အဇာဘိုင်ဂျန်ခရီးသည်တင် လေယာဉ်ကို ရုရှား ပစ်ချခဲ့ဟုဆို

 1818

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၇

ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်သည် ကာဇက်စတန်နိုင်ငံတွင် ပျက်ကျသွားခဲ့သော အဇာဘိုင်ဂျန်လေကြောင်းလိုင်းကိုပစ်ချခဲ့ခြင်းဖြစ်ကြောင်းရိုက်တာသတင်းဌာနက ဖော်ပြထားသည်။ အဇာဘိုင်ဂျန်လေကြောင်းလိုင်းမှ J2-8243 အမျိုးအစားခရီးသည်တင်လေယာဉ်သည် ရုရှားနိုင်ငံသို့ ဦးတည်ပျံသန်းချိန်အတွင်းဒီဇင်ဘာ ၂၅ရက်နေ့က ကာဇက်စတန်နိုင်ငံတွင် ပျက်ကျသွားခဲ့ရာ အနည်းဆုံးလူပေါင်း (၃၈)ဦးသေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါပျက်ကျခဲ့သော ခရီးသည်တင်လေယာဉ်ကို စုံစမ်းစစ်ဆေးခဲ့သော စုံစမ်းရေးအရာရှိများက လေယာဉ်သည် ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်၏ ပစ်ချခံရခြင်းမျိုးဖြစ်ကြောင်း ပြောဆိုထားသည်ဟု ရိုက်တာ သတင်းဌာနကဖော်ပြထားသည်။ အဆိုပါခရီးသည်တင်လေယာဉ်သည် အဇာဘိုင်ဂျန်မြို့တော် ဘာကူမြို့မှ ရုရှားနိုင်ငံ ချေချင်းညာဒေသရှိ ဂရိုနီဒေသသို့ ပျံသန်းချိန်အတွင်း ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ရုရှားလေကြောင်း စောင့်ကြည့်ရေးအဖွဲ့ ခရီးသည်တင်လေယာဉ်သည် ငှက်ဖြင့် တိုက်မိခဲ့ခြင်းကြောင့်ပျက်ကျခဲ့ခြင်းဖြစ်ဖွယ်ရှိနေသည်ဟု အစောပိုင်းကပြောဆိုခဲ့သည်။ အဇာဘိုင်ဂျန် စုံစမ်းစစ်ရေးအဖွဲ့ နှင့်နီးစပ်သူများက ခရီးသည်တင်လေယာဉ်သည် ရုရှားနိုင်ငံထုတ် Pantsir-S အမည်ရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့်ပစ်ခတ်ခံရခြင်းမျိုးဖြစ်နိုင်ကြောင်း ပြောသည်။ အဇာဘိုင်ဂျန် စုံစမ်းစစ်ဆေးရေးအဖွဲ့ နှင့်နီးစပ်သူက "ဒါဟာ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်ခဲ့တာမျိုးလို့ ပြောလို့မရဘူး၊ ခိုင်လုံတဲ့အချက်အလက်တွေအရတော့ ဖြစ်နိုင်ချေများနေပြီးတာဝန်ယူခြင်းတာဝန်ခံခြင်းရှိစေလိုတယ်"ဟု‌ပြောသည်။

အဇာဘိုင်ဂျန်အစိုးရသည်ခရီးသည်လေယာဉ်ပစ်ချခံရခြင်းနှင့်ပတ်သက်ပြီး ရုရှားဘက်မှ ဝန်ခံပြောဆိုခြင်းများရှိလာစေရန် မျှော်လင့်ထားကြောင်း သိရသည်။ လက်ရှိအချိန်တွင် ခရီးသည်တင်လေယာဉ်ပစ်ချခံရမှုအတွက် ကနဦးစုံစမ်းစစ်ဆေးမှုများကိုအဆုံးသတ်လိုက်သော်လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုခြင်းမျိုးမရှိသေးကြောင်းသိရသည်။

zawgyi version
အဇာဘိုင္ဂ်န္ခရီးသည္တင္ ေလယာဥ္ကို ႐ုရွား ပစ္ခ်ခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၇

႐ုရွားေလေၾကာင္းရန္ကာကြယ္ေရးစနစ္သည္ ကာဇက္စတန္ႏိုင္ငံတြင္ ပ်က္က်သြားခဲ့ေသာ အဇာဘိုင္ဂ်န္ေလေၾကာင္းလိုင္းကိုပစ္ခ်ခဲ့ျခင္းျဖစ္ေၾကာင္း႐ိုက္တာသတင္းဌာနက ေဖာ္ျပထားသည္။ အဇာဘိုင္ဂ်န္ေလေၾကာင္းလိုင္းမွ J2-8243 အမ်ိဳးအစားခရီးသည္တင္ေလယာဥ္သည္ ႐ုရွားႏိုင္ငံသို႔ ဦးတည္ပ်ံသန္းခ်ိန္အတြင္းဒီဇင္ဘာ ၂၅ရက္ေန႔က ကာဇက္စတန္ႏိုင္ငံတြင္ ပ်က္က်သြားခဲ့ရာ အနည္းဆုံးလူေပါင္း (၃၈)ဦးေသဆုံးခဲ့ေၾကာင္းသိရသည္။

အဆိုပါပ်က္က်ခဲ့ေသာ ခရီးသည္တင္ေလယာဥ္ကို စုံစမ္းစစ္ေဆးခဲ့ေသာ စုံစမ္းေရးအရာရွိမ်ားက ေလယာဥ္သည္ ႐ုရွားေလေၾကာင္းရန္ကာကြယ္ေရးစနစ္၏ ပစ္ခ်ခံရျခင္းမ်ိဳးျဖစ္ေၾကာင္း ေျပာဆိုထားသည္ဟု ႐ိုက္တာ သတင္းဌာနကေဖာ္ျပထားသည္။ အဆိုပါခရီးသည္တင္ေလယာဥ္သည္ အဇာဘိုင္ဂ်န္ၿမိဳ႕ေတာ္ ဘာကူၿမိဳ႕မွ ႐ုရွားႏိုင္ငံ ေခ်ခ်င္းညာေဒသရွိ ဂ႐ိုနီေဒသသို႔ ပ်ံသန္းခ်ိန္အတြင္း ပ်က္က်သြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

႐ုရွားေလေၾကာင္း ေစာင့္ၾကည့္ေရးအဖြဲ႕ ခရီးသည္တင္ေလယာဥ္သည္ ငွက္ျဖင့္ တိုက္မိခဲ့ျခင္းေၾကာင့္ပ်က္က်ခဲ့ျခင္းျဖစ္ဖြယ္ရွိေနသည္ဟု အေစာပိုင္းကေျပာဆိုခဲ့သည္။ အဇာဘိုင္ဂ်န္ စုံစမ္းစစ္ေရးအဖြဲ႕ ႏွင့္နီးစပ္သူမ်ားက ခရီးသည္တင္ေလယာဥ္သည္ ႐ုရွားႏိုင္ငံထုတ္ Pantsir-S အမည္ရွိ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ျဖင့္ပစ္ခတ္ခံရျခင္းမ်ိဳးျဖစ္ႏိုင္ေၾကာင္း ေျပာသည္။ အဇာဘိုင္ဂ်န္ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ႏွင့္နီးစပ္သူက "ဒါဟာ တမင္ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ပစ္ခတ္ခဲ့တာမ်ိဳးလို႔ ေျပာလို႔မရဘူး၊ ခိုင္လုံတဲ့အခ်က္အလက္ေတြအရေတာ့ ျဖစ္ႏိုင္ေခ်မ်ားေနၿပီးတာဝန္ယူျခင္းတာဝန္ခံျခင္းရွိေစလိုတယ္" ဟု‌ေျပာသည္။

အဇာဘိုင္ဂ်န္အစိုးရသည္ခရီးသည္ေလယာဥ္ပစ္ခ်ခံရျခင္းႏွင့္ပတ္သက္ၿပီး ႐ုရွားဘက္မွ ဝန္ခံေျပာဆိုျခင္းမ်ားရွိလာေစရန္ ေမွ်ာ္လင့္ထားေၾကာင္း သိရသည္။ လက္ရွိအခ်ိန္တြင္ ခရီးသည္တင္ေလယာဥ္ပစ္ခ်ခံရမႈအတြက္ ကနဦးစုံစမ္းစစ္ေဆးမႈမ်ားကိုအဆုံးသတ္လိုက္ေသာ္လည္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက တစ္စုံတစ္ရာတုံ႔ျပန္ေျပာဆိုျခင္းမ်ိဳးမရွိေသးေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.