ချမ်းမြသာစည်မြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး သတိလစ်မေ့မြောသည်အထိ ရိုက်နှက်လုယက်ခံရ

 617

နာမူ (NP News) - ဒီဇင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး သတိလစ်မေ့မြောသည်အထိ ရိုက်နှက်လုယက်ခံခဲ့ရကြောင်း မြရည်နန္ဒာလူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (ဒီဇင်ဘာလ ၁၆ ရက်) ၊ နံနက် ၅နာရီဝန်းကျင်အချိန်ခန့်က ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၄၇ လမ်းနှင့် ၁၀၆ လမ်းဒေါင့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ရောက်တဲ့အချိန်မှာတော့ လူနာက အခင်းဖြစ်တာ နည်းနည်းတော့ ကြာသွားပြီထင်တယ်။ နာရီဝက်ကျော်ကျော်လောက်‌တော့ ရှိနေပြီထင်တာပဲ။ နည်းနည်းလင်းခါနီးလောက်မှ လူတွေက မြင်တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ပူးပေါင်းပြီးတော့ ဖုန်းဆက်တာပေါ့”ဟု မြရည်နန္ဒာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ထိုသို့ ရိုက်နှက်လုယက်ခံရမှုကြောင့် အသက် (၃၆)နှစ်ဝန်းကျင် အမျိုးသားတွင် ဦးခေါင်းထိခိုက် ဒဏ်ရာရရှိကာ သတိလစ် မေ့မြောသွားခဲ့ကြောင်းသိရပြီး ၎င်းစီးလာသည့် ဆိုင်ကယ်မှာလည်း လုယက်ခံခဲ့ရကြောင်း သိရသည်။ “မနက် အစောကြီးဖြစ်တာဆိုတော့ လူတွေက သိပ်မနိုးကြသေးဘူးလေ။ မနက် ၄ နာရီကျော် ၅ နာရီဆိုတော့ မန္တလေးမှာက လူတွေက ဈေးသွားတာတို့ ဘာတို့ရှိတယ်လေ။ အဲဒီလိုကျတော့ သိပ်မသိကြတာပေါ့။ ပြီးတော့ အဲဒီဘက်က လူက ပြတ်တယ်လေ”ဟု ၎င်းက ဆက်လက် ပြော သည်။

ထို့ကြောင့် ရိုက်နှက်လုယက်ခံခဲ့ရသည့် အမျိုးသားကို မြရည်နန္ဒာလူမှုကူညီရေးအသင်း မှ မန္တလေး ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ရကြောင်းသိရသည်။

“အထူးသဖြင့် ကျွန်တော်တို့ မန္တလေးကတော့ ၃ ခွဲ ၄ နာရီဆိုရင် ဈေးတွေက သွားကြပြီလေ။ ဘယ်ပဲသွားသွားပေါ့။ တစ်ဦးတစ်ယောက်တည်း မသွားစေချင်ဘူးပေါ့။ လူပြတ်တဲ့နေရာတွေလည်း သတိထားစေချင်တယ်ပေါ့” ဟု ၎င်းက ထပ်မံအကြံပြုပြောကြားထားသည်။

မန္တလေးမြို့တွင် မီနီအိုးဝေနှင့် ဆိုင်ကယ်များ ခိုးယူလုယက်သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များ မကြာခဏဖြစ်ပွားလျက်ရှိပြီး ပြစ်မှုကျုးလွန်သူများအား ဖမ်းဆီးရမိမှုမှာလည်း အလွန်နည်းပါးသည်ကို တွေ့ရှိရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

zawgyi version
ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ ဆိုင္ကယ္စီးလာသည့္ အမ်ိဳးသားတစ္ဦး သတိလစ္ေမ့ေျမာသည္အထိ ႐ိုက္ႏွက္လုယက္ခံရ
နာမူ (NP News) - ဒီဇင္ဘာ ၁၆

မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ ဆိုင္ကယ္စီးလာသည့္ အမ်ိဳးသားတစ္ဦး သတိလစ္ေမ့ေျမာသည္အထိ ႐ိုက္ႏွက္လုယက္ခံခဲ့ရေၾကာင္း ျမရည္နႏၵာလူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔ (ဒီဇင္ဘာလ ၁၆ ရက္) ၊ နံနက္ ၅နာရီဝန္းက်င္အခ်ိန္ခန႔္က ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ေအာင္ပင္လယ္ရပ္ကြက္၊ ၄၇ လမ္းႏွင့္ ၁၀၆ လမ္းေဒါင့္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ ေရာက္တဲ့အခ်ိန္မွာေတာ့ လူနာက အခင္းျဖစ္တာ နည္းနည္းေတာ့ ၾကာသြားၿပီထင္တယ္။ နာရီဝက္ေက်ာ္ေက်ာ္ေလာက္‌ေတာ့ ရွိေနၿပီထင္တာပဲ။ နည္းနည္းလင္းခါနီးေလာက္မွ လူေတြက ျမင္ေတာ့ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးနဲ႔ပူးေပါင္းၿပီးေတာ့ ဖုန္းဆက္တာေပါ့”ဟု ျမရည္နႏၵာ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ထိုသို႔ ႐ိုက္ႏွက္လုယက္ခံရမႈေၾကာင့္ အသက္ (၃၆)ႏွစ္ဝန္းက်င္ အမ်ိဳးသားတြင္ ဦးေခါင္းထိခိုက္ ဒဏ္ရာရရွိကာ သတိလစ္ ေမ့ေျမာသြားခဲ့ေၾကာင္းသိရၿပီး ၎စီးလာသည့္ ဆိုင္ကယ္မွာလည္း လုယက္ခံခဲ့ရေၾကာင္း သိရသည္။ “မနက္ အေစာႀကီးျဖစ္တာဆိုေတာ့ လူေတြက သိပ္မႏိုးၾကေသးဘူးေလ။ မနက္ ၄ နာရီေက်ာ္ ၅ နာရီဆိုေတာ့ မႏၲေလးမွာက လူေတြက ေဈးသြားတာတို႔ ဘာတို႔ရွိတယ္ေလ။ အဲဒီလိုက်ေတာ့ သိပ္မသိၾကတာေပါ့။ ၿပီးေတာ့ အဲဒီဘက္က လူက ျပတ္တယ္ေလ”ဟု ၎က ဆက္လက္ ေျပာ သည္။

ထို႔ေၾကာင့္ ႐ိုက္ႏွက္လုယက္ခံခဲ့ရသည့္ အမ်ိဳးသားကို ျမရည္နႏၵာလူမႈကူညီေရးအသင္း မွ မႏၲေလး ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ရေၾကာင္းသိရသည္။

“အထူးသျဖင့္ ကြၽန္ေတာ္တို႔ မႏၲေလးကေတာ့ ၃ ခြဲ ၄ နာရီဆိုရင္ ေဈးေတြက သြားၾကၿပီေလ။ ဘယ္ပဲသြားသြားေပါ့။ တစ္ဦးတစ္ေယာက္တည္း မသြားေစခ်င္ဘူးေပါ့။ လူျပတ္တဲ့ေနရာေတြလည္း သတိထားေစခ်င္တယ္ေပါ့” ဟု ၎က ထပ္မံအႀကံျပဳေျပာၾကားထားသည္။

မႏၲေလးၿမိဳ႕တြင္ မီနီအိုးေဝႏွင့္ ဆိုင္ကယ္မ်ား ခိုးယူလုယက္သတ္ျဖတ္ခံရသည့္ ျဖစ္စဥ္မ်ား မၾကာခဏျဖစ္ပြားလ်က္ရွိၿပီး ျပစ္မႈက်ဳးလြန္သူမ်ားအား ဖမ္းဆီးရမိမႈမွာလည္း အလြန္နည္းပါးသည္ကို ေတြ႕ရွိရေၾကာင္း ေဒသခံမ်ား၏ ေျပာဆိုခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.