ပြည်တွင်း ဖရဲ၊ သခွားမွှေး တောင်သူများ အရှုံးပေါ် နေ
146
ပြည့်ဖြိုး (NP News) - ဒီဇင်ဘာ ၁၇
ဖရဲသီးနှင့်သခွားမွှေးလုပ်ငန်းများ ရာသီချိန်ရောက်နေပြီဖြစ်သော်လည်း ရှမ်းပြည်နယ်အရှေ့ ပိုင်းလမ်းကြောင်းမှတစ်ဆင့်သာ တင်ပို့နိုင်သဖြင့် အရည်အသွေးကျဆင်းပြီး ဈေးကောင်းမရကြကြောင်း ဖရဲ၊ သခွားလုပ်ငန်းရှင်များထံမှ သိရသည်။
ပြည်တွင်း၌ ဖရဲသီးနှင့် သခွားမွှေးများ ထွက်ပေါ်ချိန်ရောက်သော်လည်း ပြည်တွင်း၌ ဈေးကောင်းမရသည့်အပြင် ပြည်ပသို့တင်ပို့ရာတွင်လည်း သယ်ယူပို့ဆောင်ချိန်ကြာမြင့်နေကာ အရည်အသွေးကျဆင်းနေပြီး တရုတ်ဘက်မှ ဈေးနှိမ်ဝယ်ယူနေကြောင်းသိရသည်။ ယခင် မူဆယ်-ချင်းရွှေဟော် လမ်းကြောင်းအစား မိုင်းလားဘက်မှ တင်သွင်းရောင်းချနေရာ ယခုဒီဇင်ဘာလမှစတင်ကာ ဖရဲ၊ သခွားသီး တစ်စီး၊ နှစ်စီးခန့် စတင်ရောင်းချနေကြောင်း တစ်တန်လျှင် တရုတ် ယွမ်ငွေ (၂၅၀ဝ) ခန့်ရရှိနေကြောင်း သိရသည်။
"တိုက်ပွဲတွေမဖြစ်ခင် နယ်စပ်ဂိတ်တွေ ဖွင့်တဲ့အချိန်က တရုတ်ဘက်ကို ဖရဲသီးတင်ရတာ အခုလောက်စရိတ်မကုန်ဘူး။ အခုက မိုင်းလားဂိတ်တစ်ခုကပဲ ဖရဲသီးပို့ရတော့ ကားခပိုပေးရသလို လမ်းမှာလည်း ခရီးကြန့်ကြာတော့ ဖရဲသီးအရည်အသွေးက လျော့လာတယ်။ လမ်းမှာပေးရတဲ့ဂိတ်ကြေးတွေက များသလို တရုတ်ကလည်း ဖရဲသီးမကောင်းရင် ဈေးနှိမ်တယ်"ဟုနယ်စပ်ကုန်သည်တစ်ဦးကပြောသည်။
လတ်တလော ငွေလဲနှုန်းအရ ဖရဲသီးတစ်တန်လျှင် (၁၅)သိန်းကျပ်ဝန်းကျင်ရရှိနေသော်လည်း ဖရဲသီးတင်ပို့ရာတွင် ကားတစ်စီးစာ စိုက်ခင်း ကုန်ကျငွေနှင့် တင်ပို့စရိတ်မှာ ငွေကျပ်သိန်း(၂၆၀) နီးပါး ကုန်ကျခြင်းကြောင့် လတ်တလောတင်ပို့ရာ၌ နယ်စပ်ဒေသများမှစိုက်ပျိုးထားသည့် ရှမ်းဖရဲသီးများကိုသာ တင်ပို့နေကြောင်း အောင်ပန်းမြို့ရှိ သီးနှံပွဲရုံတစ်ခုမှ သိရသည်။ "နယ်စပ်ဂိတ်တွေက ပိတ်ထားတော့ ဖရဲသီးက တရုတ်ကိုပို့ရင်လည်း ရှုံး ၊ ဒီမှာရောင်းလည်းရှုံး ဖြစ်နေတယ်။ ဖရဲသီးပို့ရတာ လမ်းမှာကြာလို့ ပျက်စီးရင် အပုပ်အလျော့က (၃)တန်ကနေ (၁၅) တန်အထိရှိတယ်"ဟု ဖရဲကုန်သည်တစ်ဦးက ပြောသည်။
တောင်ကြီး-ကျိုင်းတုံ-မိုင်းလားလမ်းမှလာသော ဖရဲသီးကားများ နည်းပါးသွားသော်လည်း ရှမ်းမြောက်ရှိ ဖရဲသီးကားများက ကွတ်ခိုင်ရှိ MNDAA ရုံးတွင် ထောက်ခံချက်ယူပြီး သိန္နီ-ကွမ်းလုံ-နမ့်တစ်မှတစ်ဆင့် ပန်ဆန်းလမ်းကြောင်းအတိုင်း တရုတ်ပြည်သို့ တင်ပို့နေကြောင်းသိရသည်။
zawgyi version
ျပည္တြင္း ဖရဲ၊ သခြားေမႊး ေတာင္သူမ်ား အရႈံးေပၚ ေန
ျပည့္ၿဖိဳး (NP News) - ဒီဇင္ဘာ ၁၇
ဖရဲသီးႏွင့္သခြားေမႊးလုပ္ငန္းမ်ား ရာသီခ်ိန္ေရာက္ေနၿပီျဖစ္ေသာ္လည္း ရွမ္းျပည္နယ္အေရွ႕ ပိုင္းလမ္းေၾကာင္းမွတစ္ဆင့္သာ တင္ပို႔ႏိုင္သျဖင့္ အရည္အေသြးက်ဆင္းၿပီး ေဈးေကာင္းမရၾကေၾကာင္း ဖရဲ၊ သခြားလုပ္ငန္းရွင္မ်ားထံမွ သိရသည္။
ျပည္တြင္း၌ ဖရဲသီးႏွင့္ သခြားေမႊးမ်ား ထြက္ေပၚခ်ိန္ေရာက္ေသာ္လည္း ျပည္တြင္း၌ ေဈးေကာင္းမရသည့္အျပင္ ျပည္ပသို႔တင္ပို႔ရာတြင္လည္း သယ္ယူပို႔ေဆာင္ခ်ိန္ၾကာျမင့္ေနကာ အရည္အေသြးက်ဆင္းေနၿပီး တ႐ုတ္ဘက္မွ ေဈးႏွိမ္ဝယ္ယူေနေၾကာင္းသိရသည္။ ယခင္ မူဆယ္-ခ်င္းေ႐ႊေဟာ္ လမ္းေၾကာင္းအစား မိုင္းလားဘက္မွ တင္သြင္းေရာင္းခ်ေနရာ ယခုဒီဇင္ဘာလမွစတင္ကာ ဖရဲ၊ သခြားသီး တစ္စီး၊ ႏွစ္စီးခန႔္ စတင္ေရာင္းခ်ေနေၾကာင္း တစ္တန္လွ်င္ တ႐ုတ္ ယြမ္ေငြ (၂၅၀ဝ) ခန႔္ရရွိေနေၾကာင္း သိရသည္။
"တိုက္ပြဲေတြမျဖစ္ခင္ နယ္စပ္ဂိတ္ေတြ ဖြင့္တဲ့အခ်ိန္က တ႐ုတ္ဘက္ကို ဖရဲသီးတင္ရတာ အခုေလာက္စရိတ္မကုန္ဘူး။ အခုက မိုင္းလားဂိတ္တစ္ခုကပဲ ဖရဲသီးပို႔ရေတာ့ ကားခပိုေပးရသလို လမ္းမွာလည္း ခရီးၾကန႔္ၾကာေတာ့ ဖရဲသီးအရည္အေသြးက ေလ်ာ့လာတယ္။ လမ္းမွာေပးရတဲ့ဂိတ္ေၾကးေတြက မ်ားသလို တ႐ုတ္ကလည္း ဖရဲသီးမေကာင္းရင္ ေဈးႏွိမ္တယ္"ဟုနယ္စပ္ကုန္သည္တစ္ဦးကေျပာသည္။
လတ္တေလာ ေငြလဲႏႈန္းအရ ဖရဲသီးတစ္တန္လွ်င္ (၁၅)သိန္းက်ပ္ဝန္းက်င္ရရွိေနေသာ္လည္း ဖရဲသီးတင္ပို႔ရာတြင္ ကားတစ္စီးစာ စိုက္ခင္း ကုန္က်ေငြႏွင့္ တင္ပို႔စရိတ္မွာ ေငြက်ပ္သိန္း(၂၆၀) နီးပါး ကုန္က်ျခင္းေၾကာင့္ လတ္တေလာတင္ပို႔ရာ၌ နယ္စပ္ေဒသမ်ားမွစိုက္ပ်ိဳးထားသည့္ ရွမ္းဖရဲသီးမ်ားကိုသာ တင္ပို႔ေနေၾကာင္း ေအာင္ပန္းၿမိဳ႕ရွိ သီးႏွံပြဲ႐ုံတစ္ခုမွ သိရသည္။ "နယ္စပ္ဂိတ္ေတြက ပိတ္ထားေတာ့ ဖရဲသီးက တ႐ုတ္ကိုပို႔ရင္လည္း ရႈံး ၊ ဒီမွာေရာင္းလည္းရႈံး ျဖစ္ေနတယ္။ ဖရဲသီးပို႔ရတာ လမ္းမွာၾကာလို႔ ပ်က္စီးရင္ အပုပ္အေလ်ာ့က (၃)တန္ကေန (၁၅) တန္အထိရွိတယ္"ဟု ဖရဲကုန္သည္တစ္ဦးက ေျပာသည္။
ေတာင္ႀကီး-က်ိဳင္းတုံ-မိုင္းလားလမ္းမွလာေသာ ဖရဲသီးကားမ်ား နည္းပါးသြားေသာ္လည္း ရွမ္းေျမာက္ရွိ ဖရဲသီးကားမ်ားက ကြတ္ခိုင္ရွိ MNDAA ႐ုံးတြင္ ေထာက္ခံခ်က္ယူၿပီး သိႏၷီ-ကြမ္းလုံ-နမ့္တစ္မွတစ္ဆင့္ ပန္ဆန္းလမ္းေၾကာင္းအတိုင္း တ႐ုတ္ျပည္သို႔ တင္ပို႔ေနေၾကာင္းသိရသည္။