နခခ(၅)၊ တောင်ကုတ်နဲ့ အမ်းပြီးရင် AA တို့ရဲ့နောက်ထပ်ဖြစ်နိုင်ခြေပစ်မှတ်

 3293

သုတကျော် (NP News) - ဒီဇင်ဘာ ၁၆

မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မှ အရေးပါသောနေရာဖြစ်သည့် အမှတ်(၅)နယ်ခြား စောင့်တပ်ရင်း-နခခ(၅)ကို အပြီးသတ်သိမ်းယူလိုက်ကြောင်း ဒီဇင်ဘာ(၁၀)ရက်တွင် AA က ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါစခန်းသည် ဘူးသီးတောင်၊ မောင်တောဒေသတွင် တပ်မတော်၏နောက်ဆုံးလက်ကျန် စခန်းတစ်ခုဖြစ်ပြီး အဆိုပါစခန်းမှခုခံနေသည့် စကခ(၁၅)၏ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းကို လည်းဖမ်းဆီးလိုက်ကြောင်း AA က ဆိုထားသည်။

နခခ(၅)ကို AA က ရသွားပြီးနောက် ဘူးသီးတောင်၊ မောင်တောတစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း AA က ထုတ်ပြန်သောဓာတ်ပုံများတွင် မြင်တွေ့ရသည်။ နခခ(၅) ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမျိုးမတွေ့ရသေးပေ။

AA က တိုက်ပွဲများ ပြန်လည်ဖော်ဆောင်လာသည့် တစ်ကျော့ပြန် ရခိုင်တိုက်ပွဲကာလ တစ်နှစ် ကျော်အတွင်း ချင်းပြည်နယ် ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ်မှ မြို့နယ်(၁၁)မြို့နယ်ကို AA က ထိန်းချုပ်ထားသည့်အနေအထားဖြစ်သည်။

ပြည်နယ်၏မြို့တော်ဖြစ်သော စစ်တွေမြို့၊ ကျောက်ဖြူမြို့နှင့် မာန်အောင်မြို့တို့ကို အစိုးရက အပြည့်အဝထိန်းချုပ်ထားပြီး အမ်း၊ တောင်ကုတ်နှင့် ဂွတို့တွင် တပ်မတော် နှင့် AA အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ အမ်းမြို့မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အရေးပါသောမြို့ဖြစ်ပြီး ရခိုင်ပြည်နယ်၏ ဝင်ပေါက်မြို့လည်းဖြစ်သည်။ အမ်းမြို့၏တစ်ဖက်တွင် မကွေးတိုင်းဒေသကြီးရှိရာ ကုန်လမ်းမှ ကုန်ပစ္စည်း ဝင်၊ ထွက်ရာ၊ စစ်ရေးအရ အရေးပါသော မြို့ဖြစ်သည့်အတွက် AA က အသည်းအ သန်လိုချင်နေသော မြို့တစ်မြို့ဖြစ်သည်။

အမ်းမြို့ကိုတိုက်ခိုက်ရန်အတွက် AA က ဧပြီလအတွင်းကပင် အရိပ်အယောင်များ စတင်ပြခဲ့ပြီး အဆိုပါလအစောပိုင်းတွင် အမ်း-ပဒါန်း ကားလမ်းကို ရက်အကန့်အသတ်မရှိပိတ်ကြောင်း ဆိုခဲ့သည်။ စက်တင်ဘာလကစတင်ခဲ့သော AA ၏ အမ်းမြို့သိမ်းရေးတိုက်ပွဲမှာ တတိတိဖြင့်တဖြည်းဖြည်းချင်း စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ AA ဘက်က အင်အားအလွန်အကျွံသုံးပြီး တပ်မတော်ဘက်ကလည်း ကျားကုတ်ကျားခဲခုခံခဲ့ရာ AA ဘက်တွင် သေဆုံးသူလည်းများပြားခဲ့သည်။

AA က ၎င်းတို့၏သေဆုံးသူများနေရာတွင် ကာမိစေရန်အတွက် အရပ်သားများကို ပေါ်တာဆွဲရှေ့တန်းပို့ခဲ့ခြင်းများလည်းရှိပြီး တပ်မတော်ဘက်က သိမ်းဆည်းရမိခဲ့သောအလောင်းများထဲတွင် အမျိုး သမီးများ၊ စစ်မှုထမ်းရန်မသင့်တော်သော ကျန်းမာရေးအခြေအနေရှိသူများပင် ပါဝင်ခဲ့သည်။

"ထားပါတော့ အမ်းကရပ်ကွက်တွေမှာ ဆက်ကြေးပေးဖို့ဆင့်တာပေါ့။ အဲဒီတော့ ရပ်ကွက် တွေကနေ အမျိုးသမီးနဲ့ ကလေးတွေကပဲသွားပို့တာ ပေါ့။ အဲဒီအခါ ပြန်မလွှတ်တော့ဘူး။ သေနတ်ပစ်က သင်တာလည်း ခဏလေးပဲလေ။ ပစ်အားလိုတာကိုး။ ထိတာမထိတာထက် ကျည်ထွက်ဖို့လိုတယ်ဆိုပြီး ခေါ်တယ်လို့ထင်တယ်။ တပ်မတော်ဘက်က အလောင်းတွေမိတယ်"ဟု NP News ၏ စစ်ရေးသတင်းအရင်း အမြစ်တစ်ဦးက ဆိုသည်။

အမ်းမြို့ကိုသိမ်းပိုက်ရန်အတွက် AA နှင့် ၎င်းတို့ထံပူးပေါင်းနေသောအဖွဲ့များသည် အမ်း- စစ်တွေလမ်း၊ အမ်း-ပဒါန်းလမ်းစသည်ဖြင့် လမ်းများကို ပိတ်ဆို့ခြင်းများပြုလုပ်ထားရာ တပ်မတော်ကလည်း စစ်ကူပေးရန်၊ ရိက္ခာထောက်ရန်ကြိုးပမ်းနေပြီး လေကြောင်းပစ်ကူများလည်း ပေးနေသည်။

"လက်ရှိမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တော့ရှိတယ်။ ဒီကောင်တွေ(AA)က သိမ်းဖို့ ကြိုးစားနေတုန်းပဲ"ဟု အထက်ပါသတင်းရင်းမြစ်က ဒီဇင်ဘာ(၃၁)ရက်တွင်ပြောသည်။ အမ်းမြို့မကျရန်အတွက် လိုအပ်သော အစီအမံများကို တပ်မတော်ဘက်က ဆောင်ရွက်နေပြီး AA အနေဖြင့်လည်း အဆိုပါမြို့ကိုရပါက AA အတွက် မကွေးတိုင်းဒေသကြီးအတွင်းက ၎င်းတို့မဟာမိတ်ငယ်များနှင့်ချိတ်ဆက်ရန် အား ကောင်းသွားမည်ဖြစ်သည်။

"AA က အပေါ်ပိုင်း မကွေးတိုင်းနဲ့ ချိတ်ဆက်မှုကိုရချင်တာ။ အဲဒါကြောင့် အမ်းကို ပြင်းပြင်း ထန်ထန် ရည်မှန်းချက်ထားပြီးတိုက်နေတာ။ မကွေးဘက်မှာ သူတို့နဲ့ချိတ်ဆက်ထားတဲ့အဖွဲ့တွေနဲ့ လမ်း ကြောင်းရသွားမယ်ဆိုတဲ့ မျှော်မှန်းချက်ရှိတယ်"ဟု စစ်ရေးအကဲခတ်သူတစ်ဦးက သုံးသပ်သည်။

ချင်းညီနောင်အဖွဲ့ဟုဆိုသော ချင်းလက် နက်ကိုင်ပူးပေါင်းအဖွဲ့နှင့်မဟာမိတ်လုပ်ထားသော AA က အမ်းမြို့ကိုရပါက မတူပီ၊ မင်းတပ်ဘက်တွင် လှုပ်ရှားနေသော ချင်းညီနောင်အဖွဲ့၊ မကွေးတိုင်းဒေသကြီးအတွင်းလှုပ်ရှားနေသော လက်နက်ကိုင်အဖွဲ့များနှင့် ချိတ်ဆက်မိရန် မျှော်လင့်ထားပုံရသည်။
ပြည်ပရောက်မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ရေးသားချက်များအတွင်း အမ်းမြို့အပြီး ပဒါန်းဘက်သို့ AA တက်လာနိုင်သည်ဆိုသောအချက်ပါရှိသော်လည်း ပဒါန်းဒေသခံတစ်ဦးက မစိုးရိမ်ကြောင်း ဆိုသည်။

"အခုတိုင်းဆို ပဒါန်းကအခြေအနေကောင်းပါတယ်။ ရခိုင်ဘက် ဒုက္ခသည်တွေကတော့ ဝင်ကြတယ်။ အမ်းမြို့ပေါ်ကရော၊ ရွာဘက်တွေရော ဒုက္ခသည်တွေ ဝင်တာပါ။ AA ကတော့ စိမ့်မဝင်ပါ ဘူး။ နတ်ရေကန်၊ ဂုတ်ကြီးတစ်ဝိုက်တော့ ကြိုကြားကြိုကြားပေါ့။ PDF ပဲထင်တယ်။ ဒီဘက်ကို တော် တော်တန်တန်မလာနိုင်ဘူး။ ဘာလို့လဲဆိုတော့ (၄၀၉)တပ်ရင်းရှိတယ်၊ (၉၀၅)အမြောက်တပ် ရှိ တယ်။ နောက် (၃၇၅) အမြောက်တပ်ရှိတယ်၊ ကပစ (၁၄)ရှိတယ်။ အရမ်းတော့ ဒီဘက်ကိုမလာနိုင်ပါဘူး" ဟု ၎င်းကဆိုသည်။

AA က အင်အားအများအပြားသုံးပြီး ဆက်လက်တိုက်ခိုက်နေသောနေရာမှာ တောင်ကုတ် မြို့တွင်ဖြစ်သည်။ လက်ရှိ NP News ကရရှိသောသတင်းအချက်အလက်များအရ AA က တောင်ကုတ်မြို့အတွင်းဝင်နိုင်သော်လည်း အမှတ်(၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) ရရှိရန်အတွက်ကိုမူ တိုက်နေရဆဲဖြစ်သည်။ " မြို့ကတော့ဝင်နိုင်မှာပေါ့။ တပ်နဲ့မြို့နဲ့က နည်းနည်းလှမ်းတာကိုး" ဟု တောင်ကုတ်မြို့မှတိုက်ပွဲများ အကြောင်း သိရှိသူသတင်းရင်းမြစ်တစ်ဦးကဆိုသည်။

ဇွန်လအတွင်းကစတင်ကာ တောင်ကုတ် မြို့နယ်တွင် တပ်မတော်နှင့် AA အကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလတွင် ဖိုခနောက်ဆိုင် တည်ရှိနေသော အမှတ်(၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ (၅)၊ ခမရ(၅၄၄)နှင့် ခမရ(၃၄၆) တို့ကို လနဲ့ချီတိုက်ခိုက်နေခြင်းဖြစ်သည်။ တပ်မတော် သားများအနေဖြင့် AA ၏ တိုက်ခိုက်မှုကို ခုခံတိုက်ခိုက်နေကာ AAက ဒရုန်းများကိုလည်း အသုံးပြု တိုက်ခိုက်နေကြောင်း သိရသည်။ " ၅၄၄ အိမ်ထောင်သည်လိုင်းခန်း ဝင်စီးနေပြီ။ စကခ(၅)ကတော့ အခြေ အနေအေးဆေးပါပဲ။ အခုကတော့ ငြိမ်နေတယ်။ (၃၄၆)က မနေ့ (ဒီဇင်ဘာလ ၁၂ ရက်)က ပါသွား တယ်။ တောင်ကုတ်ကို AA က လူအလုံးအရင်းနဲ့ လုပ်နေတာ" ဟု အထက်ပါ သတင်းရင်းမြစ်ကဆို သည်။ တပ်မတော်အနေဖြင့် လေကြောင်းပစ်ကူများ ပေးနေပြီး ရိက္ခာ၊ ခဲယမ်းကိုလည်း လေကြောင်းမှချထားပေးမှုများရှိနေကြောင်းသိရသည်။

NP News ကသိရသော အချက်အလက်များအရ လွန်ခဲ့သောသုံးရက်ခန့်က ခမရ(၅၄၄)၏ကာကင်းကို AA ကသိမ်းခဲ့ပြီး ဒီဇင် ဘာလ (၁၃)ရက်တွင် ရာဘာကုန်းနှင့် လူပျိုဆောင် ကုန်းကိုပါ ထပ်မံရသွားကြောင်းသိရသည်။ ခမရ (၃၄၆)နှင့် ရိပ်သာတွင် AA များ အပြည့်နေရာယူထားကာ ခမရ (၅၄၄)ကို နှစ်ဖက်ညှပ်တိုက်ရန် စီစဉ် နေကြောင်းလည်း သိရသည်။

" တောင်ကုတ်တစ်မြို့လုံးမှာလည်းအ ပြည့်ပဲ။ သင်္ဘောဆိပ်ကနေ မနေ့က စက်လှေတွေနဲ့ ဝင်လာတာတဲ့။ တောင်ကုတ်ကို အလုံးအရင်းနဲ့ လုပ်နေတာတဲ့။ မြို့ထဲမှာ လူအယောက် ငါးထောင်ကျော်တယ်တဲ့" ဟု AA တို့၏စစ်အင်အားဖြည့်တင်းမှု အခြေအနေအကြောင်း ၎င်းက ဆိုသည်။

တပ်မတော်အနေဖြင့် လေကြောင်း ပစ်ကူများပေးနေပြီး ရိက္ခာ၊ ခဲယမ်းကိုလည်း လေကြောင်းမှ ချထားပေးမှုများရှိနေကြောင်း သိရသည်။ သို့သော် အမ်းနှင့်တောင်ကုတ်မှ တပ်မတော်သားများအနေ ဖြင့် လေကြောင်းပစ်ကူကို ပိုမိုထိထိရောက်ရောက် ပေးရန်လည်း လိုလားနေကြသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် တောင်ကုတ် နှင့်အမ်းမှ တပ်မတော်သားအနေဖြင့် စစ်ကူများကို လည်း မျှော်လင့်နေကြသည်။ " မှီခိုကလေးနဲ့သက်ကြီးရွယ်အိုတွေ လွတ်ရင်ရပါပြီ။ ရဲမေတွေ ပြန်တိုက်ယူ ဆိုယူပေးပါ့မယ်" ဟု တောင်ကုတ်မှ သတင်းရင်းမြစ်က ဆိုလေသည်။

ရခိုင်ပြည်နယ်မှ AA ထပ်မံတိုက်ပွဲဖော်ဆောင်နေသည့် နောက်ထပ်တစ်နေရာမှာ ဂွမြို့နယ် တွင်ဖြစ်သည်။ သံတွဲမြို့ကို ထိန်းချုပ်ပြီးနောက် ဩ ဂုတ်လအတွင်း AA က ဂွဘက်ကို ဆက်လက်တိုက်ပွဲဖော်ဆောင်နေခြင်းဖြစ်ကာ ဒီဇင်ဘာလ (၁၃)ရက် တွင်သိရှိရသော သတင်းအချက်အလက်များအရ တိုက်ပွဲသည် ဂွမြို့နှင့် ငါးမိုင်ခန့်အကွာရှိ စည်ပင်ရွာဘက်တွင်ဖြစ်ပွားနေကြောင်းသိရသည်။ သို့သော် AA အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးဘက်သို့ ဆက်လက်တက်လာဖွယ်မရှိဘဲ တပ်မတော်နှင့်ဆိုင် ထားရုံမျှသာ လုပ်ဆောင်ဖွယ်ရှိသည်။ သို့သော် ဂွမြို့ အခြေအနေကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ် သည်။ လတ်တလောတွင် AA အတွက် နောက်ထပ် စစ်မျက်နှာဖော်လာနိုင်သည့်မြို့မှာ ကျောက်ဖြူမြို့ ဖြစ်ဖွယ်ရှိကြောင်း ဒေသခံများက သုံးသပ်ချက်များ ရှိသည်။ အကယ်၍သာ တောင်ကုတ်နှင့်အမ်းမြို့ကို AA တို့ အလုံးစုံရသွားပါက နောက်ထပ်ပစ်မှတ်မှာ ကျောက်ဖြူမြို့ဖြစ်ဖွယ်ရှိကြောင်း ဆိုကြသည်။

စစ်တွေသည် ပြည်နယ်၏မြို့တော်ဖြစ်သည့်အပြင် ရေတပ်လည်း အင်အားပြည့်ရှိပြီး တပ်မ တော်ကလည်း ထပ်မံပြင်ဆင်မှုများပြုလုပ်ထားသည့်အတွက် AA အနေဖြင့် တို့ထိဖွယ်မရှိဟု ခန့်မှန်းရသည်။ မာန်အောင်မြို့မှာမူ ကျွန်းပေါ်မှမြို့ငယ်သာဖြစ်ပြီး AA အတွက် အလွန်အမင်း စိတ်ဝင်စားဖွယ်မရှိ လောက်ပေ။

" အမ်းကျပြီးရင်တော့ ကျောက်ဖြူနဲ့ ရေ တပ်က နောက်ထပ်ပစ်မှတ်ဖြစ်လာနိုင်ပါတယ်။ ကျောက်ဖြူ နယ်မြေ အခြေအနေကတော့ မြို့ပေါ်မှာ ခြေလျင် တပ်ရင်းနှစ်ရင်း ရှိပါတယ်။ ရေတပ်ကလည်း ခံစစ်ကို သေချာပြင်ဆင်ထားပါတယ်" ဟု ကျောက်ဖြူမြို့အခြေအနေနှင့်ပတ်သက်၍သိရှိသူ သတင်း ရင်းမြစ်တစ်ဦးက ဆိုသည်။ ကျောက်ဖြူမြို့သည် နိုင်ငံတော်အဆင့်၊ မဟာဗျူဟာအဆင့် အရေးကြီး သောနေရာဖြစ်ပြီး ကျောက်ဖြူမြို့အတွက် အသေးစိတ်ပြင်ဆင်မှုများ ပြုလုပ်ထားစေလိုကြောင်းလည်း ၎င်းကပင် အကြံပြုပြောကြားသည်။

တောင်ကုတ်နှင့်အမ်းရှိ တပ်မတော်စခန်း များကိုသိမ်းပိုက်နိုင်ခဲ့မည်ဆိုပါက AA တို့၏ နောက် ထပ်ပစ်မှတ်အဖြစ် ကျောက်ဖြူကိုရွေးချယ်လိမ့်မည်ဆိုခြင်းမှာ အကြောင်းရှိသည်။ အဓိကအားဖြင့် တရုတ်နှင့်စကားပြောရန် AA ခေါင်းဆောင်တို့အတွက် အရေးကြီးသောဖဲတစ်ချပ်အဖြစ် ကျောက်ဖြူ က အသုံးဝင်နေ၍ဖြစ်၏။ တရုတ်အနေဖြင့်လည်း ကျောက်ဖြူဖဲချပ်ကြောင့် AA နှင့် မဖြစ်မနေ စကားပြောလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏အကျိုးစီးပွားကို AAတို့ မတို့မထိဘဲ စစ်ပွဲဖော်ရန်သာ တွန်းအားပေးလိမ့် မည်ဖြစ်သည်။ AA အတွက်လည်း တောင်ကုတ်နှင့် အမ်းမှ အင်အားများက အသင့်သုံးရန်ရှိနေပြီလည်း ဖြစ်၏။

ကျောက်ဖြူတွင် ယခင်ကပင် AAက အစိုးရကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ/ဆရာမ များကို ခြိမ်းခြောက်မှုများပြုလုပ်ခဲ့သေးသည်။ ထို့ ကြောင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာ သင်ကြားရေးများ အခက်အခဲတွေ့ခဲ့ကြရသည်။ ပြော ရမည်ဆိုလျှင် ကျောက်ဖြူ မြို့နယ်အတွင်း၌လည်း AA များ စိမ့်ဝင်နေသည့်သဘောဖြစ်သည်။

" ပြီးခဲ့တဲ့ရက်ပိုင်းမှာတင် ကျောက်ဖြူဘက် နယ်တစ်ကျောလုံးကရွာတွေမှာ ညလုံးပေါက် ဆောင်းဘောက်တွေဖွင့်ပြီး အောင်ပွဲခံကြပါတယ်။ လက်ရှိအခြေအနေမှာ ဗဗ က ဆက်တိုက်အနိုင်ရ နေလို့ အောင်စိတ်ရနေတယ်လို့ပြောလို့ရပါတယ်။ ရွာတွေဘက်မှာ သတင်းပေးတောင်မွေးရတာ ခက်ပါတယ်။ ကြောက်တာရော၊ ထောက်ခံတာရောကြောင့် ပါ" ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

AA အနေဖြင့် တိုက်ပွဲ အခြေအနေကောင်း နေသော်လည်း တစ်ဖက်တွင် ၎င်းတို့ထိန်းချုပ်မှု အောက်ရှိ ရခိုင်ပြည်သူများ၏အခြေအနေမှာမူ တစ်စထက်တစ်စ အခြေအနေဆိုးလာနေသည်။ ကုန်ဈေး နှုန်းကြီးမြင့်ခြင်း၊ ဆေးဝါးရှားပါးခြင်းနှင့် တိကျသော အုပ်ချုပ်ရေးမရှိသောကြောင့် မလုံခြုံမှု အခြေအနေ ကို ကြုံတွေ့နေကြရသည်။ " အောင်ပွဲတွေရနေတဲ့ တစ်ဖက်မှာ ပြည်သူတွေအတွက် အုပ်ချုပ်ရေးပြဿ နာတွေကြုံနေရတာတွေဖြစ်လာနေတယ်။ လုယက် တာတွေဖြစ်နေတယ်။ ပြီးတော့ ငွေရှိတဲ့သူတွေက လည်း ဘေးလွတ်ရာ ရှောင်ကြတယ်လေ။ အဲဒီသူဌေး တွေကကော ရခိုင်ပြန်မလားဆို မပြန်ဘူး" ဟု ရခိုင် ပြည်နယ်မှ အမည်မဖော်လိုသော သတင်းရင်းမြစ်တစ်ဦးကဆိုသည်။

zawgyi version
နခခ(၅)၊ ေတာင္ကုတ္နဲ႔ အမ္းၿပီးရင္ AA တို႔ရဲ႕ေနာက္ထပ္ျဖစ္ႏိုင္ေျခပစ္မွတ္
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၁၆

ျမန္မာႏိုင္ငံႏွင့္ဘဂၤလားေဒ့ရွ္ႏိုင္ငံနယ္စပ္မွ အေရးပါေသာေနရာျဖစ္သည့္ အမွတ္(၅)နယ္ျခား ေစာင့္တပ္ရင္း-နခခ(၅)ကို အၿပီးသတ္သိမ္းယူလိုက္ေၾကာင္း ဒီဇင္ဘာ(၁၀)ရက္တြင္ AA က ေၾကညာ ခ်က္ထုတ္ျပန္ခဲ့သည္။

အဆိုပါစခန္းသည္ ဘူးသီးေတာင္၊ ေမာင္ေတာေဒသတြင္ တပ္မေတာ္၏ေနာက္ဆုံးလက္က်န္ စခန္းတစ္ခုျဖစ္ၿပီး အဆိုပါစခန္းမွခုခံေနသည့္ စကခ(၁၅)၏ကြပ္ကဲေရးမႉး ဗိုလ္မႉးခ်ဳပ္သူရိန္ထြန္းကို လည္းဖမ္းဆီးလိုက္ေၾကာင္း AA က ဆိုထားသည္။

နခခ(၅)ကို AA က ရသြားၿပီးေနာက္ ဘူးသီးေတာင္၊ ေမာင္ေတာတစ္ခုလုံးကို ထိန္းခ်ဳပ္ႏိုင္ၿပီ ျဖစ္ေၾကာင္း AA က ထုတ္ျပန္ေသာဓာတ္ပုံမ်ားတြင္ ျမင္ေတြ႕ရသည္။ နခခ(၅) ျဖစ္စဥ္ႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဘက္က တစ္စုံတစ္ရာ ထုတ္ျပန္ျခင္းမ်ိဳးမေတြ႕ရေသးေပ။

AA က တိုက္ပြဲမ်ား ျပန္လည္ေဖာ္ေဆာင္လာသည့္ တစ္ေက်ာ့ျပန္ ရခိုင္တိုက္ပြဲကာလ တစ္ႏွစ္ ေက်ာ္အတြင္း ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕ႏွင့္ ရခိုင္ျပည္နယ္မွ ၿမိဳ႕နယ္(၁၁)ၿမိဳ႕နယ္ကို AA က ထိန္းခ်ဳပ္ထားသည့္အေနအထားျဖစ္သည္။

ျပည္နယ္၏ၿမိဳ႕ေတာ္ျဖစ္ေသာ စစ္ေတြၿမိဳ႕၊ ေက်ာက္ျဖဴၿမိဳ႕ႏွင့္ မာန္ေအာင္ၿမိဳ႕တို႔ကို အစိုးရက အျပည့္အဝထိန္းခ်ဳပ္ထားၿပီး အမ္း၊ ေတာင္ကုတ္ႏွင့္ ဂြတို႔တြင္ တပ္မေတာ္ ႏွင့္ AA အၾကား တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနသည္။ အမ္းၿမိဳ႕မွာ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ရွိရာ အေရးပါေသာၿမိဳ႕ျဖစ္ၿပီး ရခိုင္ျပည္နယ္၏ ဝင္ေပါက္ၿမိဳ႕လည္းျဖစ္သည္။ အမ္းၿမိဳ႕၏တစ္ဖက္တြင္ မေကြးတိုင္းေဒသႀကီးရွိရာ ကုန္လမ္းမွ ကုန္ပစၥည္း ဝင္၊ ထြက္ရာ၊ စစ္ေရးအရ အေရးပါေသာ ၿမိဳ႕ျဖစ္သည့္အတြက္ AA က အသည္းအ သန္လိုခ်င္ေနေသာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည္။

အမ္းၿမိဳ႕ကိုတိုက္ခိုက္ရန္အတြက္ AA က ဧၿပီလအတြင္းကပင္ အရိပ္အေယာင္မ်ား စတင္ျပခဲ့ၿပီး အဆိုပါလအေစာပိုင္းတြင္ အမ္း-ပဒါန္း ကားလမ္းကို ရက္အကန႔္အသတ္မရွိပိတ္ေၾကာင္း ဆိုခဲ့သည္။ စက္တင္ဘာလကစတင္ခဲ့ေသာ AA ၏ အမ္းၿမိဳ႕သိမ္းေရးတိုက္ပြဲမွာ တတိတိျဖင့္တျဖည္းျဖည္းခ်င္း စတင္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။ AA ဘက္က အင္အားအလြန္အကြၽံသုံးၿပီး တပ္မေတာ္ဘက္ကလည္း က်ားကုတ္က်ားခဲခုခံခဲ့ရာ AA ဘက္တြင္ ေသဆုံးသူလည္းမ်ားျပားခဲ့သည္။

AA က ၎တို႔၏ေသဆုံးသူမ်ားေနရာတြင္ ကာမိေစရန္အတြက္ အရပ္သားမ်ားကို ေပၚတာဆြဲေရွ႕တန္းပို႔ခဲ့ျခင္းမ်ားလည္းရွိၿပီး တပ္မေတာ္ဘက္က သိမ္းဆည္းရမိခဲ့ေသာအေလာင္းမ်ားထဲတြင္ အမ်ိဳး သမီးမ်ား၊ စစ္မႈထမ္းရန္မသင့္ေတာ္ေသာ က်န္းမာေရးအေျခအေနရွိသူမ်ားပင္ ပါဝင္ခဲ့သည္။

"ထားပါေတာ့ အမ္းကရပ္ကြက္ေတြမွာ ဆက္ေၾကးေပးဖို႔ဆင့္တာေပါ့။ အဲဒီေတာ့ ရပ္ကြက္ ေတြကေန အမ်ိဳးသမီးနဲ႔ ကေလးေတြကပဲသြားပို႔တာ ေပါ့။ အဲဒီအခါ ျပန္မလႊတ္ေတာ့ဘူး။ ေသနတ္ပစ္က သင္တာလည္း ခဏေလးပဲေလ။ ပစ္အားလိုတာကိုး။ ထိတာမထိတာထက္ က်ည္ထြက္ဖို႔လိုတယ္ဆိုၿပီး ေခၚတယ္လို႔ထင္တယ္။ တပ္မေတာ္ဘက္က အေလာင္းေတြမိတယ္"ဟု NP News ၏ စစ္ေရးသတင္းအရင္း အျမစ္တစ္ဦးက ဆိုသည္။

အမ္းၿမိဳ႕ကိုသိမ္းပိုက္ရန္အတြက္ AA ႏွင့္ ၎တို႔ထံပူးေပါင္းေနေသာအဖြဲ႕မ်ားသည္ အမ္း- စစ္ေတြလမ္း၊ အမ္း-ပဒါန္းလမ္းစသည္ျဖင့္ လမ္းမ်ားကို ပိတ္ဆို႔ျခင္းမ်ားျပဳလုပ္ထားရာ တပ္မေတာ္ကလည္း စစ္ကူေပးရန္၊ ရိကၡာေထာက္ရန္ႀကိဳးပမ္းေနၿပီး ေလေၾကာင္းပစ္ကူမ်ားလည္း ေပးေနသည္။

"လက္ရွိမွာ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ေတာ့ရွိတယ္။ ဒီေကာင္ေတြ(AA)က သိမ္းဖို႔ ႀကိဳးစားေနတုန္းပဲ"ဟု အထက္ပါသတင္းရင္းျမစ္က ဒီဇင္ဘာ(၃၁)ရက္တြင္ေျပာသည္။ အမ္းၿမိဳ႕မက်ရန္အတြက္ လိုအပ္ေသာ အစီအမံမ်ားကို တပ္မေတာ္ဘက္က ေဆာင္႐ြက္ေနၿပီး AA အေနျဖင့္လည္း အဆိုပါၿမိဳ႕ကိုရပါက AA အတြက္ မေကြးတိုင္းေဒသႀကီးအတြင္းက ၎တို႔မဟာမိတ္ငယ္မ်ားႏွင့္ခ်ိတ္ဆက္ရန္ အား ေကာင္းသြားမည္ျဖစ္သည္။

"AA က အေပၚပိုင္း မေကြးတိုင္းနဲ႔ ခ်ိတ္ဆက္မႈကိုရခ်င္တာ။ အဲဒါေၾကာင့္ အမ္းကို ျပင္းျပင္း ထန္ထန္ ရည္မွန္းခ်က္ထားၿပီးတိုက္ေနတာ။ မေကြးဘက္မွာ သူတို႔နဲ႔ခ်ိတ္ဆက္ထားတဲ့အဖြဲ႕ေတြနဲ႔ လမ္း ေၾကာင္းရသြားမယ္ဆိုတဲ့ ေမွ်ာ္မွန္းခ်က္ရွိတယ္"ဟု စစ္ေရးအကဲခတ္သူတစ္ဦးက သုံးသပ္သည္။

ခ်င္းညီေနာင္အဖြဲ႕ဟုဆိုေသာ ခ်င္းလက္ နက္ကိုင္ပူးေပါင္းအဖြဲ႕ႏွင့္မဟာမိတ္လုပ္ထားေသာ AA က အမ္းၿမိဳ႕ကိုရပါက မတူပီ၊ မင္းတပ္ဘက္တြင္ လႈပ္ရွားေနေသာ ခ်င္းညီေနာင္အဖြဲ႕၊ မေကြးတိုင္းေဒသႀကီးအတြင္းလႈပ္ရွားေနေသာ လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ ခ်ိတ္ဆက္မိရန္ ေမွ်ာ္လင့္ထားပုံရသည္။
ျပည္ပေရာက္မီဒီယာမ်ားတြင္ က်ယ္က်ယ္ျပန႔္ျပန႔္ ေရးသားခ်က္မ်ားအတြင္း အမ္းၿမိဳ႕အၿပီး ပဒါန္းဘက္သို႔ AA တက္လာႏိုင္သည္ဆိုေသာအခ်က္ပါရွိေသာ္လည္း ပဒါန္းေဒသခံတစ္ဦးက မစိုးရိမ္ေၾကာင္း ဆိုသည္။

"အခုတိုင္းဆို ပဒါန္းကအေျခအေနေကာင္းပါတယ္။ ရခိုင္ဘက္ ဒုကၡသည္ေတြကေတာ့ ဝင္ၾကတယ္။ အမ္းၿမိဳ႕ေပၚကေရာ၊ ႐ြာဘက္ေတြေရာ ဒုကၡသည္ေတြ ဝင္တာပါ။ AA ကေတာ့ စိမ့္မဝင္ပါ ဘူး။ နတ္ေရကန္၊ ဂုတ္ႀကီးတစ္ဝိုက္ေတာ့ ႀကိဳၾကားႀကိဳၾကားေပါ့။ PDF ပဲထင္တယ္။ ဒီဘက္ကို ေတာ္ ေတာ္တန္တန္မလာႏိုင္ဘူး။ ဘာလို႔လဲဆိုေတာ့ (၄၀၉)တပ္ရင္းရွိတယ္၊ (၉၀၅)အေျမာက္တပ္ ရွိ တယ္။ ေနာက္ (၃၇၅) အေျမာက္တပ္ရွိတယ္၊ ကပစ (၁၄)ရွိတယ္။ အရမ္းေတာ့ ဒီဘက္ကိုမလာႏိုင္ပါဘူး" ဟု ၎ကဆိုသည္။

AA က အင္အားအမ်ားအျပားသုံးၿပီး ဆက္လက္တိုက္ခိုက္ေနေသာေနရာမွာ ေတာင္ကုတ္ ၿမိဳ႕တြင္ျဖစ္သည္။ လက္ရွိ NP News ကရရွိေသာသတင္းအခ်က္အလက္မ်ားအရ AA က ေတာင္ကုတ္ၿမိဳ႕အတြင္းဝင္ႏိုင္ေသာ္လည္း အမွတ္(၅) စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ စကခ (၅) ရရွိရန္အတြက္ကိုမူ တိုက္ေနရဆဲျဖစ္သည္။ " ၿမိဳ႕ကေတာ့ဝင္ႏိုင္မွာေပါ့။ တပ္နဲ႔ၿမိဳ႕နဲ႔က နည္းနည္းလွမ္းတာကိုး" ဟု ေတာင္ကုတ္ၿမိဳ႕မွတိုက္ပြဲမ်ား အေၾကာင္း သိရွိသူသတင္းရင္းျမစ္တစ္ဦးကဆိုသည္။

ဇြန္လအတြင္းကစတင္ကာ ေတာင္ကုတ္ ၿမိဳ႕နယ္တြင္ တပ္မေတာ္ႏွင့္ AA အၾကား တိုက္ပြဲမ်ား စတင္ျဖစ္ပြားခဲ့ၿပီး ႏိုဝင္ဘာလတြင္ ဖိုခေနာက္ဆိုင္ တည္ရွိေနေသာ အမွတ္(၅) စစ္ဆင္ေရးကြပ္ကဲမႈ ဌာနခ်ဳပ္ စကခ (၅)၊ ခမရ(၅၄၄)ႏွင့္ ခမရ(၃၄၆) တို႔ကို လနဲ႔ခ်ီတိုက္ခိုက္ေနျခင္းျဖစ္သည္။ တပ္မေတာ္ သားမ်ားအေနျဖင့္ AA ၏ တိုက္ခိုက္မႈကို ခုခံတိုက္ခိုက္ေနကာ AAက ဒ႐ုန္းမ်ားကိုလည္း အသုံးျပဳ တိုက္ခိုက္ေနေၾကာင္း သိရသည္။ " ၅၄၄ အိမ္ေထာင္သည္လိုင္းခန္း ဝင္စီးေနၿပီ။ စကခ(၅)ကေတာ့ အေျခ အေနေအးေဆးပါပဲ။ အခုကေတာ့ ၿငိမ္ေနတယ္။ (၃၄၆)က မေန႔ (ဒီဇင္ဘာလ ၁၂ ရက္)က ပါသြား တယ္။ ေတာင္ကုတ္ကို AA က လူအလုံးအရင္းနဲ႔ လုပ္ေနတာ" ဟု အထက္ပါ သတင္းရင္းျမစ္ကဆို သည္။ တပ္မေတာ္အေနျဖင့္ ေလေၾကာင္းပစ္ကူမ်ား ေပးေနၿပီး ရိကၡာ၊ ခဲယမ္းကိုလည္း ေလေၾကာင္းမွခ်ထားေပးမႈမ်ားရွိေနေၾကာင္းသိရသည္။

NP News ကသိရေသာ အခ်က္အလက္မ်ားအရ လြန္ခဲ့ေသာသုံးရက္ခန႔္က ခမရ(၅၄၄)၏ကာကင္းကို AA ကသိမ္းခဲ့ၿပီး ဒီဇင္ ဘာလ (၁၃)ရက္တြင္ ရာဘာကုန္းႏွင့္ လူပ်ိဳေဆာင္ ကုန္းကိုပါ ထပ္မံရသြားေၾကာင္းသိရသည္။ ခမရ (၃၄၆)ႏွင့္ ရိပ္သာတြင္ AA မ်ား အျပည့္ေနရာယူထားကာ ခမရ (၅၄၄)ကို ႏွစ္ဖက္ညႇပ္တိုက္ရန္ စီစဥ္ ေနေၾကာင္းလည္း သိရသည္။

" ေတာင္ကုတ္တစ္ၿမိဳ႕လုံးမွာလည္းအ ျပည့္ပဲ။ သေဘၤာဆိပ္ကေန မေန႔က စက္ေလွေတြနဲ႔ ဝင္လာတာတဲ့။ ေတာင္ကုတ္ကို အလုံးအရင္းနဲ႔ လုပ္ေနတာတဲ့။ ၿမိဳ႕ထဲမွာ လူအေယာက္ ငါးေထာင္ေက်ာ္တယ္တဲ့" ဟု AA တို႔၏စစ္အင္အားျဖည့္တင္းမႈ အေျခအေနအေၾကာင္း ၎က ဆိုသည္။

တပ္မေတာ္အေနျဖင့္ ေလေၾကာင္း ပစ္ကူမ်ားေပးေနၿပီး ရိကၡာ၊ ခဲယမ္းကိုလည္း ေလေၾကာင္းမွ ခ်ထားေပးမႈမ်ားရွိေနေၾကာင္း သိရသည္။ သို႔ေသာ္ အမ္းႏွင့္ေတာင္ကုတ္မွ တပ္မေတာ္သားမ်ားအေန ျဖင့္ ေလေၾကာင္းပစ္ကူကို ပိုမိုထိထိေရာက္ေရာက္ ေပးရန္လည္း လိုလားေနၾကသည္။

လက္ရွိတြင္ ရခိုင္ျပည္နယ္ ေတာင္ကုတ္ ႏွင့္အမ္းမွ တပ္မေတာ္သားအေနျဖင့္ စစ္ကူမ်ားကို လည္း ေမွ်ာ္လင့္ေနၾကသည္။ " မွီခိုကေလးနဲ႔သက္ႀကီး႐ြယ္အိုေတြ လြတ္ရင္ရပါၿပီ။ ရဲေမေတြ ျပန္တိုက္ယူ ဆိုယူေပးပါ့မယ္" ဟု ေတာင္ကုတ္မွ သတင္းရင္းျမစ္က ဆိုေလသည္။

ရခိုင္ျပည္နယ္မွ AA ထပ္မံတိုက္ပြဲေဖာ္ေဆာင္ေနသည့္ ေနာက္ထပ္တစ္ေနရာမွာ ဂြၿမိဳ႕နယ္ တြင္ျဖစ္သည္။ သံတြဲၿမိဳ႕ကို ထိန္းခ်ဳပ္ၿပီးေနာက္ ဩ ဂုတ္လအတြင္း AA က ဂြဘက္ကို ဆက္လက္တိုက္ပြဲေဖာ္ေဆာင္ေနျခင္းျဖစ္ကာ ဒီဇင္ဘာလ (၁၃)ရက္ တြင္သိရွိရေသာ သတင္းအခ်က္အလက္မ်ားအရ တိုက္ပြဲသည္ ဂြၿမိဳ႕ႏွင့္ ငါးမိုင္ခန႔္အကြာရွိ စည္ပင္႐ြာဘက္တြင္ျဖစ္ပြားေနေၾကာင္းသိရသည္။ သို႔ေသာ္ AA အေနျဖင့္ ဧရာဝတီတိုင္းေဒသႀကီးဘက္သို႔ ဆက္လက္တက္လာဖြယ္မရွိဘဲ တပ္မေတာ္ႏွင့္ဆိုင္ ထား႐ုံမွ်သာ လုပ္ေဆာင္ဖြယ္ရွိသည္။ သို႔ေသာ္ ဂြၿမိဳ႕ အေျခအေနကို ဆက္လက္ေစာင့္ၾကည့္ရမည္ျဖစ္ သည္။ လတ္တေလာတြင္ AA အတြက္ ေနာက္ထပ္ စစ္မ်က္ႏွာေဖာ္လာႏိုင္သည့္ၿမိဳ႕မွာ ေက်ာက္ျဖဴၿမိဳ႕ ျဖစ္ဖြယ္ရွိေၾကာင္း ေဒသခံမ်ားက သုံးသပ္ခ်က္မ်ား ရွိသည္။ အကယ္၍သာ ေတာင္ကုတ္ႏွင့္အမ္းၿမိဳ႕ကို AA တို႔ အလုံးစုံရသြားပါက ေနာက္ထပ္ပစ္မွတ္မွာ ေက်ာက္ျဖဴၿမိဳ႕ျဖစ္ဖြယ္ရွိေၾကာင္း ဆိုၾကသည္။

စစ္ေတြသည္ ျပည္နယ္၏ၿမိဳ႕ေတာ္ျဖစ္သည့္အျပင္ ေရတပ္လည္း အင္အားျပည့္ရွိၿပီး တပ္မ ေတာ္ကလည္း ထပ္မံျပင္ဆင္မႈမ်ားျပဳလုပ္ထားသည့္အတြက္ AA အေနျဖင့္ တို႔ထိဖြယ္မရွိဟု ခန႔္မွန္းရသည္။ မာန္ေအာင္ၿမိဳ႕မွာမူ ကြၽန္းေပၚမွၿမိဳ႕ငယ္သာျဖစ္ၿပီး AA အတြက္ အလြန္အမင္း စိတ္ဝင္စားဖြယ္မရွိ ေလာက္ေပ။

" အမ္းက်ၿပီးရင္ေတာ့ ေက်ာက္ျဖဴနဲ႔ ေရ တပ္က ေနာက္ထပ္ပစ္မွတ္ျဖစ္လာႏိုင္ပါတယ္။ ေက်ာက္ျဖဴ နယ္ေျမ အေျခအေနကေတာ့ ၿမိဳ႕ေပၚမွာ ေျခလ်င္ တပ္ရင္းႏွစ္ရင္း ရွိပါတယ္။ ေရတပ္ကလည္း ခံစစ္ကို ေသခ်ာျပင္ဆင္ထားပါတယ္" ဟု ေက်ာက္ျဖဴၿမိဳ႕အေျခအေနႏွင့္ပတ္သက္၍သိရွိသူ သတင္း ရင္းျမစ္တစ္ဦးက ဆိုသည္။ ေက်ာက္ျဖဴၿမိဳ႕သည္ ႏိုင္ငံေတာ္အဆင့္၊ မဟာဗ်ဴဟာအဆင့္ အေရးႀကီး ေသာေနရာျဖစ္ၿပီး ေက်ာက္ျဖဴၿမိဳ႕အတြက္ အေသးစိတ္ျပင္ဆင္မႈမ်ား ျပဳလုပ္ထားေစလိုေၾကာင္းလည္း ၎ကပင္ အႀကံျပဳေျပာၾကားသည္။

ေတာင္ကုတ္ႏွင့္အမ္းရွိ တပ္မေတာ္စခန္း မ်ားကိုသိမ္းပိုက္ႏိုင္ခဲ့မည္ဆိုပါက AA တို႔၏ ေနာက္ ထပ္ပစ္မွတ္အျဖစ္ ေက်ာက္ျဖဴကိုေ႐ြးခ်ယ္လိမ့္မည္ဆိုျခင္းမွာ အေၾကာင္းရွိသည္။ အဓိကအားျဖင့္ တ႐ုတ္ႏွင့္စကားေျပာရန္ AA ေခါင္းေဆာင္တို႔အတြက္ အေရးႀကီးေသာဖဲတစ္ခ်ပ္အျဖစ္ ေက်ာက္ျဖဴ က အသုံးဝင္ေန၍ျဖစ္၏။ တ႐ုတ္အေနျဖင့္လည္း ေက်ာက္ျဖဴဖဲခ်ပ္ေၾကာင့္ AA ႏွင့္ မျဖစ္မေန စကားေျပာလိမ့္မည္ျဖစ္ၿပီး ၎တို႔၏အက်ိဳးစီးပြားကို AAတို႔ မတို႔မထိဘဲ စစ္ပြဲေဖာ္ရန္သာ တြန္းအားေပးလိမ့္ မည္ျဖစ္သည္။ AA အတြက္လည္း ေတာင္ကုတ္ႏွင့္ အမ္းမွ အင္အားမ်ားက အသင့္သုံးရန္ရွိေနၿပီလည္း ျဖစ္၏။

ေက်ာက္ျဖဴတြင္ ယခင္ကပင္ AAက အစိုးရေက်ာင္းမ်ားတြင္ ပညာသင္ၾကားေနေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ဆရာ/ဆရာမ မ်ားကို ၿခိမ္းေျခာက္မႈမ်ားျပဳလုပ္ခဲ့ေသးသည္။ ထို႔ ေၾကာင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ ပညာ သင္ၾကားေရးမ်ား အခက္အခဲေတြ႕ခဲ့ၾကရသည္။ ေျပာ ရမည္ဆိုလွ်င္ ေက်ာက္ျဖဴ ၿမိဳ႕နယ္အတြင္း၌လည္း AA မ်ား စိမ့္ဝင္ေနသည့္သေဘာျဖစ္သည္။

" ၿပီးခဲ့တဲ့ရက္ပိုင္းမွာတင္ ေက်ာက္ျဖဴဘက္ နယ္တစ္ေက်ာလုံးက႐ြာေတြမွာ ညလုံးေပါက္ ေဆာင္းေဘာက္ေတြဖြင့္ၿပီး ေအာင္ပြဲခံၾကပါတယ္။ လက္ရွိအေျခအေနမွာ ဗဗ က ဆက္တိုက္အႏိုင္ရ ေနလို႔ ေအာင္စိတ္ရေနတယ္လို႔ေျပာလို႔ရပါတယ္။ ႐ြာေတြဘက္မွာ သတင္းေပးေတာင္ေမြးရတာ ခက္ပါတယ္။ ေၾကာက္တာေရာ၊ ေထာက္ခံတာေရာေၾကာင့္ ပါ" ဟု အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။

AA အေနျဖင့္ တိုက္ပြဲ အေျခအေနေကာင္း ေနေသာ္လည္း တစ္ဖက္တြင္ ၎တို႔ထိန္းခ်ဳပ္မႈ ေအာက္ရွိ ရခိုင္ျပည္သူမ်ား၏အေျခအေနမွာမူ တစ္စထက္တစ္စ အေျခအေနဆိုးလာေနသည္။ ကုန္ေဈး ႏႈန္းႀကီးျမင့္ျခင္း၊ ေဆးဝါးရွားပါးျခင္းႏွင့္ တိက်ေသာ အုပ္ခ်ဳပ္ေရးမရွိေသာေၾကာင့္ မလုံၿခဳံမႈ အေျခအေန ကို ႀကဳံေတြ႕ေနၾကရသည္။ " ေအာင္ပြဲေတြရေနတဲ့ တစ္ဖက္မွာ ျပည္သူေတြအတြက္ အုပ္ခ်ဳပ္ေရးျပႆ နာေတြႀကဳံေနရတာေတြျဖစ္လာေနတယ္။ လုယက္ တာေတြျဖစ္ေနတယ္။ ၿပီးေတာ့ ေငြရွိတဲ့သူေတြက လည္း ေဘးလြတ္ရာ ေရွာင္ၾကတယ္ေလ။ အဲဒီသူေဌး ေတြကေကာ ရခိုင္ျပန္မလားဆို မျပန္ဘူး" ဟု ရခိုင္ ျပည္နယ္မွ အမည္မေဖာ္လိုေသာ သတင္းရင္းျမစ္တစ္ဦးကဆိုသည္။

Related news

© 2021. All rights reserved.