက္ျပန္ပါၿပီ။ ၾကာသပေတးေန႔ (ဒီဇင္ဘာ ၁၂ ရက္) က က်င္းပျပဳလုပ္တဲ့ 2024 Billboard Music Awards (BBMA) မွာ ေတလာဆြဖ္က စုစုေပါင္းဆု ၄၉ ခုထိ ရရွိတဲ့ ပထမဆုံး BBMA ဆုရွင္ျဖစ္လာခဲ့ပါတယ္။
သူမဟာ ထိပ္တန္းအႏုပညာရွင္၊ ထိပ္တန္းအမ်ိဳးသမီးအဆိုေတာ္၊ ထိပ္တန္း Billboard 200 အႏုပညာရွင္၊ ထိပ္တန္း Hot 100 အႏုပညာရွင္၊ Hot 100 ေတးေရးဆရာ၊ ထိပ္တန္းအဆိုေတာ္နဲ႔ ထိပ္တန္း Billboard 200 အပါအဝင္ အမ်ိဳးအစားအလိုက္ဆုေတြအတြက္ ဆု ၁၀ ဆု ရရွိခဲ့သလို ဒီပြဲမွာ ေတလာက စုစုေပါင္း ဆု ၄၉ ခုနဲ႔ ပထမဆုံး ဆုအမ်ားဆုံး ေတးသံရွင္ ျဖစ္လာခဲ့ၿပီး သူမရဲ႕ေနာက္၊ ထိတ္တန္း အဆိုေတာ္ Drake က စုစုေပါင္း ဆု ၄၂ ဆုနဲ႔ ဒုတိယေနရာ ရရွိခဲ့ပါတယ္။ ဒီအတြက္ ေတလာဆြဖ္ က ဒါဟာ သူမရဲ႕ ၃၅ ႏွစ္ေျမာက္ ေမြးေန႔အတြက္ အေစာဆုံး ေမြးေန႔လက္ေဆာင္ျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။
ေတလာဆြဖ္ဟာ ၂၀၂၂ ခုႏွစ္ကလည္း Billboard Hot 100 မွာ အဲဒီႏွစ္က ထြက္ရွိတဲ့ “Midnights” သီခ်င္းနဲ႔ ထိပ္တန္း ၁၄ ေနရာကိုရယူၿပီး ကိုယ္ပိုင္စံခ်ိန္ကို ခ်ိဳးဖ်က္ခဲ့ပါေသးတယ္။ ၂၀၂၄ ခုႏွစ္ရဲ႕ Billboard Music Awards ပြဲကို ၾကာသပေတးေန႔( ဒီဇင္ဘာ ၁၃ ရက္) ညေနပိုင္းက က်င္းပခဲ့ၿပီး ေဖ်ာ္ေျဖသူေတြအေနနဲ႔ Coldplay၊ Linkin Park၊ Shaboozey နဲ႔ အျခားအႏုပညာရွင္မ်ားစြာ ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.