ပို့ကုန်/သွင်းကုန်အခွန်ကို ပြင်ပငွေလဲနှုန်းအတိုင်း စည်းကြပ်ကောက်ခံမှုစတင်မည်

 1803

ယွန်း (NP News) - ဒီဇင်ဘာ ၃ဝ

နှစ်သစ်မှစ၍ ပို့ကုန်၊ သွင်းကုန်များကို အခွန်ကောက်ခံရာတွင် ဈေးကွက်ငွေကြေးလဲလှယ် နှုန်းဖြင့် ကောက်ခံ မည်ဖြစ်ကြောင်း အ‌ကောက်ခွန်ဦး စီးဌာနက အသိပေးထုတ်ပြန်ထားသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ ဒီဇင်ဘာ(၂၇)ရက်တွင် အထက်ပါကဲ့သို့ အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်အရ အကောက်ခွန် ဦးစီးဌာနသည် တင်သွင်း၊ တင်ပို့သည့် ကုန်ပစ္စည်းများ အပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်နေသည့် ရည်òန်းငွေလဲလှယ်နှုန်း (Reference Rate) ကို အခြေခံသည့် အပတ်စဉ် နိုင်ငံခြားငွေလဲလှယ်နှုန်း(Weekly Exchange Rate)ဖြင့် အခွန်စည်း ကြပ်ကောက်ခံလျက်ရှိရာ လာမည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်မှစ၍ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ကောက်ခံရာတွင် အကောက်ခွန် ဦးစီးဌာနအနေဖြင့် ဈေးကွက်ငွေလဲ လှယ်နှုန်း (Market Trading Rate)ကို အခြေခံသည့် အပတ်စဉ် နိုင်ငံခြားငွေ လဲလှယ်နှုန်း (Weekly Exchange Rate) ဖြင့်ပြောင်းလဲ၍ အခွန်စည်းကြပ် ကောက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‘ဈေးကွက်ရဲ့ အတက်၊ အကျအတိုင်း ဖြစ် သွားမှာပေါ့။ အရင်တုန်းကလည်း အဲဒီနည်းကို ကျင့် သုံးတယ်။ အခုက ငွေဈေးကလည်း တည်ငြိမ်နေတယ်။ အဲဒီလိုသတ်မှတ်လိုက်တော့ အရင်က ၂၅/ ၇၅၊ ၃၅/၆၅ တို့သတ်မှတ် ထားတာ တွေနဲ့ဆိုရင် ရှုပ်ထွေးပြီးတော့ တချို့လုပ်ငန်းတွေဝယ်တာရောင်းတာတွေ အလုပ်အကိုင်တွေအတွက် အခက်အခဲနဲ့ အရှုံးတွေဖြစ်တယ်လေ။ အခုက Market Rate နဲ့ ဆိုရင်တော့ တစ်ခါတည်းပေါက်ဈေးကို တန်းသိသွားတယ်။ အလုပ်လုပ်ရတာပိုမြန်သွားတယ်။ ဒီဟာက တော့ပိုရှင်းတာပေါ့။ လူတိုင်းအားလုံးလွယ်လွယ်ကူကူနဲ့အလုပ်လုပ်လို့ရတာပေါ့}ဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News ကိုပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်ထက် သွင်းကုန်များသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ထိုသို့ဆောင်ရွက်လိုက်ခြင်းကြောင့် ပို့ကုန်ပိုမိုတင်ပို့နိုင်ရေးကို အားပေးဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။ ထို့ပြင် သွင်းကုန်တင်သွင်းခြင်း၌ ဈေးကစားခြင်းများ၊ ကုန်စည်သိုလှောင်ခြင်းများကိုလည်း ထိန်းချုပ်နိုင်မည့်အပြင် ပြည်ပရောက် မြန်မာ အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများကိုလည်း ဘဏ်များမှ တရားဝင်ရရှိနိုင်ကြောင်း ၎င်းကဆက် လက်ပြောသည်။ ‘ဒါမျိုးကလုပ်သင့်တယ်။ Import အတွက်လည်း ဈေးကစားမှုတွေ၊ ကုန်စည်သိုလှောင်တာတွေနဲ့ အလုပ်သမားတွေရဲ့ ငွေလွှဲတာတွေကိုလည်း ချိန်ဆပြီးတော့ တစ်ပြေးညီအဆင်ပြေအောင် လုပ်ပေးလိုက်တဲ့ပုံစံပေါ့။ ပြည်ပမှာသွားရောက် လုပ်ကိုင်တဲ့ အလုပ်သမားတွေဆိုရင်လည်း စာချုပ်တွေနဲ့အလုပ်လုပ်ကြတယ်။ Market Rate နဲ့ဆိုရင် ဘဏ်ထဲ ကိုပြန်ဝင်မယ်။ ဒီငွေက တရားဝင်ငွေဖြစ်မှာပေါ့။ တရားဝင်လမ်းကြောင်းဖြစ်ဖို့အတွက် ဖြေလျှော့ပေးလိုက်တဲ့ ပုံစံလို့ တော့မြင်မိတယ်။ အခွန်လည်းတိုးမယ်။ တိုင်းပြည်တိုးတက်မှုအတွက်လည်း အထောက်အပံ့ဖြစ်တယ်။ ငွေဈေးတွေ လည်း တည်ငြိမ်မယ်။ ပြီးရင် လူတွေအားလုံး တရားဝင်ငွေကြေးလမ်းကြောင်းကနေ အသုံးပြုရတယ်ဆိုတဲ့အတွက် လူတိုင်းရဲ့ငွေကြေးက တန်ဖိုးရှိလာမှာပေါ့’ဟု အထက်ပါ စီးပွားရေး လုပ်ငန်းရှင်က ဆက်လက်ပြောသည်။

ထို့ပြင် အခွန်စည်းကြပ်ကောက်ခံရာတွင် အသုံးပြုမည့် ဈေးကွက်ငွေလဲလှယ်နှုန်းကို အခြေခံ၍ အပတ်စဉ် နိုင်ငံခြားငွေလဲလှယ်နှုန်းများကိုလည်း အကောက်ခွန်ဦးစီးဌာန၏ Website၊ Facebook Page များတွင် အပတ်စဉ် ထုတ်ပြန်ကြေညာပေး သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက ဆိုထားသည်။

zawgyi version
ပို႔ကုန္/သြင္းကုန္အခြန္ကို ျပင္ပေငြလဲႏႈန္းအတိုင္း စည္းၾကပ္ေကာက္ခံမႈစတင္မည္
ယြန္း (NP News) - ဒီဇင္ဘာ ၃ဝ

ႏွစ္သစ္မွစ၍ ပို႔ကုန္၊ သြင္းကုန္မ်ားကို အခြန္ေကာက္ခံရာတြင္ ေဈးကြက္ေငြေၾကးလဲလွယ္ ႏႈန္းျဖင့္ ေကာက္ခံ မည္ျဖစ္ေၾကာင္း အ‌ေကာက္ခြန္ဦး စီးဌာနက အသိေပးထုတ္ျပန္ထားသည္။ စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ႀကီးဌာန၊ အေကာက္ခြန္ဦးစီးဌာနမွ ဒီဇင္ဘာ(၂၇)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပး ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

အဆိုပါထုတ္ျပန္ခ်က္အရ အေကာက္ခြန္ ဦးစီးဌာနသည္ တင္သြင္း၊ တင္ပို႔သည့္ ကုန္ပစၥည္းမ်ား အေပၚ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ ေန႔စဥ္ထုတ္ျပန္ေနသည့္ ရည္òန္းေငြလဲလွယ္ႏႈန္း (Reference Rate) ကို အေျခခံသည့္ အပတ္စဥ္ ႏိုင္ငံျခားေငြလဲလွယ္ႏႈန္း(Weekly Exchange Rate)ျဖင့္ အခြန္စည္း ၾကပ္ေကာက္ခံလ်က္ရွိရာ လာမည့္ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလ(၁)ရက္မွစ၍ ေျပာင္းလဲေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။ ထိုသို႔ေကာက္ခံရာတြင္ အေကာက္ခြန္ ဦးစီးဌာနအေနျဖင့္ ေဈးကြက္ေငြလဲ လွယ္ႏႈန္း (Market Trading Rate)ကို အေျခခံသည့္ အပတ္စဥ္ ႏိုင္ငံျခားေငြ လဲလွယ္ႏႈန္း (Weekly Exchange Rate) ျဖင့္ေျပာင္းလဲ၍ အခြန္စည္းၾကပ္ ေကာက္ခံသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

‘ေဈးကြက္ရဲ႕ အတက္၊ အက်အတိုင္း ျဖစ္ သြားမွာေပါ့။ အရင္တုန္းကလည္း အဲဒီနည္းကို က်င့္ သုံးတယ္။ အခုက ေငြေဈးကလည္း တည္ၿငိမ္ေနတယ္။ အဲဒီလိုသတ္မွတ္လိုက္ေတာ့ အရင္က ၂၅/ ၇၅၊ ၃၅/၆၅ တို႔သတ္မွတ္ ထားတာ ေတြနဲ႔ဆိုရင္ ရႈပ္ေထြးၿပီးေတာ့ တခ်ိဳ႕လုပ္ငန္းေတြဝယ္တာေရာင္းတာေတြ အလုပ္အကိုင္ေတြအတြက္ အခက္အခဲနဲ႔ အရႈံးေတြျဖစ္တယ္ေလ။ အခုက Market Rate နဲ႔ ဆိုရင္ေတာ့ တစ္ခါတည္းေပါက္ေဈးကို တန္းသိသြားတယ္။ အလုပ္လုပ္ရတာပိုျမန္သြားတယ္။ ဒီဟာက ေတာ့ပိုရွင္းတာေပါ့။ လူတိုင္းအားလုံးလြယ္လြယ္ကူကူနဲ႔အလုပ္လုပ္လို႔ရတာေပါ့}ဟု ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News ကိုေျပာသည္။

ျမန္မာႏိုင္ငံအေနျဖင့္ ပို႔ကုန္ထက္ သြင္းကုန္မ်ားသည့္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး ထိုသို႔ေဆာင္႐ြက္လိုက္ျခင္းေၾကာင့္ ပို႔ကုန္ပိုမိုတင္ပို႔ႏိုင္ေရးကို အားေပးေဆာင္႐ြက္ျခင္းျဖစ္ႏိုင္ေၾကာင္း သုံးသပ္မႈမ်ားလည္းရွိေနသည္။ ထို႔ျပင္ သြင္းကုန္တင္သြင္းျခင္း၌ ေဈးကစားျခင္းမ်ား၊ ကုန္စည္သိုေလွာင္ျခင္းမ်ားကိုလည္း ထိန္းခ်ဳပ္ႏိုင္မည့္အျပင္ ျပည္ပေရာက္ ျမန္မာ အလုပ္သမားမ်ား၏ မိသားစုလႊဲပို႔ေငြမ်ားကိုလည္း ဘဏ္မ်ားမွ တရားဝင္ရရွိႏိုင္ေၾကာင္း ၎ကဆက္ လက္ေျပာသည္။ ‘ဒါမ်ိဳးကလုပ္သင့္တယ္။ Import အတြက္လည္း ေဈးကစားမႈေတြ၊ ကုန္စည္သိုေလွာင္တာေတြနဲ႔ အလုပ္သမားေတြရဲ႕ ေငြလႊဲတာေတြကိုလည္း ခ်ိန္ဆၿပီးေတာ့ တစ္ေျပးညီအဆင္ေျပေအာင္ လုပ္ေပးလိုက္တဲ့ပုံစံေပါ့။ ျပည္ပမွာသြားေရာက္ လုပ္ကိုင္တဲ့ အလုပ္သမားေတြဆိုရင္လည္း စာခ်ဳပ္ေတြနဲ႔အလုပ္လုပ္ၾကတယ္။ Market Rate နဲ႔ဆိုရင္ ဘဏ္ထဲ ကိုျပန္ဝင္မယ္။ ဒီေငြက တရားဝင္ေငြျဖစ္မွာေပါ့။ တရားဝင္လမ္းေၾကာင္းျဖစ္ဖို႔အတြက္ ေျဖေလွ်ာ့ေပးလိုက္တဲ့ ပုံစံလို႔ ေတာ့ျမင္မိတယ္။ အခြန္လည္းတိုးမယ္။ တိုင္းျပည္တိုးတက္မႈအတြက္လည္း အေထာက္အပံ့ျဖစ္တယ္။ ေငြေဈးေတြ လည္း တည္ၿငိမ္မယ္။ ၿပီးရင္ လူေတြအားလုံး တရားဝင္ေငြေၾကးလမ္းေၾကာင္းကေန အသုံးျပဳရတယ္ဆိုတဲ့အတြက္ လူတိုင္းရဲ႕ေငြေၾကးက တန္ဖိုးရွိလာမွာေပါ့’ဟု အထက္ပါ စီးပြားေရး လုပ္ငန္းရွင္က ဆက္လက္ေျပာသည္။

ထို႔ျပင္ အခြန္စည္းၾကပ္ေကာက္ခံရာတြင္ အသုံးျပဳမည့္ ေဈးကြက္ေငြလဲလွယ္ႏႈန္းကို အေျခခံ၍ အပတ္စဥ္ ႏိုင္ငံျခားေငြလဲလွယ္ႏႈန္းမ်ားကိုလည္း အေကာက္ခြန္ဦးစီးဌာန၏ Website၊ Facebook Page မ်ားတြင္ အပတ္စဥ္ ထုတ္ျပန္ေၾကညာေပး သြားမည္ျဖစ္ေၾကာင္း အေကာက္ခြန္ဦးစီးဌာနက ဆိုထားသည္။

Related news

© 2021. All rights reserved.