ရာထူးမှ ဆိုင်းငံ့ခံထားရသောတောင်ကိုရီးယားသမ္မတအား ဖမ်းဆီးခံရန်ကြိုးပမ်းမှု အောင်မြင်မှုမရှိခဲ့ဟုဆို
906
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၃
တောင်ကိုရီးယားရဲတပ်ဖွဲ့သည် ရာထူးမှဆိုင်းငံ့ခံထားရသော သမ္မတယွန်ဆက်ယိုလ်ကို ဇန်နဝါရီ ၂ ရက်တွင်ဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရခဲ့ကြောင်းသိရသည်။ တောင်ကိုရီးယား အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေးရုံး (CIO)သည် ရာထူးမှဆိုင်းငံ့ခံထားရသော သမ္မတယွန်ဆက်ယိုလ်ကို ဖမ်းဆီးရန် တောင်းဆိုခဲ့ပြီးနောက် တောင်ကိုရီးယားတရားရုံးက ဖမ်းဝရမ်းထုတ်ပေးခဲ့ကြောင်းသိရသည်။
ယွန်ဆက်ယိုလ်သည် ဒီဇင်ဘာလအစောပိုင်းတွင် စစ်အုပ်ချုပ်ရေးကြောညာခဲ့ရာဥပဒေထုတ်ပြန်ခဲ့ပြီးနောက် အတိုက်ခံနိုင်ငံရေးပါတီများအပြင် ပြည်သူများ၏ဝေဖန်ပြစ်တင်ခြင်းကို
ခံခဲ့ရကြောင်း သိရသည်။ အတိုက်ခံပါတီ၏လွှတ်တော်ကိုယ်စားလှယ်များသည် ယွန်ဆက်ယိုလ်ကို ဒီဇင်ဘာ ၁၄ ရက်တွင် လွှတ်တော်အတွင်းစွပ်စွဲပြစ်တင်ခံခဲ့ရကြောင်း သိရသည်။ ယွန်ဆက်ယိုလ်သည် လွှတ်တော်အတွင်းစွပ်စွဲပြစ်တင်ခံရကာ ရာထူးမှဆိုင်းငံ့ခံရပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအပြင် အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေးရုံး၏ စုံစမ်းစစ်ဆေးခြင်းကို ခံခဲ့ရကြောင်း သိရသည်။ တောင်ကိုရီးယားရဲတပ်ဖွဲ့ဝင်များသည် ယွန်ဆက်ယိုလ်ကို သမ္မတရုံးတွင်ဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း ယွန်ဆက်ယိုလ်က ငြင်းဆန်ခြင်းများရှိခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားရဲတပ်ဖွဲ့ဝင်များက ယွန်ဆက်ယိုလ်ကိုဖမ်းဆီးရန်ကြိုးပမ်းချိန်တွင် ထောက်ခံသူများနှင့်ဆန့်ကျင်သူအုပ်စုများကြား ထိပ်တိုက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ CIO ရုံးက " ကျွန်တော်တို့ဟာ ယွန်ဆက်ယိုလ်ကို ဖမ်းဆီးဖို့ လက်တွေ့မဖြစ်နိုင်ဘူး၊ ယွန်ဆက်ယိုလ်ကိုယ်တိုင်ကလည်း ဖမ်းဝရမ်းထုတ်ခံရခြင်းကို လက်မခံတဲ့အတွက်အခက်ခဲဖြစ်ရတယ်"ဟုပြော သည်။ လက်ရှိအချိန်တွင် ယွန်ဆက်ယိုလ်ကို ဖမ်းဆီးရန်ကြိုးပမ်းမှုမအောင်မြင်သည့်အတွက် ပြန်လည်သုံးသပ်ပြီးနောက် နောက်ထပ်လုပ်ဆောင်ရမည့်အဆင့်များကို ဆုံးဖြတ်သွားရမည်ဖြစ်ကြောင်းသိရသည်။ ယွန်ဆက်ယိုလ်ကို ဖမ်းဆီးရန်ဆိုင်းငံ့လိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက်သမ္မတရုံးအဆောက်အဦးအပြင်ဘက်တွင်ရှိနေသော ယွန်ဆက်ယိုလ်ကိုအားပေးထောက်ခံသူများ အော်ဟစ်အောင်ပွဲခံခဲ့ပြီး အနိုင်ရခဲ့ကြောင်းကြွေးကြော်ခဲ့သည်။
ယွန်ဆက်ယိုလ်ကို ဖမ်းဆီးရန် ဆိုင်းငံ့လိုက်ခြင်းသည် မြေပြင်တွင်ရှိနေသော လုံခြုံရေးတပ်ဖွဲ့ဝင်များ ဘေးကင်းလုံခြုံရေးနှင့်ပတ်သက်ပြီး စိုးရိမ်ခဲ့ရသောကြောင့်ဖြစ်သည်ဟု ပြောသည်။ ယွန်ဆက်ယိုလ်၏ ရှေ့နေဖြစ်သူတို့သည် တောင်ကိုရီးယားတရားရုံးမှ ဖမ်းဝရမ်းထုတ်ခြင်းကိုဝေဖန်ပြစ်တင်ထားသလို တရားမျှတမှုမရှိကြောင်း တုံ့ပြန်ထားသည်။
zawgyi version
ရာထူးမွ ဆိုင္းငံ့ခံထားရေသာေတာင္ကိုရီးယားသမၼတအား ဖမ္းဆီးခံရန္ႀကိဳးပမ္းမႈ ေအာင္ျမင္မႈမရွိခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၃
ေတာင္ကိုရီးယားရဲတပ္ဖြဲ႕သည္ ရာထူးမွဆိုင္းငံ့ခံထားရေသာ သမၼတယြန္ဆက္ယိုလ္ကို ဇန္နဝါရီ ၂ ရက္တြင္ဖမ္းဆီးရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း ေအာင္ျမင္မႈမရခဲ့ေၾကာင္းသိရသည္။ ေတာင္ကိုရီးယား အက်င့္ပ်က္လာဘ္စားမႈတိုက္ဖ်က္ေရး႐ုံး (CIO)သည္ ရာထူးမွဆိုင္းငံ့ခံထားရေသာ သမၼတယြန္ဆက္ယိုလ္ကို ဖမ္းဆီးရန္ ေတာင္းဆိုခဲ့ၿပီးေနာက္ ေတာင္ကိုရီးယားတရား႐ုံးက ဖမ္းဝရမ္းထုတ္ေပးခဲ့ေၾကာင္းသိရသည္။
ယြန္ဆက္ယိုလ္သည္ ဒီဇင္ဘာလအေစာပိုင္းတြင္ စစ္အုပ္ခ်ဳပ္ေရးေၾကာညာခဲ့ရာဥပေဒထုတ္ျပန္ခဲ့ၿပီးေနာက္ အတိုက္ခံႏိုင္ငံေရးပါတီမ်ားအျပင္ ျပည္သူမ်ား၏ေဝဖန္ျပစ္တင္ျခင္းကို
ခံခဲ့ရေၾကာင္း သိရသည္။ အတိုက္ခံပါတီ၏လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသည္ ယြန္ဆက္ယိုလ္ကို ဒီဇင္ဘာ ၁၄ ရက္တြင္ လႊတ္ေတာ္အတြင္းစြပ္စြဲျပစ္တင္ခံခဲ့ရေၾကာင္း သိရသည္။ ယြန္ဆက္ယိုလ္သည္ လႊတ္ေတာ္အတြင္းစြပ္စြဲျပစ္တင္ခံရကာ ရာထူးမွဆိုင္းငံ့ခံရၿပီးေနာက္ ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးအျပင္ အက်င့္ပ်က္လာဘ္စားမႈတိုက္ဖ်က္ေရး႐ုံး၏ စုံစမ္းစစ္ေဆးျခင္းကို ခံခဲ့ရေၾကာင္း သိရသည္။ ေတာင္ကိုရီးယားရဲတပ္ဖြဲ႕ဝင္မ်ားသည္ ယြန္ဆက္ယိုလ္ကို သမၼတ႐ုံးတြင္ဖမ္းဆီးရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း ယြန္ဆက္ယိုလ္က ျငင္းဆန္ျခင္းမ်ားရွိခဲ့ေၾကာင္း သိရသည္။
ေတာင္ကိုရီးယားရဲတပ္ဖြဲ႕ဝင္မ်ားက ယြန္ဆက္ယိုလ္ကိုဖမ္းဆီးရန္ႀကိဳးပမ္းခ်ိန္တြင္ ေထာက္ခံသူမ်ားႏွင့္ဆန႔္က်င္သူအုပ္စုမ်ားၾကား ထိပ္တိုက္ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။ CIO ႐ုံးက " ကြၽန္ေတာ္တို႔ဟာ ယြန္ဆက္ယိုလ္ကို ဖမ္းဆီးဖို႔ လက္ေတြ႕မျဖစ္ႏိုင္ဘူး၊ ယြန္ဆက္ယိုလ္ကိုယ္တိုင္ကလည္း ဖမ္းဝရမ္းထုတ္ခံရျခင္းကို လက္မခံတဲ့အတြက္အခက္ခဲျဖစ္ရတယ္"ဟုေျပာ သည္။ လက္ရွိအခ်ိန္တြင္ ယြန္ဆက္ယိုလ္ကို ဖမ္းဆီးရန္ႀကိဳးပမ္းမႈမေအာင္ျမင္သည့္အတြက္ ျပန္လည္သုံးသပ္ၿပီးေနာက္ ေနာက္ထပ္လုပ္ေဆာင္ရမည့္အဆင့္မ်ားကို ဆုံးျဖတ္သြားရမည္ျဖစ္ေၾကာင္းသိရသည္။ ယြန္ဆက္ယိုလ္ကို ဖမ္းဆီးရန္ဆိုင္းငံ့လိုက္ေၾကာင္း သတင္းထုတ္ျပန္ခဲ့ၿပီးေနာက္သမၼတ႐ုံးအေဆာက္အဦးအျပင္ဘက္တြင္ရွိေနေသာ ယြန္ဆက္ယိုလ္ကိုအားေပးေထာက္ခံသူမ်ား ေအာ္ဟစ္ေအာင္ပြဲခံခဲ့ၿပီး အႏိုင္ရခဲ့ေၾကာင္းေႂကြးေၾကာ္ခဲ့သည္။
ယြန္ဆက္ယိုလ္ကို ဖမ္းဆီးရန္ ဆိုင္းငံ့လိုက္ျခင္းသည္ ေျမျပင္တြင္ရွိေနေသာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ေဘးကင္းလုံၿခဳံေရးႏွင့္ပတ္သက္ၿပီး စိုးရိမ္ခဲ့ရေသာေၾကာင့္ျဖစ္သည္ဟု ေျပာသည္။ ယြန္ဆက္ယိုလ္၏ ေရွ႕ေနျဖစ္သူတို႔သည္ ေတာင္ကိုရီးယားတရား႐ုံးမွ ဖမ္းဝရမ္းထုတ္ျခင္းကိုေဝဖန္ျပစ္တင္ထားသလို တရားမွ်တမႈမရွိေၾကာင္း တုံ႔ျပန္ထားသည္။