စင်ကာပူမှာ ၂၀၂၄ ခုနှစ်အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၈၃ ဦးရှိ၊ အဲဒီထဲက ၇၈ ဦးဟာ သက်ကြီးရွယ်အိုများဖြစ်နေ
108
ရောင်နီ (NP News) - ဒီဇင်ဘာ ၃ဝ
စင်ကာပူမှာ ၂၀၂၄ ခုနှစ်အတွင်း Covid ကြောင့် ကွယ်လွန်သူ ၈၃ ဦး ရှိတဲ့ထဲက ၇၈ ဦးဟာ သက်ကြီးရွယ်အိုတွေဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန MOH က ပြောပါတယ်။
ဒါကြောင့်လည်း အသက် ၆၀ နှစ်နဲ့အထက် သက်ကြီးရွယ်အိုတွေနဲ့ ဆေးဘက်ဆိုင်ရာ ထိခိုက်လွယ်သူတွေအနေနဲ့ ပြင်းထန်ဖျားနာမှုနဲ့ သေဆုံးမှုမှ ကာကွယ်ဖို့အတွက် Covid-19 boosting ကာကွယ်ဆေး ထိုးထားသင့်တယ်လို့ MOH က အကြံပေးထားပါတယ်။ သေဆုံးသူ ၈၃ ဦးမှာ အသက် ၆၀ နဲ့ အထက်က ၇၈ ဦး၊ အသက် ၅၀ မှ ၅၉ နှစ်ကြားက ၄ ဦး၊ ကျန်တစ်ဦးဟာ အသက် ၁၆ နှစ် အရွယ် (ဒါမှမဟုတ်) အဲဒီထက်ငယ်နိုင်တယ်လို့ ပြောပါတယ်။
သေဆုံးခဲ့တဲ့ အသက် ၅၀ အရွယ် အရွယ်ရောက်ပြီးသူ လေးဦးစလုံးဟာ အခြားဆေးဘက်ဆိုင်ရာပြဿနာတွေ ကြုံတွေ့နေရသူဖြစ်ပြီး ကျန် ၃ ဦးကတော့ ပြီးခဲ့တဲ့နှစ်တွေအတွင်းက ကာကွယ်ဈေးမထိုးထားကြသူတွေဖြစ်တယ်လို့ MOH က ပြောကြားခဲ့ပါတယ်။
၂၀၂၄ ခုနှစ်မှာ ထွက်ပေါ်လာတဲ့ Covid-19 နဲ့ ဆက်စပ်သေဆုံးမှု ၈၃ ဦးဟာ ၂၀၂၃ ခုနှစ်က သေဆုံးသူအရေအတွက် ၃၁၇ ယောက်နဲ့ ၂၀၂၂ ခုနှစ်က အရေအတွက် ၈၆၀ နဲ့စာရင် အလွန်နည်းပါးသွားပြီပဲဖြစ်ပါတယ်။ ဒီနှစ်အတွင်း စင်္ကာပူမှာ ကူးစက်ပျံ့နှံ့နေတဲ့ အဖြစ်များဆုံး Covid-19 အမျိုးအစားဟာ MV.1 ဖြစ်တယ်လို့ သိရပါတယ်။
Zawgyi Version;
စင္ကာပူမွာ ၂၀၂၄ ခုႏွစ္အတြင္း ကိုဗစ္ေၾကာင့္ ေသဆုံးသူ ၈၃ ဦးရွိ၊ အဲဒီထဲက ၇၈ ဦးဟာ သက္ႀကီး႐ြယ္အိုမ်ားျဖစ္ေန
ေရာင္နီ (NP News) - ဒီဇင္ဘာ ၃ဝ
စင္ကာပူမွာ ၂၀၂၄ ခုႏွစ္အတြင္း Covid ေၾကာင့္ ကြယ္လြန္သူ ၈၃ ဦး ရွိတဲ့ထဲက ၇၈ ဦးဟာ သက္ႀကီး႐ြယ္အိုေတြျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန MOH က ေျပာပါတယ္။
ဒါေၾကာင့္လည္း အသက္ ၆၀ ႏွစ္နဲ႔အထက္ သက္ႀကီး႐ြယ္အိုေတြနဲ႔ ေဆးဘက္ဆိုင္ရာ ထိခိုက္လြယ္သူေတြအေနနဲ့ ျပင္းထန္ဖ်ားနာမႈနဲ႔ ေသဆုံးမႈမွ ကာကြယ္ဖို႔အတြက္ Covid-19 boosting ကာကြယ္ေဆး ထိုးထားသင့္တယ္လို႔ MOH က အႀကံေပးထားပါတယ္။ ေသဆုံးသူ ၈၃ ဦးမွာ အသက္ ၆၀ နဲ႔ အထက္က ၇၈ ဦး၊ အသက္ ၅၀ မွ ၅၉ ႏွစ္ၾကားက ၄ ဦး၊ က်န္တစ္ဦးဟာ အသက္ ၁၆ ႏွစ္ အ႐ြယ္ (ဒါမွမဟုတ္) အဲဒီထက္ငယ္ႏိုင္တယ္လို႔ ေျပာပါတယ္။
ေသဆုံးခဲ့တဲ့ အသက္ ၅၀ အ႐ြယ္ အ႐ြယ္ေရာက္ၿပီးသူ ေလးဦးစလုံးဟာ အျခားေဆးဘက္ဆိုင္ရာျပႆနာေတြ ႀကဳံေတြ႕ေနရသူျဖစ္ၿပီး က်န္ ၃ ဦးကေတာ့ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္းက ကာကြယ္ေဈးမထိုးထားၾကသူေတြျဖစ္တယ္လို႔ MOH က ေျပာၾကားခဲ့ပါတယ္။
၂၀၂၄ ခုႏွစ္မွာ ထြက္ေပၚလာတဲ့ Covid-19 နဲ႔ ဆက္စပ္ေသဆုံးမႈ ၈၃ ဦးဟာ ၂၀၂၃ ခုႏွစ္က ေသဆုံးသူအေရအတြက္ ၃၁၇ ေယာက္နဲ႔ ၂၀၂၂ ခုႏွစ္က အေရအတြက္ ၈၆၀ နဲ႔စာရင္ အလြန္နည္းပါးသြားၿပီပဲျဖစ္ပါတယ္။ ဒီႏွစ္အတြင္း စကၤာပူမွာ ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ အျဖစ္မ်ားဆုံး Covid-19 အမ်ိဳးအစားဟာ MV.1 ျဖစ္တယ္လို႔ သိရပါတယ္။