သံလမ်းကို ဆိုင်ကယ်ဖြင့်ဖြတ်မောင်းသူအမျိုးသား ရထားနှင့်တိုက်ခံရပြီး သေဆုံး

 510

ချယ်ရီ (NP News) - ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်တွင် သံလမ်းကို ဆိုင်ကယ်ဖြင့်ဖြတ်မောင်းသူအမျိုးသား ရထား နှင့်တိုက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်မှာ ပြီးခဲ့သည့် (ဇွန်လ ၁၄ ရက်)၊ နံနက် (၉) နာရီ ၃ဝ မိနစ်အချိန်ခန့်က ဖြူးမြို့ နယ်၊ ညောင်ပင်သာဘူတာအနီးရှိ မီးရထားလမ်း မိုင်တိုင်အမှတ် (၁၂၈) မိုင်၊ (၁ဝ) ဖာလုံနှင့် (၁၁) ဖာလုံကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ညောင်ပင်သာနယ်မြေရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ ရွာမဘက်မှ ပဲခူးလမ်းဘက်သို့ ဆိုင်ကယ်ဖြင့်မောင်းနှင် လာသော ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာတွင်နေထိုင်သည့် အသက်(၅၃)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသည် အထက်ပါနေရာရှိ ရထားသံလမ်းကူးအား ဖြတ်ကျော်မောင်းနှင်စဉ် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ထွက်ခွာလာသည့် အမှတ်(၁၁)အဆန်ရထားနှင့် တိုက်မိခဲ့သောကြောင့် ၎င်းတွင်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
ထို့ကြောင့် သေဆုံးသူကို ညောင်ပင်သာနယ်မြေရဲစခန်းက မြန်မာ့မီးရထားဥပဒေပုဒ်မ (၈၅) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version:
သံလမ္းကို ဆိုင္ကယ္ျဖင့္ျဖတ္ေမာင္းသူအမ်ိဳးသား ရထားႏွင့္တိုက္ခံရၿပီး ေသဆုံး
ခ်ယ္ရီ (NP News) - ဇြန္ ၁၆
ပဲခူးတိုင္းေဒသႀကီး ျဖဴးၿမိဳ႕နယ္တြင္ သံလမ္းကို ဆိုင္ကယ္ျဖင့္ျဖတ္ေမာင္းသူအမ်ိဳးသား ရထား ႏွင့္တိုက္ခံရၿပီး ေသဆုံးသြားခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါျဖစ္စဥ္မွာ ၿပီးခဲ့သည့္ (ဇြန္လ ၁၄ ရက္)၊ နံနက္ (၉) နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္က ျဖဴးၿမိဳ႕ နယ္၊ ေညာင္ပင္သာဘူတာအနီးရွိ မီးရထားလမ္း မိုင္တိုင္အမွတ္ (၁၂၈) မိုင္၊ (၁ဝ) ဖာလုံႏွင့္ (၁၁) ဖာလုံၾကားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေညာင္ပင္သာနယ္ေျမရဲစခန္းမွ တာဝန္ရွိသူမ်ားက သြားေရာက္စစ္ေဆးခဲ့ရာ ႐ြာမဘက္မွ ပဲခူးလမ္းဘက္သို႔ ဆိုင္ကယ္ျဖင့္ေမာင္းႏွင္ လာေသာ ျဖဴးၿမိဳ႕နယ္၊ ေညာင္ပင္သာေက်း႐ြာတြင္ေနထိုင္သည့္ အသက္(၅၃)ႏွစ္အ႐ြယ္ရွိ အမ်ိဳးသားတစ္ဦးသည္ အထက္ပါေနရာရွိ ရထားသံလမ္းကူးအား ျဖတ္ေက်ာ္ေမာင္းႏွင္စဥ္ ရန္ကုန္ဘက္မွ မႏၲေလးဘက္သို႔ ထြက္ခြာလာသည့္ အမွတ္(၁၁)အဆန္ရထားႏွင့္ တိုက္မိခဲ့ေသာေၾကာင့္ ၎တြင္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အတြင္း ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ ေသဆုံးသူကို ေညာင္ပင္သာနယ္ေျမရဲစခန္းက ျမန္မာ့မီးရထားဥပေဒပုဒ္မ (၈၅) ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.