ဟနွိုင်းမြို့မှာကျင်းပတဲ့ စစ်လက်နက်ပစ္စည်းပြပွဲမှာ ဗီယက်နမ်နိုင်ငံက ကိုယ်ပိုင်ထုတ်လက်နက်များ ပြသမယ်

 365

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၈

ဗီယက်နမ်အစိုးရဟာ ဟနွိုင်းမြို့မှာကျင်းပတဲ့ နိုင်ငံတကာ လက်နက်ပြပွဲအတွင်း ဗီယက်နမ်နိုင်ငံက ကိုယ်ပိုင်ထုတ်လုပ်ထားတဲ့လက်နက်များကို ထုတ်ပြသွားမယ်လို့ သိရပါတယ်။ ဗီယက်နမ်နိုင်ငံဟာ လက်ရှိအချိန်မှာ ပြည်တွင်းကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု ပိုမိုကောင်းမွန်အောင်ကြိုးပမ်းနေသလို ပြည်ပနိုင်ငံတွေကိုလည်း စစ်လက်နက်ပစ္စည်းတွေ တင်ပို့နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် နိုင်ငံတကာ စစ်လက်နက်ပစ္စည်းပြပွဲအတွင်း အမေရိကန်၊ ဥရောပနိုင်ငံတွေနဲ့ တူရကီနိုင်ငံတို့ အပါအဝင် အခြားနိုင်ငံတွေက စစ်လက်နက်ပစ္စည်းများ လာရောက်ပြသမှာဖြစ်ပြီး စစ်လက်နက်ပစ္စည်း ကုမ္ပဏီပေါင်း ၂၅၀ နီးပါးပြသသွားမယ်လို့ ဖော်ပြထားပါတယ်။

ဗီယက်နမ်နိုင်ငံဟာ ရုရှားနိုင်ငံထံကနေ စစ်လက်နက်ပစ္စည်းတွေကို နှစ်ပေါင်းများစွာက အဓိကတင်သွင်းနေရကာ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့အငြင်းပွားမှုတွေရှိနေတာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံ စစ်တပ်ပိုင်လက်နက်ပစ္စည်းကုမ္ပဏီဖြစ်တဲ့ Viettel ကုမ္ပဏီတွေနဲ့ အခြားစစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့ပြည်တွင်းကုမ္ပဏီတွေဟာ လေကြောင်းရန်ကာကွယ်ရေးစနစ်၊ ဒရုန်းတွေနဲ့ လေကြောင်းရန်ကာကွယ်ရေး ရေဒါတွေ၊ အမြှောက်တွေကို ခင်းကျင်းပြသွားမယ်လို့ သိရပါတယ်။

ဗီယက်နမ်နိုင်ငံဟာ စစ်လက်နက်ပစ္စည်းအချို့ကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသမှာဖြစ်တယ်လို့ သိရပါတယ်။ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြိုမှာကျင်းပမယ့် စစ်လက်နက်ပစ္စည်းပြပွဲကို တရုတ်နိုင်ငံအခြေစိုက်နော်ရင်ကို ကုမ္ပဏီ၊ အမေရိကန်အခြေစိုက် ဘိုရင်း၊ လော့ဟီမာတင်၊ Textron Aviation Defense ကုမ္ပဏီနဲ့ ဗြိတိန်အခြေစိုက် BAE Systems၊ ကုမ္ပဏီ၊ အီတလီအခြေစိုက် Leonardo ကုမ္ပဏီ နဲ့ ပြင်သစ်အခြေစိုက် Thales Group ကုမ္ပဏီတွေ ခင်းကျင်းပြသသွားမယ်လို့ သိရပါတယ်။

Zawgyi Version;
ဟႏြိဳင္းၿမိဳ႕မွာက်င္းပတဲ့ စစ္လက္နက္ပစၥည္းျပပြဲမွာ ဗီယက္နမ္ႏိုင္ငံက ကိုယ္ပိုင္ထုတ္လက္နက္မ်ား ျပသမယ္
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၈

ဗီယက္နမ္အစိုးရဟာ ဟႏြိဳင္းၿမိဳ႕မွာက်င္းပတဲ့ ႏိုင္ငံတကာ လက္နက္ျပပြဲအတြင္း ဗီယက္နမ္ႏိုင္ငံက ကိုယ္ပိုင္ထုတ္လုပ္ထားတဲ့လက္နက္မ်ားကို ထုတ္ျပသြားမယ္လို႔ သိရပါတယ္။ ဗီယက္နမ္ႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ ျပည္တြင္းကာကြယ္ေရးပစၥည္းထုတ္လုပ္မႈ ပိုမိုေကာင္းမြန္ေအာင္ႀကိဳးပမ္းေနသလို ျပည္ပႏိုင္ငံေတြကိုလည္း စစ္လက္နက္ပစၥည္းေတြ တင္ပို႔ႏိုင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။

ဗီယက္နမ္ႏိုင္ငံမွာ က်င္းပမယ့္ ႏိုင္ငံတကာ စစ္လက္နက္ပစၥည္းျပပြဲအတြင္း အေမရိကန္၊ ဥေရာပႏိုင္ငံေတြနဲ႔ တူရကီႏိုင္ငံတို႔ အပါအဝင္ အျခားႏိုင္ငံေတြက စစ္လက္နက္ပစၥည္းမ်ား လာေရာက္ျပသမွာျဖစ္ၿပီး စစ္လက္နက္ပစၥည္း ကုမၸဏီေပါင္း ၂၅၀ နီးပါးျပသသြားမယ္လို႔ ေဖာ္ျပထားပါတယ္။

ဗီယက္နမ္ႏိုင္ငံဟာ ႐ုရွားႏိုင္ငံထံကေန စစ္လက္နက္ပစၥည္းေတြကို ႏွစ္ေပါင္းမ်ားစြာက အဓိကတင္သြင္းေနရကာ ေတာင္တ႐ုတ္ပင္လယ္အေရးနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံနဲ႔အျငင္းပြားမႈေတြရွိေနတာျဖစ္ပါတယ္။ ဗီယက္နမ္ႏိုင္ငံ စစ္တပ္ပိုင္လက္နက္ပစၥည္းကုမၸဏီျဖစ္တဲ့ Viettel ကုမၸဏီေတြနဲ႔ အျခားစစ္လက္နက္ပစၥည္းထုတ္လုပ္တဲ့ျပည္တြင္းကုမၸဏီေတြဟာ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္၊ ဒ႐ုန္းေတြနဲ႔ ေလေၾကာင္းရန္ကာကြယ္ေရး ေရဒါေတြ၊ အေျမႇာက္ေတြကို ခင္းက်င္းျပသြားမယ္လို႔ သိရပါတယ္။

ဗီယက္နမ္ႏိုင္ငံဟာ စစ္လက္နက္ပစၥည္းအခ်ိဳ႕ကို ပထမဆုံးအႀကိမ္ ထုတ္ေဖာ္ျပသမွာျဖစ္တယ္လို႔ သိရပါတယ္။ ဗီယက္နမ္ႏိုင္ငံ ဟႏြိဳင္းၿမိဳမွာက်င္းပမယ့္ စစ္လက္နက္ပစၥည္းျပပြဲကို တ႐ုတ္ႏိုင္ငံအေျခစိုက္ေနာ္ရင္ကို ကုမၸဏီ၊ အေမရိကန္အေျခစိုက္ ဘိုရင္း၊ ေလာ့ဟီမာတင္၊ Textron Aviation Defense ကုမၸဏီနဲ႔ ၿဗိတိန္အေျခစိုက္ BAE Systems၊ ကုမၸဏီ၊ အီတလီအေျခစိုက္ Leonardo ကုမၸဏီ နဲ႔ ျပင္သစ္အေျခစိုက္ Thales Group ကုမၸဏီေတြ ခင္းက်င္းျပသသြားမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.