ရပ်ဆိုင်းထားသည့် ရန်ကုန်မြို့သစ်စီမံကိန်း လာမည့်နှစ်တွင် စတင်လာနိုင်

 518

ယွန်း (NP News) - ဒီဇင်ဘာ ၁၈

ရပ်ဆိုင်းထားသည့် ရန်ကုန်မြို့သစ်စီမံကိန်းကို လာမည့်(၂၀၂၅)ခုနှစ်တွင် စတင်လာနိုင်ကြောင်း ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်အသိုင်းအဝိုင်းထံ ဆက်သွယ်မေးမြန်းထားချက်များအရသိရသည်။ ရန်ကုန်မြို့သစ်စီမံကိန်းကို ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ပြင်ဆင်ညှိနှိုင်းလာခဲ့ခြင်း ဖြစ် သော်လည်း လက်ရှိအချိန်အထိ စတင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန်စီစဉ်ထားခဲ့ခြင်းဖြစ်ပြီး စီမံ ကိန်းကို မကြာမီစတင်နိုင်မည့်အလားအလာရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့၏သုံးသပ်မှုများ ရှိနေသည်။ “တရုတ်ကလည်း ဒီစီမံကိန်းကိုလောနေတယ်။ နိုင်ငံ‌တော်ကလုပ်ရင်တော့ ဖြစ်သွားမှာ။ ဘာမဆိုတော့ဖြစ်သွားနိုင်တယ်။ တရုတ်ကတော့ မြစ်ဆုံဆိုရင်လည်း ကချင်ကိုအပေးအယူနဲ့ညှိတယ်။ တရုတ်က အရမ်းလောနေတာဆိုတော့ ဒီစီမံကိန်းကလည်း နောက်နှစ် နှစ်လယ်ပိုင်းမှာ တောင်စနိုင် မယ်လို့တော့ ထင်တယ်”ဟု ပြည်တွင်းရှိစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP news ကို ပြောသည်။

သို့သော် အဆိုပါရန်ကုန်မြို့သစ်စီမံကိန်းနှင့်ပတ်သက်၍ NLD အစိုးရလက်ထက်တွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက (၂၀) ရာခိုင်နှုန်းနှင့် (၈၀) ရာခိုင်နှုန်းဆိုသည့် မြေသိမ်းမူဝါဒတစ်ခုကို ထုတ်ပြန်ခဲ့ဖူး သည်။ ထို့ကြောင့် စီမံကိန်းနှင့်ပတ်သက်၍ဆောင်ရွက်ရာတွင် အကျိုးအမြတ်ပိုင်းကိုလည်း ထည့်သွင်း စိစစ်ရန်လိုကြောင်း သုံးသပ်ပြောဆိုမှုများလည်းရှိနေသည်။

“၂၀/၈၀ ဆိုတာ ကျွန်တော်က အဲဒီမှာ မြေတွေပိုင်ထားတယ်ဆိုရင် အစိုးရကို (၁၀ဝ%)အပ်လိုက် ရင် Infrastructure ပြီးပြီးသား (၂၀%)က ကိုယ်ပြန်ရမယ်။ Infrastructure ပါပြီးသား (၂၀%)ဆိုတဲ့ဈေး က အရမ်းမြင့်သွားပြီ။ လယ်ဈေး မဟုတ်တော့ဘူး။ ရန်ကုန်မြို့သစ်စီမံကိန်းလုပ်မယ် ဆိုတာကိုသိတဲ့ သူတွေက ဟိုးအရင်ကတည်းကမြေတွေ ဝယ်ထားပြီးသား။ အဲဒီ (၂၀/၈၀)က ဖြစ်သင့်လားဆိုရင် မြေ သိမ်းမူဝါဒလည်းမဟုတ်ဘူး၊ ဥပဒေမှာမရှိတာကြီးတော့ မလုပ်သင့်ဘူးထင်တယ်။ ပြည်သူတွေ နစ်နာမှာ။ ဘာလို့လဲဆိုရင် အကယ်၍ (၂၀/၈၀) မပေးဘဲနဲ့ လယ်ယာမြေလျော်တဲ့ Amount က တစ်ဧကကို အလွန် ဆုံးမှ သိန်း (၁၀ဝ၊ ၂၀ဝ)ပဲ။ သိန်း (၁၀ဝ၊ ၂၀ဝ)နဲ့လျော်ရင် ကျန်တဲ့ဟာက နိုင်ငံတော်က ရမှာ။ ဒီပုံစံ အတိုင်းသွားရင် နိုင်ငံတော်က ဘာမှကျန်မှာမဟုတ်ဘူး။ Develop ဖြစ်သွားတာပဲရှိမှာ” ဟု အထက် ပါလုပ်ငန်းရှင်က ဆက်လက်ပြောသည်။

အဆိုပါစီမံကိန်း၏အကျယ်အဝန်းမှာ စင်ကာပူနိုင်ငံထက် နှစ်ဆခန့်ကျယ်ဝန်းပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ (၅)ဘီလျံကုန်ကျနိုင်မည်ဟု ခန့် မှန်းထားကာ လူ(၂)သန်းကျော်အတွက် အလုပ် အကိုင်ဖန်တီးပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC) က ထုတ်ပြန် အသိပေးထားဖူးသည်။ ရန်ကုန်အနောက်ဘက်ကမ်း ဆိပ်ကြီး ခနောင်တို၊ တွံတေး၊ လှိုင်သာယာ၊ ကြည့် မြင်တိုင်မြို့နယ်တို့မှ မြေဧက(၃၇၀,ဝဝဝ)ကျော် အသုံးပြုသွားမည့် ရန်ကုန်မြို့သစ်စီမံကိန်းကို ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ပြင်ဆင်ညှိနှိုင်းလာခဲ့ကြခြင်းဖြစ်ပြီး NLD အစိုးရလက်ထက် (၂၀၁၈) ခုနှစ်တွင် ကျယ်ကျယ်လောင်လောင်စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါမြို့သစ်စီမံကိန်းတွင် စက်မှုဇုန်များ၊ အဆင့်မြင့်အိမ်ရာများ၊ အပန်းဖြေအိမ်ရာများ၊ ဈေး ဝယ်စင်တာများ၊ မြို့တွင်းပြေးဆွဲမည့် အမြန်ရထား၊ ဘတ်စကား ဆက်သွယ်ရေးလမ်းကြောင်းများ စသည်တို့ကို ထည့်သွင်းတည်ဆောက်၍ နည်းပညာသုံး စက်မှုမြို့သစ်စီမံကိန်းအဖြစ် အကောင်အထည် ဖော်ရန် စီစဉ်ထားခြင်းဖြစ်သည်။

zawgyi version
ရပ္ဆိုင္းထားသည့္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း လာမည့္ႏွစ္တြင္ စတင္လာႏိုင္
ယြန္း (NP News) - ဒီဇင္ဘာ ၁၈

ရပ္ဆိုင္းထားသည့္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို လာမည့္(၂၀၂၅)ခုႏွစ္တြင္ စတင္လာႏိုင္ေၾကာင္း ျပည္တြင္းရွိ စီးပြားေရး လုပ္ငန္းရွင္အသိုင္းအဝိုင္းထံ ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရသိရသည္။ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို ဦးသိန္းစိန္ အစိုးရလက္ထက္ကတည္းက ျပင္ဆင္ညႇိႏႈိင္းလာခဲ့ျခင္း ျဖစ္ ေသာ္လည္း လက္ရွိအခ်ိန္အထိ စတင္ႏိုင္ျခင္း မရွိေသးေၾကာင္း သိရသည္။

အဆိုပါစီမံကိန္းကို တ႐ုတ္ႏိုင္ငံႏွင့္ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ရန္စီစဥ္ထားခဲ့ျခင္းျဖစ္ၿပီး စီမံ ကိန္းကို မၾကာမီစတင္ႏိုင္မည့္အလားအလာရွိေၾကာင္း စီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕၏သုံးသပ္မႈမ်ား ရွိေနသည္။ “တ႐ုတ္ကလည္း ဒီစီမံကိန္းကိုေလာေနတယ္။ ႏိုင္ငံ‌ေတာ္ကလုပ္ရင္ေတာ့ ျဖစ္သြားမွာ။ ဘာမဆိုေတာ့ျဖစ္သြားႏိုင္တယ္။ တ႐ုတ္ကေတာ့ ျမစ္ဆုံဆိုရင္လည္း ကခ်င္ကိုအေပးအယူနဲ႔ညႇိတယ္။ တ႐ုတ္က အရမ္းေလာေနတာဆိုေတာ့ ဒီစီမံကိန္းကလည္း ေနာက္ႏွစ္ ႏွစ္လယ္ပိုင္းမွာ ေတာင္စႏိုင္ မယ္လို႔ေတာ့ ထင္တယ္”ဟု ျပည္တြင္းရွိစီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP news ကို ေျပာသည္။

သို႔ေသာ္ အဆိုပါရန္ကုန္ၿမိဳ႕သစ္စီမံကိန္းႏွင့္ပတ္သက္၍ NLD အစိုးရလက္ထက္တြင္ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက (၂၀) ရာခိုင္ႏႈန္းႏွင့္ (၈၀) ရာခိုင္ႏႈန္းဆိုသည့္ ေျမသိမ္းမူဝါဒတစ္ခုကို ထုတ္ျပန္ခဲ့ဖူး သည္။ ထို႔ေၾကာင့္ စီမံကိန္းႏွင့္ပတ္သက္၍ေဆာင္႐ြက္ရာတြင္ အက်ိဳးအျမတ္ပိုင္းကိုလည္း ထည့္သြင္း စိစစ္ရန္လိုေၾကာင္း သုံးသပ္ေျပာဆိုမႈမ်ားလည္းရွိေနသည္။

“၂၀/၈၀ ဆိုတာ ကြၽန္ေတာ္က အဲဒီမွာ ေျမေတြပိုင္ထားတယ္ဆိုရင္ အစိုးရကို (၁၀ဝ%)အပ္လိုက္ ရင္ Infrastructure ၿပီးၿပီးသား (၂၀%)က ကိုယ္ျပန္ရမယ္။ Infrastructure ပါၿပီးသား (၂၀%)ဆိုတဲ့ေဈး က အရမ္းျမင့္သြားၿပီ။ လယ္ေဈး မဟုတ္ေတာ့ဘူး။ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းလုပ္မယ္ ဆိုတာကိုသိတဲ့ သူေတြက ဟိုးအရင္ကတည္းကေျမေတြ ဝယ္ထားၿပီးသား။ အဲဒီ (၂၀/၈၀)က ျဖစ္သင့္လားဆိုရင္ ေျမ သိမ္းမူဝါဒလည္းမဟုတ္ဘူး၊ ဥပေဒမွာမရွိတာႀကီးေတာ့ မလုပ္သင့္ဘူးထင္တယ္။ ျပည္သူေတြ နစ္နာမွာ။ ဘာလို႔လဲဆိုရင္ အကယ္၍ (၂၀/၈၀) မေပးဘဲနဲ႔ လယ္ယာေျမေလ်ာ္တဲ့ Amount က တစ္ဧကကို အလြန္ ဆုံးမွ သိန္း (၁၀ဝ၊ ၂၀ဝ)ပဲ။ သိန္း (၁၀ဝ၊ ၂၀ဝ)နဲ႔ေလ်ာ္ရင္ က်န္တဲ့ဟာက ႏိုင္ငံေတာ္က ရမွာ။ ဒီပုံစံ အတိုင္းသြားရင္ ႏိုင္ငံေတာ္က ဘာမွက်န္မွာမဟုတ္ဘူး။ Develop ျဖစ္သြားတာပဲရွိမွာ” ဟု အထက္ ပါလုပ္ငန္းရွင္က ဆက္လက္ေျပာသည္။

အဆိုပါစီမံကိန္း၏အက်ယ္အဝန္းမွာ စင္ကာပူႏိုင္ငံထက္ ႏွစ္ဆခန႔္က်ယ္ဝန္းၿပီး စုစုေပါင္း အေမရိကန္ေဒၚလာ (၅)ဘီလ်ံကုန္က်ႏိုင္မည္ဟု ခန႔္ မွန္းထားကာ လူ(၂)သန္းေက်ာ္အတြက္ အလုပ္ အကိုင္ဖန္တီးေပးမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕သစ္ ဖြံ႕ၿဖိဳးေရးကုမၸဏီလီမိတက္ (NYDC) က ထုတ္ျပန္ အသိေပးထားဖူးသည္။ ရန္ကုန္အေနာက္ဘက္ကမ္း ဆိပ္ႀကီး ခေနာင္တို၊ တြံေတး၊ လႈိင္သာယာ၊ ၾကည့္ ျမင္တိုင္ၿမိဳ႕နယ္တို႔မွ ေျမဧက(၃၇၀,ဝဝဝ)ေက်ာ္ အသုံးျပဳသြားမည့္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို ဦးသိန္းစိန္ အစိုးရလက္ထက္ကတည္းက ျပင္ဆင္ညႇိႏႈိင္းလာခဲ့ၾကျခင္းျဖစ္ၿပီး NLD အစိုးရလက္ထက္ (၂၀၁၈) ခုႏွစ္တြင္ က်ယ္က်ယ္ေလာင္ေလာင္စတင္ခဲ့ျခင္းျဖစ္သည္။

အဆိုပါၿမိဳ႕သစ္စီမံကိန္းတြင္ စက္မႈဇုန္မ်ား၊ အဆင့္ျမင့္အိမ္ရာမ်ား၊ အပန္းေျဖအိမ္ရာမ်ား၊ ေဈး ဝယ္စင္တာမ်ား၊ ၿမိဳ႕တြင္းေျပးဆြဲမည့္ အျမန္ရထား၊ ဘတ္စကား ဆက္သြယ္ေရးလမ္းေၾကာင္းမ်ား စသည္တို႔ကို ထည့္သြင္းတည္ေဆာက္၍ နည္းပညာသုံး စက္မႈၿမိဳ႕သစ္စီမံကိန္းအျဖစ္ အေကာင္အထည္ ေဖာ္ရန္ စီစဥ္ထားျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.