ညစောင့်နှင့် ဝန်ထမ်းအချို့က ပေါင်းကြံပြီး ချေးငွေရုံးမှ သိန်းတစ်ထောင်ကျော် ခိုးယူကာ လီဆယ်ပြောကြားသည့်ဖြစ်စဉ်ကို ဖော်ထုတ်နိုင်ခဲ့

 940

ချယ်ရီ (NP News) - ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ညစောင့်နှင့် ဝန်ထမ်းအချို့က ပေါင်းကြံပြီး ချေးငွေရုံးမှ သိန်းတစ်ထောင်ကျော် ခိုးယူကာ လီဆယ်ပြောကြားသည့်ဖြစ်စဉ်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်၊ နေ့လည် ၁၂ နာရီ ခန့်က Aliance ငွေစုငွေချေးရုံးမှ မန်နေဂျာ ဖြစ်သူ ဦးဇော်ဇော်အောင်သည် ရပ်ကွက်ကြီး (၆)၊ သစ်တောလမ်းနှင့် ချယ်ရီလမ်းထောင့်ရှိ Aliance ငွေစုငွေချေးရုံးသို့ ရောက်ရှိစဉ် ရုံးညစောင့်ဖြစ်သူ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၇)၊ သာယာကုန်းကျေးရွာနေ ဦးခင်မောင်ကြည် (၅၉) နှစ်၊ (ဘ) ဦးကြည် က ဖြစ်စဉ်ကို ပြန်လည်ပြောပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ချိန် ညစောင့် တာဝန်ကျနေစဉ် အမည်မသိ အမျိုးသား ၂ ဦးက ဧည့်စာရင်း စစ်မည်ဟု ဆိုကာ ရုံးခြံဝင်း အတွင်းသို့ဝင်လာပြီး ရုံးပြူတင်းပေါက် သံပန်းတံခါးအား သံချောင်းဖြင့် ကန့်လန့်ဖွင့်၍ ရုံးခန်းအတွင်းထားရှိသည့် မြန်မာငွေစက္ကူရောရာ ငွေ (၁၀၀,၃၀၂,၄၀၀) ကျပ်ထည့်ထားသည့် LECCO တံဆိပ်ပါ မီးခံသေတ္တာ ၁ လုံးနှင့် ရုံးအတွင်းတပ်ဆင်ထားသည့် CCTV ကြိုးများအားဖြတ်တောက်၍ CCTV မှတ်တမ်းအထိုင်စက်တို့အား ယူဆောင် သွားခဲ့သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ကျူးလွန်သူများသည် အနက်ရောင်ဘောင်း ဘီရှည်၊ အနက်ရောင်အနွေးထည်အင်္ကျီဝတ်ထားသူ အမည်မသိ အမျိုးသား ၂ ဦး ဖြစ်ပြီး ယာဉ်အမှတ် 1E/ 2737 HONDA FIT အမျိုးအစား အဖြူရောင်မော်တော်ယာဉ်ဖြင့် ရောက်ရှိလာသည်ဟုလည်း ဆိုသောကြောင့် ပြင်ဦးလွင်မြို့မရဲစခန်းက ကျူးလွန်သူတရားခံများအား ဖမ်းဆီးရ မိနိုင်ရေး ပြင်ဦးလွင်မြို့မရဲစခန်း(ပ)၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၄၅၇/၁၁၅ ဖြင့် အမှုဖွင့်စုံစမ်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားစဉ် ညစောင့်တာဝန်ဆောင်ရွက်နေသည့် Aliance ငွေစုငွေချေးရုံးမှ ညစောင့်ဖြစ်သူ ဦးခင်မောင်ကြည်အား စစ်ဆေးခဲ့ ရာ ဇန်နဝါရီလ ၈ ရက် ည ၉ နာရီခွဲတွင် Aliance ငွေစုငွေချေးရုံးရှေ့သို့ အဆိုပါငွေစုငွေချေးရုံးမှ ကြီးကြပ်ရေးမှူး ဖြစ်သူ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၉)၊ ငါးရံ့ချောင်းကျေးရွာနေ အောင်ကိုကို (၃၃) နှစ် (ဘ) ဦးဌေးဝင်းနှင့် ချေးငွေတာဝန်ခံဖြစ်သူ ရပ်ကွက်ကြီး (၂၁) နေ ငြိမ်းချမ်းဖြိုး (ခ) အိုက်ပီး (၂၈) နှစ် (ဘ) ဦးညွန့်ဖေတို့နှစ်ဦးက မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး ရုံးခန်းအတွင်းရှိ မီးခံသေတ္တာအား ခိုးယူမည်ဖြစ်ကြောင်း၊ အောင်မြင်ပါက ငွေကျပ်သိန်း ၁၅၀ ပေးမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများမေးမြန်းပါက ဧည့်စာရင်း လာရောက် စစ်ဆေးသည့်အဖွဲ့များက ခြိမ်းခြောက်ယူဆောင်သွားခဲ့သည်ဟု လီဆယ်ထွက်ဆိုပေးရမည်ဖြစ်ကြောင်း ပြောဆို စည်းရုံးခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
ထို့ပြင် ယုတ္တိရှိစေရန် ၎င်းအား လက်နှင့် ခြေထောက်တို့တွင် တိပ်အပြာဖြင့် ပတ်ထားခဲ့ပြီး ရုံးအတွင်းရှိ မီးခံသေတ္တာ ၁ လုံးနှင့် CCTV အထိုင်စက်တို့အား ယူဆောင်သွားခဲ့ကြခြင်းဖြစ်ကြောင်းနှင့် ညစောင့်ဖြစ်သူ ဦးခင်မောင်ကြည်အနေဖြင့် လုပ်ငန်းအောင်မြင်ပါက ၎င်းအား ငွေကျပ်သိန်း ၁၅၀ ပေးမည်ဟု အောင်ကိုကိုတို့ ၂ ဦးက မက်လုံးပေးစည်းရုံးထားသဖြင့် မန်နေဂျာဖြစ်သူ ဦးဇော်ဇော်အောင်ထံဖြစ်စဉ်ကို အမှန်အတိုင်း တင်ပြခြင်းမရှိဘဲ ၎င်းကိုယ်တိုင် ပါဝင်ပူးပေါင်း ကျူးလွန်၍ ဖြစ်စဉ်အမှန်အား ဖုံးကွယ်ကာ လုံခြုံရေးအဖွဲ့အစည်း များအပေါ် အများပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေရန် လီဆယ်ထိန်ချန်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းလည်း ထပ်မံ ထွက်ဆိုခဲ့သည်။
ထို့ကြောင့် တရားခံဖြစ်သူ ခင်မောင်ကြည်၏ထွက်ဆိုချက်အရ ကျန်တရားခံများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း ပိတ်ဆို့စစ်ဆေးရှာဖွေခဲ့ရာ ဇန်နဝါရီလ ၉ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြင်ဦးလွင်မြို့၊ စံပယ်လမ်းနှင့် နဝရတ်လမ်းထောင့်၌ အဆိုပါငွေစု ငွေချေးရုံးမှ ကြီးကြပ်ရေးမှူးဖြစ်သူ အောင်ကိုကို၊ ငွေချေးတာဝန်ခံဖြစ်သူ ငြိမ်းချမ်းဖြိုး (ခ) အိုက်ပီးနှင့် မီးခံသေတ္တာအတွင်းမှ ငွေများထုတ်ယူရရှိနိုင် ရေး သော့တုဖြင့် ဖွင့်လှစ်ပေးသူ ရပ်ကွက်ကြီး (၇)နေ ဆန်းအေး (ခ) ကာဒရ်ဘိုင် (၅၂) နှစ် (ဘ) ဦးမူဆာတို့ ၃ ဦး အား ငွေ (၉၉,၇၀၂,၄၀၀) ကျပ်၊ LECCO တံဆိပ်ပါ မီးခံသေတ္တာ ၁ လုံး၊ ရုံးသုံးလပ်တော့ ၂ လုံး၊ ရုံးသုံးကြိုးဖုန်း ၁ လုံး၊ ရုံးသုံး CCTV ၃ လုံး၊ အစိမ်းရောင်တိပ်ခွေ ၁ ခု၊ ကတ်ကြေး ၁ လက်၊ ရုံးသုံး Tablet ၁ လုံး၊ ကျောပိုးအိတ် ၂ လုံးနှင့် ပြစ်မှုကျူးလွန်စဉ် အသုံးပြုမောင်းနှင်ခဲ့သည့် ယာဉ်အမှတ် 1E/2737 HONDA FIT အမျိုးအစား အဖြူရောင်မော်တော်ယာဉ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် Aliance ငွေစုငွေချေးရုံးမှ တရားခံအောင်ကိုကို၊ ငြိမ်းချမ်းဖြိုး (ခ) အိုက်ပီးနှင့် ခင်မောင်ကြည်တို့ ၃ ဦးသည် ငွေစုငွေချေးရုံးမှ ငွေများအား ညအချိန်ပုန်းလျှိုးကျော်နင်းဝင်ရောက် ယူဆောင်ရာတွင် ၎င်းတို့ ကျူးလွန် သည့်ပြစ်မှုအား ဖုံးကွယ်၍ ရပ်ရွာလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးအဖွဲ့ အစည်းများအပေါ် ထင်ယောင်ထင်မှားဖြစ်၍ ယုံကြည်မှုကျဆင်းစေရန်နှင့် အများပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန် လီဆယ် ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် တရားခံ အောင်ကိုကိုပါ ၃ ဦးနှင့် ပူးပေါင်းကျူးလွန်သူ တရားခံ ဆန်းအေး (ခ) ကာဒရ်ဘိုင်တို့ ၄ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ညေစာင့္ႏွင့္ ဝန္ထမ္းအခ်ိဳ႕က ေပါင္းႀကံၿပီး ေခ်းေငြ႐ုံးမွ သိန္းတစ္ေထာင္ေက်ာ္ ခိုးယူကာ လီဆယ္ေျပာၾကား သည့္ျဖစ္စဥ္ကို ေဖာ္ထုတ္ႏိုင္ခဲ့
ခ်ယ္ရီ (NP News) - ဇန္နဝါရီ ၁၁

မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕နယ္တြင္ ညေစာင့္ႏွင့္ ဝန္ထမ္းအခ်ိဳ႕က ေပါင္းႀကံၿပီး ေခ်းေငြ႐ုံးမွ သိန္းတစ္ေထာင္ေက်ာ္ ခိုးယူကာ လီဆယ္ေျပာၾကားသည့္ျဖစ္စဥ္ကို ေဖာ္ထုတ္ႏိုင္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇန္နဝါရီလ ၉ ရက္၊ ေန႔လည္ ၁၂ နာရီ ခန႔္က Aliance ေငြစုေငြေခ်း႐ုံးမွ မန္ေနဂ်ာ ျဖစ္သူ ဦးေဇာ္ေဇာ္ေအာင္သည္ ရပ္ကြက္ႀကီး (၆)၊ သစ္ေတာလမ္းႏွင့္ ခ်ယ္ရီလမ္းေထာင့္ရွိ Aliance ေငြစုေငြေခ်း႐ုံးသို႔ ေရာက္ရွိစဥ္ ႐ုံးညေစာင့္ျဖစ္သူ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ရပ္ကြက္ႀကီး (၇)၊ သာယာကုန္းေက်း႐ြာေန ဦးခင္ေမာင္ၾကည္ (၅၉) ႏွစ္၊ (ဘ) ဦးၾကည္ က ျဖစ္စဥ္ကို ျပန္လည္ေျပာျပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အခင္းျဖစ္ခ်ိန္ ညေစာင့္ တာဝန္က်ေနစဥ္ အမည္မသိ အမ်ိဳးသား ၂ ဦးက ဧည့္စာရင္း စစ္မည္ဟု ဆိုကာ ႐ုံးၿခံဝင္း အတြင္းသို႔ဝင္လာၿပီး ႐ုံးျပဴတင္းေပါက္ သံပန္းတံခါးအား သံေခ်ာင္းျဖင့္ ကန႔္လန႔္ဖြင့္၍ ႐ုံးခန္းအတြင္းထားရွိသည့္ ျမန္မာေငြစကၠဴေရာရာ ေငြ (၁၀၀,၃၀၂,၄၀၀) က်ပ္ထည့္ထားသည့္ LECCO တံဆိပ္ပါ မီးခံေသတၱာ ၁ လုံးႏွင့္ ႐ုံးအတြင္းတပ္ဆင္ထားသည့္ CCTV ႀကိဳးမ်ားအားျဖတ္ေတာက္၍ CCTV မွတ္တမ္းအထိုင္စက္တို႔အား ယူေဆာင္ သြားခဲ့သည္ဟု ေျပာၾကားခဲ့ျခင္းျဖစ္သည္။
က်ဴးလြန္သူမ်ားသည္ အနက္ေရာင္ေဘာင္း ဘီရွည္၊ အနက္ေရာင္အေႏြးထည္အက်ႌဝတ္ထားသူ အမည္မသိ အမ်ိဳးသား ၂ ဦး ျဖစ္ၿပီး ယာဥ္အမွတ္ 1E/ 2737 HONDA FIT အမ်ိဳးအစား အျဖဴေရာင္ေမာ္ေတာ္ယာဥ္ျဖင့္ ေရာက္ရွိလာသည္ဟုလည္း ဆိုေသာေၾကာင့္ ျပင္ဦးလြင္ၿမိဳ႕မရဲစခန္းက က်ဴးလြန္သူတရားခံမ်ားအား ဖမ္းဆီးရ မိႏိုင္ေရး ျပင္ဦးလြင္ၿမိဳ႕မရဲစခန္း(ပ)၉/၂၀၂၅၊ ရာဇသတ္ႀကီးပုဒ္မ ၄၅၇/၁၁၅ ျဖင့္ အမႈဖြင့္စုံစမ္း စစ္ေဆးခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွ ျပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးရမိႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အခင္းျဖစ္ပြားစဥ္ ညေစာင့္တာဝန္ေဆာင္႐ြက္ေနသည့္ Aliance ေငြစုေငြေခ်း႐ုံးမွ ညေစာင့္ျဖစ္သူ ဦးခင္ေမာင္ၾကည္အား စစ္ေဆးခဲ့ ရာ ဇန္နဝါရီလ ၈ ရက္ ည ၉ နာရီခြဲတြင္ Aliance ေငြစုေငြေခ်း႐ုံးေရွ႕သို႔ အဆိုပါေငြစုေငြေခ်း႐ုံးမွ ႀကီးၾကပ္ေရးမႉး ျဖစ္သူ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ရပ္ကြက္ႀကီး (၁၉)၊ ငါးရံ႕ေခ်ာင္းေက်း႐ြာေန ေအာင္ကိုကို (၃၃) ႏွစ္ (ဘ) ဦးေဌးဝင္းႏွင့္ ေခ်းေငြတာဝန္ခံျဖစ္သူ ရပ္ကြက္ႀကီး (၂၁) ေန ၿငိမ္းခ်မ္းၿဖိဳး (ခ) အိုက္ပီး (၂၈) ႏွစ္ (ဘ) ဦးၫြန႔္ေဖတို႔ႏွစ္ဦးက ေမာ္ေတာ္ယာဥ္တစ္စီးျဖင့္ ေရာက္ရွိလာၿပီး ႐ုံးခန္းအတြင္းရွိ မီးခံေသတၱာအား ခိုးယူမည္ျဖစ္ေၾကာင္း၊ ေအာင္ျမင္ပါက ေငြက်ပ္သိန္း ၁၅၀ ေပးမည္ျဖစ္ေၾကာင္း၊ တာဝန္ရွိသူမ်ားေမးျမန္းပါက ဧည့္စာရင္း လာေရာက္ စစ္ေဆးသည့္အဖြဲ႕မ်ားက ၿခိမ္းေျခာက္ယူေဆာင္သြားခဲ့သည္ဟု လီဆယ္ထြက္ဆိုေပးရမည္ျဖစ္ေၾကာင္း ေျပာဆို စည္း႐ုံးခဲ့ျခင္းျဖစ္ေၾကာင္း ထြက္ဆိုခဲ့သည္။
ထို႔ျပင္ ယုတၱိရွိေစရန္ ၎အား လက္ႏွင့္ ေျခေထာက္တို႔တြင္ တိပ္အျပာျဖင့္ ပတ္ထားခဲ့ၿပီး ႐ုံးအတြင္းရွိ မီးခံေသတၱာ ၁ လုံးႏွင့္ CCTV အထိုင္စက္တို႔အား ယူေဆာင္သြားခဲ့ၾကျခင္းျဖစ္ေၾကာင္းႏွင့္ ညေစာင့္ျဖစ္သူ ဦးခင္ေမာင္ၾကည္အေနျဖင့္ လုပ္ငန္းေအာင္ျမင္ပါက ၎အား ေငြက်ပ္သိန္း ၁၅၀ ေပးမည္ဟု ေအာင္ကိုကိုတို႔ ၂ ဦးက မက္လုံးေပးစည္း႐ုံးထားသျဖင့္ မန္ေနဂ်ာျဖစ္သူ ဦးေဇာ္ေဇာ္ေအာင္ထံျဖစ္စဥ္ကို အမွန္အတိုင္း တင္ျပျခင္းမရွိဘဲ ၎ကိုယ္တိုင္ ပါဝင္ပူးေပါင္း က်ဴးလြန္၍ ျဖစ္စဥ္အမွန္အား ဖုံးကြယ္ကာ လုံၿခဳံေရးအဖြဲ႕အစည္း မ်ားအေပၚ အမ်ားျပည္သူလူထု ထင္ေယာင္ထင္မွားျဖစ္ေစရန္ လီဆယ္ထိန္ခ်န္ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္းလည္း ထပ္မံ ထြက္ဆိုခဲ့သည္။
ထို႔ေၾကာင့္ တရားခံျဖစ္သူ ခင္ေမာင္ၾကည္၏ထြက္ဆိုခ်က္အရ က်န္တရားခံမ်ားအား ဖမ္းဆီးရမိႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက နယ္ေျမအတြင္း ပိတ္ဆို႔စစ္ေဆးရွာေဖြခဲ့ရာ ဇန္နဝါရီလ ၉ ရက္ေန႔ ညေန ၄ နာရီ ၄၅ မိနစ္တြင္ ျပင္ဦးလြင္ၿမိဳ႕၊ စံပယ္လမ္းႏွင့္ နဝရတ္လမ္းေထာင့္၌ အဆိုပါေငြစု ေငြေခ်း႐ုံးမွ ႀကီးၾကပ္ေရးမႉးျဖစ္သူ ေအာင္ကိုကို၊ ေငြေခ်းတာဝန္ခံျဖစ္သူ ၿငိမ္းခ်မ္းၿဖိဳး (ခ) အိုက္ပီးႏွင့္ မီးခံေသတၱာအတြင္းမွ ေငြမ်ားထုတ္ယူရရွိႏိုင္ ေရး ေသာ့တုျဖင့္ ဖြင့္လွစ္ေပးသူ ရပ္ကြက္ႀကီး (၇)ေန ဆန္းေအး (ခ) ကာဒရ္ဘိုင္ (၅၂) ႏွစ္ (ဘ) ဦးမူဆာတို႔ ၃ ဦး အား ေငြ (၉၉,၇၀၂,၄၀၀) က်ပ္၊ LECCO တံဆိပ္ပါ မီးခံေသတၱာ ၁ လုံး၊ ႐ုံးသုံးလပ္ေတာ့ ၂ လုံး၊ ႐ုံးသုံးႀကိဳးဖုန္း ၁ လုံး၊ ႐ုံးသုံး CCTV ၃ လုံး၊ အစိမ္းေရာင္တိပ္ေခြ ၁ ခု၊ ကတ္ေၾကး ၁ လက္၊ ႐ုံးသုံး Tablet ၁ လုံး၊ ေက်ာပိုးအိတ္ ၂ လုံးႏွင့္ ျပစ္မႈက်ဴးလြန္စဥ္ အသုံးျပဳေမာင္းႏွင္ခဲ့သည့္ ယာဥ္အမွတ္ 1E/2737 HONDA FIT အမ်ိဳးအစား အျဖဴေရာင္ေမာ္ေတာ္ယာဥ္တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။
ျဖစ္စဥ္တြင္ Aliance ေငြစုေငြေခ်း႐ုံးမွ တရားခံေအာင္ကိုကို၊ ၿငိမ္းခ်မ္းၿဖိဳး (ခ) အိုက္ပီးႏွင့္ ခင္ေမာင္ၾကည္တို႔ ၃ ဦးသည္ ေငြစုေငြေခ်း႐ုံးမွ ေငြမ်ားအား ညအခ်ိန္ပုန္းလွ်ိဳးေက်ာ္နင္းဝင္ေရာက္ ယူေဆာင္ရာတြင္ ၎တို႔ က်ဴးလြန္ သည့္ျပစ္မႈအား ဖုံးကြယ္၍ ရပ္႐ြာလုံၿခဳံေရးေဆာင္႐ြက္လ်က္ရွိသည့္ လုံၿခဳံေရးအဖြဲ႕ အစည္းမ်ားအေပၚ ထင္ေယာင္ထင္မွားျဖစ္၍ ယုံၾကည္မႈက်ဆင္းေစရန္ႏွင့္ အမ်ားျပည္သူလူထုအထိတ္တလန႔္ျဖစ္ေစရန္ လီဆယ္ က်ဴးလြန္ခဲ့ၾကျခင္းျဖစ္ေၾကာင္း ေဖာ္ထုတ္သိရွိရသျဖင့္ တရားခံ ေအာင္ကိုကိုပါ ၃ ဦးႏွင့္ ပူးေပါင္းက်ဴးလြန္သူ တရားခံ ဆန္းေအး (ခ) ကာဒရ္ဘိုင္တို႔ ၄ ဦးအား ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ေရး ဆက္လက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.