လျှပ်စစ်ဓာတ်အား တစ်ရက်လျှင်ပျမ်းမျှ (၂၂၀၀)မဂ္ဂါဝပ်သာထုတ်လုပ်နိုင်ပြီး နေပြည်တော် အပါအဝင် တစ်နိုင်ငံလုံးကို အလှည့်ကျစနစ်ဖြင့် မီးပေးနေရ

 2142

ယွန်း (NP News)- ဇန်နဝါရီ ၇

ယခုကာလတွင် လျှပ်စစ်ဓာတ်အား ပျမ်းမျှတစ်ရက်လျှင်(၂၂၀၀)မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်ပြီး နေပြည်တော် အပါအဝင် တစ်နိုင်ငံလုံးကို အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေနေရ ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ယမန်နေ့(ဇန်နဝါရီ ၆ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။ ထုတ်လုပ်မှုလျော့နည်းခြင်းကြောင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ(၂၂၀၀)မဂ္ဂါဝပ်ခန့်သာထုတ်လုပ်နိုင်ပြီး ထုတ်လုပ်နိုင်မှု၏ (၅၀)ရာခိုင်နှုန်းခန့်ကိုသာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

အထက်ပါလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီးသို့ (၄၈)ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးသို့ (၁၇)ရာခိုင်နှုန်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ (၃၅)ရာခိုင်နှုန်းအချိုးချ၍ ဓာတ်အားခွဲဝေကာ ဖြန့်ဖြူးပေးနေကြောင်း သိရ သည်။

ထိုသို့ဖြန့်ဖြူး‌ပေးလျက်ရှိရာ ရန်ကုန်တိုင်းတွင် အုပ်စု(၃)စုခွဲ၍ တစ်အုပ်စုလျှင် (၄)နာရီပေး (၈)နာရီပိတ် အလှည့်ကျအစီအစဉ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းတွင် အုပ်စု(၄)စုခွဲ၍ (၄) နာရီပေး(၉)နာရီပိတ် အလှည့်ကျနှင့် (၄)နာရီပေး (၁၂)နာရီပိတ် အလှည့်ကျအစီအစဉ်ဖြင့်လည်းကောင်း ဓာတ်အားပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် နေပြည်တော်တွင် အများပြည်သူများအား တစ်ရက်ပျမ်းမျှ (၁၆)နာရီပေး (၈)နာရီပိတ်နှင့် ဝန်ထမ်းအိမ်ယာများအား (၁၈)နာရီပေး (၄)နာရီပိတ်အစီအစဉ်ဖြင့် လည်းကောင်း၊ ကျန် တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း အုပ်စုများခွဲ၍ တစ်အုပ်စုလျှင် (၆)နာရီအလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဆိုထားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ရေအားလျှပ်စစ်စက်ရုံ(၃၀)ရုံ၏ တပ်ဆင်စက်အင်အား(၃၂၃၂)မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ(၂)ရုံ၏ တပ်ဆင်စက်အင်အား(၃၂၆၈)မဂ္ဂါဝပ်၊ ကျောက်မီးသွေးစက်ရုံ(၂)ရုံ၏ တပ်ဆင်စက်အင်အား(၁၃၈)မဂ္ဂါဝပ်နှင့် နေရောင်ခြည်သုံးစွမ်းအင်စက်ရုံ(၈)ရုံ၏ တပ်ဆင်စက်အင်အား(၂၄၀)မဂ္ဂါဝပ်တို့ရှိပြီး စုစုပေါင်းဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်နိုင်သည့် စက်များ၏တပ်ဆင်စက်အင်အားမှာ (၆၈၇၈)မဂ္ဂါဝပ်အထိရှိကြောင်း သိရသည်။

ထို့ကြောင့် စက်စွမ်းအားပြည့်မောင်းနှင်နိုင်ပါက (၄၀၀၀)မဂ္ဂါဝပ်ခန့်အထိ ထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုထားသည်။ သို့သော် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် ဓာတ်အားကိုပို့လွှတ်လျက်ရှိသည့် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းကြီး (၁၄) လိုင်းမှာ ဖျက်ဆီးခံထားရခြင်းကြောင့် ဓာတ်အား (၁၀၀၉ မဂ္ဂါဝပ်) အသားတင် လျော့နည်း ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

လက်ရှိဓာတ်အားထုတ်လုပ်မှု၌ အပူစွမ်းအင်သုံးစက်ရုံများရှိ သဘာဝဓာတ်ငွေ့အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအချိုးမှာ (၅၀)ရာခိုင်နှုန်းခန့်ရှိသော်လည်း သဘာဝဓာတ်ငွေ့ရရှိမှုမှာ လျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်မှုမှာ ယခုကာလအတွင်း (၂၉၁) မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိ ‌ကြောင်း သိရသည်။

ထို့ပြင် မကြာသေးမီကဖြစ်ပွားခဲ့သော ရာဂီမုန်တိုင်း၏သက်ရောက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်သဖြင့် အထက်ပေါင်းလောင်းရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဓာတ်အားပိတ် ထိန်းသိမ်းပြုပြင်ခြင်းများကိုလည်း ဆောင်ရွက်နေရသဖြင့် (၁၄၀)မဂ္ဂါဝပ်ခန့်လျော့နည်းလျက်ရှိပြီး စုစုပေါင်းဓာတ်အားထုတ်လုပ်နိုင်မှု (၁၄၄၀)မဂ္ဂါဝပ်ခန့်မှာ အသားတင်လျော့နည်း ထုတ်လုပ် နေရကြောင်း သိရသည်။

zawgyi version
လွ်ပ္စစ္ဓာတ္အား တစ္ရက္လွ်င္ပ်မ္းမွ် (၂၂၀၀)မဂၢါဝပ္သာထုတ္လုပ္ႏိုင္ၿပီး ေနျပည္ေတာ္ အပါအဝင္ တစ္ႏိုင္ငံလုံးကို အလွည့္က်စနစ္ျဖင့္ မီးေပးေနရ

ယြန္း (NP News)- ဇန္နဝါရီ ၇

ယခုကာလတြင္ လွ်ပ္စစ္ဓာတ္အား ပ်မ္းမွ်တစ္ရက္လွ်င္(၂၂၀၀)မဂၢါဝပ္သာ ထုတ္လုပ္ႏိုင္ၿပီး ေနျပည္ေတာ္ အပါအဝင္ တစ္ႏိုင္ငံလုံးကို အလွည့္က်စနစ္ျဖင့္ လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးေပေနရ ေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ အသိေပးထုတ္ျပန္ထားသည္။

လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ ယမန္ေန႔(ဇန္နဝါရီ ၆ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။ ထုတ္လုပ္မႈေလ်ာ့နည္းျခင္းေၾကာင့္ ယခုကာလတြင္ တစ္ရက္ပ်မ္းမွ်(၂၂၀၀)မဂၢါဝပ္ခန႔္သာထုတ္လုပ္ႏိုင္ၿပီး ထုတ္လုပ္ႏိုင္မႈ၏ (၅၀)ရာခိုင္ႏႈန္းခန႔္ကိုသာ ထုတ္လုပ္ျဖန႔္ျဖဴးေပးႏိုင္ေၾကာင္း ဝန္ႀကီးဌာန၏ထုတ္ျပန္ခ်က္အရ သိရသည္။

အထက္ပါလွ်ပ္စစ္ဓာတ္အားထုတ္လုပ္ႏိုင္မႈအရ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလအတြင္း ရန္ကုန္တိုင္းေဒသႀကီးသို႔ (၄၈)ရာခိုင္ႏႈန္း၊ မႏၲေလးတိုင္းေဒသႀကီးသို႔ (၁၇)ရာခိုင္ႏႈန္း၊ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားသို႔ (၃၅)ရာခိုင္ႏႈန္းအခ်ိဳးခ်၍ ဓာတ္အားခြဲေဝကာ ျဖန႔္ျဖဴးေပးေနေၾကာင္း သိရ သည္။

ထိုသို႔ျဖန႔္ျဖဴး‌ေပးလ်က္ရွိရာ ရန္ကုန္တိုင္းတြင္ အုပ္စု(၃)စုခြဲ၍ တစ္အုပ္စုလွ်င္ (၄)နာရီေပး (၈)နာရီပိတ္ အလွည့္က်အစီအစဥ္ျဖင့္လည္းေကာင္း၊ မႏၲေလးတိုင္းတြင္ အုပ္စု(၄)စုခြဲ၍ (၄) နာရီေပး(၉)နာရီပိတ္ အလွည့္က်ႏွင့္ (၄)နာရီေပး (၁၂)နာရီပိတ္ အလွည့္က်အစီအစဥ္ျဖင့္လည္းေကာင္း ဓာတ္အားေပးလ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ေနျပည္ေတာ္တြင္ အမ်ားျပည္သူမ်ားအား တစ္ရက္ပ်မ္းမွ် (၁၆)နာရီေပး (၈)နာရီပိတ္ႏွင့္ ဝန္ထမ္းအိမ္ယာမ်ားအား (၁၈)နာရီေပး (၄)နာရီပိတ္အစီအစဥ္ျဖင့္ လည္းေကာင္း၊ က်န္ တိုင္းေဒသႀကီး/ ျပည္နယ္မ်ားအတြင္း အုပ္စုမ်ားခြဲ၍ တစ္အုပ္စုလွ်င္ (၆)နာရီအလွည့္က်စနစ္ျဖင့္ ဓာတ္အားျဖန႔္ျဖဴးေပးေနေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနက ဆိုထားသည္။

လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနအေနျဖင့္ ေရအားလွ်ပ္စစ္စက္႐ုံ(၃၀)႐ုံ၏ တပ္ဆင္စက္အင္အား(၃၂၃၂)မဂၢါဝပ္၊ သဘာဝဓာတ္ေငြ႕သုံးစက္႐ုံ(၂)႐ုံ၏ တပ္ဆင္စက္အင္အား(၃၂၆၈)မဂၢါဝပ္၊ ေက်ာက္မီးေသြးစက္႐ုံ(၂)႐ုံ၏ တပ္ဆင္စက္အင္အား(၁၃၈)မဂၢါဝပ္ႏွင့္ ေနေရာင္ျခည္သုံးစြမ္းအင္စက္႐ုံ(၈)႐ုံ၏ တပ္ဆင္စက္အင္အား(၂၄၀)မဂၢါဝပ္တို႔ရွိၿပီး စုစုေပါင္းဓာတ္အားစနစ္အတြင္း ဓာတ္အားထုတ္လုပ္ႏိုင္သည့္ စက္မ်ား၏တပ္ဆင္စက္အင္အားမွာ (၆၈၇၈)မဂၢါဝပ္အထိရွိေၾကာင္း သိရသည္။

ထို႔ေၾကာင့္ စက္စြမ္းအားျပည့္ေမာင္းႏွင္ႏိုင္ပါက (၄၀၀၀)မဂၢါဝပ္ခန႔္အထိ ထုတ္လုပ္ျဖန႔္ျဖဴးႏိုင္မည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ဆိုထားသည္။ သို႔ေသာ္ ဓာတ္အားေပးစက္႐ုံမ်ားမွ ထြက္ရွိသည့္ ဓာတ္အားကိုပို႔လႊတ္လ်က္ရွိသည့္ ၂၃၀ ေကဗြီ၊ ၁၃၂ ေကဗြီ ဓာတ္အားလိုင္းႀကီး (၁၄) လိုင္းမွာ ဖ်က္ဆီးခံထားရျခင္းေၾကာင့္ ဓာတ္အား (၁၀၀၉ မဂၢါဝပ္) အသားတင္ ေလ်ာ့နည္း ထုတ္လုပ္လ်က္ရွိေၾကာင္း သိရသည္။

လက္ရွိဓာတ္အားထုတ္လုပ္မႈ၌ အပူစြမ္းအင္သုံးစက္႐ုံမ်ားရွိ သဘာဝဓာတ္ေငြ႕အသုံးျပဳ၍ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈအခ်ိဳးမွာ (၅၀)ရာခိုင္ႏႈန္းခန႔္ရွိေသာ္လည္း သဘာဝဓာတ္ေငြ႕ရရွိမႈမွာ ေလ်ာ့နည္းလ်က္ရွိသျဖင့္ သဘာဝဓာတ္ေငြ႕သုံးလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံမ်ားမွ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေပးႏိုင္မႈမွာ ယခုကာလအတြင္း (၂၉၁) မဂၢါဝပ္ခန႔္ ေလ်ာ့နည္းလ်က္ရွိ ‌ေၾကာင္း သိရသည္။

ထို႔ျပင္ မၾကာေသးမီကျဖစ္ပြားခဲ့ေသာ ရာဂီမုန္တိုင္း၏သက္ေရာက္မႈေၾကာင့္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္သျဖင့္ အထက္ေပါင္းေလာင္းေရအား လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံကို ဓာတ္အားပိတ္ ထိန္းသိမ္းျပဳျပင္ျခင္းမ်ားကိုလည္း ေဆာင္႐ြက္ေနရသျဖင့္ (၁၄၀)မဂၢါဝပ္ခန႔္ေလ်ာ့နည္းလ်က္ရွိၿပီး စုစုေပါင္းဓာတ္အားထုတ္လုပ္ႏိုင္မႈ (၁၄၄၀)မဂၢါဝပ္ခန႔္မွာ အသားတင္ေလ်ာ့နည္း ထုတ္လုပ္ ေနရေၾကာင္း သိရသည္။

© 2021. All rights reserved.