ပအိုဝ်းဒေသရှိ PNLA ပူးပေါင်းစခန်း(၆)ခုကို တပ်မတော်နှင့် PNO ပူးပေါင်းအဖွဲ့က တစ်ပတ်အတွင်း အပြီးရှင်း
645
မြူနစ် (NP News) - ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ PNLA ပူးပေါင်းစခန်း (၆)ခုကို တပ်မတော်နှင့် PNO ပူးပေါင်းအဖွဲ့က တစ်ပတ်အတွင်း အပြီးရှင်းလင်းခဲ့ကြောင်း သိရသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO/PNLA)၊ ကယား KNDF နှင့် PDF ပူးပေါင်းအဖွဲ့တို့သည် ယခု (၂၀၂၄) ခုနှစ်၊ ဇန်နဝါရီလအတွင်းတွင် ဆီဆိုင်မြို့နယ်အပါအဝင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တိုက်ပွဲများကို အပြင်းအထန်ဖော်ဆောင်ခဲ့သည်။
ထိုသို့ဖော်ဆောင်လာမှုအပေါ် တပ်မတော်နှင့်အတူ ဦးအောင်ခမ်းထီ၏ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO/PNA)အဖွဲ့တို့က ပြန်လည်ထိုးစစ်ဆင်မှုများပြုလုပ်ခဲ့သည့်အတွက် PNLA ပူးပေါင်းအဖွဲ့ သည် မြို့ပေါ်ဒေသများ၌ အချိန်ကြာမြင့်စွာ တပ်စွဲအခြေချနိုင်ခြင်း မရှိခဲ့ပေ။ သို့သော်လည်း PNLA၊ KNDF နှင့် PDF ပူးပေါင်းအဖွဲ့များသည် မောက်မယ်မြို့နယ် ဟိုနမ်းဒေသအတွင်းရှိ ကျေးရွာများ၊ ဆီဆိုင်မြို့၏ အရှေ့တောင်ဘက်ရှိကျေးရွာများတွင် တပ်စွဲကာ အခြေချမှုများရှိခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ တပ်စွဲအခြေချနေသည့် PNLA ပူးပေါင်းအဖွဲ့ကို နိုဝင်ဘာလ (၃၀) ရက်မှ စတင်ကာ တပ်မတော်နှင့် PNO ပူးပေါင်းအဖွဲ့က လိုက်လံရှင်းလင်းမှုများပြုလုပ်ခဲ့ကြောင်း PNO အဖွဲ့၏ ထိပ်ပိုင်းအရာရှိတစ်ဦးက NP News ကို ပြောသည်။
"အဓိကတော့ ဒေသခံပြည်သူလူထုရဲ့တောင်းဆိုမှုအရ ရှင်းလင်းတာပေါ့။ အဲဒီနယ်မြေထဲမှာ သူတို့တွေ ရှိနေသရွေ့က ကျွန်တော်တို့ ပြည်သူလူထုက လွတ်လွတ်လပ်လပ်သွားလို့ မရဘူး။ ဒေသခံပြည်သူ လူထုက သူတို့စခန်းတွေကို ဖြတ်သွားဖြတ်လာလုပ်ပြီးတော့မှ စားရေးသောက်ရေးကအစ သွားလာလှုပ်ရှားနေရတာတွေ ရှိတယ်။ PNLA ပူးပေါင်းအဖွဲ့တွေက ဆက်ကြေအများကြီးကောက်တာတို့ ဘာတို့လုပ်တယ်။ ဥပမာ ဆန်တစ်အိတ်ဆိုရင် လေး၊ ငါးသောင်းလောက် ဆက်ကြေးပေးနေရတယ်။ နောက်ပြီးတော့ ဆန်တွေ၊ ထမင်းဟင်းတွေကိုလည်း လူထုက သွားပို့ပေးနေရတယ်။ အဲဒါကြောင့် အဲဒီလူထုတွေရဲ့ တောင်းဆိုမှုအရ ဒီလူတွေကို အမြန်ဆုံး ရှင်းထုတ်ပေးဖို့ တောင်းဆိုလာလို့ တိုက်ရတာပေါ့” ဟု PNO ၏ ထိပ်ပိုင်းအရာရှိက ပြောသည်။
ဟိုနမ်းဒေသရှိ PNLA ပူးပေါင်းအဖွဲ့၏ တပ်စခန်း (၆)ခုကို တပ်မတော်နှင့် PNO ပူးပေါင်းအဖွဲ့က (၇)ရက်အတွင်း ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ ရှင်းလင်းစဉ် လက်နက်တချို့၊ မှတ်တမ်းမှတ်ရာ တချို့နှင့် PNLA ပူးပေါင်းအဖွဲ့ (၇)ဦးခန့်ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
PNO ထိပ်ပိုင်းအရာရှိက “လိုက်ရှင်းတဲ့အခါမှာ တိုက်ပွဲက အရမ်းပြင်းထန်လားဆိုတော့ မပြင်းထန်ဘူး။ ကျွန်တော်တို့ဘက်ကတော့ အင်အားအလုံအလောက်နဲ့ တိုက်တယ်။ ဒါပေမဲ့ ဟိုဘက်မှာ တိုက်ရည်ခိုက်ရည်ရှိတဲ့သူတွေက နည်းပါတယ်။ လည်တဲ့သူတွေကတော့ ထွက်ပြေးကုန်တယ်။ ကျွန်တော်တို့က လက်နက်ငယ်၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ နည်းနည်းတိုက်ပြတော့ ထွက်ပြေးကုန်တာများတယ်။ အဲဒီတော့ တိုက်ပွဲက ပြင်းထန်တယ်လို့တော့ မရှိဘူး"ဟု ဆိုသည်။
PNLA ပူးပေါင်းအဖွဲ့အနေဖြင့် ပအိုဝ်းဒေသအတွင်းမှထွက်ခွာကာ ၎င်းတို့၏ ဂတူးကြီးရှိ ဌာနချုပ်သို့ ပြန်လည်ဆုတ်ခွာသွားရန်လိုအပ်ပြီး မဆုတ်ခွာပါက ထပ်မံရှင်းလင်းသွားမည်ဖြစ်ကြောင်းလည်း PNO ထိပ်ပိုင်းအရာရှိက ဆက်လက်ပြောသည်။ "မူလနေရာကို သွားစေချင်တာပေါ့။ မူလနေရာကတော့ ဂတူးကြီးခွင်ပေါ့။ အဲဒီကို ပြန်ရောက်သွားရင်တော့ ကျွန်တော်တို့ သူတို့ကို တိုက်စရာမလိုတော့ဘူးပေါ့။ တ ကယ်လို့ သူတို့အဲဒီနေရာအထိ ပြန်မသွားဘူးဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ ဆက်ပြီးတော့မှ ရှင်းရမှာပေါ့" ဟု ၎င်းက ပြောသည်။
လက်ရှိတွင် PNLO/PNLA လက်နက် ကိုင်အဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်အချို့သည် ထိုင်းနယ်စပ်ဒေသတွင် လာရောက်နေထိုင်လျက်ရှိပြီး ၎င်းအဖွဲ့၏ တပ်ဖွဲ့ဝင်အင်အားသည်လည်း အနည်းငယ်သာ ရှိတော့ကြောင်း သိရသည်။
zawgyi version
ပအိုဝ္းေဒသရွိ PNLA ပူးေပါင္းစခန္း(၆)ခုကို တပ္မေတာ္ႏွင့္ PNO ပူးေပါင္းအဖြဲ႕က တစ္ပတ္အတြင္း အၿပီးရွင္း
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၁၇
ရွမ္းျပည္နယ္ေတာင္ပိုင္း ပအိုဝ္းကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသရွိ PNLA ပူးေပါင္းစခန္း (၆)ခုကို တပ္မေတာ္ႏွင့္ PNO ပူးေပါင္းအဖြဲ႕က တစ္ပတ္အတြင္း အၿပီးရွင္းလင္းခဲ့ေၾကာင္း သိရသည္။
ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ (PNLO/PNLA)၊ ကယား KNDF ႏွင့္ PDF ပူးေပါင္းအဖြဲ႕တို႔သည္ ယခု (၂၀၂၄) ခုႏွစ္၊ ဇန္နဝါရီလအတြင္းတြင္ ဆီဆိုင္ၿမိဳ႕နယ္အပါအဝင္ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၌ တိုက္ပြဲမ်ားကို အျပင္းအထန္ေဖာ္ေဆာင္ခဲ့သည္။
ထိုသို႔ေဖာ္ေဆာင္လာမႈအေပၚ တပ္မေတာ္ႏွင့္အတူ ဦးေအာင္ခမ္းထီ၏ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO/PNA)အဖြဲ႕တို႔က ျပန္လည္ထိုးစစ္ဆင္မႈမ်ားျပဳလုပ္ခဲ့သည့္အတြက္ PNLA ပူးေပါင္းအဖြဲ႕ သည္ ၿမိဳ႕ေပၚေဒသမ်ား၌ အခ်ိန္ၾကာျမင့္စြာ တပ္စြဲအေျခခ်ႏိုင္ျခင္း မရွိခဲ့ေပ။ သို႔ေသာ္လည္း PNLA၊ KNDF ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ားသည္ ေမာက္မယ္ၿမိဳ႕နယ္ ဟိုနမ္းေဒသအတြင္းရွိ ေက်း႐ြာမ်ား၊ ဆီဆိုင္ၿမိဳ႕၏ အေရွ႕ေတာင္ဘက္ရွိေက်း႐ြာမ်ားတြင္ တပ္စြဲကာ အေျခခ်မႈမ်ားရွိခဲ့ေၾကာင္း သိရသည္။
ယင္းကဲ့သို႔ တပ္စြဲအေျခခ်ေနသည့္ PNLA ပူးေပါင္းအဖြဲ႕ကို ႏိုဝင္ဘာလ (၃၀) ရက္မွ စတင္ကာ တပ္မေတာ္ႏွင့္ PNO ပူးေပါင္းအဖြဲ႕က လိုက္လံရွင္းလင္းမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း PNO အဖြဲ႕၏ ထိပ္ပိုင္းအရာရွိတစ္ဦးက NP News ကို ေျပာသည္။
"အဓိကေတာ့ ေဒသခံျပည္သူလူထုရဲ႕ေတာင္းဆိုမႈအရ ရွင္းလင္းတာေပါ့။ အဲဒီနယ္ေျမထဲမွာ သူတို႔ေတြ ရွိေနသေ႐ြ႕က ကြၽန္ေတာ္တို႔ ျပည္သူလူထုက လြတ္လြတ္လပ္လပ္သြားလို႔ မရဘူး။ ေဒသခံျပည္သူ လူထုက သူတို႔စခန္းေတြကို ျဖတ္သြားျဖတ္လာလုပ္ၿပီးေတာ့မွ စားေရးေသာက္ေရးကအစ သြားလာလႈပ္ရွားေနရတာေတြ ရွိတယ္။ PNLA ပူးေပါင္းအဖြဲ႕ေတြက ဆက္ေၾကအမ်ားႀကီးေကာက္တာတို႔ ဘာတို႔လုပ္တယ္။ ဥပမာ ဆန္တစ္အိတ္ဆိုရင္ ေလး၊ ငါးေသာင္းေလာက္ ဆက္ေၾကးေပးေနရတယ္။ ေနာက္ၿပီးေတာ့ ဆန္ေတြ၊ ထမင္းဟင္းေတြကိုလည္း လူထုက သြားပို႔ေပးေနရတယ္။ အဲဒါေၾကာင့္ အဲဒီလူထုေတြရဲ႕ ေတာင္းဆိုမႈအရ ဒီလူေတြကို အျမန္ဆုံး ရွင္းထုတ္ေပးဖို႔ ေတာင္းဆိုလာလို႔ တိုက္ရတာေပါ့” ဟု PNO ၏ ထိပ္ပိုင္းအရာရွိက ေျပာသည္။
ဟိုနမ္းေဒသရွိ PNLA ပူးေပါင္းအဖြဲ႕၏ တပ္စခန္း (၆)ခုကို တပ္မေတာ္ႏွင့္ PNO ပူးေပါင္းအဖြဲ႕က (၇)ရက္အတြင္း ရွင္းလင္းခဲ့ျခင္းျဖစ္ၿပီး ယင္းကဲ့သို႔ ရွင္းလင္းစဥ္ လက္နက္တခ်ိဳ႕၊ မွတ္တမ္းမွတ္ရာ တခ်ိဳ႕ႏွင့္ PNLA ပူးေပါင္းအဖြဲ႕ (၇)ဦးခန႔္ကိုလည္း အရွင္ဖမ္းဆီးရမိခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။
PNO ထိပ္ပိုင္းအရာရွိက “လိုက္ရွင္းတဲ့အခါမွာ တိုက္ပြဲက အရမ္းျပင္းထန္လားဆိုေတာ့ မျပင္းထန္ဘူး။ ကြၽန္ေတာ္တို႔ဘက္ကေတာ့ အင္အားအလုံအေလာက္နဲ႔ တိုက္တယ္။ ဒါေပမဲ့ ဟိုဘက္မွာ တိုက္ရည္ခိုက္ရည္ရွိတဲ့သူေတြက နည္းပါတယ္။ လည္တဲ့သူေတြကေတာ့ ထြက္ေျပးကုန္တယ္။ ကြၽန္ေတာ္တို႔က လက္နက္ငယ္၊ လက္နက္ႀကီးေတြ၊ ဒ႐ုန္းေတြနဲ႔ နည္းနည္းတိုက္ျပေတာ့ ထြက္ေျပးကုန္တာမ်ားတယ္။ အဲဒီေတာ့ တိုက္ပြဲက ျပင္းထန္တယ္လို႔ေတာ့ မရွိဘူး"ဟု ဆိုသည္။
PNLA ပူးေပါင္းအဖြဲ႕အေနျဖင့္ ပအိုဝ္းေဒသအတြင္းမွထြက္ခြာကာ ၎တို႔၏ ဂတူးႀကီးရွိ ဌာနခ်ဳပ္သို႔ ျပန္လည္ဆုတ္ခြာသြားရန္လိုအပ္ၿပီး မဆုတ္ခြာပါက ထပ္မံရွင္းလင္းသြားမည္ျဖစ္ေၾကာင္းလည္း PNO ထိပ္ပိုင္းအရာရွိက ဆက္လက္ေျပာသည္။ "မူလေနရာကို သြားေစခ်င္တာေပါ့။ မူလေနရာကေတာ့ ဂတူးႀကီးခြင္ေပါ့။ အဲဒီကို ျပန္ေရာက္သြားရင္ေတာ့ ကြၽန္ေတာ္တို႔ သူတို႔ကို တိုက္စရာမလိုေတာ့ဘူးေပါ့။ တ ကယ္လို႔ သူတို႔အဲဒီေနရာအထိ ျပန္မသြားဘူးဆိုရင္ေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ ဆက္ၿပီးေတာ့မွ ရွင္းရမွာေပါ့" ဟု ၎က ေျပာသည္။
လက္ရွိတြင္ PNLO/PNLA လက္နက္ ကိုင္အဖြဲ႕၏ ထိပ္ပိုင္းေခါင္းေဆာင္အခ်ိဳ႕သည္ ထိုင္းနယ္စပ္ေဒသတြင္ လာေရာက္ေနထိုင္လ်က္ရွိၿပီး ၎အဖြဲ႕၏ တပ္ဖြဲ႕ဝင္အင္အားသည္လည္း အနည္းငယ္သာ ရွိေတာ့ေၾကာင္း သိရသည္။