အမေရိကန်နိုင်ငံ၊ ချီကာကိုမှ ဟာဝိုင်အီကို ပျံသန်းတဲ့ လေယာဉ်ဘီးခန်းမှာ လူအလောင်းတစ်လောင်း တွေ့ရှိ

 1881

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၇

ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းက အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှ ပျံသန်းလာပြီး ဟာဝိုင်အီမှာ ဆင်းသက်ခဲ့တဲ့ United Airlines လေယာဉ် ဘီးခန်းထဲမှာ လူသေအလောင်းတစ်ခု တွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေရဲ့ပြောကြားချက်အရ သိရပါတယ်။
United Airlines လေယာဉ်၊ နံပါတ် ၂၀၂ ဟာ ဒီဇင်ဘာ ၂၄ ရက် နံနက် ၉ နာရီ ၃၁ မိနစ်က Chicago O'Hare အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ပြီး မွန်းလွဲ ၂ နာရီ ၁၂ မိနစ်မှာ ဟာဝိုင်အီ၊ မာဝီရှိ Kahului လေဆိပ်ကို ဆင်းသက်ခဲ့တယ်လို့ FlightAware ကုမ္ပဏီရဲ့ပြောကြားချက်အရ သိရပါတယ်။
လေယာဉ် ဆင်းသက်ပြီးတဲ့နောက်မှာ လေယာဉ်ပေါ်က ဘီးသိမ်းတဲ့အခန်းမှာ ရုပ်အလောင်းတစ်လောင်းကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ United Airlines က ဒီဇင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါသေဆုံးမှုကို ဌာနက စုံစမ်းစစ်ဆေးနေတယ်လို့ ဌာနပြောရေးဆိုခွင့်ရှိသူ မစ္စအလန်နာကေပီကို က ပြောပါတယ်။ လေကြောင်းလိုင်းကတော့ စုံစမ်းစစ်ဆေးမှုကို တရားဥပဒေစိုးမိုးရေးနဲ့ အညီ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ လေယာဉ်ရဲ့ဘီးသိမ်းတဲ့အခန်းကျဉ်း နေရာကွက်လပ်လေးထဲကို လူလိုက်ပါလာတာဖြစ်တယ်လို့ ယူဆရပြီး ဘယ်လိုဝင်ရောက်ခဲ့လဲဆိုတာတော့ မသိရသေးပါဘူး။

ယူနိုက်တက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ပြောကြားချက်အရ အလောင်းတွေ့ရှိတဲ့နေရာဟာ လေယာဉ်အပြင်ဘက်မှသာ ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။ ဘီးသိုလှောင်ခန်းတွေမှာ အောက်ဆီဂျင်နည်းပါးပြီး အပူချိန်လွန်ကဲတာကြောင့် ဒီနေရာမှာ လိုက်ပါလာသူတွေဟာ အသက်ရှင်နိုင်သူ နည်းပါးတယ်လို့ Federal Aviation Administration က ပြောပါတယ်။

၂၀၂၁ ခုနှစ်ကလည်း အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး ဂွာတီမာလာမှ မိုင်ယာမီကို ပျံသန်းတဲ့ လေယာဉ်ဘီးခန်းမှာ လိုက်ပါခဲ့ပြီး အဲဒီတုန်းကတော့ ၎င်းဟာ အသက်ရှင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံ၊ ခ်ီကာကိုမွ ဟာဝိုင္အီကို ပ်ံသန္းတဲ့ ေလယာဥ္ဘီးခန္းမွာ လူအေလာင္းတစ္ေလာင္း ေတြ႕ရွိ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၇

ဒီဇင္ဘာ ၂၄ ရက္ မြန္းလြဲပိုင္းက အေမရိကန္ႏိုင္ငံ ခ်ီကာဂိုၿမိဳ႕မွ ပ်ံသန္းလာၿပီး ဟာဝိုင္အီမွာ ဆင္းသက္ခဲ့တဲ့ United Airlines ေလယာဥ္ ဘီးခန္းထဲမွာ လူေသအေလာင္းတစ္ခု ေတြ႕ရွိခဲ့တယ္လို႔ အာဏာပိုင္ေတြရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။
United Airlines ေလယာဥ္၊ နံပါတ္ ၂၀၂ ဟာ ဒီဇင္ဘာ ၂၄ ရက္ နံနက္ ၉ နာရီ ၃၁ မိနစ္က Chicago O'Hare အျပည္ျပည္ဆိုင္ရာေလဆိပ္မွ ထြက္ခြာခဲ့ၿပီး မြန္းလြဲ ၂ နာရီ ၁၂ မိနစ္မွာ ဟာဝိုင္အီ၊ မာဝီရွိ Kahului ေလဆိပ္ကို ဆင္းသက္ခဲ့တယ္လို႔ FlightAware ကုမၸဏီရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။
ေလယာဥ္ ဆင္းသက္ၿပီးတဲ့ေနာက္မွာ ေလယာဥ္ေပၚက ဘီးသိမ္းတဲ့အခန္းမွာ ႐ုပ္အေလာင္းတစ္ေလာင္းကို ေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ United Airlines က ဒီဇင္ဘာ ၂၅ ရက္မွာ ထုတ္ျပန္ခဲ့ပါတယ္။

အဆိုပါေသဆုံးမႈကို ဌာနက စုံစမ္းစစ္ေဆးေနတယ္လို႔ ဌာနေျပာေရးဆိုခြင့္ရွိသူ မစၥအလန္နာေကပီကို က ေျပာပါတယ္။ ေလေၾကာင္းလိုင္းကေတာ့ စုံစမ္းစစ္ေဆးမႈကို တရားဥပေဒစိုးမိုးေရးနဲ႔ အညီ လုပ္ေဆာင္ေနတယ္လို႔ ေျပာပါတယ္။ ေလယာဥ္ရဲ႕ဘီးသိမ္းတဲ့အခန္းက်ဥ္း ေနရာကြက္လပ္ေလးထဲကို လူလိုက္ပါလာတာျဖစ္တယ္လို႔ ယူဆရၿပီး ဘယ္လိုဝင္ေရာက္ခဲ့လဲဆိုတာေတာ့ မသိရေသးပါဘူး။

ယူႏိုက္တက္ေျပာေရးဆိုခြင့္ရွိသူတစ္ဦးရဲ႕ေျပာၾကားခ်က္အရ အေလာင္းေတြ႕ရွိတဲ့ေနရာဟာ ေလယာဥ္အျပင္ဘက္မွသာ ဝင္ေရာက္ႏိုင္တယ္လို႔ ဆိုပါတယ္။ ဘီးသိုေလွာင္ခန္းေတြမွာ ေအာက္ဆီဂ်င္နည္းပါးၿပီး အပူခ်ိန္လြန္ကဲတာေၾကာင့္ ဒီေနရာမွာ လိုက္ပါလာသူေတြဟာ အသက္ရွင္ႏိုင္သူ နည္းပါးတယ္လို႔ Federal Aviation Administration က ေျပာပါတယ္။

၂၀၂၁ ခုႏွစ္ကလည္း အသက္ ၂၆ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ဂြာတီမာလာမွ မိုင္ယာမီကို ပ်ံသန္းတဲ့ ေလယာဥ္ဘီးခန္းမွာ လိုက္ပါခဲ့ၿပီး အဲဒီတုန္းကေတာ့ ၎ဟာ အသက္ရွင္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.