KNU က ပစ်သောလက်နက်ကြီးကျည် ကျောင်းဆရာမအိမ်သို့ကျကာ (၂)ဦးသေဆုံး၍ (၁၁)ယောက် ဒဏ်ရာရ

 637

သန့်ဇင်(NP News)-အောက်တိုဘာ ၂၂
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဖားပေါင်ကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြကျောင်းဆရာမဖြစ်သူ ဒေါ်မိုးစန္ဒာထွန်း(၂၉)နှစ်သည် အောက်တိုဘာ ၂၀ရက်၊ ညနေ ၆ နာရီတွင် ဖားပေါင်ကျေးရွာရှိ ၎င်း၏နေအိမ်၌ ကျောင်းသား၊ ကျောင်းသူများအား စာသင်ကြားပေးနေစဉ် နေအိမ်အနီးသို့ KNU အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထိုသို့လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် နေအိမ်၌ ရှိနေကြသည့် ဖားပေါင်ကျေးရွာနေ ဦးတာတူး(၃၇)နှစ်နှင့် ကျောင်းသူ မနော်ဝါးဝါးဘဲ့(၁၂)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။
ထို့အပြင် ကျောင်းဆရာမ ဒေါ်မိုးစန္ဒာထွန်း၊ တစ်ရွာတည်းနေ မနော်မုကီး(၂၇)နှစ်၊ ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် စောထွန်းထွန်းဝင်း(၁၀)နှစ်၊ မနော်လှလှအေး(၇)နှစ်၊ မနော်ချာပိ(၇)နှစ်၊ မနော်မုနော်အေး(၆)နှစ်၊ မနော်ဖဲဝါး(၁၃)နှစ်၊ မနော်ဒါးဘို(၁၂)နှစ်၊ မနော်သူဇာချစ်(၈)နှစ်၊ မစေးလေးဖော(၇)နှစ်နှင့် မစလင်း(၆)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
KNU က ပစ္ေသာလက္နက္ႀကီးက်ည္ ေက်ာင္းဆရာမအိမ္သို႔က်ကာ (၂)ဦးေသဆုံး၍ (၁၁)ေယာက္ ဒဏ္ရာရ
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၂၂
ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္၊ ဖားေပါင္ေက်း႐ြာအေျခခံပညာမူလတန္းေက်ာင္းမွ မူလတန္းျပေက်ာင္းဆရာမျဖစ္သူ ေဒၚမိုးစႏၵာထြန္း(၂၉)ႏွစ္သည္ ေအာက္တိုဘာ ၂၀ရက္၊ ညေန ၆ နာရီတြင္ ဖားေပါင္ေက်း႐ြာရွိ ၎၏ေနအိမ္၌ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား စာသင္ၾကားေပးေနစဥ္ ေနအိမ္အနီးသို႔ KNU အၾကမ္းဖက္အဖြဲ႕က အမ်ားျပည္သူ ထိခိုက္ေစရန္ ရည္႐ြယ္၍ ပစ္ခတ္လိုက္သည့္ လက္နက္ႀကီးဗုံးသီးႏွစ္လုံး က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း သိရသည္။
ထိုသို႔လက္နက္ႀကီးက်ည္က်ေရာက္ ေပါက္ကြဲမႈေၾကာင့္ ေနအိမ္၌ ရွိေနၾကသည့္ ဖားေပါင္ေက်း႐ြာေန ဦးတာတူး(၃၇)ႏွစ္ႏွင့္ ေက်ာင္းသူ မေနာ္ဝါးဝါးဘဲ့(၁၂)ႏွစ္တို႔တြင္ ဗုံးသီးေပါက္ကြဲစ ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္းသိရသည္။
ထို႔အျပင္ ေက်ာင္းဆရာမ ေဒၚမိုးစႏၵာထြန္း၊ တစ္႐ြာတည္းေန မေနာ္မုကီး(၂၇)ႏွစ္၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားျဖစ္ၾကသည့္ ေစာထြန္းထြန္းဝင္း(၁၀)ႏွစ္၊ မေနာ္လွလွေအး(၇)ႏွစ္၊ မေနာ္ခ်ာပိ(၇)ႏွစ္၊ မေနာ္မုေနာ္ေအး(၆)ႏွစ္၊ မေနာ္ဖဲဝါး(၁၃)ႏွစ္၊ မေနာ္ဒါးဘို(၁၂)ႏွစ္၊ မေနာ္သူဇာခ်စ္(၈)ႏွစ္၊ မေစးေလးေဖာ(၇)ႏွစ္ႏွင့္ မစလင္း(၆)ႏွစ္တို႔တြင္ ဗုံးသီးေပါက္ကြဲစ ထိမွန္ဒဏ္ရာမ်ား ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.