သဲကုန်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွား
                        
                            
                             
 597
 
                             
                            
                            
                         
                        
                        Pearl (NP News) -စက်တင်ဘာ ၂၈
သဲကုန်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ 
ဖြစ်စဉ်မှာ  ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ရွှေတဲသဲကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 
အဆိုပါကျေးရွာတွင်နေထိုင်သော ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးရွှေတိုး(၇၀)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦးက ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ 
 ထိုသို့ ရောက်ရှိလာခဲ့ကာ ဦးရွှေတိုးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံထားရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
                     
                        
                                                                    
                                
                                
                                        Zawgyi Version:
သဲကုန္းတြင္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတစ္ဦးကို အၾကမ္းဖက္အဖြဲ႕က ဖမ္းဆီးသြား
Pearl (NP News) -စက္တင္ဘာ ၂၈
သဲကုန္းတြင္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတစ္ဦးကို အၾကမ္းဖက္အဖြဲ႕က ဖမ္းဆီးသြားခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။ 
ျဖစ္စဥ္မွာ  ၿပီးခဲ့သည့္ စက္တင္ဘာ ၂၆ ရက္ ညေန ၆ နာရီ ၄၅ မိနစ္ခန႔္က ပဲခူးတိုင္းေဒသႀကီး၊ သဲကုန္းၿမိဳ႕နယ္၊ ေ႐ႊတဲသဲကုန္းေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ 
အဆိုပါေက်း႐ြာတြင္ေနထိုင္ေသာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးေ႐ႊတိုး(၇၀)ႏွစ္သည္ ၎၏ေနအိမ္၌ ရွိေနစဥ္ PDF အမည္ခံ အၾကမ္းဖက္သမား ေျခာက္ဦးက ဆိုင္ကယ္ သုံးစီးျဖင့္ ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။ 
 ထိုသို႔ ေရာက္ရွိလာခဲ့ကာ ဦးေ႐ႊတိုးအား အၾကမ္းဖက္ၿခိမ္းေျခာက္၍ ဖမ္းဆီးေခၚေဆာင္ သြားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ ဖမ္းဆီးအေရးယူႏိုင္ေရးႏွင့္ ဖမ္းဆီးခံထားရသူအား ျပန္လည္ကယ္တင္ႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။