လားရှိုးမြို့တွင်နေထိုင်သူများကို MNDAA က စာရင်းကောက်ယူမှုများ စတင်လုပ်ဆောင်နေ
421
သုတကျော် (NP News) - ဒီဇင်ဘာ ၁၆
MNDAA ထိန်းချုပ်ရာ လားရှိုးမြို့တွင် နေထိုင်သူများ၏စာရင်းကို စတင်ကောက်ယူမှုများပြုလုပ်နေကြောင်း အဆိုပါမြို့ခံသတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။ (၁၀၂၇)စစ်ဆင်းရေး ဒုတိယပိုင်းဟုဆိုသော ထိုးစစ်ကိုပြုလုပ်ပြီးနောက် MNDAA က ပြီးခဲ့သည့် ဇူလိုင်လ (၂၆)ရက်တွင် လားရှိုးမြို့ကို အပြီးသတ် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အရပ်ဘက်အုပ်ချုပ်ရေးလုပ်ငန်းများကို ဖော်ဆောင်နေကြောင်း သိရသည်။
နေထိုင်သူများကို စာရင်းကောက်ယူခြင်း ကို MNDAA က ခန့်ထားသည့် နယ်မြေမှူးများက တစ်ဆင့်ဆောင်ရွက်နေခြင်းဖြစ်ပြီး ကားနှင့်ဆိုင်ကယ်စာရင်းများကိုပါ တစ်ပါတည်းကောက်ယူနေခြင်း ဖြစ်ကြောင်း သိရသည်။
"အိမ်ထောင်စု မှတ်ပုံတင်ရတဲ့သဘောပေါ့။ စာရင်းကောက်တဲ့သဘောဖြစ်မယ်။ နောက် တစ်ခုက မနေ့က ကားပေါ့။ ကားစာရင်း ဘယ်လိုခေါ်မလဲ ယာဉ်အမှတ်၊ Frame တောင်းတယ်။ ဆိုင်ကယ်တွေဆိုလည်း စာရင်းတောင်းတယ်။ လိုင်စင်ထုတ်ပေးမှာလား အခွန်ကောက်မှာလား တစ်ခုခုလုပ်မယ်ထင် တယ်။ လောလောဆယ်တော့မသိသေးဘူး စာရင်းကောက်နေတာရှိတယ်"ဟု အထက်ပါသတင်းရင်း မြစ်ကဆိုသည်။ စာရင်းကောက်ယူရာတွင် မိသားစုဝင်စာရင်းများနှင့်အတူ ကိုယ်တစ်ပိုင်းဓာတ်ပုံကိုပါပေးရကြောင်းလည်းသိရသည်။ "နေထိုင်ခွင့်လက်မှတ်လို့ ပြောတယ်တဲ့။ ချက်ချင်းတော့မထုတ်ပေးဘူးတဲ့။ စာရင်းကောက်နေတာလား မသိဘူး"ဟု ၎င်းက ဆိုသည်။
MNDAA ထိန်းချုပ်ထားသော လားရှိုးမြို့တွင် တပ်မတော်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး MNDAA ဘက်တွင် အထိနာမှုများရှိခဲ့သည်။ ထို့ပြင် MNDAA ဘက်ကလည်း လားရှိုးမြို့အပါအဝင် သက်ဆိုင်ရာကိစ္စများကို တွေ့ဆုံဆွေးနွေးဖြေရှင်းမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားချက်များရှိသည်။
zawgyi version
လားရႈိးၿမိဳ႕တြင္ေနထိုင္သူမ်ားကို MNDAA က စာရင္းေကာက္ယူမႈမ်ား စတင္လုပ္ေဆာင္ေန
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၁၆
MNDAA ထိန္းခ်ဳပ္ရာ လားရႈိးၿမိဳ႕တြင္ ေနထိုင္သူမ်ား၏စာရင္းကို စတင္ေကာက္ယူမႈမ်ားျပဳလုပ္ေနေၾကာင္း အဆိုပါၿမိဳ႕ခံသတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာသည္။ (၁၀၂၇)စစ္ဆင္းေရး ဒုတိယပိုင္းဟုဆိုေသာ ထိုးစစ္ကိုျပဳလုပ္ၿပီးေနာက္ MNDAA က ၿပီးခဲ့သည့္ ဇူလိုင္လ (၂၆)ရက္တြင္ လားရႈိးၿမိဳ႕ကို အၿပီးသတ္ ထိန္းခ်ဳပ္ႏိုင္ခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္ အရပ္ဘက္အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ားကို ေဖာ္ေဆာင္ေနေၾကာင္း သိရသည္။
ေနထိုင္သူမ်ားကို စာရင္းေကာက္ယူျခင္း ကို MNDAA က ခန႔္ထားသည့္ နယ္ေျမမႉးမ်ားက တစ္ဆင့္ေဆာင္႐ြက္ေနျခင္းျဖစ္ၿပီး ကားႏွင့္ဆိုင္ကယ္စာရင္းမ်ားကိုပါ တစ္ပါတည္းေကာက္ယူေနျခင္း ျဖစ္ေၾကာင္း သိရသည္။
"အိမ္ေထာင္စု မွတ္ပုံတင္ရတဲ့သေဘာေပါ့။ စာရင္းေကာက္တဲ့သေဘာျဖစ္မယ္။ ေနာက္ တစ္ခုက မေန႔က ကားေပါ့။ ကားစာရင္း ဘယ္လိုေခၚမလဲ ယာဥ္အမွတ္၊ Frame ေတာင္းတယ္။ ဆိုင္ကယ္ေတြဆိုလည္း စာရင္းေတာင္းတယ္။ လိုင္စင္ထုတ္ေပးမွာလား အခြန္ေကာက္မွာလား တစ္ခုခုလုပ္မယ္ထင္ တယ္။ ေလာေလာဆယ္ေတာ့မသိေသးဘူး စာရင္းေကာက္ေနတာရွိတယ္"ဟု အထက္ပါသတင္းရင္း ျမစ္ကဆိုသည္။ စာရင္းေကာက္ယူရာတြင္ မိသားစုဝင္စာရင္းမ်ားႏွင့္အတူ ကိုယ္တစ္ပိုင္းဓာတ္ပုံကိုပါေပးရေၾကာင္းလည္းသိရသည္။ "ေနထိုင္ခြင့္လက္မွတ္လို႔ ေျပာတယ္တဲ့။ ခ်က္ခ်င္းေတာ့မထုတ္ေပးဘူးတဲ့။ စာရင္းေကာက္ေနတာလား မသိဘူး"ဟု ၎က ဆိုသည္။
MNDAA ထိန္းခ်ဳပ္ထားေသာ လားရႈိးၿမိဳ႕တြင္ တပ္မေတာ္က ေလေၾကာင္းမွ ဗုံးႀကဲတိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့ၿပီး MNDAA ဘက္တြင္ အထိနာမႈမ်ားရွိခဲ့သည္။ ထို႔ျပင္ MNDAA ဘက္ကလည္း လားရႈိးၿမိဳ႕အပါအဝင္ သက္ဆိုင္ရာကိစၥမ်ားကို ေတြ႕ဆုံေဆြးေႏြးေျဖရွင္းမည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ထားခ်က္မ်ားရွိသည္။