လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကို အဖွဲ့ဝင်(၁၇)ဦးဖြင့် ဖွဲ့စည်း

1884

NP News - ဒီဇင်ဘာ ၁၉
နစက၏ ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းဦးဆောင်သော လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကို အဖွဲ့ဝင် (၁၇)ဦးဖြင့် စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၁၈ ရက်၊ ညပိုင်း တွင် သတင်းထုတ်ပြန်လိုက်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အုပ်ချုပ်မှူသက်တမ်း (၄)နှစ်ကြာမြင့်လာသည့်အချိန်၌ စက်မှုဖွံ့ဖြိုးရေး ကော်မရှင်နှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်များနည်းတူ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင် ကို ပထမဆုံးအကြိမ် စတင်ဖွဲ့စည်းခဲ့ခြင်းလည်း ဖြစ်သည်။
လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်တွင် ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး နိုင်ငံတော်ဝန်ကြီးချုပ်ရုံး မှ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး ဦးအေးကျော် နှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသန့်စင်တို့က တာဝန်ယူရမည်ဖြစ်သည်။
ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌ(၁)အဖြစ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဉာဏ်ထွန်း နှင့် ဒုတိယဥက္ကဋ္ဌ (၂)အဖြစ် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့က တာဝန်ယူရမည်ဖြစ်သည်။
အခြားသောအဖွဲ့ဝင်များအဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တမျိုးသိန်းကျော်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဗိုလ်ချုပ်တိုးရီ၊ စီမံကိန်းနှင်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမင်းထွဋ၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ် ဇော်နိုင်ဦး၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ အတွင်းရေးမှူးဦးလှဝင်းဌေးတို့ ပါဝင်ခဲ့သည်။
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သီးခြားထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်းလည်း နစကမှ သတင်းထုတ်ပြန်ထားသည်။
Zawgyi Version;
လွ်ပ္စစ္ႏွင့္ စြမ္းအင္ဖြံ႕ၿဖိဳးေရးေကာ္မရွင္ကို အဖြဲ႕ဝင္(၁၇)ဦးျဖင့္ ဖြဲ႕စည္း
NP News - ဒီဇင္ဘာ ၁၉
နစက၏ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းဦးေဆာင္ေသာ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဖြံ႕ၿဖိဳးေရးေကာ္မရွင္ကို အဖြဲ႕ဝင္ (၁၇)ဦးျဖင့္ စတင္ဖြဲ႕စည္းလိုက္ၿပီျဖစ္ေၾကာင္း ဒီဇင္ဘာလ ၁၈ ရက္၊ ညပိုင္း တြင္ သတင္းထုတ္ျပန္လိုက္သည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ အုပ္ခ်ဳပ္မႉသက္တမ္း (၄)ႏွစ္ၾကာျမင့္လာသည့္အခ်ိန္၌ စက္မႈဖြံ႕ၿဖိဳးေရး ေကာ္မရွင္ႏွင့္ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးဖြံ႕ၿဖိဳးေရးေကာ္မရွင္မ်ားနည္းတူ လွ်ပ္စစ္ႏွင့္စြမ္းအင္ဖြံ႕ၿဖိဳးေရး ေကာ္မရွင္ ကို ပထမဆုံးအႀကိမ္ စတင္ဖြဲ႕စည္းခဲ့ျခင္းလည္း ျဖစ္သည္။
လွ်ပ္စစ္ႏွင့္စြမ္းအင္ဖြံ႕ၿဖိဳးေရးေကာ္မရွင္တြင္ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ျပည္ေထာင္စုဝန္ႀကီး ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္႐ုံး မွ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းက ဥကၠ႒အျဖစ္ ဦးေဆာင္မည္ျဖစ္ၿပီး အတြင္းေရးမႉးအျဖစ္ လွ်ပ္စစ္စြမ္းအားဝန္ႀကီး ဌာနမွ ဒုတိယဝန္ႀကီး ဦးေအးေက်ာ္ ႏွင့္ တြဲဖက္အတြင္းေရးမႉးအျဖစ္ စြမ္းအင္ဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ဦးသန႔္စင္တို႔က တာဝန္ယူရမည္ျဖစ္သည္။
ေကာ္မရွင္၏ ဒုတိယဥကၠ႒(၁)အျဖစ္ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီးဦးဉာဏ္ထြန္း ႏွင့္ ဒုတိယဥကၠ႒ (၂)အျဖစ္ စြမ္းအင္ဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလြင္တို႔က တာဝန္ယူရမည္ျဖစ္သည္။
အျခားေသာအဖြဲ႕ဝင္မ်ားအျဖစ္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာကံေဇာ္၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီး ဦးမင္းေနာင္၊ သမဝါယမႏွင့္ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီး ဦးလွမိုး၊ သယံဇာတႏွင့္သဘာဝ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ရီ၊ စက္မႈဝန္ႀကီးဌာနမွ ျပည္ေထာင္စု ဝန္ႀကီး ေဒါက္တာခ်ာလီသန္း၊ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီးဦးထြန္းအုံ၊ သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တမ်ိဳးသိန္းေက်ာ္၊ ကာကြယ္ေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ကိုေလး၊ ျပည္ထဲေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီးဗိုလ္ခ်ဳပ္တိုးရီ၊ စီမံကိန္းႏွင္ဘ႑ာေရး ဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ဦးမင္းထြဋ၊ စစ္အင္ဂ်င္နီယာၫႊန္ၾကားေရးမႉး႐ုံး ကာကြယ္ေရးဝန္ႀကီးဌာနမွ ဗိုလ္ခ်ဳပ္ ေဇာ္ႏိုင္ဦး၊ ျမန္မာႏိုင္ငံအင္ဂ်င္နီယာေကာင္စီမွ အတြင္းေရးမႉးဦးလွဝင္းေဌးတို႔ ပါဝင္ခဲ့သည္။
လွ်ပ္စစ္ႏွင့္စြမ္းအင္က႑ဖြံ႕ၿဖိဳးတိုးတက္ေရးကို အရွိန္အဟုန္ျမႇင့္ ေဆာင္႐ြက္ႏိုင္ရန္အတြက္ ရည္႐ြယ္၍ တာဝန္ႏွင့္ လုပ္ပိုင္ခြင့္မ်ားကို သီးျခားထုတ္ျပန္ ေပးသြားမည္ျဖစ္ေၾကာင္းလည္း နစကမွ သတင္းထုတ္ျပန္ထားသည္။