KNDF က လွိုင်ကော်ကို ပြန်တိုက်ရန် ပြင်ဆင်နေသဖြင့် မြို့ခံများစိုးရိမ်နေ
494
သန့်ဇင် (NP News) - ဒီဇင်ဘာ ၁၆
ကယားပြည်နယ် လွိုင်ကော်မြို့ကို ဒုတိယအကြိမ်တိုက်ခိုက်ရန် KNDF ပူးပေါင်းအဖွဲ့က အင်အားဖြည့်တင်းနေလျက်ရှိပြီး တိုက်ပွဲပြန်ဖြစ်လာမည်ကို မြို့ခံများမလိုလားကြောင်း NP News မှတစ်ဆင့်ပြောဆိုထားသည်။
KNDF လက်နက်ကိုင်ပူးပေါင်းအဖွဲ့က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၁)ရက်တွင် (၁၁၁၁) စစ်ဆင်ရေးအမည်ဖြင့် လွိုင်ကော်မြို့ကို တိုက်ပွဲဖော်ခဲ့ရာမှ ဒေသခံများ၏ အိုးအိမ်များပျက်စီး ထိခိုက်ခဲ့ရသဖြင့် တပ်မတော်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရသည်။
လက်ရှိတွင် လွိုင်ကော်မြို့ကို နစကအစိုးရက ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေချိန်ဖြစ်ပြီး လာမည့် (၂၀၂၅)ခုနှစ်အတွင်း တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်နိုင်သည့် အခြေအနေများဖြစ်ပေါ်နေကြောင်း ဒေသခံများက သုံးသပ်ပြောဆိုထားကြသည်။
"သူတို့ဘက် (KNDF) လက်နက်ကိုင် ပူးပေါင်းအဖွဲ့)က အားယူနေတဲ့ပုံစံပေါ့။ ဒီဘက်မှာက ကောက်ပဲသီးနှံတွေသိမ်းနေတဲ့အချိန်လည်း ဖြစ်တယ်။ ဒီကောက်ပဲသီးနှံတွေပေါ်မှ သူတို့အတွက်လည်း ဝင်ငွေရပြီ။ ဝင်ငွေရရင် သူတို့လိုအပ်ချက်ကို ဖြည့်ပြီးတော့ စားနပ်ရိက္ခာကအစပေါ့နော်။ လက်နက်ခဲယမ်းကအစ စုပြီးလွိုင်ကော်မြို့မှာ တစ်ကျော့ပြန်တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့တော့ ကျွန်တော် ထင်တယ်။ အခုလည်း ပင်မမြို့ကြီးကိုထားပြီးတော့ ကိုင်းဖျားတွေဖြစ်တဲ့ ဖားဆောင်း၊ မိုးဗြဲ၊ ဖယ်ခုံတို့ ဘက်ကကို ဝင်တိုက်နေတယ်။ အဲဒါတွေပြီးရင် လွိုင်ကော်မြို့ကြီးပဲကျန်မှာလေ။ သူတို့ရည်ရွယ်ချက်ကိုတော့ကျွန်တော်တို့ အဲဒီလိုသုံးသပ်လို့ရတယ်"ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။
လက်ရှိတွင် လွိုင်ကော်မြို့အနီးဒေသများဖြစ်သော ဘော်လ်ခဲ၊ ဖရုဆို၊ ဖားဆောင်း၊ ဒီမောဆို၊ မိုးဗြဲနှင့် ဖယ်ခုံဒေသတို့တွင် KNDF လက်နက်ကိုင် ပူးပေါင်းအဖွဲ့များက အင်အားဖြည့်တင်းနေလျက်ရှိပြီး လွိုင်ကော်မြို့အား ဒုတိယအကြိမ်တိုက်ခိုက်ရန် စီစဉ်နေကြောင်း ၎င်းကဆက်ပြောသည်။ "အင်အားက တော့ (၂၀ဝဝ)(၃၀ဝဝ)လောက်စုနေပြီလို့ကြားတယ်။ တပ်မတော်ရဲ့ အင်အားနည်းတဲ့စခန်းတွေကို လိုက်တိုက်နေတယ်။ အဲဒီကနေ လက်နက်တွေပြန်စုနေတယ်။ ဒီတစ်ခါဆိုရင်တော့ ပြည်သူတွေမထွက် တော့ ထိမယ့်သဘောရှိတယ်။ သူတို့ကလည်းမထွက်နိုင်တော့ဘူးလေ။ အရင်တစ်ခါစဖြစ်တုန်းက မြို့ထဲမှာ တပ်မတော်နဲ့ ပြန်လို့မရတဲ့ဝန်ထမ်းလောက်ပဲရှိတော့တာ။ နောက်ဆုံးဒီမှာ ဖုန်းဘေတောင်ရောင်းမယ့်လူ မရှိတော့ဘူးဖြစ်ခဲ့တာ။ အဲဒီတုန်းက လွတ်လွတ်ကျွတ်ကျွတ်ရှောင်ခဲ့တော့ အထိနည်းတာပေါ့နော်။ ဒီတစ်ခါမှာတော့ တော်တော်အခက်အခဲဖြစ်တော့ မရှောင်နိုင်တော့ရင် ဖြစ်လာတဲ့အခါကျ မြို့သူမြို့သားတွေထိတော့မှာ။ ကျွန်တော်ကတော့ ကိုယ်ချင်းစာတယ်။ ကိုယ့်မိသားစုတွေသာဆိုရင် ဘယ်လိုလုပ်မလဲပေါ့"ဟု ၎င်းကဆက်ပြောသည်။
လွိုင်ကော်မြို့တွင် တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖော်ဆောင်လာမည်ကိုလည်း ဒေသခံများက လုံးဝလက်မခံကြောင်း တိုက်ပွဲဖြစ်ပေါ်လာပါကလည်း ရှောင်တိမ်းရန်အစီစဉ်မရှိတော့ကြောင်း အခြားသော ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။
"သူတို့ကတော့ မလိုလားတော့ဘူး။ ကျွန်တော်လည်းစစ်ဖြစ်တာနဲ့သိတာလေးတွေကိုပြောပြတဲ့အခါမှာလည်း မလာရင်အကောင်းဆုံးပေါ့။ လာရင်သူတို့အိုးအိမ်တွေပျက်စီးခဲ့ရတယ်။ ဒီတစ်ခေါက်လာ ရင်တော့ ဒီကောင်တွေက မွေးကတည်းက သေသင့်တဲ့ကောင်တွေလို့ ကျွန်တော့်ကိုပြောတာတွေလည်းရှိတယ်။ လာပါလို့လည်းပြောလို့မရသလို မလာပါနဲ့လို့လည်းပြောလို့မရဘူးလေ။ အဲဒီတော့ ကျွန်တော် တို့က ကိုယ့်မြို့ကိုယ်ကာကွယ်ဖို့တော့ရှိတယ်။ အဓိက ကတော့ အောင်မြင်အောင်လုပ်ဖို့ သန္နိဋ္ဌာန်ချထား တယ်။ ကျွန်တော်တို့က ဖြစ်စေချင်တာက တောထဲမှာဖြစ်ပေါ့။ မြို့ထဲမှာတော့ လာမဖြစ်စေချင်ဘူး။ မလိုလားအပ်တဲ့ ပြည်သူတွေရဲ့အသက်တွေ။ အိုးအိမ်တွေ စည်းစိမ်တွေ ဆုံးရှုံးရတဲ့အတွက်မဖြစ်စေချင်ဘူး။ အခုဆိုရင်လည်း မြို့ကြီးကိုသန့်ရှင်းရေးလုပ်ပြီး ရှင်းလင်းရတဲ့အတွက် ပြီးခဲ့တဲ့စစ်တုန်းက သူတို့ ထောင်ခဲ့တဲ့မိုင်းတွေကြောင့် ကျိုးတာကြေတာသေတာတွေက အခုထိရှိတုန်းပဲ။ အခုနောက်တစ်ကျော့ပြန်လာမယ်ဆိုရင်တော့ ဒီလူတွေက ပထမတုန်းကတော့ ကြောက်လို့ပြေးကြရှောင်ကြတယ်။ အခုကျရင်တော့ မရှောင်နိုင်တော့ဘူး။ သူတို့ကလည်း သူများအရပ်ဒေသမှာသွားနေရတာ ဒုက္ခပေါင်းများစွာရောက်တယ်" ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။
လွိုင်ကော်မြို့သည် KNDF လက်နက်ကိုင်ပူးပေါင်းအဖွဲ့ဖော်ဆော်ခဲ့သော (၁၁၁၁) စစ်ဆင်ရေးကြောင့် ပျက်စီးထိခိုက်မှုများစွာရှိခဲ့သည့်အပြင် ပြီးခဲ့သည့် စက်တင်ဘာလကလည်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့ခဲ့ရဖူးသည်။
zawgyi version
KNDF က လြိဳင္ေကာ္ကို ျပန္တိုက္ရန္ ျပင္ဆင္ေနသျဖင့္ ၿမိဳ႕ခံမ်ားစိုးရိမ္ေန
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၁၆
ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕ကို ဒုတိယအႀကိမ္တိုက္ခိုက္ရန္ KNDF ပူးေပါင္းအဖြဲ႕က အင္အားျဖည့္တင္းေနလ်က္ရွိၿပီး တိုက္ပြဲျပန္ျဖစ္လာမည္ကို ၿမိဳ႕ခံမ်ားမလိုလားေၾကာင္း NP News မွတစ္ဆင့္ေျပာဆိုထားသည္။
KNDF လက္နက္ကိုင္ပူးေပါင္းအဖြဲ႕က ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာလ (၁၁)ရက္တြင္ (၁၁၁၁) စစ္ဆင္ေရးအမည္ျဖင့္ လြိဳင္ေကာ္ၿမိဳ႕ကို တိုက္ပြဲေဖာ္ခဲ့ရာမွ ေဒသခံမ်ား၏ အိုးအိမ္မ်ားပ်က္စီး ထိခိုက္ခဲ့ရသျဖင့္ တပ္မေတာ္က ျပန္လည္ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ရသည္။
လက္ရွိတြင္ လြိဳင္ေကာ္ၿမိဳ႕ကို နစကအစိုးရက ျပန္လည္ထူေထာင္ေရးလုပ္ေဆာင္ေနခ်ိန္ျဖစ္ၿပီး လာမည့္ (၂၀၂၅)ခုႏွစ္အတြင္း တစ္ေက်ာ့ျပန္တိုက္ပြဲမ်ား ျပန္လည္ျဖစ္ေပၚႏိုင္သည့္ အေျခအေနမ်ားျဖစ္ေပၚေနေၾကာင္း ေဒသခံမ်ားက သုံးသပ္ေျပာဆိုထားၾကသည္။
"သူတို႔ဘက္ (KNDF) လက္နက္ကိုင္ ပူးေပါင္းအဖြဲ႕)က အားယူေနတဲ့ပုံစံေပါ့။ ဒီဘက္မွာက ေကာက္ပဲသီးႏွံေတြသိမ္းေနတဲ့အခ်ိန္လည္း ျဖစ္တယ္။ ဒီေကာက္ပဲသီးႏွံေတြေပၚမွ သူတို႔အတြက္လည္း ဝင္ေငြရၿပီ။ ဝင္ေငြရရင္ သူတို႔လိုအပ္ခ်က္ကို ျဖည့္ၿပီးေတာ့ စားနပ္ရိကၡာကအစေပါ့ေနာ္။ လက္နက္ခဲယမ္းကအစ စုၿပီးလြိဳင္ေကာ္ၿမိဳ႕မွာ တစ္ေက်ာ့ျပန္တိုက္ပြဲေတြျဖစ္လာႏိုင္တယ္လို႔ေတာ့ ကြၽန္ေတာ္ ထင္တယ္။ အခုလည္း ပင္မၿမိဳ႕ႀကီးကိုထားၿပီးေတာ့ ကိုင္းဖ်ားေတြျဖစ္တဲ့ ဖားေဆာင္း၊ မိုးၿဗဲ၊ ဖယ္ခုံတို႔ ဘက္ကကို ဝင္တိုက္ေနတယ္။ အဲဒါေတြၿပီးရင္ လြိဳင္ေကာ္ၿမိဳ႕ႀကီးပဲက်န္မွာေလ။ သူတို႔ရည္႐ြယ္ခ်က္ကိုေတာ့ကြၽန္ေတာ္တို႔ အဲဒီလိုသုံးသပ္လို႔ရတယ္"ဟု လြိဳင္ေကာ္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။
လက္ရွိတြင္ လြိဳင္ေကာ္ၿမိဳ႕အနီးေဒသမ်ားျဖစ္ေသာ ေဘာ္လ္ခဲ၊ ဖ႐ုဆို၊ ဖားေဆာင္း၊ ဒီေမာဆို၊ မိုးၿဗဲႏွင့္ ဖယ္ခုံေဒသတို႔တြင္ KNDF လက္နက္ကိုင္ ပူးေပါင္းအဖြဲ႕မ်ားက အင္အားျဖည့္တင္းေနလ်က္ရွိၿပီး လြိဳင္ေကာ္ၿမိဳ႕အား ဒုတိယအႀကိမ္တိုက္ခိုက္ရန္ စီစဥ္ေနေၾကာင္း ၎ကဆက္ေျပာသည္။ "အင္အားက ေတာ့ (၂၀ဝဝ)(၃၀ဝဝ)ေလာက္စုေနၿပီလို႔ၾကားတယ္။ တပ္မေတာ္ရဲ႕ အင္အားနည္းတဲ့စခန္းေတြကို လိုက္တိုက္ေနတယ္။ အဲဒီကေန လက္နက္ေတြျပန္စုေနတယ္။ ဒီတစ္ခါဆိုရင္ေတာ့ ျပည္သူေတြမထြက္ ေတာ့ ထိမယ့္သေဘာရွိတယ္။ သူတို႔ကလည္းမထြက္ႏိုင္ေတာ့ဘူးေလ။ အရင္တစ္ခါစျဖစ္တုန္းက ၿမိဳ႕ထဲမွာ တပ္မေတာ္နဲ႔ ျပန္လို႔မရတဲ့ဝန္ထမ္းေလာက္ပဲရွိေတာ့တာ။ ေနာက္ဆုံးဒီမွာ ဖုန္းေဘေတာင္ေရာင္းမယ့္လူ မရွိေတာ့ဘူးျဖစ္ခဲ့တာ။ အဲဒီတုန္းက လြတ္လြတ္ကြၽတ္ကြၽတ္ေရွာင္ခဲ့ေတာ့ အထိနည္းတာေပါ့ေနာ္။ ဒီတစ္ခါမွာေတာ့ ေတာ္ေတာ္အခက္အခဲျဖစ္ေတာ့ မေရွာင္ႏိုင္ေတာ့ရင္ ျဖစ္လာတဲ့အခါက် ၿမိဳ႕သူၿမိဳ႕သားေတြထိေတာ့မွာ။ ကြၽန္ေတာ္ကေတာ့ ကိုယ္ခ်င္းစာတယ္။ ကိုယ့္မိသားစုေတြသာဆိုရင္ ဘယ္လိုလုပ္မလဲေပါ့"ဟု ၎ကဆက္ေျပာသည္။
လြိဳင္ေကာ္ၿမိဳ႕တြင္ တစ္ေက်ာ့ျပန္တိုက္ပြဲမ်ား ျပန္လည္ေဖာ္ေဆာင္လာမည္ကိုလည္း ေဒသခံမ်ားက လုံးဝလက္မခံေၾကာင္း တိုက္ပြဲျဖစ္ေပၚလာပါကလည္း ေရွာင္တိမ္းရန္အစီစဥ္မရွိေတာ့ေၾကာင္း အျခားေသာ ေဒသခံအမ်ိဳးသားတစ္ဦးက ဆက္ေျပာသည္။
"သူတို႔ကေတာ့ မလိုလားေတာ့ဘူး။ ကြၽန္ေတာ္လည္းစစ္ျဖစ္တာနဲ႔သိတာေလးေတြကိုေျပာျပတဲ့အခါမွာလည္း မလာရင္အေကာင္းဆုံးေပါ့။ လာရင္သူတို႔အိုးအိမ္ေတြပ်က္စီးခဲ့ရတယ္။ ဒီတစ္ေခါက္လာ ရင္ေတာ့ ဒီေကာင္ေတြက ေမြးကတည္းက ေသသင့္တဲ့ေကာင္ေတြလို႔ ကြၽန္ေတာ့္ကိုေျပာတာေတြလည္းရွိတယ္။ လာပါလို႔လည္းေျပာလို႔မရသလို မလာပါနဲ႔လို႔လည္းေျပာလို႔မရဘူးေလ။ အဲဒီေတာ့ ကြၽန္ေတာ္ တို႔က ကိုယ့္ၿမိဳ႕ကိုယ္ကာကြယ္ဖို႔ေတာ့ရွိတယ္။ အဓိက ကေတာ့ ေအာင္ျမင္ေအာင္လုပ္ဖို႔ သႏၷိ႒ာန္ခ်ထား တယ္။ ကြၽန္ေတာ္တို႔က ျဖစ္ေစခ်င္တာက ေတာထဲမွာျဖစ္ေပါ့။ ၿမိဳ႕ထဲမွာေတာ့ လာမျဖစ္ေစခ်င္ဘူး။ မလိုလားအပ္တဲ့ ျပည္သူေတြရဲ႕အသက္ေတြ။ အိုးအိမ္ေတြ စည္းစိမ္ေတြ ဆုံးရႈံးရတဲ့အတြက္မျဖစ္ေစခ်င္ဘူး။ အခုဆိုရင္လည္း ၿမိဳ႕ႀကီးကိုသန႔္ရွင္းေရးလုပ္ၿပီး ရွင္းလင္းရတဲ့အတြက္ ၿပီးခဲ့တဲ့စစ္တုန္းက သူတို႔ ေထာင္ခဲ့တဲ့မိုင္းေတြေၾကာင့္ က်ိဳးတာေၾကတာေသတာေတြက အခုထိရွိတုန္းပဲ။ အခုေနာက္တစ္ေက်ာ့ျပန္လာမယ္ဆိုရင္ေတာ့ ဒီလူေတြက ပထမတုန္းကေတာ့ ေၾကာက္လို႔ေျပးၾကေရွာင္ၾကတယ္။ အခုက်ရင္ေတာ့ မေရွာင္ႏိုင္ေတာ့ဘူး။ သူတို႔ကလည္း သူမ်ားအရပ္ေဒသမွာသြားေနရတာ ဒုကၡေပါင္းမ်ားစြာေရာက္တယ္" ဟု အထက္ပါသတင္းရင္းျမစ္ကေျပာသည္။
လြိဳင္ေကာ္ၿမိဳ႕သည္ KNDF လက္နက္ကိုင္ပူးေပါင္းအဖြဲ႕ေဖာ္ေဆာ္ခဲ့ေသာ (၁၁၁၁) စစ္ဆင္ေရးေၾကာင့္ ပ်က္စီးထိခိုက္မႈမ်ားစြာရွိခဲ့သည့္အျပင္ ၿပီးခဲ့သည့္ စက္တင္ဘာလကလည္း ေရႀကီးေရလွ်ံမႈႏွင့္ ထပ္မံႀကဳံေတြ႕ခဲ့ရဖူးသည္။