အဘက်ဘက်မှ ထိုးနှက်တိုက်ခိုက်နေမှုများအပေါ် ပြည်သူလူထု၊ အစိုးရနှင့် တပ်မတော်တို့၏ ပေါင်းစည်းအားနှင့် ညီညွတ်သော စိတ်ဓာတ်တို့ဖြင့် ကာကွယ်ရန် နစကဥက္ကဋ္ဌ ပြော
289
နာမူ (NP News) - ဒီဇင်ဘာ ၂၁
နိုင်ငံတွင်း အဘက်ဘက်မှ ထိုးနှက်တိုက်ခိုက်နေမှုများအပေါ် ပြည်သူလူထု၊ အစိုးရနှင့် တပ်မတော်တို့၏ ပေါင်းစည်းအားနှင့် ညီညွတ်သော စိတ်ဓာတ်တို့ဖြင့် ကာကွယ်ရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
နစက ဥက္ကဋ္ဌက ယမန်နေ့ (ဒီဇင်ဘာလ ၂၀ ရက်)၊ ညနေပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပခဲ့သော ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံသည် ပြည်တွင်း၊ ပြည်ပအန္တရာယ်များ၊ ဝင်ရောက်စွက်ဖက်မှုများဖြင့် ကြုံတွေ့နေရသော အချိန်ဖြစ်ပြီး မဟာဗျူဟာအချက်အချာကျသည့် ကမ္ဘာ့နိုင်ငံအများစုသည်လည်း ယင်းအခြေအနေနှင့် ကြုံတွေ့နေရကြောင်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။ ထိုသို့ အဘက်ဘက်မှ ထိုးနှက်တိုက်ခိုက်နေမှုများကိုလည်း ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်တို့၏ ပေါင်းစည်းအား၊ ညီညွတ်သောစိတ်ဓာတ်များဖြင့် ကာကွယ်ရန်လိုအပ်ကြောင်းလည်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် အခက်အခဲများအကြား နိုင်ငံ၏နေရာဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၏ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် တာဝန်ထမ်းဆောင်နေမှုများကို အသိအမှတ်ပြုဂုဏ်ပြုကြောင်းလည်း နစကဥက္ကဋ္ဌက ဆိုသည်။
ထို့ကြောင့် နိုင်ငံ၊ လူမျိုးနှင့် ပြည်သူများကို ကာကွယ်ရင်း အသက်ပေးလှူကျဆုံးသွားခဲ့ရသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်မှုထမ်းအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အခြား နိုင်ငံ့သားကောင်းများအားလုံးကို အထူးအလေးထား ဦးညွတ်ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်းလည်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။
zawgyi version
အဘက္ဘက္မွ ထိုးႏွက္တိုက္ခိုက္ေနမႈမ်ားအေပၚ ျပည္သူလူထု၊ အစိုးရႏွင့္ တပ္မေတာ္တို႔၏ ေပါင္းစည္းအားႏွင့္ ညီၫြတ္ေသာ စိတ္ဓာတ္တို႔ျဖင့္ ကာကြယ္ရန္ နစကဥကၠ႒ ေျပာ
နာမူ (NP News) - ဒီဇင္ဘာ ၂၁
ႏိုင္ငံတြင္း အဘက္ဘက္မွ ထိုးႏွက္တိုက္ခိုက္ေနမႈမ်ားအေပၚ ျပည္သူလူထု၊ အစိုးရႏွင့္ တပ္မေတာ္တို႔၏ ေပါင္းစည္းအားႏွင့္ ညီၫြတ္ေသာ စိတ္ဓာတ္တို႔ျဖင့္ ကာကြယ္ရန္ နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားသည္။
နစက ဥကၠ႒က ယမန္ေန႔ (ဒီဇင္ဘာလ ၂၀ ရက္)၊ ညေနပိုင္းက ေနျပည္ေတာ္ရွိ ဝဏၰသိဒၶိအားကစားကြင္းတြင္ က်င္းပခဲ့ေသာ ပၪၥမအႀကိမ္ေျမာက္ အမ်ိဳးသားအားကစားပြဲေတာ္ ပိတ္ပြဲအခမ္းအနားတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံသည္ ျပည္တြင္း၊ ျပည္ပအႏၲရာယ္မ်ား၊ ဝင္ေရာက္စြက္ဖက္မႈမ်ားျဖင့္ ႀကဳံေတြ႕ေနရေသာ အခ်ိန္ျဖစ္ၿပီး မဟာဗ်ဴဟာအခ်က္အခ်ာက်သည့္ ကမာၻ႔ႏိုင္ငံအမ်ားစုသည္လည္း ယင္းအေျခအေနႏွင့္ ႀကဳံေတြ႕ေနရေၾကာင္း နစကဥကၠ႒က ေျပာၾကားခဲ့သည္။ ထိုသို႔ အဘက္ဘက္မွ ထိုးႏွက္တိုက္ခိုက္ေနမႈမ်ားကိုလည္း ျပည္သူလူထု၊ အစိုးရ၊ တပ္မေတာ္တို႔၏ ေပါင္းစည္းအား၊ ညီၫြတ္ေသာစိတ္ဓာတ္မ်ားျဖင့္ ကာကြယ္ရန္လိုအပ္ေၾကာင္းလည္း နစကဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့သည္။
ထို႔ျပင္ အခက္အခဲမ်ားအၾကား ႏိုင္ငံ၏ေနရာေဒသအသီးသီးတြင္ တာဝန္ထမ္းေဆာင္ေနၾကသည့္ တပ္မေတာ္သားမ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ ႏိုင္ငံ့ဝန္ထမ္းမ်ား၏ ႏိုင္ငံေတာ္ႏွင့္ ျပည္သူလူထုအတြက္ တာဝန္ထမ္းေဆာင္ေနမႈမ်ားကို အသိအမွတ္ျပဳဂုဏ္ျပဳေၾကာင္းလည္း နစကဥကၠ႒က ဆိုသည္။
ထို႔ေၾကာင့္ ႏိုင္ငံ၊ လူမ်ိဳးႏွင့္ ျပည္သူမ်ားကို ကာကြယ္ရင္း အသက္ေပးလႉက်ဆုံးသြားခဲ့ရသည့္ တပ္မေတာ္သားမ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ ျပည္သူ႔စစ္မႈထမ္းအဖြဲ႕ဝင္မ်ား၊ ႏိုင္ငံ့ဝန္ထမ္းမ်ားႏွင့္ အျခား ႏိုင္ငံ့သားေကာင္းမ်ားအားလုံးကို အထူးအေလးထား ဦးၫြတ္ဂုဏ္ျပဳမွတ္တမ္းတင္ပါေၾကာင္းလည္း နစကဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့သည္။