အားကောင်းသောအပူပိုင်းမုန်တိုင်း ဘူအလွိုင်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တို့တွင် မိုးဆက်လက်ရွာသွန်းနိုင်

531

စော(NP News)- စက်တင်ဘာ ၂၆
အားကောင်းသောအပူပိုင်းမုန်တိုင်း ဘူအလွိုင်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (စက်တင်ဘာလ ၂၆ရက်)၊ ညနေ (၄)နာရီအချိန်ထုတ်ပြန်ချက်အရ သိရသည်။
မိုးဇလ၏ တိုင်းထွာချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့်လည်းကောင်း၊ ဖိလစ်ပိုင် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အားကောင်းသောအပူပိုင်းမုန်တိုင်း“ဘူအလွိုင်”(BUALOI)မှ ပြတ်ထွက် လာသော တိမ်တိုက်များကြောင့်လည်းကောင်း ယနေ့(စက်တင်ဘာ ၂၆ရက်)၊ ညနေမှ အောက်တိုဘာ (၂)ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး အောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့်
သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊
လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားနိုင်ပါရန် မိုးဇလမှ အသိပေးထုတ်ပြန်ထားသည်။
ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ် နေသော အားကောင်းသောအပူပိုင်း မုန်တိုင်း“ဘူအလွိုင်”(BUALOI)သည် အနောက်- အနောက်မြောက် ဘက်သို့ရွေ့လျားနိုင်ပြီး မနက်ဖြန် (၂၇)ရက်နေ့တွင် တောင်တရုတ်ပင်လယ်ပြင် သို့ရောက်ရှိနိုင်ကာ တိုင်ဖွန်း မုန်တိုင်းအဖြစ်အားကောင်းလာနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။
ထိုမှတစ်ဆင့် အနောက်-အနောက်မြောက် ဘက်သို့ ဆက်လက်ရွေ့လျားကာ စက်တင်ဘာ (၂၈)ရက်၊ ညပိုင်းတွင် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေ ဒေသများကို ဖြတ်ကျော်နိုင်ကြောင်းလည်း သိရသည်။

Zawgyi Version:
အားေကာင္းေသာအပူပိုင္းမုန္တိုင္း ဘူအလြိဳင္ေၾကာင့္ ရန္ကုန္တိုင္းအပါအဝင္ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕တို႔တြင္ မိုးဆက္လက္႐ြာသြန္းႏိုင္
ေစာ(NP News)- စက္တင္ဘာ ၂၆
အားေကာင္းေသာအပူပိုင္းမုန္တိုင္း ဘူအလြိဳင္ေၾကာင့္ ရန္ကုန္တိုင္းအပါအဝင္ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕တို႔တြင္ ေဒသအလိုက္ႏွင့္ ေနရာကြက္၍ မိုးႀကီးႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔ (စက္တင္ဘာလ ၂၆ရက္)၊ ညေန (၄)နာရီအခ်ိန္ထုတ္ျပန္ခ်က္အရ သိရသည္။
မိုးဇလ၏ တိုင္းထြာခ်က္အရ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလား ပင္လယ္ေအာ္တို႔တြင္ မုတ္သုံေလ အားေကာင္းေနျခင္းေၾကာင့္လည္းေကာင္း၊ ဘဂၤလားပင္လယ္ေအာ္ အေနာက္ေျမာက္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္အလယ္ပိုင္းတို႔တြင္ ျဖစ္ေပၚေနေသာ အားေကာင္းေသာေလဖိအားနည္းရပ္ဝန္း၏အရွိန္ေၾကာင့္လည္းေကာင္း၊ ဖိလစ္ပိုင္ ပင္လယ္ျပင္တြင္ ျဖစ္ေပၚေနေသာ အားေကာင္းေသာအပူပိုင္းမုန္တိုင္း“ဘူအလြိဳင္”(BUALOI)မွ ျပတ္ထြက္ လာေသာ တိမ္တိုက္မ်ားေၾကာင့္လည္းေကာင္း ယေန႔(စက္တင္ဘာ ၂၆ရက္)၊ ညေနမွ ေအာက္တိုဘာ (၂)ရက္ေန႔အတြင္း စစ္ကိုင္းတိုင္းေဒသႀကီး(အထက္ပိုင္း)၊ ကခ်င္ျပည္နယ္ႏွင့္ ရွမ္း ျပည္နယ္(ေျမာက္ပိုင္း)တို႔တြင္ ေနရာက်ဲက်ဲႏွင့္ ေနျပည္ေတာ္၊ ရန္ကုန္တိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ မေကြးတိုင္း ေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ မြန္ျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ (ေတာင္ပိုင္းႏွင့္ အေရွ႕ပိုင္း)တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ ေနျပည္ေတာ္၊ ရန္ကုန္တိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ စစ္ကိုင္း တိုင္းေဒသႀကီး ေအာက္ပိုင္း၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ မြန္ျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)တို႔တြင္ ေဒသအလိုက္ႏွင့္ ေနရာကြက္၍ မိုးႀကီးႏိုင္ေၾကာင္းလည္း ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လွ်ပ္စီးလက္ျခင္း၊ မိုးသီးေႂကြျခင္း၊ လွ်ပ္တစ္ျပက္ေရႀကီးျခင္းႏွင့္ ေျမၿပိဳျခင္းစသည့္
သဘာဝေဘးအႏၲရာယ္မ်ား ျဖစ္ေပၚႏိုင္ပါသျဖင့္ အဆိုပါေဒသမ်ားရွိ ကုန္းျမင့္ေဒသအနီးတြင္ ေနထိုင္ ၾကသူမ်ားအေနျဖင့္ ေျမၿပိဳမႈအႏၲရာယ္၊ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ားအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေရႀကီး၊ ေရလွ်ံမႈမ်ားကို ႀကိဳတင္သတိျပဳေရွာင္ရွားႏိုင္ပါရန္ႏွင့္ ျပည္တြင္းေရေၾကာင္းသြားလာေရး၊
ေလေၾကာင္းပ်ံသန္းေရးႏွင့္ ဆည္ေျမာင္းတာတမံမ်ားအေနျဖင့္ လိုအပ္သည္မ်ား ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္ ထားႏိုင္ပါရန္ မိုးဇလမွ အသိေပးထုတ္ျပန္ထားသည္။
ဖိလစ္ပိုင္ပင္လယ္ျပင္တြင္ ျဖစ္ေပၚ ေနေသာ အားေကာင္းေသာအပူပိုင္း မုန္တိုင္း“ဘူအလြိဳင္”(BUALOI)သည္ အေနာက္- အေနာက္ေျမာက္ ဘက္သို႔ေ႐ြ႕လ်ားႏိုင္ၿပီး မနက္ျဖန္ (၂၇)ရက္ေန႔တြင္ ေတာင္တ႐ုတ္ပင္လယ္ျပင္ သို႔ေရာက္ရွိႏိုင္ကာ တိုင္ဖြန္း မုန္တိုင္းအျဖစ္အားေကာင္းလာႏိုင္ေၾကာင္း မိုးဇလမွ ခန႔္မွန္းထားသည္။
ထိုမွတစ္ဆင့္ အေနာက္-အေနာက္ေျမာက္ ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားကာ စက္တင္ဘာ (၂၈)ရက္၊ ညပိုင္းတြင္ ဗီယက္နမ္ႏိုင္ငံေျမာက္ပိုင္းကမ္းေျခ ေဒသမ်ားကို ျဖတ္ေက်ာ္ႏိုင္ေၾကာင္းလည္း သိရသည္။