သမ္မတ ဘာရှာအာဆတ် ထွက်ပြေးရပြီးနောက်ပိုင်း ဆီးရီးယားနိုင်ငံအခြေအနေ

 488

Htay Oung (NP News) - ဒီဇင်ဘာ ၁၆

အာဆတ်ထွက်ပြေးရခြင်းဟာ (၁၃)နှစ်ကြာ ဆီးရီးယားပြည်တွင်းစစ် ချုပ်ငြိမ်းပြီး အာဏာရှင်ဖယ်ရှားရေး “အာရပ်နွေဦး တော်လှန်ရေးအောင်ပွဲ လုံး၀မဟုတ်ပါ”၊ ပြည်တွင်းစစ်နဲ့ ပြာပုံဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံ ပြိုကွဲမှု ပီပြင်သွားခြင်းဖြစ်ပါတယ်။ ဆယ်စုနှစ်ကြာ ပြည်တွင်းစစ်ကာလ ဖောချင်းသောချင်းဖြစ်နေတဲ့ လက်နက်များ၊ စစ်ပွဲကာလ အငတ်ဘေး နဲ့ အသေမခံနိုင်သူ၊ နီးရာဒါးကြောက်ရသူများက အာဆတ်အလွန် ဆီးရီးယားပဋိပက္ခမှာ လူသစ်-တပ်သားသစ်များစုဆောင်းဖို့ ရေခံမြေခံ ဖြစ်နေပါတယ်။

ပထမဆုံး အလက်ပိုနဲ့ ဒမတ်စကက်မြို့တော်ကို သိမ်းပိုက်လိုက်တယ်ဆိုတဲ့ “ဟေရတ် တဟား အယ်လ်ရှန်း” HTS သူပုန်ဖွဲ့ဟာ ဆီးရီးယားတစ်နိုင်ငံလုံးကို သိမ်းပိုက်ထားနိုင်ခြင်း မရှိသေးပါ။ နိုင်ငံရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ တောင်-မြောက်လမ်းမကြီးအတိုင်း ချီတက်လာခဲ့ပြီး ရက်သတ္တပတ် (၂)ပတ်တွင်း နိုင်ငံအနောက်ဘက်ခြမ်း မြို့များနဲ့ မြေထဲပင်လယ် ကမ်းခြေနေရာအနည်းငယ်ကို စိုးမိုးထားပါတယ်။

(၁)သူတို့ကို ဘယ်နိုင်ငံက ထောက်ပံ့နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိပါ။ ဆော်ဒီအာရေးဗီးယားနဲ့ ကာတာ နိုင်ငံမှ အလွတ်တန်းလှူဒါန်းသူများ၊ အာဆတ်အစိုးရစစ်တပ်မှ သိမ်းဆည်းရမိလက်နက်များ၊ မြောက်ပိုင်း တူရ ကီနယ်စပ်မှာ ရေနံနဲ့ မှောင်ခိုရောင်းဝယ်ခြင်းမှ လက်နက်ခဲယမ်းရရှိနေတယ်လို့ ယူဆရပါတယ်။ သူတို့ဟာ အိုင်ဒဲ့လ်ဗ်မြို့ကို ထိန်းချုပ်ထားတဲ့ အယ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့ကြီးရဲ့ “ဂျဘတ် အယ်လ်နျူးဆာ” အဖွဲ့ခွဲဖြစ်တာကြောင့် မိခင်အကြမ်းဖက်အဖွဲ့ကြီးထံမှ အထောက်အပံ့များ ရရှိနိုင်ပါတယ်။

(၂) ဆီးရီးယားနိုင်ငံ နယ်မြေအတော်များများမှာ ရုရှားကျောထောက်နောက်ခံ အာဆတ်အစိုးရသစ္စာခံ တပ်များ၊ အီရန်ကျောထောက် နောက်ခံပြု ဟဇ်ဘိုလာများ ရှိနေပါတယ်။

(၃) ISIS အိုင်စစ် ဘာသာရေးအစွန်းရောက် လက်နက်ကိုင်များမှာ ခေါင်းဆောင်ပိုင်း မကြာခဏ ပြောင်းလဲ တတ်ပေမယ့် သူတို့ဟာ ဘယ်သူနဲ့မှ မတည့်တဲ့ စစ်သွေးကြွများဖြစ်ပါတယ်။ တရားမဝင် ကုန်သွယ်မှု၊ ကာတာ ဆော်ဒီနိုင်ငံနေ ပုဂ္ဂလိက လှူဒါန်းမှုများ ရရှိနေကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။

(၄) အလယ်ပိုင်းနဲ့ မြောက်ပိုင်း နယ်မြေအတော်များများမှာ အာဆတ်အစိုးရဆန့်ကျင်ရေး “ ဆီးရီးယား လွတ် မြောက်ရေးတပ်” FSA နဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ် SDF တို့ရှိနေပြီး သူတို့ကို တူရကီနဲ့ အမေရိကန်တို့က သီးခြားစီ လက်နက်တပ်ဆင် လေ့ကျင့် ပေးထားပါတယ်။

(၅) တူရကီနိုင်ငံမှ ခွဲထွက်ရေး YGP/ YPJ သူပုန်များလည်း ဆီးရီးယားမြောက်ပိုင်းမှာ ရှိနေပါတယ်။ သူတို့ကို အဓိက ထောက်ပံ့သူက အမေရိကန်ပါ။

ဒါ့ပြင် အီရတ်နယ်စပ် ဆီးရီးယားနိုင်ငံအတွင်းမှာ အမေရိကန်စစ်တပ်များလည်း ရှိနေပါတယ်။ လာရာနဲ့ လား ရာ မတူညီတဲ့ အဲ့ဒီ လက်နက်ကိုင်တပ်တွေဟာ တစ်ယောက်တစ်ပေါက်ပြောကြ၊ အချင်းချင်း လှည့်ပတ် တိုက်ခိုက်နေကြတယ်လို့ ပြောရပါတယ်။

ဒီအချိန် သူ့နိုင်ငံ လုံခြုံရေး-အမျိုးသားကာကွယ်ရေးနဲ့ ပတ်သက်လာရင် အင်မတန်လက်မြန်တဲ့ အစ္စရေးက ဆီးရီးယားအစိုးရတပ် အခြေစိုက်စခန်းများ၊ လက်နက်ခဲယမ်း သိုလှောင်ရုံများ၊ ရေတပ် လေတပ်စခန်းများကို တိုက် ခိုက် ဖျက်ဆီးနေပါတယ်။ ၁၉၆၇-ခုနှစ် ၆-ရက်စစ်ပွဲတည်းက ဆီးရီးယားထံမှ သိမ်းယူထားတဲ့ ဂိုလန်ကုန်းမြင့်ကို စစ်အင်အား ဖြည့်တင်းပြီး အခိုင်အမာပြုလုပ်ထားပါတယ်။ ဒမတ်စကတ်မြို့အနီးထိ အစ္စရေးမြေပြင်တပ်များ ရောက်ရှိနေတယ်ဆိုတာ အတည်ပြုနိုင်ခြင်း မရှိပေမယ့် သူပုန်များလက် မရောက်ရအောင် ကာကွယ်ခြင်းသာ ဖြစ်တယ်လို့ အဲ့ဒီနေရာက ဆီးရီးယားအစိုးရတပ်များကို ဒုံးကျည်များ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ် နေပါတယ်။

HTS ခေါင်းဆောင် “အဘူ မိုဟာမက် အယ်လ်ဂျူလာနီ” ကတော့ ဆီးရီးယားနိုင်ငံကို အစ္စလာမ် ရှရီယာဥပဒေ အရ အုပ်ချုပ်တဲ့ နိုင်ငံဖြစ်စေလိုပြီး ဒေသတွင်း ကွဲပြားခြားနားမှုများကို ထည့်သွင်းစဉ်းစားရမယ်လို့ ပြောပါ တယ်။ အထူးသဖြင့် ဆီးရီးယားမှာ အလွန်လူကြိုက်များတဲ့ “အာဏာရှင် ကင်းမဲ့တဲ့ လွတ်လပ်သော အမျိုး သား နိုင်ငံတော် ထူထောင်ရေး” ကို တွင်တွင်ကျယ်ကျယ် ဟောပြောနေပါတယ်။ အကြမ်းဖက်အဖွဲ့အစည်း အဖြစ် သတ်မှတ်ခံထားရခြင်းမှ ပယ်ဖျက်ပေးရအောင် ယခင် အာဆတ်အစိုးရနဲ့သာမက ဘာသာရေး အစွန်းရောက် စစ်သွေးကြွများနဲ့ မတူကြောင်း အများမြင်အောင် ပြသနေပါတယ်။

ဂျူလာနီဟာ အမေရိကန်က အကြမ်းဖက်သမားအဖြစ် ဆုငွေ ဒေါ်လာ ၁၀-သန်း ထုတ်ပြန်ထားခံရ သူဖြစ်ပါ တယ်။ အမေရိကန် နေဗီဆီးလ်များရဲ့ လုပ်ကြံဿတ်ဖြတ်ရန် အကြိမ်ကြိမ်ကြိုးစားခံခဲ့ရသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် HTS အဖွဲ့နဲ့ တိုက်ရိုက်အဆက်အသွယ်ပြုလုပ်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါ တယ်။ လွန်ခဲ့တဲ့ ၁၂-နှစ်တုန်းက ဒမတ်စကတ်မြို့အနီးပျောက်ဆုံးသွားတဲ့ အမေရိကန်သတင်းထောက်ကိစ္စ အတွက် ဆက်သွယ်ခဲ့ခြင်းဖြစ်တယ်ဆိုပေမယ့် အသေးစိတ်ကိုတော့ ဖော်ပြခြင်း မရှိဘူးလို့ ယမန်နေ့ နိုင်ငံတကာ မီဒီယာများက ရေးသားကြပါတယ်။

zawgyi version
သမၼတ ဘာရွာအာဆတ္ ထြက္ေျပးရၿပီးေနာက္ပိုင္း ဆီးရီးယားႏိုင္ငံအေျခအေန
Htay Oung (NP News) - ဒီဇင္ဘာ ၁၆

အာဆတ္ထြက္ေျပးရျခင္းဟာ (၁၃)ႏွစ္ၾကာ ဆီးရီးယားျပည္တြင္းစစ္ ခ်ဳပ္ၿငိမ္းၿပီး အာဏာရွင္ဖယ္ရွားေရး “အာရပ္ေႏြဦး ေတာ္လွန္ေရးေအာင္ပြဲ လုံး၀မဟုတ္ပါ”၊ ျပည္တြင္းစစ္နဲ႔ ျပာပုံျဖစ္ေနတဲ့ ဆီးရီးယားႏိုင္ငံ ၿပိဳကြဲမႈ ပီျပင္သြားျခင္းျဖစ္ပါတယ္။ ဆယ္စုႏွစ္ၾကာ ျပည္တြင္းစစ္ကာလ ေဖာခ်င္းေသာခ်င္းျဖစ္ေနတဲ့ လက္နက္မ်ား၊ စစ္ပြဲကာလ အငတ္ေဘး နဲ႔ အေသမခံႏိုင္သူ၊ နီးရာဒါးေၾကာက္ရသူမ်ားက အာဆတ္အလြန္ ဆီးရီးယားပဋိပကၡမွာ လူသစ္-တပ္သားသစ္မ်ားစုေဆာင္းဖို႔ ေရခံေျမခံ ျဖစ္ေနပါတယ္။

ပထမဆုံး အလက္ပိုနဲ႔ ဒမတ္စကက္ၿမိဳ႕ေတာ္ကို သိမ္းပိုက္လိုက္တယ္ဆိုတဲ့ “ေဟရတ္ တဟား အယ္လ္ရွန္း” HTS သူပုန္ဖြဲ႕ဟာ ဆီးရီးယားတစ္ႏိုင္ငံလုံးကို သိမ္းပိုက္ထားႏိုင္ျခင္း မရွိေသးပါ။ ႏိုင္ငံရဲ႕ အဓိက အသက္ေသြးေၾကာျဖစ္တဲ့ ေတာင္-ေျမာက္လမ္းမႀကီးအတိုင္း ခ်ီတက္လာခဲ့ၿပီး ရက္သတၱပတ္ (၂)ပတ္တြင္း ႏိုင္ငံအေနာက္ဘက္ျခမ္း ၿမိဳ႕မ်ားနဲ႔ ေျမထဲပင္လယ္ ကမ္းေျခေနရာအနည္းငယ္ကို စိုးမိုးထားပါတယ္။

(၁)သူတို႔ကို ဘယ္ႏိုင္ငံက ေထာက္ပံ့ေနတယ္ဆိုတာ ရွင္းရွင္းလင္းလင္း မရွိပါ။ ေဆာ္ဒီအာေရးဗီးယားနဲ႔ ကာတာ ႏိုင္ငံမွ အလြတ္တန္းလႉဒါန္းသူမ်ား၊ အာဆတ္အစိုးရစစ္တပ္မွ သိမ္းဆည္းရမိလက္နက္မ်ား၊ ေျမာက္ပိုင္း တူရ ကီနယ္စပ္မွာ ေရနံနဲ႔ ေမွာင္ခိုေရာင္းဝယ္ျခင္းမွ လက္နက္ခဲယမ္းရရွိေနတယ္လို႔ ယူဆရပါတယ္။ သူတို႔ဟာ အိုင္ဒဲ့လ္ဗ္ၿမိဳ႕ကို ထိန္းခ်ဳပ္ထားတဲ့ အယ္ကိုင္ဒါ အၾကမ္းဖက္အဖြဲ႕ႀကီးရဲ႕ “ဂ်ဘတ္ အယ္လ္န်ဴးဆာ” အဖြဲ႕ခြဲျဖစ္တာေၾကာင့္ မိခင္အၾကမ္းဖက္အဖြဲ႕ႀကီးထံမွ အေထာက္အပံ့မ်ား ရရွိႏိုင္ပါတယ္။

(၂) ဆီးရီးယားႏိုင္ငံ နယ္ေျမအေတာ္မ်ားမ်ားမွာ ႐ုရွားေက်ာေထာက္ေနာက္ခံ အာဆတ္အစိုးရသစၥာခံ တပ္မ်ား၊ အီရန္ေက်ာေထာက္ ေနာက္ခံျပဳ ဟဇ္ဘိုလာမ်ား ရွိေနပါတယ္။

(၃) ISIS အိုင္စစ္ ဘာသာေရးအစြန္းေရာက္ လက္နက္ကိုင္မ်ားမွာ ေခါင္းေဆာင္ပိုင္း မၾကာခဏ ေျပာင္းလဲ တတ္ေပမယ့္ သူတို႔ဟာ ဘယ္သူနဲ႔မွ မတည့္တဲ့ စစ္ေသြးႂကြမ်ားျဖစ္ပါတယ္။ တရားမဝင္ ကုန္သြယ္မႈ၊ ကာတာ ေဆာ္ဒီႏိုင္ငံေန ပုဂၢလိက လႉဒါန္းမႈမ်ား ရရွိေနေၾကာင္း သတင္းမ်ား ထြက္ေပၚေနပါတယ္။

(၄) အလယ္ပိုင္းနဲ႔ ေျမာက္ပိုင္း နယ္ေျမအေတာ္မ်ားမ်ားမွာ အာဆတ္အစိုးရဆန႔္က်င္ေရး “ ဆီးရီးယား လြတ္ ေျမာက္ေရးတပ္” FSA နဲ႔ ဆီးရီးယားဒီမိုကရက္တစ္တပ္ SDF တို႔ရွိေနၿပီး သူတို႔ကို တူရကီနဲ႔ အေမရိကန္တို႔က သီးျခားစီ လက္နက္တပ္ဆင္ ေလ့က်င့္ ေပးထားပါတယ္။

(၅) တူရကီႏိုင္ငံမွ ခြဲထြက္ေရး YGP/ YPJ သူပုန္မ်ားလည္း ဆီးရီးယားေျမာက္ပိုင္းမွာ ရွိေနပါတယ္။ သူတို႔ကို အဓိက ေထာက္ပံ့သူက အေမရိကန္ပါ။

ဒါ့ျပင္ အီရတ္နယ္စပ္ ဆီးရီးယားႏိုင္ငံအတြင္းမွာ အေမရိကန္စစ္တပ္မ်ားလည္း ရွိေနပါတယ္။ လာရာနဲ႔ လား ရာ မတူညီတဲ့ အဲ့ဒီ လက္နက္ကိုင္တပ္ေတြဟာ တစ္ေယာက္တစ္ေပါက္ေျပာၾက၊ အခ်င္းခ်င္း လွည့္ပတ္ တိုက္ခိုက္ေနၾကတယ္လို႔ ေျပာရပါတယ္။

ဒီအခ်ိန္ သူ႔ႏိုင္ငံ လုံၿခဳံေရး-အမ်ိဳးသားကာကြယ္ေရးနဲ႔ ပတ္သက္လာရင္ အင္မတန္လက္ျမန္တဲ့ အစၥေရးက ဆီးရီးယားအစိုးရတပ္ အေျခစိုက္စခန္းမ်ား၊ လက္နက္ခဲယမ္း သိုေလွာင္႐ုံမ်ား၊ ေရတပ္ ေလတပ္စခန္းမ်ားကို တိုက္ ခိုက္ ဖ်က္ဆီးေနပါတယ္။ ၁၉၆၇-ခုႏွစ္ ၆-ရက္စစ္ပြဲတည္းက ဆီးရီးယားထံမွ သိမ္းယူထားတဲ့ ဂိုလန္ကုန္းျမင့္ကို စစ္အင္အား ျဖည့္တင္းၿပီး အခိုင္အမာျပဳလုပ္ထားပါတယ္။ ဒမတ္စကတ္ၿမိဳ႕အနီးထိ အစၥေရးေျမျပင္တပ္မ်ား ေရာက္ရွိေနတယ္ဆိုတာ အတည္ျပဳႏိုင္ျခင္း မရွိေပမယ့္ သူပုန္မ်ားလက္ မေရာက္ရေအာင္ ကာကြယ္ျခင္းသာ ျဖစ္တယ္လို႔ အဲ့ဒီေနရာက ဆီးရီးယားအစိုးရတပ္မ်ားကို ဒုံးက်ည္မ်ား ေလေၾကာင္း တိုက္ခိုက္မႈမ်ား ျပဳလုပ္ ေနပါတယ္။

HTS ေခါင္းေဆာင္ “အဘူ မိုဟာမက္ အယ္လ္ဂ်ဴလာနီ” ကေတာ့ ဆီးရီးယားႏိုင္ငံကို အစၥလာမ္ ရွရီယာဥပေဒ အရ အုပ္ခ်ဳပ္တဲ့ ႏိုင္ငံျဖစ္ေစလိုၿပီး ေဒသတြင္း ကြဲျပားျခားနားမႈမ်ားကို ထည့္သြင္းစဥ္းစားရမယ္လို႔ ေျပာပါ တယ္။ အထူးသျဖင့္ ဆီးရီးယားမွာ အလြန္လူႀကိဳက္မ်ားတဲ့ “အာဏာရွင္ ကင္းမဲ့တဲ့ လြတ္လပ္ေသာ အမ်ိဳး သား ႏိုင္ငံေတာ္ ထူေထာင္ေရး” ကို တြင္တြင္က်ယ္က်ယ္ ေဟာေျပာေနပါတယ္။ အၾကမ္းဖက္အဖြဲ႕အစည္း အျဖစ္ သတ္မွတ္ခံထားရျခင္းမွ ပယ္ဖ်က္ေပးရေအာင္ ယခင္ အာဆတ္အစိုးရနဲ႔သာမက ဘာသာေရး အစြန္းေရာက္ စစ္ေသြးႂကြမ်ားနဲ႔ မတူေၾကာင္း အမ်ားျမင္ေအာင္ ျပသေနပါတယ္။

ဂ်ဴလာနီဟာ အေမရိကန္က အၾကမ္းဖက္သမားအျဖစ္ ဆုေငြ ေဒၚလာ ၁၀-သန္း ထုတ္ျပန္ထားခံရ သူျဖစ္ပါ တယ္။ အေမရိကန္ ေနဗီဆီးလ္မ်ားရဲ႕ လုပ္ႀကံႆတ္ျဖတ္ရန္ အႀကိမ္ႀကိမ္ႀကိဳးစားခံခဲ့ရသူလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ HTS အဖြဲ႕နဲ႔ တိုက္႐ိုက္အဆက္အသြယ္ျပဳလုပ္ခဲ့ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဌာနက ေျပာပါ တယ္။ လြန္ခဲ့တဲ့ ၁၂-ႏွစ္တုန္းက ဒမတ္စကတ္ၿမိဳ႕အနီးေပ်ာက္ဆုံးသြားတဲ့ အေမရိကန္သတင္းေထာက္ကိစၥ အတြက္ ဆက္သြယ္ခဲ့ျခင္းျဖစ္တယ္ဆိုေပမယ့္ အေသးစိတ္ကိုေတာ့ ေဖာ္ျပျခင္း မရွိဘူးလို႔ ယမန္ေန႔ ႏိုင္ငံတကာ မီဒီယာမ်ားက ေရးသားၾကပါတယ္။

Related news

© 2021. All rights reserved.