အငြင်းပွားနယ်စပ်၌ တရုတ်တို့ စစ်စခန်းသစ်များ အလျင်အမြန်တည်ဆောက်နေ
3332
Htay Oung (NP News) - ဒီဇင်ဘာ ၃၁
Open-source ခေါ် အရပ်သား ထောက်လှမ်းရေးအဖွဲ့များက ရရှိခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်စွဲပါ ဂြိုဟ်တုဓါတ်ပုံများအရ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဟာ အိန္ဒိယနယ်စပ် “တာဝမ်းတောင်ကြား”အနီးမှာ စစ်စခန်းများ တည်ဆောက်နေကြောင်း ရှင်းလင်းပြတ်သားစွာ တွေ့မြင်နေရတယ်လို့ “Defence Blog”က ဒီဇင်ဘာလ ၂၉ ရက်မှာ ရေးသားပါတယ်။
(၁၆)ရာစုနှစ် တာဝမ်းဒေသကို ပဉ္စမမြောက် တိဗက်ဒလိုင်းလားမားက မွန်ပလူမျိုးများနဲ့ စတင်တည်ထောင်ခဲ့ပါတယ်။ ၁၉၁၄ ခုနှစ် ကိုလိုနီခေတ် ဗြိတိသျှအိန္ဒိယအစိုးရရဲ့ “မက်မဟွန်မျဉ်း” နယ်ခြားသတ်မှတ်ရေးအရ တာဝမ်းဒေသပိုင်ဆိုင်မှုကို တိဗက်တို့က စွန့်လွှတ်ခဲ့တဲ့အတွက် “အာရုနာချယ် ပရာဒက်ရှ်” ပြည်နယ်အတွင်း အိန္ဒိယပိုင်နက်ဖြစ်သွားပါတယ်။ ၁၉၅၉-ခုနှစ်မှာ တိဗက်ကို တရုတ်စစ်တပ်က ဝင်ရောက်သိမ်းပိုက်လိုက်တဲ့အခါ လက်ရှိ တိဗက်အုပ်ချုပ်သူ ၁၄-ဆက်မြောက် ဒလိုင်းလားမားလည်း အိန္ဒိယနိုင်ငံအတွင်း ထွက်ပြေးသွားရပါ တယ်။ အနောက်တောင်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်လာတဲ့ တိဗက်ဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှာ ဝီဂါ မွတ်စလင်တို့ရဲ့ ရှင်းကျန့်ပြည်နယ်ကလွဲရင် ဒုတိယမြောက် ဧရိယာအကျယ်ဝန်းဆုံး ဒေသကြီးတစ်ခုဖြစ်ပါ တယ်။ ဒါပေမယ့် ကမ္ဘာ့ အမြင့်ဆုံးတောင်တန်းများနဲ့ ကြမ်းတမ်းတဲ့မြေမျက်နှာသွင်ပြင်ကြောင့် တိဗက်ပြည် နယ်တစ်ခုလုံး လူဦးရေ ၃-သန်းကျော်သာရှိပြီး တိဗက် ၈၆%၊ ဟန်တရုတ် ၁၂% နဲ့ အခြားလူမျိုးစုအနည်းငယ် နေထိုင်ပါတယ်။ ဘူတန်နိုင်ငံ အရှေ့ဖက်မှာ တည်ရှိတဲ့ နယ်စပ် အိန္ဒိယမြို့ တာဝမ်းကတော့ တစ်နှစ်ပတ်လုံး ဆီးနှင်းများ ဖုံးအုပ်နေလေ့ရှိပြီး ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ပါတယ်။
တိဗက်ဒေသဟာ အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ မြန်မာတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး တရုတ်ရဲ့ ပြည်နယ် ၃ အပြင် ယူနန်ပြည်နယ်နဲ့လည်း တိုတောင်းစွာ ထိစပ်နေပါတယ်။ ဗြိတိသျှအိန္ဒိယနဲ့ ယခင်တိဗက်ခေါင်းဆောင်တို့အကြား နယ်ခြားသဘောတူညီချက် “ဆင်းမလားစာချုပ်” ကို တရုတ်အစိုးရက လက်မခံပါဘူး၊ မက်မဟွန် နယ်ခြားမျဉ်းကို အသိအမှတ်မပြုတဲ့အပြင် အိန္ဒိယရဲ့ အာရူနာချယ်ပရာဒက်ရှ်ပြည်နယ်မြောက်ပိုင်းဟာ သူတို့ပိုင် “တောင်တိဗက်ဒေသ” ဖြစ်တယ်လို့ အစဉ်တစိုက် တောင်းဆိုနေပါတယ်။
ဒလိုင်းလားမားကို ခိုလှုံခွင့်ပေးခြင်း၊ တရုတ်-ဆိုဗီယက်အကွဲအပြဲမှာ နယူးဒေလီက မော်စကိုထံမှ အဆင့်မြင့် MiG ဂျက်တိုက်လေယာဉ်များ ဝယ်ယူခြင်း၊ နှစ်နိုင်ငံနယ်ခြားအငြင်းပွားရာမှာ သံတမန်နည်းလမ်း မအောင်မြင် ခြင်းများကြောင့် ၁၉၆၂-ခုနှစ်မှာ တရုတ်-အိန္ဒိယတို့အကြား ၁-လ ၁-ရက်ကြာ အတိအလင်း စစ်ခင်းခဲ့ကြပါ တယ်။ မြင့်မားတဲ့ တောင်တန်းအများစု နီပေါနိုင်ငံအနောက်ဖက် “အတ်ဆိုင်ချင်း” နဲ့ ဘူတန်နိုင်ငံ အရှေ့ဖက် “တာဝမ်း” ဒေသ နှစ်နိုင်ငံနယ်စပ်တလျောက် ချိုင့်ဝှမ်းနဲ့ တောင်ကြားများမှာ နှစ်ဖက်စစ်တပ်များ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြပါတယ်။ မက်မဟွန်နယ်ခြားမျဉ်ကို ကျော်ဖြတ်လာတဲ့ တရုတ်စစ်တပ်ဟာ အိန္ဒိယတပ်မများနဲ့ “ဂေါ်ရခါး” တပ်များကို မောင်းထုတ်ခဲ့ပြီး တစ်ဖက်သပ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပါတယ်။
တရုတ်-အိန္ဒိယစစ်ပွဲကာလ တာဝမ်းမြို့နဲ့ အနောက်ကမ်မန်းခရိုင်အတွင်း နယ်စပ်ဒေသတိုက်ပွဲများဟာ အလွန် အရေးပါခဲ့တယ်။ စစ်ပွဲရပ်တန့်သွားပေမယ့် နယ်စပ်အမှန်တကယ် ထိန်းချုပ်ရေး LAC တလျောက်ရန်စောင်နေကြပြီး အသေးစားအပြန်အလှန်ပစ်ခတ်မှုများနဲ့ အရိုးကွဲမတတ် အအေးဒဏ်အောက်မှာ လက်ချည့် သက် သက် နှစ်ဖက် ထိုးကြိတ်သတ်ပုတ်ခဲ့ကြပါတယ်။ အဲ့ဒီနောက် တင်းမာမှု လျော့ချရန် LAC လိုင်းအနီးရှိနှစ်ဖက် တပ်များ အသီးသီးဆုတ်ခွာပေးရန် ယခုနှစ်စောစောပိုင်းမှာ နှစ်နိုင်ငံ သဘောတူညီခဲ့ကြပါတယ်။
အိမ်နီးချင်း နှစ်နိုင်ငံအကြား လောလောဆယ်တင်းမာမှုထပ်ဖြစ်ရတာကတော့ နယ်စပ်အနီး တရုတ်ဘက်မှာ ကျေးရွာအသစ်များတည်ထောင်လာခြင်း၊ အိန္ဒိယက အဝေးပြေးလမ်းဖောက်လုပ်ခြင်းနဲ့ LAC အရောက် လက် နက်ခဲယမ်းနဲ့ စစ်တပ်များထံ ရာသီမရွေး ပို့ဆောင်ပေးနိုင်မယ့် “ဆီလာဥမင်”ကို ဖောက်လုပ်ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ၉၈၀၀ ပေ ရှည်လျားတဲ့အတွက် ၂-လမ်းသွား ကမ္ဘာ့အရှည်ဆုံး မဟာဗျူဟာမြောက် ဥမင်ဖြစ်ပါတယ်။ ဟိမဝန္တာတောင်တန်းရဲ့ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၃၀၀၀ အမြင့်မှာ တည်ရှိတဲ့ ဆီလာတောင် ကြား ရဲ့အောက် ပေ ၁၂၀၀ အနက်မှာ ဖောက်လုပ်ထားခြင်းဖြစ်ပါတယ်။ ဥမင်နဲ့ အမှတ် NH-13 အဝေးပြေး လမ်းမ ကြီးကြား ၈-မိုင် အရှည်ရှိတဲ့ မော်တော်ကားလမ်းက ဆက်သွယ်ပေးထားပါတယ်။ ဆီးနှင်းများ ကျဆင်း ပြီး အမြဲ တန်း ရေခဲနေလေ့ရှိတဲ့ အရပ်ဒေသမှာ အဲ့ဒီဥမင်ကြီးဟာ အိန္ဒိယပညာရှင်များရဲ့ အံ့မခန်းလက်ရာဖြစ်ပြီး မြန်မ နိုင်ငံမှာ KIA တို့ သိမ်းယူထားတဲ့ ပူတာအိုမြို့မှ အဖြောင့်တိုင်းလျှင် မိုင် ၃၅၀ ခန့်သာ ဝေးပါတယ်။
မက်မဟွန်မျဉ်းနဲ့ပတ်သက်ပြီး အိန္ဒိယနဲ့ တရုတ်အကြား အငြင်းပွားခြင်းဟာ ဘူတန်နိုင်ငံအရှေ့ဖက်မှ မြန်မာ နယ်စပ်အထိ မိုင် ၅၅၀ မျှ ရှည်လျားပါတယ်။ မြန်မာနဲ့တရုတ်ကြားမှာတော့ နယ်ခြားကိစ္စ အငြင်းပွားမှု မရှိပါ ဘူး၊ နျူလက်နက်ပိုင် ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီးနှစ်ခုတို့ရဲ့ စစ်တပ်များ ရန်စောင်နေတဲ့ နယ်မြေကို ကချင်ပြည်နယ်အနောက်ပိုင်းရှိ တောင်ကြားလမ်း ၄-ခုမှ သွားရောက်နိုင်ပါတယ်။
နယ်စပ် LAC အနီးမှ တရုတ်-အိန္ဒိယတပ်များ အသီးသီး ဆုတ်ခွာပေးပြီးနောက်ပိုင်း ပေကျင်းဘက်က ရုတ်တ ရက်စစ်ရေးတည်ဆောက်မှု တိုးမြှင့်လာကြောင်း “မက်ဆာနည်းပညာရှင်များ” ရိုက်ကူးခဲ့တဲ့ ဂြိုလ်တုဓါတ်ပုံ မျာက ပြသနေပါတယ်။ တရုတ်စစ်စခန်း ၃-ခုနဲ့ လမ်းကြောင်း ၃-သွယ်တို့ဟာ LAC အနီး အိန္ဒိယတပ်များ လှုပ်ရှားမှုကို ဟန့်တားပိတ်ဆို့နိုင်တဲ့ မဟာဗျူဟာမြောက် အချက်အချာနယ်မြေအတွင်း ရောက်ရှိနေပါတယ်။
zawgyi version
အျငင္းပြားနယ္စပ္၌ တ႐ုတ္တို႔ စစ္စခန္းသစ္မ်ား အလ်င္အျမန္တည္ေဆာက္ေန
Htay Oung (NP News) - ဒီဇင္ဘာ ၃၁
Open-source ေခၚ အရပ္သား ေထာက္လွမ္းေရးအဖြဲ႕မ်ားက ရရွိခဲ့တဲ့ ဒီဇင္ဘာ ၁၉ ရက္စြဲပါ ၿဂိဳဟ္တုဓါတ္ပုံမ်ားအရ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ PLA ဟာ အိႏၵိယနယ္စပ္ “တာဝမ္းေတာင္ၾကား”အနီးမွာ စစ္စခန္းမ်ား တည္ေဆာက္ေနေၾကာင္း ရွင္းလင္းျပတ္သားစြာ ေတြ႕ျမင္ေနရတယ္လို႔ “Defence Blog”က ဒီဇင္ဘာလ ၂၉ ရက္မွာ ေရးသားပါတယ္။
(၁၆)ရာစုႏွစ္ တာဝမ္းေဒသကို ပၪၥမေျမာက္ တိဗက္ဒလိုင္းလားမားက မြန္ပလူမ်ိဳးမ်ားနဲ႔ စတင္တည္ေထာင္ခဲ့ပါတယ္။ ၁၉၁၄ ခုႏွစ္ ကိုလိုနီေခတ္ ၿဗိတိသွ်အိႏၵိယအစိုးရရဲ႕ “မက္မဟြန္မ်ဥ္း” နယ္ျခားသတ္မွတ္ေရးအရ တာဝမ္းေဒသပိုင္ဆိုင္မႈကို တိဗက္တို႔က စြန႔္လႊတ္ခဲ့တဲ့အတြက္ “အာ႐ုနာခ်ယ္ ပရာဒက္ရွ္” ျပည္နယ္အတြင္း အိႏၵိယပိုင္နက္ျဖစ္သြားပါတယ္။ ၁၉၅၉-ခုႏွစ္မွာ တိဗက္ကို တ႐ုတ္စစ္တပ္က ဝင္ေရာက္သိမ္းပိုက္လိုက္တဲ့အခါ လက္ရွိ တိဗက္အုပ္ခ်ဳပ္သူ ၁၄-ဆက္ေျမာက္ ဒလိုင္းလားမားလည္း အိႏၵိယႏိုင္ငံအတြင္း ထြက္ေျပးသြားရပါ တယ္။ အေနာက္ေတာင္ပိုင္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသျဖစ္လာတဲ့ တိဗက္ဟာ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံမွာ ဝီဂါ မြတ္စလင္တို႔ရဲ႕ ရွင္းက်န႔္ျပည္နယ္ကလြဲရင္ ဒုတိယေျမာက္ ဧရိယာအက်ယ္ဝန္းဆုံး ေဒသႀကီးတစ္ခုျဖစ္ပါ တယ္။ ဒါေပမယ့္ ကမာၻ႔ အျမင့္ဆုံးေတာင္တန္းမ်ားနဲ႔ ၾကမ္းတမ္းတဲ့ေျမမ်က္ႏွာသြင္ျပင္ေၾကာင့္ တိဗက္ျပည္ နယ္တစ္ခုလုံး လူဦးေရ ၃-သန္းေက်ာ္သာရွိၿပီး တိဗက္ ၈၆%၊ ဟန္တ႐ုတ္ ၁၂% နဲ႔ အျခားလူမ်ိဳးစုအနည္းငယ္ ေနထိုင္ပါတယ္။ ဘူတန္ႏိုင္ငံ အေရွ႕ဖက္မွာ တည္ရွိတဲ့ နယ္စပ္ အိႏၵိယၿမိဳ႕ တာဝမ္းကေတာ့ တစ္ႏွစ္ပတ္လုံး ဆီးႏွင္းမ်ား ဖုံးအုပ္ေနေလ့ရွိၿပီး ဗုဒၶဘာသာဝင္အမ်ားစုေနထိုင္ပါတယ္။
တိဗက္ေဒသဟာ အိႏၵိယ၊ နီေပါ၊ ဘူတန္၊ ျမန္မာတို႔နဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနၿပီး တ႐ုတ္ရဲ႕ ျပည္နယ္ ၃ အျပင္ ယူနန္ျပည္နယ္နဲ႔လည္း တိုေတာင္းစြာ ထိစပ္ေနပါတယ္။ ၿဗိတိသွ်အိႏၵိယနဲ႔ ယခင္တိဗက္ေခါင္းေဆာင္တို႔အၾကား နယ္ျခားသေဘာတူညီခ်က္ “ဆင္းမလားစာခ်ဳပ္” ကို တ႐ုတ္အစိုးရက လက္မခံပါဘူး၊ မက္မဟြန္ နယ္ျခားမ်ဥ္းကို အသိအမွတ္မျပဳတဲ့အျပင္ အိႏၵိယရဲ႕ အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္ေျမာက္ပိုင္းဟာ သူတို႔ပိုင္ “ေတာင္တိဗက္ေဒသ” ျဖစ္တယ္လို႔ အစဥ္တစိုက္ ေတာင္းဆိုေနပါတယ္။
ဒလိုင္းလားမားကို ခိုလႈံခြင့္ေပးျခင္း၊ တ႐ုတ္-ဆိုဗီယက္အကြဲအၿပဲမွာ နယူးေဒလီက ေမာ္စကိုထံမွ အဆင့္ျမင့္ MiG ဂ်က္တိုက္ေလယာဥ္မ်ား ဝယ္ယူျခင္း၊ ႏွစ္ႏိုင္ငံနယ္ျခားအျငင္းပြားရာမွာ သံတမန္နည္းလမ္း မေအာင္ျမင္ ျခင္းမ်ားေၾကာင့္ ၁၉၆၂-ခုႏွစ္မွာ တ႐ုတ္-အိႏၵိယတို႔အၾကား ၁-လ ၁-ရက္ၾကာ အတိအလင္း စစ္ခင္းခဲ့ၾကပါ တယ္။ ျမင့္မားတဲ့ ေတာင္တန္းအမ်ားစု နီေပါႏိုင္ငံအေနာက္ဖက္ “အတ္ဆိုင္ခ်င္း” နဲ႔ ဘူတန္ႏိုင္ငံ အေရွ႕ဖက္ “တာဝမ္း” ေဒသ ႏွစ္ႏိုင္ငံနယ္စပ္တေလ်ာက္ ခ်ိဳင့္ဝွမ္းနဲ႔ ေတာင္ၾကားမ်ားမွာ ႏွစ္ဖက္စစ္တပ္မ်ား ျပင္းထန္စြာ တိုက္ခိုက္ခဲ့ၾကပါတယ္။ မက္မဟြန္နယ္ျခားမ်ဥ္ကို ေက်ာ္ျဖတ္လာတဲ့ တ႐ုတ္စစ္တပ္ဟာ အိႏၵိယတပ္မမ်ားနဲ႔ “ေဂၚရခါး” တပ္မ်ားကို ေမာင္းထုတ္ခဲ့ၿပီး တစ္ဖက္သပ္ အပစ္အခတ္ရပ္စဲေၾကာင္း ေၾကညာခဲ့ပါတယ္။
တ႐ုတ္-အိႏၵိယစစ္ပြဲကာလ တာဝမ္းၿမိဳ႕နဲ႔ အေနာက္ကမ္မန္းခ႐ိုင္အတြင္း နယ္စပ္ေဒသတိုက္ပြဲမ်ားဟာ အလြန္ အေရးပါခဲ့တယ္။ စစ္ပြဲရပ္တန႔္သြားေပမယ့္ နယ္စပ္အမွန္တကယ္ ထိန္းခ်ဳပ္ေရး LAC တေလ်ာက္ရန္ေစာင္ေနၾကၿပီး အေသးစားအျပန္အလွန္ပစ္ခတ္မႈမ်ားနဲ႔ အ႐ိုးကြဲမတတ္ အေအးဒဏ္ေအာက္မွာ လက္ခ်ည့္ သက္ သက္ ႏွစ္ဖက္ ထိုးႀကိတ္သတ္ပုတ္ခဲ့ၾကပါတယ္။ အဲ့ဒီေနာက္ တင္းမာမႈ ေလ်ာ့ခ်ရန္ LAC လိုင္းအနီးရွိႏွစ္ဖက္ တပ္မ်ား အသီးသီးဆုတ္ခြာေပးရန္ ယခုႏွစ္ေစာေစာပိုင္းမွာ ႏွစ္ႏိုင္ငံ သေဘာတူညီခဲ့ၾကပါတယ္။
အိမ္နီးခ်င္း ႏွစ္ႏိုင္ငံအၾကား ေလာေလာဆယ္တင္းမာမႈထပ္ျဖစ္ရတာကေတာ့ နယ္စပ္အနီး တ႐ုတ္ဘက္မွာ ေက်း႐ြာအသစ္မ်ားတည္ေထာင္လာျခင္း၊ အိႏၵိယက အေဝးေျပးလမ္းေဖာက္လုပ္ျခင္းနဲ႔ LAC အေရာက္ လက္ နက္ခဲယမ္းနဲ႔ စစ္တပ္မ်ားထံ ရာသီမေ႐ြး ပို႔ေဆာင္ေပးႏိုင္မယ့္ “ဆီလာဥမင္”ကို ေဖာက္လုပ္ခဲ့ျခင္းေၾကာင့္ ျဖစ္ပါတယ္။ ၉၈၀၀ ေပ ရွည္လ်ားတဲ့အတြက္ ၂-လမ္းသြား ကမာၻ႔အရွည္ဆုံး မဟာဗ်ဴဟာေျမာက္ ဥမင္ျဖစ္ပါတယ္။ ဟိမဝႏၲာေတာင္တန္းရဲ႕ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပ ၁၃၀၀၀ အျမင့္မွာ တည္ရွိတဲ့ ဆီလာေတာင္ ၾကား ရဲ႕ေအာက္ ေပ ၁၂၀၀ အနက္မွာ ေဖာက္လုပ္ထားျခင္းျဖစ္ပါတယ္။ ဥမင္နဲ႔ အမွတ္ NH-13 အေဝးေျပး လမ္းမ ႀကီးၾကား ၈-မိုင္ အရွည္ရွိတဲ့ ေမာ္ေတာ္ကားလမ္းက ဆက္သြယ္ေပးထားပါတယ္။ ဆီးႏွင္းမ်ား က်ဆင္း ၿပီး အၿမဲ တန္း ေရခဲေနေလ့ရွိတဲ့ အရပ္ေဒသမွာ အဲ့ဒီဥမင္ႀကီးဟာ အိႏၵိယပညာရွင္မ်ားရဲ႕ အံ့မခန္းလက္ရာျဖစ္ၿပီး ျမန္မ ႏိုင္ငံမွာ KIA တို႔ သိမ္းယူထားတဲ့ ပူတာအိုၿမိဳ႕မွ အေျဖာင့္တိုင္းလွ်င္ မိုင္ ၃၅၀ ခန႔္သာ ေဝးပါတယ္။
မက္မဟြန္မ်ဥ္းနဲ႔ပတ္သက္ၿပီး အိႏၵိယနဲ႔ တ႐ုတ္အၾကား အျငင္းပြားျခင္းဟာ ဘူတန္ႏိုင္ငံအေရွ႕ဖက္မွ ျမန္မာ နယ္စပ္အထိ မိုင္ ၅၅၀ မွ် ရွည္လ်ားပါတယ္။ ျမန္မာနဲ႔တ႐ုတ္ၾကားမွာေတာ့ နယ္ျခားကိစၥ အျငင္းပြားမႈ မရွိပါ ဘူး၊ န်ဴလက္နက္ပိုင္ ကမာၻ႔လူဦးေရအမ်ားဆုံး ႏိုင္ငံႀကီးႏွစ္ခုတို႔ရဲ႕ စစ္တပ္မ်ား ရန္ေစာင္ေနတဲ့ နယ္ေျမကို ကခ်င္ျပည္နယ္အေနာက္ပိုင္းရွိ ေတာင္ၾကားလမ္း ၄-ခုမွ သြားေရာက္ႏိုင္ပါတယ္။
နယ္စပ္ LAC အနီးမွ တ႐ုတ္-အိႏၵိယတပ္မ်ား အသီးသီး ဆုတ္ခြာေပးၿပီးေနာက္ပိုင္း ေပက်င္းဘက္က ႐ုတ္တ ရက္စစ္ေရးတည္ေဆာက္မႈ တိုးျမႇင့္လာေၾကာင္း “မက္ဆာနည္းပညာရွင္မ်ား” ႐ိုက္ကူးခဲ့တဲ့ ၿဂိဳလ္တုဓါတ္ပုံ မ်ာက ျပသေနပါတယ္။ တ႐ုတ္စစ္စခန္း ၃-ခုနဲ႔ လမ္းေၾကာင္း ၃-သြယ္တို႔ဟာ LAC အနီး အိႏၵိယတပ္မ်ား လႈပ္ရွားမႈကို ဟန႔္တားပိတ္ဆို႔ႏိုင္တဲ့ မဟာဗ်ဴဟာေျမာက္ အခ်က္အခ်ာနယ္ေျမအတြင္း ေရာက္ရွိေနပါတယ္။