စစ်ပွဲ (၁)လကျော်ကာလအတွင်း ဗန်းမော်မြို့၏ (၃)ပုံ၊ (၂)ပုံခန့် ပျက်စီးသွားခဲ့ရ

 247

သန့်ဇင် (NP News) - ဇန်နဝါရီ ၁၃

ကချင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် စီးပွားရေးကောင်းမွန်သည့် ဗန်းမော်မြို့သည် KIA က စတင် ထိုးစစ်ဆင်မှု တစ်လကျော်ကာလအတွင်း မြို့၏(၃)ပုံ၊(၂)ပုံခန့်မှာ ပျက်စီးသွားခဲ့ရကြောင်း မြို့ခံများက NP News သို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၄)ရက်မှစတင်ကာ KIA လက်နက်ကိုင်အဖွဲ့က စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ(၂၁) အပါအဝင် ခလရ (၂၃၆)၊ ခလရ (၄၇)၊ အမြောက်တပ်များဖြစ်သည့် အမတ(၃၃၆) ၊ (၃၀၄) နှင့် အမှတ် (၇၀ဝ၆) သံချပ် ကာတပ်၊ (၅၀၁၄)တင့်ကားတပ်နှင့် လက်ရုံးတပ် ရင်း(၅)ရင်း ခန့်အခြေစိုက်သည့် ဗန်းမော်မြို့ကို စတင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်ထိ ဗန်းမော်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေလျက်ရှိပြီး မြို့ခံအများအပြားသည်လည်း ဘေးလွတ်ရာဒေသများသို့ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြ ရကာ မြို့၏(၇၀)ရာခိုင်နှုန်း ကျော်သည်လည်း စစ်ပွဲ၏ ဒဏ်ကြောင့် ပျက်စီးသွားခဲ့ရကြောင်း ကိုယ်တိုင်လည်း နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရသူ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“ဗန်းမော်မြို့က (၃)ပုံ၊ (၂)ပုံလောက်တော့ ပျက်စီးသွားပြီလို့တော့ ထင်တယ်။ စိတ်ဓာတ်ခွန်အားတွေ တော့ ရှိပါတယ်။ ကိုယ့်ရပ်၊ ကိုယ့်ရွာမှာ ပြန်ပြီးတော့ အခြေချမယ်။ ပြန်လုပ်မယ်ဆိုတဲ့ လူတွေ အများကြီးပဲ။ နောက်ဆုံးကုန်ကုန်ပြောရရင် ဗန်းမော် ဆိုတာက စီးပွားရေးလုပ်တဲ့မြို့ကွယ်။ အဲဒီတော့ သူတို့က သူတို့ဟာသူတို့ ပြန်ကြမှာ။ အဲဒီတော့ ဗန်း မော်ကလူတွေကတော့ စိတ်ဓာတ်ဒုန်းဒုန်းကျပြီးတော့ ကုန်းကောက်စရာမရှိတော့တဲ့ လူကတော့ မရှိပါဘူးလို့တော့ ထင်တာပဲ” ဟု ၎င်းက ဆိုသည်။
တိုက်ပွဲကြောင့် ဗန်းမော်မြို့၏ အဓိကမြို့လယ်လမ်းမကြီးတစ်လျှောက်တွင် အများဆုံးထိခိုက် ပျက်စီးခဲ့ရ ကြောင်း သိရသည်။ ထို့ပြင် ဗန်းမော်မြို့သည် ကချင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် စီးပွားရေး ကောင်းမွန်ရာဒေသဖြစ်သည့်အလျှောက် တစ်လကျော်အကြာ နေရပ်စွန့်ခွာနေရသည့် မြို့ခံများသည်လည်း ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်နေထိုင်လိုသည့်ဆန္ဒများလည်းပြင်းပြနေကြောင်း အထက်ပါဒေသခံက ဆိုသည်။ “အားလုံး ဆုံးရှုံးကြတာပေါ့နော်။ ဗန်းမော်က လူတွေကလည်း ဗန်းမော်ကိုချစ်တဲ့အတွက် အားလုံးက ကိုယ့်အိမ်ကို ပြန်ချင်ကြတာ။ လူတွေရဲ့ အစွဲအလမ်းဖြစ်တဲ့အတွက် ကိုယ့်အိမ်ကိုယ့်ယာကိုတော့ ပြန်ချင်ကြတာပေါ့” ဟု အထက်ပါသတင်းရင်းမြစ်က ပြော သည်။
KIA လက်နက်ကိုင်အဖွဲ့၏ ဖော်ဆောင်ခဲ့သောတိုက်ပွဲကြောင့် မြို့တွင်းနေအိမ်များ၊ ဈေးများ နှင့် အများပြည်သူ အဆောက်အအုံများစွာ ထိခိုက်ပျက်စီးခဲ့ရသကဲ့သို့ တောကြောင်များ၏ ခိုးဆိုးလုယက်မှုများကြောင့်လည်း ဆုံးရှုံးများစွာဖြစ်ပေါ်ခဲ့ရသည်။

Zawgyi Version;
စစ္ပြဲ (၁)လေက်ာ္ကာလအတြင္း ဗန္းေမာ္ၿမိဳ႕၏ (၃)ပုံ၊ (၂)ပုံခန႔္ ပ်က္စီးသြားခဲ့ရ
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၁၃

ကခ်င္ျပည္နယ္အတြင္း လမ္းပန္းဆက္သြယ္ေရးႏွင့္ စီးပြားေရးေကာင္းမြန္သည့္ ဗန္းေမာ္ၿမိဳ႕သည္ KIA က စတင္ ထိုးစစ္ဆင္မႈ တစ္လေက်ာ္ကာလအတြင္း ၿမိဳ႕၏(၃)ပုံ၊(၂)ပုံခန႔္မွာ ပ်က္စီးသြားခဲ့ရေၾကာင္း ၿမိဳ႕ခံမ်ားက NP News သို႔ ေျပာသည္။
ၿပီးခဲ့သည့္ ၂၀၂၄ ခုႏွစ္ ဒီဇင္ဘာ (၄)ရက္မွစတင္ကာ KIA လက္နက္ကိုင္အဖြဲ႕က စစ္ဆင္ေရးကြပ္ကဲမႈ ဌာနခ်ဳပ္ စကခ(၂၁) အပါအဝင္ ခလရ (၂၃၆)၊ ခလရ (၄၇)၊ အေျမာက္တပ္မ်ားျဖစ္သည့္ အမတ(၃၃၆) ၊ (၃၀၄) ႏွင့္ အမွတ္ (၇၀ဝ၆) သံခ်ပ္ ကာတပ္၊ (၅၀၁၄)တင့္ကားတပ္ႏွင့္ လက္႐ုံးတပ္ ရင္း(၅)ရင္း ခန႔္အေျခစိုက္သည့္ ဗန္းေမာ္ၿမိဳ႕ကို စတင္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။ လက္ရွိအခ်ိန္ထိ ဗန္းေမာ္တြင္ တိုက္ပြဲမ်ား ဆက္လက္ ျဖစ္ပြားေနလ်က္ရွိၿပီး ၿမိဳ႕ခံအမ်ားအျပားသည္လည္း ေဘးလြတ္ရာေဒသမ်ားသို႔ ေနရပ္စြန႔္ခြာ စစ္ေဘးေရွာင္ေနၾက ရကာ ၿမိဳ႕၏(၇၀)ရာခိုင္ႏႈန္း ေက်ာ္သည္လည္း စစ္ပြဲ၏ ဒဏ္ေၾကာင့္ ပ်က္စီးသြားခဲ့ရေၾကာင္း ကိုယ္တိုင္လည္း ေနအိမ္ပ်က္စီးဆုံးရႈံးခဲ့ရသူ ေဒသခံအမ်ိဳးသမီးတစ္ဦးက ဆိုသည္။
“ဗန္းေမာ္ၿမိဳ႕က (၃)ပုံ၊ (၂)ပုံေလာက္ေတာ့ ပ်က္စီးသြားၿပီလို႔ေတာ့ ထင္တယ္။ စိတ္ဓာတ္ခြန္အားေတြ ေတာ့ ရွိပါတယ္။ ကိုယ့္ရပ္၊ ကိုယ့္႐ြာမွာ ျပန္ၿပီးေတာ့ အေျခခ်မယ္။ ျပန္လုပ္မယ္ဆိုတဲ့ လူေတြ အမ်ားႀကီးပဲ။ ေနာက္ဆုံးကုန္ကုန္ေျပာရရင္ ဗန္းေမာ္ ဆိုတာက စီးပြားေရးလုပ္တဲ့ၿမိဳ႕ကြယ္။ အဲဒီေတာ့ သူတို႔က သူတို႔ဟာသူတို႔ ျပန္ၾကမွာ။ အဲဒီေတာ့ ဗန္း ေမာ္ကလူေတြကေတာ့ စိတ္ဓာတ္ဒုန္းဒုန္းက်ၿပီးေတာ့ ကုန္းေကာက္စရာမရွိေတာ့တဲ့ လူကေတာ့ မရွိပါဘူးလို႔ေတာ့ ထင္တာပဲ” ဟု ၎က ဆိုသည္။
တိုက္ပြဲေၾကာင့္ ဗန္းေမာ္ၿမိဳ႕၏ အဓိကၿမိဳ႕လယ္လမ္းမႀကီးတစ္ေလွ်ာက္တြင္ အမ်ားဆုံးထိခိုက္ ပ်က္စီးခဲ့ရ ေၾကာင္း သိရသည္။ ထို႔ျပင္ ဗန္းေမာ္ၿမိဳ႕သည္ ကခ်င္ျပည္နယ္အတြင္း လမ္းပန္းဆက္သြယ္ေရးႏွင့္ စီးပြားေရး ေကာင္းမြန္ရာေဒသျဖစ္သည့္အေလွ်ာက္ တစ္လေက်ာ္အၾကာ ေနရပ္စြန႔္ခြာေနရသည့္ ၿမိဳ႕ခံမ်ားသည္လည္း ၎တို႔၏ ေနအိမ္မ်ားသို႔ ျပန္လည္ေနထိုင္လိုသည့္ဆႏၵမ်ားလည္းျပင္းျပေနေၾကာင္း အထက္ပါေဒသခံက ဆိုသည္။ “အားလုံး ဆုံးရႈံးၾကတာေပါ့ေနာ္။ ဗန္းေမာ္က လူေတြကလည္း ဗန္းေမာ္ကိုခ်စ္တဲ့အတြက္ အားလုံးက ကိုယ့္အိမ္ကို ျပန္ခ်င္ၾကတာ။ လူေတြရဲ႕ အစြဲအလမ္းျဖစ္တဲ့အတြက္ ကိုယ့္အိမ္ကိုယ့္ယာကိုေတာ့ ျပန္ခ်င္ၾကတာေပါ့” ဟု အထက္ပါသတင္းရင္းျမစ္က ေျပာ သည္။
KIA လက္နက္ကိုင္အဖြဲ႕၏ ေဖာ္ေဆာင္ခဲ့ေသာတိုက္ပြဲေၾကာင့္ ၿမိဳ႕တြင္းေနအိမ္မ်ား၊ ေဈးမ်ား ႏွင့္ အမ်ားျပည္သူ အေဆာက္အအုံမ်ားစြာ ထိခိုက္ပ်က္စီးခဲ့ရသကဲ့သို႔ ေတာေၾကာင္မ်ား၏ ခိုးဆိုးလုယက္မႈမ်ားေၾကာင့္လည္း ဆုံးရႈံးမ်ားစြာျဖစ္ေပၚခဲ့ရသည္။

Related news

© 2021. All rights reserved.