ဆိုက်ဘာလုံခြုံရေးဥပဒေကို အသုံးချကာ မသိနားမလည်သူများကို အမြတ်ထုတ်ခြင်းမှကာကွယ်ရန် ပြည်သူများအနေဖြင့် ဥပဒေကိုသေချာစွာဖတ်ရှုသင့်ဟုဆို
643
ယွန်း (NP News) - ဇန်နဝါရီ ၈
ဆိုက်ဘာလုံခြုံရေးဥပဒေကို အသုံးချကာ မသိနားမလည်သူများကို အမြတ်ထုတ်ခြင်းမှ ကာကွယ်ရန် ပြည်သူများအနေဖြင့် ဥပဒေကိုသေချာ စွာဖတ်ရှုသင့်ကြောင်း အငြိမ်းစားရဲမှူကြီးတစ်ဦးကNP News မှတဆင့် အကြံပြုပြောကြားသည်။
ဆိုက်ဘာအလွဲသုံးစားပြုခြင်း အပါအဝင် ခွင့်ပြုချက်မရှိ VPN ထူထောင်ခြင်းနှင့် အွန်လိုင်း လောင်းကစားလုပ်ဆောင်ပါက ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်ခံရမည့် ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြီးခဲ့သည့် ဇန်နဝါရီ(၁)ရက်တွင် စတင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဥပဒေထွက်ပေါ်ပြီးနောက် ပြည်သူများအနေဖြင့် VPN သုံးလျှင် ဖမ်းဆီးခံရနိုင်သည်ဟု နားလည်မှုလွဲမှားကာ စိုးရိမ်မှုများလည်းရှိနေ ကြောင်း သိရသည်။
"VPN က တွင်တွင်ကျယ်ကျယ်သုံးတာ ပြဿနာမရှိဘူး။ လူတိုင်းသုံးကြတယ်။ အခုတချို့ ကုမ္ပဏီတွေ၊ တချို့လုပ်ငန်းတွေမှာကျတော့ VPN ကိုကိုယ်ပိုင်အနေနဲ့ သုံးမယ်ဆိုရင် မှတ်ပုံတင်ရမယ် လို့ပြောချင်တယ်လို့ ထင်တယ်။ သူတို့အနေနဲ့ အွန်လိုင်း ဝန်ဆောင်မှုတွေလုပ်တဲ့အချိန်မှာ မှတ်ပုံတင်ရ မယ်။ မှတ်ပုံမတင်ရင်တော့ အရေးယူမယ်ပေါ့။ တရုတ်ပြည်မှာလည်း VPN သုံးတယ်လို့ကြားဖူးတယ်။ Registerလုပ်ပြီး အခကြေးငွေနဲ့သုံးရတယ်လို့ကြား ဖူးတယ်။ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေအနေနဲ့ VPN ကို ကိုယ်တိုင်ထောင်ပြီးသုံးမယ်ဆိုရင်တော့ မှတ်ပုံ တင်ရမှာပေါ့}} ဟု အထက်ပါ အငြိမ်းစားရဲမှူးကြီးက NP News ကိုပြောသည်။
ထို့ပြင် VPN သုံးလျှင်ခေါ်ယူစစ်ဆေးခံရ နိုင်သည်။ ဖမ်းဆီးခံရနိုင်သည်ဆိုသော သတင်းများ လည်းရှိနေပြီး VPN ကိုအကြောင်းပြု၍ အောက်ခြေ ၌ မသိနားမလည်သည့် ပြည်သူများအပေါ် အမြတ် ထုတ်ခြင်းများရှိလာမည်ကို စိုးရိမ်ကြောင်း ၎င်းကဆိုသည်။
" ဒါကိုအသုံးချပြီးလုပ်မှာတော့ စိုးရိမ်တယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေလိုပေါ့။ နိုင်ငံတော် အစိုးရအနေနဲ့ကတော့ စစ်မှုထမ်းဥပဒေကို ဥပဒေနဲ့ အညီပြဋ္ဌာန်းတယ်။ ဒါပေမဲ့ အောက်ခြေမှာတော့ အုပ်ချုပ်ရေးမှူးတွေကို အရေးယူတဲ့ကိစ္စတွေ လည်းရှိတယ်၊ ပိုက်ဆံယူတယ်တို့ဘာတို့လည်း ကြားနေရတယ်။ အဲဒီလိုပဲ အပေါ်ကဥပဒေကတော့ ဥပဒေနဲ့တူအောင်ပြဋ္ဌာန်းတာပဲ။ ဒါပေမဲ့ အောက် ခြေတွေမှာကျတော့ VPN သုံးရင်ဖမ်းမှာပဲတို့၊ ဠဏြ သုံးရင်ခေါ်စစ်မယ်တို့ဆိုတာတွေရှိသလို အဲဒီလိုလုပ် မယ့်သူတွေမပေါ်လာဘူးလို့လည်း မပြောနိုင်ဘူး။ အခုဟာက သံသယဖြစ်လို့စစ်ရင်ဖုန်းကိုစစ်ကြတယ်။ အဲဒါတွေက အောက်ခြေမှာများ မသိနားမလည်တဲ့သူ တွေပေါ်မှာ လုပ်စားတဲ့ဟာမျိုးဖြစ်သွားမှာတော့ စိုးရိမ်ရတာပေါ့" ဟု အထက်ပါ အငြိမ်းစားရဲမှူးကြီးက ပြောသည်
။
ထို့ကြောင့် ပြည်သူများအနေဖြင့် ဥပဒေကို နားလည်စွာဖတ်ရှုရန်လိုအပ်ပြီး ဥပဒေရေးရာတာ ဝန်ရှိသူများအနေဖြင့်လည်း ဆိုက်ဘာဥပဒေနှင့်ပတ် သက်သည်များအား မီဒီယာများမှတဆင့် ဆွေးနွေး ခြင်း၊ ရှင်းပြခြင်းများဆောင်ရွက်သင့်ကြောင်းလည်း ၎င်းကတိုက်တွန်းပြောကြားသည်။
"ပြည်သူတွေအနေနဲ့တော့ ဒီဥပဒေကို သေချာဖတ်သင့်တယ်။ ပြီးရင် ကိုယ်တိုင်လည်းနားလည်သဘောပေါက်ပြီးတော့ ဒါနဲ့ပတ်သက်ပြီးစွပ်စွဲ လာရင် ဥပဒေရဲ့ ဆိုလိုရင်းက ဒါမဟုတ်ဘူး။ ဒါက ကုမ္ပဏီတွေ၊ လုပ်ငန်းတွေကနေ VPN ကို ကိုယ်ပိုင် သုံးတယ်ဆိုရင် Register လုပ်ရမယ်ဆိုတာကိုပြော တာလို့ ပြန်ပြောနိုင်ရမယ်။ ဥပဒေကိုလည်း စိတ်ဝင် စားဖို့လိုမယ်။ ပြီးရင် သက်ဆိုင်ရာ ဥပဒေရေးရာဌာန တွေကလည်း ပြည်သူတွေကို ဆိုက်ဘာ Law နဲ့ပတ်သက်ပြီး မီဒီယာကနေဆွေးနွေး တာတို့၊ ရှင်းပြတာတို့ လုပ်သင့်တယ်။ ဒါမှ ပြည်သူတွေနား ရှင်းမှာ။ ဥပဒေဆိုတာက အရပ်သားတွေနားလည်ဖို့ ခက်ခဲတယ်" ဟု ၎င်းကဆိုသည်။
အဆိုပါဥပဒေသည် VPN ကို ကိုယ်ပိုင် အနေဖြင့် အသုံးပြုနေသည့် ကုမ္ပဏီများနှင့် လုပ်ငန်း များအတွက် သက်ရောက်မှုရှိကြောင်း သိရပြီး တရားဝင်မှတ်ပုံတင်၍ သုံးစွဲခြင်းမရှိပါက အရေးယူခြင်းခံရ နိုင်ကြောင်း သိရသည်။
" မှတ်ပုံတင်ပြီး တရားဝင်လုပ်ပါတယ်ဆို တဲ့သူကတော့ အခွင့်အရေးတော့ရှိသွားမှာပေါ့။ လတ်တလောမှာတော့ မှတ်ပုံတင်ပြီး လုပ်တဲ့သူများ လာလိမ့်မယ်။ မှတ်ပုံတင်ထားတဲ့ ဠဏြ ကို တရားဝင် ဝယ်ပြီးသုံးတာဆိုရင် သုံးနေလည်းမဖမ်းဘူးလေ။ ဝယ်ပြီဆိုတာနဲ့ ကိုယ့် ID ကိုပေးလိုက်ရပြီဆိုတော့ ကိုယ့်ဒေတာတွေအကုန်သိနေပြီ။ Free VPN ကို သုံးနေရင် ကိုယ်ချိတ်လိုက်တဲ့ VPN က စင်ကာပူ ရောက်ချင်လည်းရောက်တယ်၊ ကနေဒါလည်းရောက် ရင်ရောက်တယ် အတည်တကျမရှိဘူး။ ဝယ်ပြီးသုံး လိုက်တော့ စင်ကာပူဆို စင်ကာပူကနေဘယ်မှ မပြောင်းဘူး။ တစ်နေရာဆို တစ်နေရာပဲဖြစ်တယ်။ ပြီးရင် ခြေရာခံလိုက်ဖို့ရယ်ပေါ့။ တရားဝင်မှတ်ပုံတင် ထားတဲ့ဟာဆို စိတ်ကြိုက်ဝယ်သုံးလို့ရတယ်။ သူတို့ဆီမှာ အချက်အလက်အကုန်ရှိနေပြီလေ။ Free VPN သုံးတဲ့သူ ဆိုရင်တော့ မစစ်ရင်တော့ ကောင်းတာပေါ့။ မတော်လို့ ခရီးသွားတဲ့နေရာမှာစစ် တယ်ဆိုရင်တော့ တရားမဝင်သုံးနေတဲ့အတွက်တော့ အန္တရာယ်တော့ရှိတာပေါ့" ဟု Digital Marketing နှင့် ပတ်သက်၍ ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။
ဆိုက်ဘာလုံခြုံရေးဥပဒေအရ ခွင့်ပြု ချက်မရှိဘဲ မည်သူမဆို VPN ထူထောင်ခြင်း၊ ဝန်ဆောင်မှုပေးလျှင် ထောင်ဒဏ်(၁)လမှ (၆)လ အထိဖြစ်စေ၊ ငွေဒဏ် ကျပ်(၁၀)သိန်းမှ သိန်း(၁၀ဝ)အထိ ချမှတ်နိုင်ပြီး Facebook, Youtube, Tiktok, Telegram ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့်လည်း လိုင်စင်တင်ရမည်ဖြစ်ကာ ပျက်ကွက်ပါက သိန်းတစ်ထောင်အထက် ဒဏ်ငွေချမှတ် ခြင်းခံရနိုင်ကြောင်း သိရသည်။
ထို့ပြင်Telegram, Facebook အစရှိသည့် အွန်လိုင်းပလက်ဖောင်းများတွင် အများပြည်သူ ကြည့်ရှုရန်မသင့်လျော်သည့် Sex Case ၊ အဖော် အချွတ်၊ ရိုင်းပျပြုမှုများကို မျှဝေခြင်း၊ ဖြန့်ချိခြင်း၊ ရောင်းချခြင်း၊ ပေးပို့ခြင်းများပြုလုပ်ပါက ထောင်ဒဏ် (၁)လ မှ (၆)လ အထိဖြစ်စေ၊ ငွေဒဏ် (၁၀)သိန်း မှ သိန်း(၁၀ဝ)အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း သိရသည်။
zawgyi version
ဆိုက္ဘာလုံၿခဳံေရးဥပေဒကို အသုံးခ်ကာ မသိနားမလည္သူမ်ားကို အျမတ္ထုတ္ျခင္းမွကာကြယ္ရန္ ျပည္သူမ်ားအေနျဖင့္ ဥပေဒကိုေသခ်ာစြာဖတ္ရႈသင့္ဟုဆို
ယြန္း (NP News) - ဇန္နဝါရီ ၈
ဆိုက္ဘာလုံၿခဳံေရးဥပေဒကို အသုံးခ်ကာ မသိနားမလည္သူမ်ားကို အျမတ္ထုတ္ျခင္းမွ ကာကြယ္ရန္ ျပည္သူမ်ားအေနျဖင့္ ဥပေဒကိုေသခ်ာ စြာဖတ္ရႈသင့္ေၾကာင္း အၿငိမ္းစားရဲမႉႀကီးတစ္ဦးကNP News မွတဆင့္ အႀကံျပဳေျပာၾကားသည္။
ဆိုက္ဘာအလြဲသုံးစားျပဳျခင္း အပါအဝင္ ခြင့္ျပဳခ်က္မရွိ VPN ထူေထာင္ျခင္းႏွင့္ အြန္လိုင္း ေလာင္းကစားလုပ္ေဆာင္ပါက ေထာင္ဒဏ္ႏွင့္ ေငြဒဏ္ခ်မွတ္ခံရမည့္ ဆိုက္ဘာလုံၿခဳံေရးဥပေဒကို ၿပီးခဲ့သည့္ ဇန္နဝါရီ(၁)ရက္တြင္ စတင္ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။ အဆိုပါ ဥပေဒထြက္ေပၚၿပီးေနာက္ ျပည္သူမ်ားအေနျဖင့္ VPN သုံးလွ်င္ ဖမ္းဆီးခံရႏိုင္သည္ဟု နားလည္မႈလြဲမွားကာ စိုးရိမ္မႈမ်ားလည္းရွိေန ေၾကာင္း သိရသည္။
"VPN က တြင္တြင္က်ယ္က်ယ္သုံးတာ ျပႆနာမရွိဘူး။ လူတိုင္းသုံးၾကတယ္။ အခုတခ်ိဳ႕ ကုမၸဏီေတြ၊ တခ်ိဳ႕လုပ္ငန္းေတြမွာက်ေတာ့ VPN ကိုကိုယ္ပိုင္အေနနဲ႔ သုံးမယ္ဆိုရင္ မွတ္ပုံတင္ရမယ္ လို႔ေျပာခ်င္တယ္လို႔ ထင္တယ္။ သူတို႔အေနနဲ႔ အြန္လိုင္း ဝန္ေဆာင္မႈေတြလုပ္တဲ့အခ်ိန္မွာ မွတ္ပုံတင္ရ မယ္။ မွတ္ပုံမတင္ရင္ေတာ့ အေရးယူမယ္ေပါ့။ တ႐ုတ္ျပည္မွာလည္း VPN သုံးတယ္လို႔ၾကားဖူးတယ္။ Registerလုပ္ၿပီး အခေၾကးေငြနဲ႔သုံးရတယ္လို႔ၾကား ဖူးတယ္။ ကုမၸဏီေတြ၊ လုပ္ငန္းေတြအေနနဲ႔ VPN ကို ကိုယ္တိုင္ေထာင္ၿပီးသုံးမယ္ဆိုရင္ေတာ့ မွတ္ပုံ တင္ရမွာေပါ့}} ဟု အထက္ပါ အၿငိမ္းစားရဲမႉးႀကီးက NP News ကိုေျပာသည္။
ထို႔ျပင္ VPN သုံးလွ်င္ေခၚယူစစ္ေဆးခံရ ႏိုင္သည္။ ဖမ္းဆီးခံရႏိုင္သည္ဆိုေသာ သတင္းမ်ား လည္းရွိေနၿပီး VPN ကိုအေၾကာင္းျပဳ၍ ေအာက္ေျခ ၌ မသိနားမလည္သည့္ ျပည္သူမ်ားအေပၚ အျမတ္ ထုတ္ျခင္းမ်ားရွိလာမည္ကို စိုးရိမ္ေၾကာင္း ၎ကဆိုသည္။
" ဒါကိုအသုံးခ်ၿပီးလုပ္မွာေတာ့ စိုးရိမ္တယ္။ ျပည္သူ႔စစ္မႈထမ္းဥပေဒလိုေပါ့။ ႏိုင္ငံေတာ္ အစိုးရအေနနဲ႔ကေတာ့ စစ္မႈထမ္းဥပေဒကို ဥပေဒနဲ႔ အညီျပ႒ာန္းတယ္။ ဒါေပမဲ့ ေအာက္ေျခမွာေတာ့ အုပ္ခ်ဳပ္ေရးမႉးေတြကို အေရးယူတဲ့ကိစၥေတြ လည္းရွိတယ္၊ ပိုက္ဆံယူတယ္တို႔ဘာတို႔လည္း ၾကားေနရတယ္။ အဲဒီလိုပဲ အေပၚကဥပေဒကေတာ့ ဥပေဒနဲ႔တူေအာင္ျပ႒ာန္းတာပဲ။ ဒါေပမဲ့ ေအာက္ ေျခေတြမွာက်ေတာ့ VPN သုံးရင္ဖမ္းမွာပဲတို႔၊ ဠၾဏ သုံးရင္ေခၚစစ္မယ္တို႔ဆိုတာေတြရွိသလို အဲဒီလိုလုပ္ မယ့္သူေတြမေပၚလာဘူးလို႔လည္း မေျပာႏိုင္ဘူး။ အခုဟာက သံသယျဖစ္လို႔စစ္ရင္ဖုန္းကိုစစ္ၾကတယ္။ အဲဒါေတြက ေအာက္ေျခမွာမ်ား မသိနားမလည္တဲ့သူ ေတြေပၚမွာ လုပ္စားတဲ့ဟာမ်ိဳးျဖစ္သြားမွာေတာ့ စိုးရိမ္ရတာေပါ့" ဟု အထက္ပါ အၿငိမ္းစားရဲမႉးႀကီးက ေျပာသည္
။
ထို႔ေၾကာင့္ ျပည္သူမ်ားအေနျဖင့္ ဥပေဒကို နားလည္စြာဖတ္ရႈရန္လိုအပ္ၿပီး ဥပေဒေရးရာတာ ဝန္ရွိသူမ်ားအေနျဖင့္လည္း ဆိုက္ဘာဥပေဒႏွင့္ပတ္ သက္သည္မ်ားအား မီဒီယာမ်ားမွတဆင့္ ေဆြးေႏြး ျခင္း၊ ရွင္းျပျခင္းမ်ားေဆာင္႐ြက္သင့္ေၾကာင္းလည္း ၎ကတိုက္တြန္းေျပာၾကားသည္။
"ျပည္သူေတြအေနနဲ႔ေတာ့ ဒီဥပေဒကို ေသခ်ာဖတ္သင့္တယ္။ ၿပီးရင္ ကိုယ္တိုင္လည္းနားလည္သေဘာေပါက္ၿပီးေတာ့ ဒါနဲ႔ပတ္သက္ၿပီးစြပ္စြဲ လာရင္ ဥပေဒရဲ႕ ဆိုလိုရင္းက ဒါမဟုတ္ဘူး။ ဒါက ကုမၸဏီေတြ၊ လုပ္ငန္းေတြကေန VPN ကို ကိုယ္ပိုင္ သုံးတယ္ဆိုရင္ Register လုပ္ရမယ္ဆိုတာကိုေျပာ တာလို႔ ျပန္ေျပာႏိုင္ရမယ္။ ဥပေဒကိုလည္း စိတ္ဝင္ စားဖို႔လိုမယ္။ ၿပီးရင္ သက္ဆိုင္ရာ ဥပေဒေရးရာဌာန ေတြကလည္း ျပည္သူေတြကို ဆိုက္ဘာ Law နဲ႔ပတ္သက္ၿပီး မီဒီယာကေနေဆြးေႏြး တာတို႔၊ ရွင္းျပတာတို႔ လုပ္သင့္တယ္။ ဒါမွ ျပည္သူေတြနား ရွင္းမွာ။ ဥပေဒဆိုတာက အရပ္သားေတြနားလည္ဖို႔ ခက္ခဲတယ္" ဟု ၎ကဆိုသည္။
အဆိုပါဥပေဒသည္ VPN ကို ကိုယ္ပိုင္ အေနျဖင့္ အသုံးျပဳေနသည့္ ကုမၸဏီမ်ားႏွင့္ လုပ္ငန္း မ်ားအတြက္ သက္ေရာက္မႈရွိေၾကာင္း သိရၿပီး တရားဝင္မွတ္ပုံတင္၍ သုံးစြဲျခင္းမရွိပါက အေရးယူျခင္းခံရ ႏိုင္ေၾကာင္း သိရသည္။
" မွတ္ပုံတင္ၿပီး တရားဝင္လုပ္ပါတယ္ဆို တဲ့သူကေတာ့ အခြင့္အေရးေတာ့ရွိသြားမွာေပါ့။ လတ္တေလာမွာေတာ့ မွတ္ပုံတင္ၿပီး လုပ္တဲ့သူမ်ား လာလိမ့္မယ္။ မွတ္ပုံတင္ထားတဲ့ ဠၾဏ ကို တရားဝင္ ဝယ္ၿပီးသုံးတာဆိုရင္ သုံးေနလည္းမဖမ္းဘူးေလ။ ဝယ္ၿပီဆိုတာနဲ႔ ကိုယ့္ ID ကိုေပးလိုက္ရၿပီဆိုေတာ့ ကိုယ့္ေဒတာေတြအကုန္သိေနၿပီ။ Free VPN ကို သုံးေနရင္ ကိုယ္ခ်ိတ္လိုက္တဲ့ VPN က စင္ကာပူ ေရာက္ခ်င္လည္းေရာက္တယ္၊ ကေနဒါလည္းေရာက္ ရင္ေရာက္တယ္ အတည္တက်မရွိဘူး။ ဝယ္ၿပီးသုံး လိုက္ေတာ့ စင္ကာပူဆို စင္ကာပူကေနဘယ္မွ မေျပာင္းဘူး။ တစ္ေနရာဆို တစ္ေနရာပဲျဖစ္တယ္။ ၿပီးရင္ ေျခရာခံလိုက္ဖို႔ရယ္ေပါ့။ တရားဝင္မွတ္ပုံတင္ ထားတဲ့ဟာဆို စိတ္ႀကိဳက္ဝယ္သုံးလို႔ရတယ္။ သူတို႔ဆီမွာ အခ်က္အလက္အကုန္ရွိေနၿပီေလ။ Free VPN သုံးတဲ့သူ ဆိုရင္ေတာ့ မစစ္ရင္ေတာ့ ေကာင္းတာေပါ့။ မေတာ္လို႔ ခရီးသြားတဲ့ေနရာမွာစစ္ တယ္ဆိုရင္ေတာ့ တရားမဝင္သုံးေနတဲ့အတြက္ေတာ့ အႏၲရာယ္ေတာ့ရွိတာေပါ့" ဟု Digital Marketing ႏွင့္ ပတ္သက္၍ ကြၽမ္းက်င္သူတစ္ဦးက ဆိုသည္။
ဆိုက္ဘာလုံၿခဳံေရးဥပေဒအရ ခြင့္ျပဳ ခ်က္မရွိဘဲ မည္သူမဆို VPN ထူေထာင္ျခင္း၊ ဝန္ေဆာင္မႈေပးလွ်င္ ေထာင္ဒဏ္(၁)လမွ (၆)လ အထိျဖစ္ေစ၊ ေငြဒဏ္ က်ပ္(၁၀)သိန္းမွ သိန္း(၁၀ဝ)အထိ ခ်မွတ္ႏိုင္ၿပီး Facebook, Youtube, Tiktok, Telegram ဝန္ေဆာင္မႈလုပ္ငန္းမ်ားအေနျဖင့္လည္း လိုင္စင္တင္ရမည္ျဖစ္ကာ ပ်က္ကြက္ပါက သိန္းတစ္ေထာင္အထက္ ဒဏ္ေငြခ်မွတ္ ျခင္းခံရႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္Telegram, Facebook အစရွိသည့္ အြန္လိုင္းပလက္ေဖာင္းမ်ားတြင္ အမ်ားျပည္သူ ၾကည့္ရႈရန္မသင့္ေလ်ာ္သည့္ Sex Case ၊ အေဖာ္ အခြၽတ္၊ ႐ိုင္းပ်ျပဳမႈမ်ားကို မွ်ေဝျခင္း၊ ျဖန႔္ခ်ိျခင္း၊ ေရာင္းခ်ျခင္း၊ ေပးပို႔ျခင္းမ်ားျပဳလုပ္ပါက ေထာင္ဒဏ္ (၁)လ မွ (၆)လ အထိျဖစ္ေစ၊ ေငြဒဏ္ (၁၀)သိန္း မွ သိန္း(၁၀ဝ)အထိ ျပစ္ဒဏ္ခ်မွတ္ႏိုင္ေၾကာင္း သိရသည္။