ပင်လယ်နီမှာ အချင်းချင်းမှားယွင်းပစ်ခတ်မှုတစ်ခုအတွင်း အမေရိကန်တိုက်လေယာဉ်တစ်စင်း ပစ်ချခံရ
504
Pika (NP News) - ဒီဇင်ဘာ ၂၃
ပင်လယ်နီအတွင်းမှာ ဒီဇင်ဘာလ(၂၂)ရက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ အချင်းချင်းမှားယွင်းပစ်ခတ်မှုတစ်ခုအတွင်း အမေရိကန်တိုက်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီဖြစ်ရပ်အတွင်း လေယာဉ်မှူးနှစ်ဦးစလုံးဟာ ထိုင်ခုံနဲ့အတူ အောင်မြင်စွာကန်ထွက်နိုင်ခဲ့ပေမယ့်လည်း အစောပိုင်းသတင်းတွေအရ လေယာဉ်မှူးနှစ်ဦးထဲက တစ်ဦးဟာ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။ USS Harry S. Truman Carrier Strike Group ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ USS Gettysburg (CG 64) သင်္ဘောဟာ ပင်လယ်နီကိုဖြတ်ပြီး ပျံသန်းလာတဲ့ အမေရိကန်တိုက်လေယာဉ်တစ်စင်းကို မှားယွင်းပစ်ချခဲ့မိတာဖြစ်တယ်လို့လည်း သိရပါတယ်။ အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် CENTCOM က "USS Harry S. Truman Carrier Strike Group ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ USS Gettysburg (CG 64) သင်္ဘောဟာ USS Harry S. Truman လေယာဉ်တင်သင်္ဘောအပေါ်ကနေဖြတ်ပြီးပျံသန်းခဲ့တဲ့ F/A-18 တိုက်လေယာဉ်ကို မှားယွင်းစွာပစ်ချခဲ့မိတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ရန်လိုမှုနဲ့ပတ်သက်တဲ့ ပစ်ခတ်မှုရဲ့ ရလဒ်တစ်ခုမဟုတ်သလို အပြည့်အဝစုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်"လို့ သတင်းထုတ်ပြန်ထားပါတယ်။
အစ္စရေး-ဟားမတ်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်းတည်းက အမေရိကန်ဟာ ပင်လယ်နီအတွင်းသွားလာနေတဲ့ ကုန်တင်သင်္ဘောတွေ ပစ်ခတ်တိုက်ခိုက်ခံရမှုတွေကနေ ကာကွယ်ဖို့အတွက် ၎င်းရဲ့စစ်ဘက်ဆိုင်ရာပိုင်ဆိုင်မှုတွေကို ဖြန့်ကျက်ချထားခဲ့တာလည်းဖြစ်ပါတယ်။ အစ္စရေး-ဟားမတ်စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ဟားမတ်လက်နက်ကိုင်အဖွဲ့ကို ထောက်ခံတဲ့အနေနဲ့ ပင်လယ်နီအတွင်းသွားလာနေတဲ့ ကုန်တင်သင်္ဘောတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။
zawgyi version
ပင္လယ္နီမွာ အခ်င္းခ်င္းမွားယြင္းပစ္ခတ္မႈတစ္ခုအတြင္း အေမရိကန္တိုက္ေလယာဥ္တစ္စင္း ပစ္ခ်ခံရ
Pika (NP News) - ဒီဇင္ဘာ ၂၃
ပင္လယ္နီအတြင္းမွာ ဒီဇင္ဘာလ(၂၂)ရက္အေစာပိုင္းက ျဖစ္ပြားခဲ့တဲ့ အခ်င္းခ်င္းမွားယြင္းပစ္ခတ္မႈတစ္ခုအတြင္း အေမရိကန္တိုက္ေလယာဥ္တစ္စင္း ပစ္ခ်ခံခဲ့ရတယ္လို႔ သိရပါတယ္။
အဲဒီျဖစ္ရပ္အတြင္း ေလယာဥ္မႉးႏွစ္ဦးစလုံးဟာ ထိုင္ခုံနဲ႔အတူ ေအာင္ျမင္စြာကန္ထြက္ႏိုင္ခဲ့ေပမယ့္လည္း အေစာပိုင္းသတင္းေတြအရ ေလယာဥ္မႉးႏွစ္ဦးထဲက တစ္ဦးဟာ ထိခိုက္ဒဏ္ရာအနည္းငယ္ရရွိခဲ့တယ္လို႔ သိရပါတယ္။ USS Harry S. Truman Carrier Strike Group ရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္တဲ့ USS Gettysburg (CG 64) သေဘၤာဟာ ပင္လယ္နီကိုျဖတ္ၿပီး ပ်ံသန္းလာတဲ့ အေမရိကန္တိုက္ေလယာဥ္တစ္စင္းကို မွားယြင္းပစ္ခ်ခဲ့မိတာျဖစ္တယ္လို႔လည္း သိရပါတယ္။ အေမရိကန္အလယ္ပိုင္းစစ္ဌာနခ်ဳပ္ CENTCOM က "USS Harry S. Truman Carrier Strike Group ရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္တဲ့ USS Gettysburg (CG 64) သေဘၤာဟာ USS Harry S. Truman ေလယာဥ္တင္သေဘၤာအေပၚကေနျဖတ္ၿပီးပ်ံသန္းခဲ့တဲ့ F/A-18 တိုက္ေလယာဥ္ကို မွားယြင္းစြာပစ္ခ်ခဲ့မိတာျဖစ္ပါတယ္။ ဒီျဖစ္ရပ္ဟာ ရန္လိုမႈနဲ႔ပတ္သက္တဲ့ ပစ္ခတ္မႈရဲ႕ ရလဒ္တစ္ခုမဟုတ္သလို အျပည့္အဝစုံစမ္းစစ္ေဆးမႈေတြကို ဆက္လက္လုပ္ေဆာင္ေနပါတယ္"လို႔ သတင္းထုတ္ျပန္ထားပါတယ္။
အစၥေရး-ဟားမတ္စစ္ပြဲစတင္ျဖစ္ပြားၿပီးေနာက္ပိုင္းတည္းက အေမရိကန္ဟာ ပင္လယ္နီအတြင္းသြားလာေနတဲ့ ကုန္တင္သေဘၤာေတြ ပစ္ခတ္တိုက္ခိုက္ခံရမႈေတြကေန ကာကြယ္ဖို႔အတြက္ ၎ရဲ႕စစ္ဘက္ဆိုင္ရာပိုင္ဆိုင္မႈေတြကို ျဖန႔္က်က္ခ်ထားခဲ့တာလည္းျဖစ္ပါတယ္။ အစၥေရး-ဟားမတ္စစ္ပြဲျဖစ္ပြားၿပီးေနာက္ပိုင္း ယီမင္အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕ဟာ ဟားမတ္လက္နက္ကိုင္အဖြဲ႕ကို ေထာက္ခံတဲ့အေနနဲ႔ ပင္လယ္နီအတြင္းသြားလာေနတဲ့ ကုန္တင္သေဘၤာေတြကို ဒုံးက်ည္ေတြ၊ ဒ႐ုန္းေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တာလည္းျဖစ္ပါတယ္။