"ငရဲတွင်းထဲ မျက်ဝါးထင်ထင် သက်ဆင်းလိုက်ရသော ဗန်းမော်မြို့ခံများ " (အင်တာဗျူး)

 2246

သုတကျော် (NP News) - ဒီဇင်ဘာ ၁၆

မြို့တွင်းတိုက်ပွဲများ ဖြစ်ပွားလာတော့မည်ဟု ကောလာဟလသတင်းများစွာ ထွက်ပေါ်နေသော ဗန်းမော်မြို့သည် ဒီဇင်ဘာလ (၄)ရက် နံနက်အစောပိုင်း (၅)နာရီတွင် အမှန်တကယ်ကြုံတွေ့လိုက်ကြရရာ မြို့ခံအများအပြား အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် မြို့မှအသက်လုထွက်ပြေးခဲ့ကြရသည်။ ပထဝီအနေ အထားအရ ထွက်ပေါက်နည်းပါးသောဗန်းမော်မြို့သည် စစ်ကိုအမှန်တကယ်ကြုံတွေ့လာရသောအခါ မြို့ခံများအတွက် အခက်အခဲများစွာတွေ့ကြုံကြရပြီး စစ်ဘေးရှောင်အများအပြားမှာလည်း မည်သည့် နေရာသို့ ရောက်နေမှန်းမသိရတော့ဘဲ အဆက်အသွယ်လည်း ပြတ်တောက်သွားခဲ့သည်။ အဆိုပါအခြေ အနေများနှင့်ပတ်သက်၍ ဗန်းမော်မြို့မှ ထွက်ပြေးတိမ်းရှောင်လာခဲ့သော မြို့ခံတစ်ဦးထံ NP News မှမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

မေး - အခုတိုက်ပွဲတွေဖြစ်နေတဲ့ ဗန်းမော်မြို့အခြေ အနေကို အရင်ဆုံးပြောပြပေးပါ။ ဗန်းမော်ဟာ စီးပွား ရေးကောင်းတဲ့ မြို့တစ်မြို့လား။
ဖြေ - စီးပွားရေးလုပ်လို့ ကောင်းတာပေါ့။ သူက နယ်စပ်ရဲ့ဂိတ်ပေါက်မရှိပေမယ့် နယ်စပ်ကနေလာသမျှ ပစ္စည်းတွေအကုန် တော်တော်များများ ဗန်းမော်ဘက် ကထွက်ကြတာလေ။ နယ်စပ်ကိုလည်း ပစ္စည်းတွေပို့ တယ်လေ။ မြန်မာပြည်ထဲကထွက်တဲ့ပစ္စည်းတွေက လွယ်ဂျယ်လမ်းကနေလည်းပို့ကြတာကိုး။ ဆန်တို့ ဘာတို့လည်းပို့ကြတယ်လေ။ ဟိုဘက်ကနေလည်း ပစ္စည်းတွေလာတယ်။ မူဆယ်လောက်လည်း အရမ်းကြီး Develop မဖြစ်ဘူးပေါ့နော်။ မူဆယ်ဘက်က တော့ ပိုဖြစ်တာပေါ့။ ဗန်မော်က အဲဒီလောက်မဖြစ်ပေမယ့် သမိုင်းအဆက်ဆက်က ဗန်းမော်ဟာ တရုတ် ပြည်နဲ့လမ်းပေါက်တာကိုး။ မြစ်ကြောင်းကနေ တာ ပိန်မြစ်ကြောင်းအတိုင်းဆင်းလာရင် ဗန်းမော်ကို တိုက်ရိုက်ပေါက်တယ်လေ။

မေး - တိုက်ပွဲတွေမလာခင်က သတင်းကြိုပြီး ကြား ရတာရှိလား။ ပြီးခဲ့တဲ့နှစ်တိုက်ပွဲတွေစဖြစ်တုန်းက အခြေအနေကို ပြန်ပြီးပြောပြပေးပါလား။
ဖြေ - ပထမဆုံးက ကြိုကြား ကြိုကြား တိုက်ပွဲတွေက ကြားရတယ်။ ဘယ်ကနေစလဲဆိုတော့ အစ်မတို့ မြို့ သစ်ရွာဘက်ကတပ်တွေကို အရင်စတိုက်တာ။ အဓိ က သူကဘယ်လိုလဲဆိုတော့ မြစ်ကြီးနားနဲ့ဗန်းမော် နဲ့ ကားလမ်းမပေါ်မှာရှိတာ။ သူတို့က လိုင်ဇာဘက်က ဆင်းလာရင် အရင်ရောက်တဲ့နေရာပေါ့။ တဖြည်း ဖြည်းရွေ့လာတာ။ အပေါ်တက်ရင် မြစ်ကြီးနား၊ အောက်ကိုဆင်းလာရင် ဗန်းမော်။ အဲဒီဘက်ကတပ် ရင်းတွေကိုတိုက်ရာက တိုက်ပွဲက ဒီဘက်ကိုရွေ့လာ တာ။ အစ်မတို့ ကြားနေတာကကြာပြီ။ ဒီဘက်ကနေပြီး မြို့သစ်ကို ဘယ်လိုပစ်ကူတယ်ဘာညာပေါ့။ လက် နက်ကြီးသံတွေက တောက်လျှောက်ကြားနေရတယ်။ ပထမဆုံး ဆိုးဆိုးရွားရွားအခြေအနေက ဘယ်ကနေ စဖြစ်လာလဲဆိုတော့ မြို့သစ်ကနေတိုက်လာရင်းက နေ (၃၈၇)တို့ တစ်တပ်ပြီးတစ်တပ် သူတို့တိုက်တယ်။ မနှစ်က မတ်လ(၇)ရက်မှာကျတော့ ဗန်းမော်လေဆိပ် ကို ရှော့တိုက်ဒုံးအတိုက်ခံရပြီ။ အဲဒီမှာ မြို့က တော် တော်ကိုလန့်သွားတယ်။ အဲဒီမှာ မြို့ကလူတွေကစစ် ရှောင်ကြတယ်။ အစက မရှောင်သေးဘူး။ လေဆိပ် အတိုက်ခံရတဲ့အချိန်မှာ လေကြောင်းပိတ်လိုက်တယ်။ ပိတ်လိုက်တော့ နဂိုကလမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲတဲ့ဒေသလေ။ ကားလမ်းကလည်းမကောင်းဘူး။ လေယာဉ်တစ်ခုတည်းအားပြုပြီး သွားလာနေရတဲ့ မြို့ဖြစ်တယ်။ ကားလမ်းကလည်း သပိတ်ကျင်းမှာ တိုက်ပွဲတွေဖြစ်တော့ ပတ်သွားရတာလေ။ စစ်ကိုင်း တိုင်းမှာလည်း တိုက်ပွဲတွေဖြစ်တော့ အရမ်းခက်ခဲ တယ်။ ကားလမ်းက နှစ်ညအိပ်လောက်သွားရတယ်။ လမ်းက တော်တော်ဆိုးတာ။ လမ်းလုံးဝ မပေါက်တဲ့ လမ်းပေါ့။ နောက်ဆုံး ကားတွေကို ဆင်တွေနဲ့ဆွဲရ တယ်။ အခုဆို ထွန်စက်တွေနဲ့ဆွဲနေရတယ်။ အဲဒီလို လမ်းတွေကနေသွားရတာဖြစ်တဲ့အတွက် လေယာဉ်ပဲ အဓိကသွားရတာ။ လေကြောင်းလမ်းပိတ်တော့ မြို့ကလူတွေ တော်တော်တုန်လှုပ်သွားတယ်။ အဲဒီမှာ စပြီး စစ်ရှောင်ကြတယ်။ စစ်ရှောင်တယ်ဆိုတာလည်း တခြားမြို့ရွာကို စစ်ရှောင်ဖို့ဆိုတာလည်း လွယ်တာမှမဟုတ်တာ။ ကိုယ့်မြို့ရွာတွေကျန်ခဲ့တယ်။ ကိုယ့်လုပ် ငန်းတွေကျန်ခဲ့တယ်၊ ပစ္စည်းတွေကျန်ခဲ့တယ်။ မိသား စုတွေ ကျန်ခဲ့တယ်။ အိမ်တွေဘာတွေရှိရင်တောင် ရာသီဥတုအနေအထားမတူတဲ့အတွက် မနေနိုင်ကြဘူး။ ဒါကြောင့် ဗန်းမော်ကလူတွေက ဗန်းမော်စွဲအရမ်း ကြီးတယ်။ ဒါ ပွင့်ပွင့်လင်းလင်းပြောတာ။ ခေါက်ဆွဲ တောင် ဗန်းမော်ခေါက်ဆွဲမှကောင်းတာတို့၊ ဗန်းမော် ဟာလေးမှချိုတာပေါ့။ ဒေသစွဲရှိတော့ ပြန်ကြတယ် ပေါ့။ တချို့တွေက မနေနိုင်ဘူးပြန်ကြတယ်။ ရှောင် လည်းခဏပေါ့။ ရှောင်လိုက်ပြန်သွားလိုက်။ တချို့က လည်း မရှောင်တော့ဘူးပေါ့။ စီးပွားရေး မတောင့်တင်း ဘူး။ တခြားမြို့မှာလည်း မရှာဖွေတတ်ဘူးဆိုတဲ့သူ တွေကတော့ ကျန်ခဲ့တာပေါ့။ ကိုယ့်စီးပွားရေး ပင်မ ထောက်တိုင်က ဗန်းမော်ဖြစ်နေတာကိုး။ ရွှေတောက လူတွေကလည်း အရမ်းအလုပ်ဖြစ်နေတော့ ပိုက်ဆံ ရှာလို့ရနေသေးတော့ ပြန်ကြတာပေါ့မောင်လေးရယ် ဒါပါပဲ။ သတင်းကလည်း ခဏခဏ ကြားနေရတာလေ။ နေ့သိမ်းမယ် ညသိမ်းမယ် အသံတွေကလည်း ခဏ ခဏကြားနေတာလေ။ ဒီလိုနဲ့ လက်နက်ကြီးကလည်း မြို့ထဲကိုကျတာဖြစ်လာတယ်လေ။ မတ်လမှာစဖြစ် တယ်။ လေယာဉ်ကွင်းဖြစ်တယ်။ လေယာဉ်က တစ်ပတ်ပဲနားပြီး ပြန်သွားတော့ လူတွေက ပုံမှန်လိုပဲပြန် ဖြစ်သွားကော။ (၇)လပိုင်းလောက်ကပေါ့။

မေး - ပြီးခဲ့တဲ့ နှစ် (၇)လပိုင်းပေါ့။
ဖြေ - ဟုတ်တယ် (၇)လပိုင်းလောက် ဖြစ်မယ်။မြို့ ထဲကို လက်နက်ကြီးကျတယ်။ လူတွေသေတယ်ပေါ့။ အဲဒီမှာ မြို့ကထပ်ပြီး ပြန်လှုပ်ပြန်ရော။ နောက်တော့ လည်း ဒီလိုပဲပြန်ဖြစ်ပြန်ရော။ အစ်မဆို မတ်လ လောက်မှာရှောင်ခဲ့တယ်။ မြို့ထဲကို လက်နက်ကြီးကျ တော့ ဖုန်းလိုင်းတွေကမရတော့ဘူး။ အဲဒီနောက်ပိုင်း ကို ဖုန်းလိုင်းတွေမရတော့ ဖုန်းတွေမရတော့ဘူး။ MEC တစ်မျိုးပဲရတယ်။ လေယာဉ်ကလည်း ပြေးဆွဲ နေတယ်။ နောက်ကျတော့ ဖုန်းလိုင်းတွေပြန်ရတယ်။ ဖုန်းလိုင်းက ရလိုက် မရလိုက် တာဝါတိုင်နဲ့ တစ်မိုင် ပတ်လည်မှာ ရတယ်ပေါ့။ တစ်မိုင်ပတ်လည်လေးမှာ ဖုန်းလာ ပြန်ဆက်ကြနဲ့ မြို့လေးက ယဲ့ယဲ့လေး ရပ်တည်နေခဲ့ကြတာပေါ့။

မေး - အခု နောက်ဆုံးတိုက်ပွဲတွေမှာ ဗန်းမော်မြို့က ကြိုပြီးသတင်းရကြလား။ အဆက်အသွယ်တွေက ကော ဘယ်အထိရခဲ့ပါသလဲ။
ဖြေ - ဒီဇင်ဘာလ(၄)ရက်မှာဖြစ်တယ်ဆိုရင် ဒီဇင် ဘာ(၁)ရက်လောက်ကျတော့ Mytel တွေရတယ်။ ကြားထဲ Ooredoo လည်း တစ်ခေါက်ရတယ်။ Mytel ရတယ်ဆိုပြီး နောက်နေ့မှာ အင်တာနက်ရ တယ်ဆိုတော့ Video call တွေပြောကြနဲ့ မြို့ကအခြေအနေကောင်းလာပြီထင်ကြတာပေါ့။ ဒါပေမဲ့ အဲဒါ က တချို့မိသားစုဝင်တွေအတွက်တော့ နောက်ဆုံး နှုတ်ဆက်ခြင်းဖြစ်သွားတယ်။ တကယ်ကို အဲဒီလို ဖြစ်သွားတာ။ (၃)ရက်မှာကျတော့ ရုတ်တရက်ရွာ ဘက်မှာရှိတဲ့ ကလေးမိဘတွေက မြို့ပေါ်မှာကျောင်း ထားထားတဲ့ကလေးတွေကို ရုတ်တရက်လာပြန်ခေါ် တယ်။ အမှန်က ရွာဘက်မှာ အားလုံးက ဗန်းမော်ကို ဝင်တော့မယ်ဆိုတာသိနေပြီ။ သူတို့က သူတို့ သား သမီးတွေအကုန်လုံးကို ဝရုန်းသုန်းကား လာပြန်ခေါ် သွားတာကို အစ်မတို့ကမသိတာမဟုတ်ဘူး သိတယ်။ ရုတ်တရက်ကြီးပေါ့။ အဲဒီလို ရွာဘက်က ကလေးတွေ လာပြန်ခေါ်သွားတယ်ပေါ့။ အစ်မတို့ကမထင်ဘူး။ မြို့ ကလူတွေကလည်း လက်နက်ကြီးသံနဲ့ နေသားကျ နေပြီ။ လေးရက်ကျတော့ မနက်(၅)နာရီမှာ တစ်ပြိုင် နက်တည်းဝင်တိုက်တာ။ အဲဒီလိုမျိုးကြားထဲကနေ အခုလို ဖြစ်နေတာပေါ့။ သတင်းတွေကတော့ မောင် လေးသိတဲ့အတိုင်းပဲ။ တစ်မြို့လုံး မီးလောင်နေတယ် တို့၊ အစ်မတို့အိမ်တွေလည်းမရှိတော့ဘူးလို့ကြား တယ်။ ဘာဖြစ်နေတယ်ဆိုတာ မသိရတော့ဘူး။

မေး - အခုနောက်ဆုံး တိုက်ပွဲဖြစ်တော့ မြို့ခံတွေ ထွက်ပြေးရတဲ့အခါ လမ်းကြောင်းကလွယ်ရဲ့လား။
ဖြေ - ခက်တာပေါ့ မောင်လေးကလည်း။ ဘာလို့လဲ ဆိုတော့ ဗန်းမော်မြို့ရဲ့ပုံစံက ဘယ်လိုလဲဆိုတော့ ဧရာဝတီမြစ်ကမ်းပေါ်မှာရှိတဲ့မြို့မဟုတ်ဘူး။ ဧရာဝတီ မြစ်အရှေ့ဘက်ကမ်းလို့သင်ခဲ့ရတာ။ တကယ်က မဟုတ်ဘူး။ အစ်မတို့ဗန်းမော်မြို့က တာပိန်မြစ်ကမ်း ဘေး။ ဧရာဝတီမြစ်နဲ့ တာပိန်မြစ်ဆုံတဲ့နေရာနား။ တာ ပိန်မြစ်ပေါ်က မြို့လေးပေါ့။ ဒါပေမဲ့ ဒီမြို့ရဲ့ပုံစံက မြို့ ပြီးရင်ရေလည်ကျွန်း ပြီးတော့မှ ဧရာဝတီမြစ်ကို ရောက်တာ။ အဲဒီတော့ အစ်မတို့က ပြေးလို့ရှိရင် ဘယ်လိုပြေးရလဲဆိုတော့ အနောက်ဘက်က ဧရာဝတီမြစ်ရှိတယ်။ မြို့ရဲ့အရှေ့ရယ်၊ တောင်ရယ်၊ မြောက် ရယ်ကကျတော့ တောင်တွေနဲ့ပေါ့။ အစ်မတို့မြို့က မြေပြန့်။ အစ်မတို့က မြောက်ဘက်ကိုတက်မယ်ဆိုရင် မြစ်ကြီးနားသွားရင်လည်း တောင်တွေသွားရတာပဲ။ အဲဒီလိုပဲ နောက်ထပ် မြို့ရဲ့တောင်ဘက်ဆိုလည်း ရွှေကူဘက်ကိုဆိုရင်လည်း ရွှေကူနဲ့ဗန်းမော်ကြား ဧရာဝတီရဲ့ ဒုတိယမြစ်ကျဉ်းရှိတယ်လေ။ အဲဒီနေရာ ဆိုလည်း တောင်ကြောလမ်းကိုသွားရတာပဲ။ နောက် ပြီးတော့ မြို့ရဲ့အရှေ့ဘက်ကျတော့ မံစီဘက်သွားတဲ့ လမ်းကလည်း မံစီရဲ့ဟိုဘက်ကို မိုင်ဂျာယန်တို့ ဘာတို့လေ။ လိုင်ဇာက ဘယ်လိုပေါက်တာလဲဆိုတော့ တြိဂံပုံစံပေါက်တယ် ဗန်းမော်နဲ့လေ။ လိုင်ဇာကနေ မြစ်ကြီးနားလည်းသွားလို့ရတယ်၊ ဗန်းမော်ဘက်ကို လည်း လမ်းတစ်ဖက်က ဆင်းလို့ရတယ်။ လိုင်ဇာက နေ မံစီဘက်ကလည်းဝင်လို့ရတယ်။ အခု ဝင်လာတဲ့ အချိန်မှာ သူတို့က နှစ်ခွလမ်းကနေဝင်လာကြတာ။ အဲဒီတော့ မြို့ကလူတွေကပြေးဖို့ တောင်ဘက်ကလမ်း နဲ့ အနောက်ဘက်ကမြစ်ပဲရှိတော့တာ။ တောင်ဘက် က လမ်းမကောင်းဘူး။ မန္တလေး - ဗန်းမော်လမ်းက မံစီဘက်ကပတ်ဖောက်ထားတာ။ အဲဒီတော့ လေး ဘက်လေးတန်စလုံး ပိတ်မိသလိုဖြစ်သွားတာ။ မြို့ခံ တွေက ဘယ်သွားလို့ သွားရမယ်မသိဘူးဖြစ်သွားတာ။ မြစ်ဘက်ကပြေးတဲ့လူတွေကတော့ ကိုးဆယ် ရာခိုင် နှုန်းလောက်လွတ်တယ်။ မြစ်တစ်ဖက်ကမ်းကရွာ တွေကို အဆင့်ဆင့်ပြေးရတာ။ ရွာကိုပြေးတဲ့အချိန်မှာ ဟိုဘက်ကမ်းကို ကူး၊ ကုန်းပေါ်ရောက်ရင် ဆိုင်ကယ်တွေပြန်စီးရတာ။

မေး - မြို့ကိုရောက်လာတော့ မြို့ခံတွေက ရုတ်တရက်ပြေးကြရတာလား။
ဖြေ - ဟုတ်တယ်။ ဝုန်းဆို ထပြေးရတာ။ အစ်မ အသိတစ်ယောက်ရဲ့အိမ်ဆို သူတို့အိမ်ရှေ့ လက်နက် ကြီးကျတယ်။ သူတို့မိသားစုဝင်တွေ ကစဉ့်ကလျား ဖြစ်သွားတယ်ပေါ့။ သူ့ဝမ်းကွဲအစ်မက မြစ်ဆိပ်ဘက် ပြေးမိတော့ သူပုန်းတဲ့ချုံထဲ လှေသမားရှိလို့ လှေသ မားကောင်းမှုနဲ့ ဟိုဘက်ကမ်းကိုရောက်တယ်။ ပိုက် ဆံတစ်ပြားမှမပါဘူး။ ရောက်တော့မှ ဝတ်ထားတဲ့ ရွှေတိုရွှေစလေးတွေရောင်းပြီးမှ မန္တလေးကို ဆင်းခဲ့ရ တာ။ လဲစရာ အဝတ်တောင်မရှိဘူး။

မေး - အဆက်အသွယ်မရဘဲပျောက်သွားတဲ့ မြို့ခံ တွေလည်း အများကြီးရှိမှာပေါ့။
ဖြေ - အများကြီးရှိတာပေါ့။ သေမှန်းမသိ၊ ရှင်မှန်းမသိ အများကြီးရှိတယ်။ နောက်ဆုံး ကုန်ကုန်ဆို အစ်မ ဆွေမျိုးတွေထဲမှာ ပျောက်သွားတာရှိတယ်။ မိသားစု တွေပေါ့။ အခုချိန်အထိ ဘယ်ရောက်လို့ ရောက်မှန်း မသိဘူး၊ ဘယ်ကိုပြေးမှန်းမသိဘူး။ ဖုန်းလိုင်းလေး ရနေတုန်းကတော့ သူတို့မပြေးသေးဘူး။ အိမ်မှာပဲနေ နေသေးတယ်လေ။ ဘေးက RC တိုက်ထဲ သွားပုန်းနေတာပဲ နောက်ဆုံးသိရတယ်။

မေး - လက်ရှိမြို့အခြေအနေကကော ဘယ်လိုရှိပါသလဲ။
ဖြေ - မြို့ကတော့ တော်တော်များများ မီးလောင် သွားပြီတဲ့။ အခုလောလောဆယ်တော့ ကုန်စုံဆိုင် ကြီးတွေ အဖောက်ခံရတာ သတင်းတက်လာတယ်။ မြို့ကဖြစ်တဲ့အချိန်မှာ မြစ်ကြီးနားဘက်ကနေလာတဲ့ လမ်းပေါ့။ မြို့မှာခံတပ်ကြီးသုံးခုရှိတယ်။ ဥပမာပေး တာပေါ့။ တက္ကသိုလ်တွေ။ မြစ်ကြီးနားကနေလာတဲ့ လမ်းမှာ ဗန်းမော်တက္ကသိုလ်ကိုထားတယ်။ အခု စစ် ဖြစ်တော့ ဗန်းမော်တက္ကသိုလ်ကို မြို့ထဲရွှေ့ပြီး တပ် ကထိုင်နေတယ်။ နောက်တစ်ဖက်မှာ ကွန်ပျူတာ တက္ကသိုလ်ရှိတယ်။ ကွန်ပျူတာတက္ကသိုလ်ရော ဗန်းမော် တက္ကသိုလ်ရော လာတဲ့လမ်းက မြစ်ကြီးနား ကနေပေါက်တဲ့လမ်း။ နောက်ပြီးတော့ မံစီဘက်အထွက်မှာ နည်းပညာတက္ကသိုလ်ရှိတယ်။ အခုလာတဲ့ လူတွေက ကွန်ပျူတာတက္ကသိုလ်နားရောက်တဲ့ အ ချိန် ကွန်ပျူတာတက္ကသိုလ်ကို ဝင်မစီးဘူး။ ကွန်ပျူ တာတက္ကသိုလ်နဲ့ ကပ်လျက်မှာ လက်ရုံးတပ်တွေရှိ တယ်။ အဲဒီတပ်တွေကိုပတ်ကွေ့ပြီး တောလမ်းကနေ မြို့ထဲကိုဝင်လာတာ။ မံစီဘက်ကျတော့ ကာကင်းစခန်းတွေကိုဝင်သိမ်းပြီး မံစီလမ်းကနေ အဓိကဝင်လာတာ။

မေး - မနက် (၅)နာရီ သူတို့ မဝင်ခင် ညပိုင်းမှာကော ဘာတွေထူးခြားပါသလဲ။
ဖြေ - အဲဒီနေ့ ညကကို အစ်မတို့က သတင်းတွေက သိုးသိုးသန့်သန့်ကြားတော့ ပြောနေကြသေးတာ။ ချက်ချင်း ရုတ်တရက်တိုက်မယ်မထင်ခဲ့ဘူး။ ချက်ချင်း ရုတ်တရက်ကြီး အကုန်လုံးကို တစ်ပြိုင်နက်တည်း ဝင်တိုက်တာနော်။ သူတို့က ခုနကကွန်ပျူတာတက္က သိုလ်ပြီးရင် နည်းပညာအထက်တန်းကျောင်းရှိ တယ်။ ကွန်ပျူတာတက္ကသိုလ်ဘက်ကိုရှောင်ပြီး နည်း ပညာကျောင်းဘက်ကိုဝင်တိုက်တာ။ အဲဒါကြောင့် သတင်းထဲ သုံးမိုင်လို့တွေ့လိမ့်မယ်။ သုံးမိုင် မြို့သစ် ပေါ့။ သုံးမိုင်မှာတိုက်ပွဲဖြစ်တယ်။ ဗန်းမော်မှာ မိုင်တွေ နဲ့ပြောကြတာ။ နှစ်မိုင်ရပ်ကွက်ပြီးရင် သုံးမိုင်ရပ်ကွက် အဲဒီလိုပေါ့။ လေးမိုင်ဆို ဆေးတပ်ဖြစ်သွားပြီ။ သုံးမိုင်မှာ သံချပ်ကာတပ်ရှိတယ်။ အဲဒီလိုမျိုးလာတိုက်တဲ့ အချိန် သုံးမိုင်တိုက်တယ် နှစ်မိုင်တိုက်တယ်။ နှစ်မိုင်မှာ လေယာဉ်ကွင်းရှိတယ်။ လေယာဉ်ကွင်းဘက် အခြမ်းလည်း ဆိုးတယ်လို့ပြောတယ်။ မြေပြင်အခြေ အနေကို ဘာမှမသိရတော့ဘူး။ လူတွေက ဆိုင်ကယ် ပေါ် အိတ်တွေတင်ပြီး လျှောက်သွားကြတာ။ တစ်မြို့ လုံး ချောက်ချားစရာကြီးတဲ့။ နောက်ဆုံး ဘယ်လိုမှ မနေရဲတော့လို့ အစ်မအသိတွေဆို ကားနဲ့ထွက်ခဲ့တာ။ ဒီဇင်ဘာ(၆)ရက်ကထွက်တာ (၁၀)ရက်မှ မန္တလေး ရောက်ကြတာ။

မေး - စကားမစပ် ဆောင်းတွင်းရောက်ပြီဆိုတော့ စစ်ဘေးရှောင်တွေ အအေးဒဏ်ကို တော်တော်လေး ခံနေကြရမှာပေါ့။
ဖြေ - ချမ်းတာပေါ့ မောင်လေးရဲ့။ အစ်မတို့ ကချင် ပြည်နယ်က ဒီအချိန် တကယ်စိမ့်နေအောင်အေး တာ။ မဲဇာတောထဲကနေ ဖြတ်လာရတာပေါ့။ အခုလာ တဲ့အဖွဲ့တွေက ကားတန်းအရှည်ကြီးနဲ့လာတာ။ လမ်းတွေကနေလာချိန် လမ်းကအရမ်းကြမ်းတာတဲ့။

မေး - အခု စစ်ဘေးရှောင်ရတော့ ပိုက်ဆံရှိတဲ့သူ တွေက ကားတွေနဲ့ပြေးနိုင်ပေမယ့် ငွေကြေးမတတ်နိုင် တဲ့သူတွေက ဒုက္ခရောက်ကြမှာပေါ့။
ဖြေ - အခု ဗန်းမော်မြို့က မြို့ခံတွေပေါ့ ကားလိုင်း တွေ၊ ယာဉ်လိုင်းအသင်းတွေက လွှတ်ပေးတယ်။ အလှူရှင်ရှိသည် မဖြစ်စေ၊ မရှိသည်ဖြစ်စေ တစ်ရက် ကိုဘယ်လောက်တင်ရင် ခရီးသည်တင်ကား ငါးစီး ပိုက်ဆံယူမယ်ဆို သုံးစီးကို ပိုက်ဆံမယူဘဲ လွှတ်ပေး တယ်တဲ့။ တချို့ကျတော့လည်း ကားခကို ပိုမယူပေး ဘူးတဲ့။ ကားစင်းလုံးငှားမယ်ဆိုရင်တောင် သူတို့ ပြဿနာတက်တယ်တဲ့။ စင်းလုံးငှားမယ်ဆိုရင် အငှား မခံဘူး။ အများနဲ့ မျှသွားရအောင်လို့လေ။ ကြည့်ပေးကြတယ်တဲ့။

မေး-အစ်မတို့မြို့က စည်းလုံးပြီး အချင်းချင်းပြန် ကြည့်ကြတာပေါ့။
ဖြေ - မြို့မှာ လူ (၁၀ဝ)ရှိရင် ကချင်က(၂၀) လောက် ပဲရှိတာ။ ကျန်တာတွေက ရှမ်း၊ ဗမာတွေ။ ရွာလေးလိုပဲ တစ်ယောက်နဲ့တစ်ယောက် သိကြတယ်။ ဥပမာ- သူတို့က မြို့မှာ ဘယ်သူနဲ့မှမသိဘူးနော်။ ခက်ခဲလာ တယ်။ ဒါပေမဲ့ အစ်မဆိုင်နာမည်သာပြောခဲ့။ အဲဒီမှာ နေတယ်ဆိုရင် အကုန်ကူညီတယ်။ ဒါကြောင့် ဗန်း မော်ကလူတွေက ဗန်းမော်ကို အရမ်းချစ်တယ်ဆိုတာ အဲဒါ။ အကုန်လုံးမသိရင်တောင် စမိတ်ဆက်ရင် ဘယ်ဆိုင်ကဘယ်သူပါဆိုတာ သိကြတယ်။ အခုစစ် ဖြစ်တော့ အင်တာနက်မှာ ဂရုတွေလည်းပေါ်လာ တယ်။ ဘုန်းကြီးတွေကအစ ဗန်းမော်အဆက်ပါ လာ နေလို့ရပါတယ် ကူညီကြတယ်။ ရပ်ကွက်တစ်ခုကဆို (၁၂)ဘီးကားနဲ့နီးစပ်ရာခေါ်ပြီး ပြေးလာကြတာ။ လူ (၅၀)ပါတယ်တဲ့။ လူ(၅၀)က ဘယ်သူလဲဆို ဟိုနားက လူပါတယ် ဒီနားက လူပါတယ် အဲဒီလို။ အင်တာနက်ဂရုမှာ ဘယ်သူ့ကိုတွေ့လားဆို တွေ့မိတယ် ဘာညာ အကုန်ပြောကြတယ်။ နီးစပ်ရာတွေကပြောပြကြတယ်။

ကျေးဇူးတင်ပါတယ် ခင်ဗျာ။

zawgyi version
"ငရဲတြင္းထဲ မ်က္ဝါးထင္ထင္ သက္ဆင္းလိုက္ရေသာ ဗန္းေမာ္ၿမိဳ႕ခံမ်ား " (အင္တာဗ်ဴး)
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၁၆

ၿမိဳ႕တြင္းတိုက္ပြဲမ်ား ျဖစ္ပြားလာေတာ့မည္ဟု ေကာလာဟလသတင္းမ်ားစြာ ထြက္ေပၚေနေသာ ဗန္းေမာ္ၿမိဳ႕သည္ ဒီဇင္ဘာလ (၄)ရက္ နံနက္အေစာပိုင္း (၅)နာရီတြင္ အမွန္တကယ္ႀကဳံေတြ႕လိုက္ၾကရရာ ၿမိဳ႕ခံအမ်ားအျပား အဝတ္တစ္ထည္ကိုယ္တစ္ခုျဖင့္ ၿမိဳ႕မွအသက္လုထြက္ေျပးခဲ့ၾကရသည္။ ပထဝီအေန အထားအရ ထြက္ေပါက္နည္းပါးေသာဗန္းေမာ္ၿမိဳ႕သည္ စစ္ကိုအမွန္တကယ္ႀကဳံေတြ႕လာရေသာအခါ ၿမိဳ႕ခံမ်ားအတြက္ အခက္အခဲမ်ားစြာေတြ႕ႀကဳံၾကရၿပီး စစ္ေဘးေရွာင္အမ်ားအျပားမွာလည္း မည္သည့္ ေနရာသို႔ ေရာက္ေနမွန္းမသိရေတာ့ဘဲ အဆက္အသြယ္လည္း ျပတ္ေတာက္သြားခဲ့သည္။ အဆိုပါအေျခ အေနမ်ားႏွင့္ပတ္သက္၍ ဗန္းေမာ္ၿမိဳ႕မွ ထြက္ေျပးတိမ္းေရွာင္လာခဲ့ေသာ ၿမိဳ႕ခံတစ္ဦးထံ NP News မွေမးျမန္းထားသည္မ်ားကို ေဖာ္ျပအပ္ပါသည္။

ေမး - အခုတိုက္ပြဲေတြျဖစ္ေနတဲ့ ဗန္းေမာ္ၿမိဳ႕အေျခ အေနကို အရင္ဆုံးေျပာျပေပးပါ။ ဗန္းေမာ္ဟာ စီးပြား ေရးေကာင္းတဲ့ ၿမိဳ႕တစ္ၿမိဳ႕လား။
ေျဖ - စီးပြားေရးလုပ္လို႔ ေကာင္းတာေပါ့။ သူက နယ္စပ္ရဲ႕ဂိတ္ေပါက္မရွိေပမယ့္ နယ္စပ္ကေနလာသမွ် ပစၥည္းေတြအကုန္ ေတာ္ေတာ္မ်ားမ်ား ဗန္းေမာ္ဘက္ ကထြက္ၾကတာေလ။ နယ္စပ္ကိုလည္း ပစၥည္းေတြပို႔ တယ္ေလ။ ျမန္မာျပည္ထဲကထြက္တဲ့ပစၥည္းေတြက လြယ္ဂ်ယ္လမ္းကေနလည္းပို႔ၾကတာကိုး။ ဆန္တို႔ ဘာတို႔လည္းပို႔ၾကတယ္ေလ။ ဟိုဘက္ကေနလည္း ပစၥည္းေတြလာတယ္။ မူဆယ္ေလာက္လည္း အရမ္းႀကီး Develop မျဖစ္ဘူးေပါ့ေနာ္။ မူဆယ္ဘက္က ေတာ့ ပိုျဖစ္တာေပါ့။ ဗန္ေမာ္က အဲဒီေလာက္မျဖစ္ေပမယ့္ သမိုင္းအဆက္ဆက္က ဗန္းေမာ္ဟာ တ႐ုတ္ ျပည္နဲ႔လမ္းေပါက္တာကိုး။ ျမစ္ေၾကာင္းကေန တာ ပိန္ျမစ္ေၾကာင္းအတိုင္းဆင္းလာရင္ ဗန္းေမာ္ကို တိုက္႐ိုက္ေပါက္တယ္ေလ။

ေမး - တိုက္ပြဲေတြမလာခင္က သတင္းႀကိဳၿပီး ၾကား ရတာရွိလား။ ၿပီးခဲ့တဲ့ႏွစ္တိုက္ပြဲေတြစျဖစ္တုန္းက အေျခအေနကို ျပန္ၿပီးေျပာျပေပးပါလား။
ေျဖ - ပထမဆုံးက ႀကိဳၾကား ႀကိဳၾကား တိုက္ပြဲေတြက ၾကားရတယ္။ ဘယ္ကေနစလဲဆိုေတာ့ အစ္မတို႔ ၿမိဳ႕ သစ္႐ြာဘက္ကတပ္ေတြကို အရင္စတိုက္တာ။ အဓိ က သူကဘယ္လိုလဲဆိုေတာ့ ျမစ္ႀကီးနားနဲ႔ဗန္းေမာ္ နဲ႔ ကားလမ္းမေပၚမွာရွိတာ။ သူတို႔က လိုင္ဇာဘက္က ဆင္းလာရင္ အရင္ေရာက္တဲ့ေနရာေပါ့။ တျဖည္း ျဖည္းေ႐ြ႕လာတာ။ အေပၚတက္ရင္ ျမစ္ႀကီးနား၊ ေအာက္ကိုဆင္းလာရင္ ဗန္းေမာ္။ အဲဒီဘက္ကတပ္ ရင္းေတြကိုတိုက္ရာက တိုက္ပြဲက ဒီဘက္ကိုေ႐ြ႕လာ တာ။ အစ္မတို႔ ၾကားေနတာကၾကာၿပီ။ ဒီဘက္ကေနၿပီး ၿမိဳ႕သစ္ကို ဘယ္လိုပစ္ကူတယ္ဘာညာေပါ့။ လက္ နက္ႀကီးသံေတြက ေတာက္ေလွ်ာက္ၾကားေနရတယ္။ ပထမဆုံး ဆိုးဆိုး႐ြား႐ြားအေျခအေနက ဘယ္ကေန စျဖစ္လာလဲဆိုေတာ့ ၿမိဳ႕သစ္ကေနတိုက္လာရင္းက ေန (၃၈၇)တို႔ တစ္တပ္ၿပီးတစ္တပ္ သူတို႔တိုက္တယ္။ မႏွစ္က မတ္လ(၇)ရက္မွာက်ေတာ့ ဗန္းေမာ္ေလဆိပ္ ကို ေရွာ့တိုက္ဒုံးအတိုက္ခံရၿပီ။ အဲဒီမွာ ၿမိဳ႕က ေတာ္ ေတာ္ကိုလန႔္သြားတယ္။ အဲဒီမွာ ၿမိဳ႕ကလူေတြကစစ္ ေရွာင္ၾကတယ္။ အစက မေရွာင္ေသးဘူး။ ေလဆိပ္ အတိုက္ခံရတဲ့အခ်ိန္မွာ ေလေၾကာင္းပိတ္လိုက္တယ္။ ပိတ္လိုက္ေတာ့ နဂိုကလမ္းပန္းဆက္သြယ္ေရးလည္း ခက္ခဲတဲ့ေဒသေလ။ ကားလမ္းကလည္းမေကာင္းဘူး။ ေလယာဥ္တစ္ခုတည္းအားျပဳၿပီး သြားလာေနရတဲ့ ၿမိဳ႕ျဖစ္တယ္။ ကားလမ္းကလည္း သပိတ္က်င္းမွာ တိုက္ပြဲေတြျဖစ္ေတာ့ ပတ္သြားရတာေလ။ စစ္ကိုင္း တိုင္းမွာလည္း တိုက္ပြဲေတြျဖစ္ေတာ့ အရမ္းခက္ခဲ တယ္။ ကားလမ္းက ႏွစ္ညအိပ္ေလာက္သြားရတယ္။ လမ္းက ေတာ္ေတာ္ဆိုးတာ။ လမ္းလုံးဝ မေပါက္တဲ့ လမ္းေပါ့။ ေနာက္ဆုံး ကားေတြကို ဆင္ေတြနဲ႔ဆြဲရ တယ္။ အခုဆို ထြန္စက္ေတြနဲ႔ဆြဲေနရတယ္။ အဲဒီလို လမ္းေတြကေနသြားရတာျဖစ္တဲ့အတြက္ ေလယာဥ္ပဲ အဓိကသြားရတာ။ ေလေၾကာင္းလမ္းပိတ္ေတာ့ ၿမိဳ႕ကလူေတြ ေတာ္ေတာ္တုန္လႈပ္သြားတယ္။ အဲဒီမွာ စၿပီး စစ္ေရွာင္ၾကတယ္။ စစ္ေရွာင္တယ္ဆိုတာလည္း တျခားၿမိဳ႕႐ြာကို စစ္ေရွာင္ဖို႔ဆိုတာလည္း လြယ္တာမွမဟုတ္တာ။ ကိုယ့္ၿမိဳ႕႐ြာေတြက်န္ခဲ့တယ္။ ကိုယ့္လုပ္ ငန္းေတြက်န္ခဲ့တယ္၊ ပစၥည္းေတြက်န္ခဲ့တယ္။ မိသား စုေတြ က်န္ခဲ့တယ္။ အိမ္ေတြဘာေတြရွိရင္ေတာင္ ရာသီဥတုအေနအထားမတူတဲ့အတြက္ မေနႏိုင္ၾကဘူး။ ဒါေၾကာင့္ ဗန္းေမာ္ကလူေတြက ဗန္းေမာ္စြဲအရမ္း ႀကီးတယ္။ ဒါ ပြင့္ပြင့္လင္းလင္းေျပာတာ။ ေခါက္ဆြဲ ေတာင္ ဗန္းေမာ္ေခါက္ဆြဲမွေကာင္းတာတို႔၊ ဗန္းေမာ္ ဟာေလးမွခ်ိဳတာေပါ့။ ေဒသစြဲရွိေတာ့ ျပန္ၾကတယ္ ေပါ့။ တခ်ိဳ႕ေတြက မေနႏိုင္ဘူးျပန္ၾကတယ္။ ေရွာင္ လည္းခဏေပါ့။ ေရွာင္လိုက္ျပန္သြားလိုက္။ တခ်ိဳ႕က လည္း မေရွာင္ေတာ့ဘူးေပါ့။ စီးပြားေရး မေတာင့္တင္း ဘူး။ တျခားၿမိဳ႕မွာလည္း မရွာေဖြတတ္ဘူးဆိုတဲ့သူ ေတြကေတာ့ က်န္ခဲ့တာေပါ့။ ကိုယ့္စီးပြားေရး ပင္မ ေထာက္တိုင္က ဗန္းေမာ္ျဖစ္ေနတာကိုး။ ေ႐ႊေတာက လူေတြကလည္း အရမ္းအလုပ္ျဖစ္ေနေတာ့ ပိုက္ဆံ ရွာလို႔ရေနေသးေတာ့ ျပန္ၾကတာေပါ့ေမာင္ေလးရယ္ ဒါပါပဲ။ သတင္းကလည္း ခဏခဏ ၾကားေနရတာေလ။ ေန႔သိမ္းမယ္ ညသိမ္းမယ္ အသံေတြကလည္း ခဏ ခဏၾကားေနတာေလ။ ဒီလိုနဲ႔ လက္နက္ႀကီးကလည္း ၿမိဳ႕ထဲကိုက်တာျဖစ္လာတယ္ေလ။ မတ္လမွာစျဖစ္ တယ္။ ေလယာဥ္ကြင္းျဖစ္တယ္။ ေလယာဥ္က တစ္ပတ္ပဲနားၿပီး ျပန္သြားေတာ့ လူေတြက ပုံမွန္လိုပဲျပန္ ျဖစ္သြားေကာ။ (၇)လပိုင္းေလာက္ကေပါ့။

ေမး - ၿပီးခဲ့တဲ့ ႏွစ္ (၇)လပိုင္းေပါ့။
ေျဖ - ဟုတ္တယ္ (၇)လပိုင္းေလာက္ ျဖစ္မယ္။ၿမိဳ႕ ထဲကို လက္နက္ႀကီးက်တယ္။ လူေတြေသတယ္ေပါ့။ အဲဒီမွာ ၿမိဳ႕ကထပ္ၿပီး ျပန္လႈပ္ျပန္ေရာ။ ေနာက္ေတာ့ လည္း ဒီလိုပဲျပန္ျဖစ္ျပန္ေရာ။ အစ္မဆို မတ္လ ေလာက္မွာေရွာင္ခဲ့တယ္။ ၿမိဳ႕ထဲကို လက္နက္ႀကီးက် ေတာ့ ဖုန္းလိုင္းေတြကမရေတာ့ဘူး။ အဲဒီေနာက္ပိုင္း ကို ဖုန္းလိုင္းေတြမရေတာ့ ဖုန္းေတြမရေတာ့ဘူး။ MEC တစ္မ်ိဳးပဲရတယ္။ ေလယာဥ္ကလည္း ေျပးဆြဲ ေနတယ္။ ေနာက္က်ေတာ့ ဖုန္းလိုင္းေတြျပန္ရတယ္။ ဖုန္းလိုင္းက ရလိုက္ မရလိုက္ တာဝါတိုင္နဲ႔ တစ္မိုင္ ပတ္လည္မွာ ရတယ္ေပါ့။ တစ္မိုင္ပတ္လည္ေလးမွာ ဖုန္းလာ ျပန္ဆက္ၾကနဲ႔ ၿမိဳ႕ေလးက ယဲ့ယဲ့ေလး ရပ္တည္ေနခဲ့ၾကတာေပါ့။

ေမး - အခု ေနာက္ဆုံးတိုက္ပြဲေတြမွာ ဗန္းေမာ္ၿမိဳ႕က ႀကိဳၿပီးသတင္းရၾကလား။ အဆက္အသြယ္ေတြက ေကာ ဘယ္အထိရခဲ့ပါသလဲ။
ေျဖ - ဒီဇင္ဘာလ(၄)ရက္မွာျဖစ္တယ္ဆိုရင္ ဒီဇင္ ဘာ(၁)ရက္ေလာက္က်ေတာ့ Mytel ေတြရတယ္။ ၾကားထဲ Ooredoo လည္း တစ္ေခါက္ရတယ္။ Mytel ရတယ္ဆိုၿပီး ေနာက္ေန႔မွာ အင္တာနက္ရ တယ္ဆိုေတာ့ Video call ေတြေျပာၾကနဲ႔ ၿမိဳ႕ကအေျခအေနေကာင္းလာၿပီထင္ၾကတာေပါ့။ ဒါေပမဲ့ အဲဒါ က တခ်ိဳ႕မိသားစုဝင္ေတြအတြက္ေတာ့ ေနာက္ဆုံး ႏႈတ္ဆက္ျခင္းျဖစ္သြားတယ္။ တကယ္ကို အဲဒီလို ျဖစ္သြားတာ။ (၃)ရက္မွာက်ေတာ့ ႐ုတ္တရက္႐ြာ ဘက္မွာရွိတဲ့ ကေလးမိဘေတြက ၿမိဳ႕ေပၚမွာေက်ာင္း ထားထားတဲ့ကေလးေတြကို ႐ုတ္တရက္လာျပန္ေခၚ တယ္။ အမွန္က ႐ြာဘက္မွာ အားလုံးက ဗန္းေမာ္ကို ဝင္ေတာ့မယ္ဆိုတာသိေနၿပီ။ သူတို႔က သူတို႔ သား သမီးေတြအကုန္လုံးကို ဝ႐ုန္းသုန္းကား လာျပန္ေခၚ သြားတာကို အစ္မတို႔ကမသိတာမဟုတ္ဘူး သိတယ္။ ႐ုတ္တရက္ႀကီးေပါ့။ အဲဒီလို ႐ြာဘက္က ကေလးေတြ လာျပန္ေခၚသြားတယ္ေပါ့။ အစ္မတို႔ကမထင္ဘူး။ ၿမိဳ႕ ကလူေတြကလည္း လက္နက္ႀကီးသံနဲ႔ ေနသားက် ေနၿပီ။ ေလးရက္က်ေတာ့ မနက္(၅)နာရီမွာ တစ္ၿပိဳင္ နက္တည္းဝင္တိုက္တာ။ အဲဒီလိုမ်ိဳးၾကားထဲကေန အခုလို ျဖစ္ေနတာေပါ့။ သတင္းေတြကေတာ့ ေမာင္ ေလးသိတဲ့အတိုင္းပဲ။ တစ္ၿမိဳ႕လုံး မီးေလာင္ေနတယ္ တို႔၊ အစ္မတို႔အိမ္ေတြလည္းမရွိေတာ့ဘူးလို႔ၾကား တယ္။ ဘာျဖစ္ေနတယ္ဆိုတာ မသိရေတာ့ဘူး။

ေမး - အခုေနာက္ဆုံး တိုက္ပြဲျဖစ္ေတာ့ ၿမိဳ႕ခံေတြ ထြက္ေျပးရတဲ့အခါ လမ္းေၾကာင္းကလြယ္ရဲ႕လား။
ေျဖ - ခက္တာေပါ့ ေမာင္ေလးကလည္း။ ဘာလို႔လဲ ဆိုေတာ့ ဗန္းေမာ္ၿမိဳ႕ရဲ႕ပုံစံက ဘယ္လိုလဲဆိုေတာ့ ဧရာဝတီျမစ္ကမ္းေပၚမွာရွိတဲ့ၿမိဳ႕မဟုတ္ဘူး။ ဧရာဝတီ ျမစ္အေရွ႕ဘက္ကမ္းလို႔သင္ခဲ့ရတာ။ တကယ္က မဟုတ္ဘူး။ အစ္မတို႔ဗန္းေမာ္ၿမိဳ႕က တာပိန္ျမစ္ကမ္း ေဘး။ ဧရာဝတီျမစ္နဲ႔ တာပိန္ျမစ္ဆုံတဲ့ေနရာနား။ တာ ပိန္ျမစ္ေပၚက ၿမိဳ႕ေလးေပါ့။ ဒါေပမဲ့ ဒီၿမိဳ႕ရဲ႕ပုံစံက ၿမိဳ႕ ၿပီးရင္ေရလည္ကြၽန္း ၿပီးေတာ့မွ ဧရာဝတီျမစ္ကို ေရာက္တာ။ အဲဒီေတာ့ အစ္မတို႔က ေျပးလို႔ရွိရင္ ဘယ္လိုေျပးရလဲဆိုေတာ့ အေနာက္ဘက္က ဧရာဝတီျမစ္ရွိတယ္။ ၿမိဳ႕ရဲ႕အေရွ႕ရယ္၊ ေတာင္ရယ္၊ ေျမာက္ ရယ္ကက်ေတာ့ ေတာင္ေတြနဲ႔ေပါ့။ အစ္မတို႔ၿမိဳ႕က ေျမျပန႔္။ အစ္မတို႔က ေျမာက္ဘက္ကိုတက္မယ္ဆိုရင္ ျမစ္ႀကီးနားသြားရင္လည္း ေတာင္ေတြသြားရတာပဲ။ အဲဒီလိုပဲ ေနာက္ထပ္ ၿမိဳ႕ရဲ႕ေတာင္ဘက္ဆိုလည္း ေ႐ႊကူဘက္ကိုဆိုရင္လည္း ေ႐ႊကူနဲ႔ဗန္းေမာ္ၾကား ဧရာဝတီရဲ႕ ဒုတိယျမစ္က်ဥ္းရွိတယ္ေလ။ အဲဒီေနရာ ဆိုလည္း ေတာင္ေၾကာလမ္းကိုသြားရတာပဲ။ ေနာက္ ၿပီးေတာ့ ၿမိဳ႕ရဲ႕အေရွ႕ဘက္က်ေတာ့ မံစီဘက္သြားတဲ့ လမ္းကလည္း မံစီရဲ႕ဟိုဘက္ကို မိုင္ဂ်ာယန္တို႔ ဘာတို႔ေလ။ လိုင္ဇာက ဘယ္လိုေပါက္တာလဲဆိုေတာ့ ႀတိဂံပုံစံေပါက္တယ္ ဗန္းေမာ္နဲ႔ေလ။ လိုင္ဇာကေန ျမစ္ႀကီးနားလည္းသြားလို႔ရတယ္၊ ဗန္းေမာ္ဘက္ကို လည္း လမ္းတစ္ဖက္က ဆင္းလို႔ရတယ္။ လိုင္ဇာက ေန မံစီဘက္ကလည္းဝင္လို႔ရတယ္။ အခု ဝင္လာတဲ့ အခ်ိန္မွာ သူတို႔က ႏွစ္ခြလမ္းကေနဝင္လာၾကတာ။ အဲဒီေတာ့ ၿမိဳ႕ကလူေတြကေျပးဖို႔ ေတာင္ဘက္ကလမ္း နဲ႔ အေနာက္ဘက္ကျမစ္ပဲရွိေတာ့တာ။ ေတာင္ဘက္ က လမ္းမေကာင္းဘူး။ မႏၲေလး - ဗန္းေမာ္လမ္းက မံစီဘက္ကပတ္ေဖာက္ထားတာ။ အဲဒီေတာ့ ေလး ဘက္ေလးတန္စလုံး ပိတ္မိသလိုျဖစ္သြားတာ။ ၿမိဳ႕ခံ ေတြက ဘယ္သြားလို႔ သြားရမယ္မသိဘူးျဖစ္သြားတာ။ ျမစ္ဘက္ကေျပးတဲ့လူေတြကေတာ့ ကိုးဆယ္ ရာခိုင္ ႏႈန္းေလာက္လြတ္တယ္။ ျမစ္တစ္ဖက္ကမ္းက႐ြာ ေတြကို အဆင့္ဆင့္ေျပးရတာ။ ႐ြာကိုေျပးတဲ့အခ်ိန္မွာ ဟိုဘက္ကမ္းကို ကူး၊ ကုန္းေပၚေရာက္ရင္ ဆိုင္ကယ္ေတြျပန္စီးရတာ။

ေမး - ၿမိဳ႕ကိုေရာက္လာေတာ့ ၿမိဳ႕ခံေတြက ႐ုတ္တရက္ေျပးၾကရတာလား။
ေျဖ - ဟုတ္တယ္။ ဝုန္းဆို ထေျပးရတာ။ အစ္မ အသိတစ္ေယာက္ရဲ႕အိမ္ဆို သူတို႔အိမ္ေရွ႕ လက္နက္ ႀကီးက်တယ္။ သူတို႔မိသားစုဝင္ေတြ ကစဥ့္ကလ်ား ျဖစ္သြားတယ္ေပါ့။ သူ႔ဝမ္းကြဲအစ္မက ျမစ္ဆိပ္ဘက္ ေျပးမိေတာ့ သူပုန္းတဲ့ခ်ဳံထဲ ေလွသမားရွိလို႔ ေလွသ မားေကာင္းမႈနဲ႔ ဟိုဘက္ကမ္းကိုေရာက္တယ္။ ပိုက္ ဆံတစ္ျပားမွမပါဘူး။ ေရာက္ေတာ့မွ ဝတ္ထားတဲ့ ေ႐ႊတိုေ႐ႊစေလးေတြေရာင္းၿပီးမွ မႏၲေလးကို ဆင္းခဲ့ရ တာ။ လဲစရာ အဝတ္ေတာင္မရွိဘူး။

ေမး - အဆက္အသြယ္မရဘဲေပ်ာက္သြားတဲ့ ၿမိဳ႕ခံ ေတြလည္း အမ်ားႀကီးရွိမွာေပါ့။
ေျဖ - အမ်ားႀကီးရွိတာေပါ့။ ေသမွန္းမသိ၊ ရွင္မွန္းမသိ အမ်ားႀကီးရွိတယ္။ ေနာက္ဆုံး ကုန္ကုန္ဆို အစ္မ ေဆြမ်ိဳးေတြထဲမွာ ေပ်ာက္သြားတာရွိတယ္။ မိသားစု ေတြေပါ့။ အခုခ်ိန္အထိ ဘယ္ေရာက္လို႔ ေရာက္မွန္း မသိဘူး၊ ဘယ္ကိုေျပးမွန္းမသိဘူး။ ဖုန္းလိုင္းေလး ရေနတုန္းကေတာ့ သူတို႔မေျပးေသးဘူး။ အိမ္မွာပဲေန ေနေသးတယ္ေလ။ ေဘးက RC တိုက္ထဲ သြားပုန္းေနတာပဲ ေနာက္ဆုံးသိရတယ္။

ေမး - လက္ရွိၿမိဳ႕အေျခအေနကေကာ ဘယ္လိုရွိပါသလဲ။
ေျဖ - ၿမိဳ႕ကေတာ့ ေတာ္ေတာ္မ်ားမ်ား မီးေလာင္ သြားၿပီတဲ့။ အခုေလာေလာဆယ္ေတာ့ ကုန္စုံဆိုင္ ႀကီးေတြ အေဖာက္ခံရတာ သတင္းတက္လာတယ္။ ၿမိဳ႕ကျဖစ္တဲ့အခ်ိန္မွာ ျမစ္ႀကီးနားဘက္ကေနလာတဲ့ လမ္းေပါ့။ ၿမိဳ႕မွာခံတပ္ႀကီးသုံးခုရွိတယ္။ ဥပမာေပး တာေပါ့။ တကၠသိုလ္ေတြ။ ျမစ္ႀကီးနားကေနလာတဲ့ လမ္းမွာ ဗန္းေမာ္တကၠသိုလ္ကိုထားတယ္။ အခု စစ္ ျဖစ္ေတာ့ ဗန္းေမာ္တကၠသိုလ္ကို ၿမိဳ႕ထဲေ႐ႊ႕ၿပီး တပ္ ကထိုင္ေနတယ္။ ေနာက္တစ္ဖက္မွာ ကြန္ပ်ဴတာ တကၠသိုလ္ရွိတယ္။ ကြန္ပ်ဴတာတကၠသိုလ္ေရာ ဗန္းေမာ္ တကၠသိုလ္ေရာ လာတဲ့လမ္းက ျမစ္ႀကီးနား ကေနေပါက္တဲ့လမ္း။ ေနာက္ၿပီးေတာ့ မံစီဘက္အထြက္မွာ နည္းပညာတကၠသိုလ္ရွိတယ္။ အခုလာတဲ့ လူေတြက ကြန္ပ်ဴတာတကၠသိုလ္နားေရာက္တဲ့ အ ခ်ိန္ ကြန္ပ်ဴတာတကၠသိုလ္ကို ဝင္မစီးဘူး။ ကြန္ပ်ဴ တာတကၠသိုလ္နဲ႔ ကပ္လ်က္မွာ လက္႐ုံးတပ္ေတြရွိ တယ္။ အဲဒီတပ္ေတြကိုပတ္ေကြ႕ၿပီး ေတာလမ္းကေန ၿမိဳ႕ထဲကိုဝင္လာတာ။ မံစီဘက္က်ေတာ့ ကာကင္းစခန္းေတြကိုဝင္သိမ္းၿပီး မံစီလမ္းကေန အဓိကဝင္လာတာ။

ေမး - မနက္ (၅)နာရီ သူတို႔ မဝင္ခင္ ညပိုင္းမွာေကာ ဘာေတြထူးျခားပါသလဲ။
ေျဖ - အဲဒီေန႔ ညကကို အစ္မတို႔က သတင္းေတြက သိုးသိုးသန႔္သန႔္ၾကားေတာ့ ေျပာေနၾကေသးတာ။ ခ်က္ခ်င္း ႐ုတ္တရက္တိုက္မယ္မထင္ခဲ့ဘူး။ ခ်က္ခ်င္း ႐ုတ္တရက္ႀကီး အကုန္လုံးကို တစ္ၿပိဳင္နက္တည္း ဝင္တိုက္တာေနာ္။ သူတို႔က ခုနကကြန္ပ်ဴတာတကၠ သိုလ္ၿပီးရင္ နည္းပညာအထက္တန္းေက်ာင္းရွိ တယ္။ ကြန္ပ်ဴတာတကၠသိုလ္ဘက္ကိုေရွာင္ၿပီး နည္း ပညာေက်ာင္းဘက္ကိုဝင္တိုက္တာ။ အဲဒါေၾကာင့္ သတင္းထဲ သုံးမိုင္လို႔ေတြ႕လိမ့္မယ္။ သုံးမိုင္ ၿမိဳ႕သစ္ ေပါ့။ သုံးမိုင္မွာတိုက္ပြဲျဖစ္တယ္။ ဗန္းေမာ္မွာ မိုင္ေတြ နဲ႔ေျပာၾကတာ။ ႏွစ္မိုင္ရပ္ကြက္ၿပီးရင္ သုံးမိုင္ရပ္ကြက္ အဲဒီလိုေပါ့။ ေလးမိုင္ဆို ေဆးတပ္ျဖစ္သြားၿပီ။ သုံးမိုင္မွာ သံခ်ပ္ကာတပ္ရွိတယ္။ အဲဒီလိုမ်ိဳးလာတိုက္တဲ့ အခ်ိန္ သုံးမိုင္တိုက္တယ္ ႏွစ္မိုင္တိုက္တယ္။ ႏွစ္မိုင္မွာ ေလယာဥ္ကြင္းရွိတယ္။ ေလယာဥ္ကြင္းဘက္ အျခမ္းလည္း ဆိုးတယ္လို႔ေျပာတယ္။ ေျမျပင္အေျခ အေနကို ဘာမွမသိရေတာ့ဘူး။ လူေတြက ဆိုင္ကယ္ ေပၚ အိတ္ေတြတင္ၿပီး ေလွ်ာက္သြားၾကတာ။ တစ္ၿမိဳ႕ လုံး ေခ်ာက္ခ်ားစရာႀကီးတဲ့။ ေနာက္ဆုံး ဘယ္လိုမွ မေနရဲေတာ့လို႔ အစ္မအသိေတြဆို ကားနဲ႔ထြက္ခဲ့တာ။ ဒီဇင္ဘာ(၆)ရက္ကထြက္တာ (၁၀)ရက္မွ မႏၲေလး ေရာက္ၾကတာ။

ေမး - စကားမစပ္ ေဆာင္းတြင္းေရာက္ၿပီဆိုေတာ့ စစ္ေဘးေရွာင္ေတြ အေအးဒဏ္ကို ေတာ္ေတာ္ေလး ခံေနၾကရမွာေပါ့။
ေျဖ - ခ်မ္းတာေပါ့ ေမာင္ေလးရဲ႕။ အစ္မတို႔ ကခ်င္ ျပည္နယ္က ဒီအခ်ိန္ တကယ္စိမ့္ေနေအာင္ေအး တာ။ မဲဇာေတာထဲကေန ျဖတ္လာရတာေပါ့။ အခုလာ တဲ့အဖြဲ႕ေတြက ကားတန္းအရွည္ႀကီးနဲ႔လာတာ။ လမ္းေတြကေနလာခ်ိန္ လမ္းကအရမ္းၾကမ္းတာတဲ့။

ေမး - အခု စစ္ေဘးေရွာင္ရေတာ့ ပိုက္ဆံရွိတဲ့သူ ေတြက ကားေတြနဲ႔ေျပးႏိုင္ေပမယ့္ ေငြေၾကးမတတ္ႏိုင္ တဲ့သူေတြက ဒုကၡေရာက္ၾကမွာေပါ့။
ေျဖ - အခု ဗန္းေမာ္ၿမိဳ႕က ၿမိဳ႕ခံေတြေပါ့ ကားလိုင္း ေတြ၊ ယာဥ္လိုင္းအသင္းေတြက လႊတ္ေပးတယ္။ အလႉရွင္ရွိသည္ မျဖစ္ေစ၊ မရွိသည္ျဖစ္ေစ တစ္ရက္ ကိုဘယ္ေလာက္တင္ရင္ ခရီးသည္တင္ကား ငါးစီး ပိုက္ဆံယူမယ္ဆို သုံးစီးကို ပိုက္ဆံမယူဘဲ လႊတ္ေပး တယ္တဲ့။ တခ်ိဳ႕က်ေတာ့လည္း ကားခကို ပိုမယူေပး ဘူးတဲ့။ ကားစင္းလုံးငွားမယ္ဆိုရင္ေတာင္ သူတို႔ ျပႆနာတက္တယ္တဲ့။ စင္းလုံးငွားမယ္ဆိုရင္ အငွား မခံဘူး။ အမ်ားနဲ႔ မွ်သြားရေအာင္လို႔ေလ။ ၾကည့္ေပးၾကတယ္တဲ့။

ေမး-အစ္မတို႔ၿမိဳ႕က စည္းလုံးၿပီး အခ်င္းခ်င္းျပန္ ၾကည့္ၾကတာေပါ့။
ေျဖ - ၿမိဳ႕မွာ လူ (၁၀ဝ)ရွိရင္ ကခ်င္က(၂၀) ေလာက္ ပဲရွိတာ။ က်န္တာေတြက ရွမ္း၊ ဗမာေတြ။ ႐ြာေလးလိုပဲ တစ္ေယာက္နဲ႔တစ္ေယာက္ သိၾကတယ္။ ဥပမာ- သူတို႔က ၿမိဳ႕မွာ ဘယ္သူနဲ႔မွမသိဘူးေနာ္။ ခက္ခဲလာ တယ္။ ဒါေပမဲ့ အစ္မဆိုင္နာမည္သာေျပာခဲ့။ အဲဒီမွာ ေနတယ္ဆိုရင္ အကုန္ကူညီတယ္။ ဒါေၾကာင့္ ဗန္း ေမာ္ကလူေတြက ဗန္းေမာ္ကို အရမ္းခ်စ္တယ္ဆိုတာ အဲဒါ။ အကုန္လုံးမသိရင္ေတာင္ စမိတ္ဆက္ရင္ ဘယ္ဆိုင္ကဘယ္သူပါဆိုတာ သိၾကတယ္။ အခုစစ္ ျဖစ္ေတာ့ အင္တာနက္မွာ ဂ႐ုေတြလည္းေပၚလာ တယ္။ ဘုန္းႀကီးေတြကအစ ဗန္းေမာ္အဆက္ပါ လာ ေနလို႔ရပါတယ္ ကူညီၾကတယ္။ ရပ္ကြက္တစ္ခုကဆို (၁၂)ဘီးကားနဲ႔နီးစပ္ရာေခၚၿပီး ေျပးလာၾကတာ။ လူ (၅၀)ပါတယ္တဲ့။ လူ(၅၀)က ဘယ္သူလဲဆို ဟိုနားက လူပါတယ္ ဒီနားက လူပါတယ္ အဲဒီလို။ အင္တာနက္ဂ႐ုမွာ ဘယ္သူ႔ကိုေတြ႕လားဆို ေတြ႕မိတယ္ ဘာညာ အကုန္ေျပာၾကတယ္။ နီးစပ္ရာေတြကေျပာျပၾကတယ္။

ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

Related news

© 2021. All rights reserved.